စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ
စားသောက်ပုံ မူမမှန် တဲ့ စိတ်ရောဂါများ
စိတ်ခံစားချက်ကြောင့် စားသောက်နေထိုင်ပုံ ထိခိုက်ပြီး အစားအသောက် ပုံစံပြောင်းလဲတာ၊ စားသောက်ပုံ မူမမှန် တာတွေ ဖြစ်လာနိုင်ပါတယ်။ ရေရှည်မှာတော့ စိတ်ကျန်းမာရေးအပြင် ကိုယ်ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။ ဒီပြဿနာတွေက ပိန်ခြင်းဝခြင်းကို သိပ်အလေးပေးလွန်းတဲ့ သူတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အရွယ်မရွေး ဖြစ်တတ်ပေမယ့် လှချင်ပချင်တဲ့ မြီးကောင်ပေါက်အရွယ်တွေနဲ့ လူငယ်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ စားသောက်ပုံ မူမမှန်တဲ့ လက္ခဏာများ စားသောက်ပုံ မူမှန်တဲ့ ပြဿနာက အများကြီးရှိပြီး တစ်ခုနဲ့ တစ်ခု လက္ခဏာ အနည်းငယ် ကွာခြားပါတယ်။ အတွေ့ရများတဲ အမျိုးအစားတွေကတော့ Anorexia nervosa ဝမှာကြောက်ပြီး မစားတဲ့ ပြဿနာပါ။ လူကို ကြည့်လိုက်ရင် ရှိသင့်တာထက် တော်တော်ကြီး ပိန်နေတယ် ဆိုပေမယ့် ဝလာမှာကို အင်မတန်ကြောက်ပါတယ်။ အစားအသောက်ကို လိုတာထက် ပိုရှောင်တဲ့အတွက် နေ့စဉ်အလုပ်လုပ်ဖို့တောင် အားမရှိဘဲ အာဟာရပြတ်ပြီး ကျန်းမာရေး […]



























