ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်တဲ့ အကျင့်ကို ဖျောက်ရတာက စိတ်ခေါ်မှု တစ်ရပ်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင် လုပ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေ အတည်ပြုပေးထားတဲ့ ဆေးလိပ်ဖြတ်တဲ့အခါ လွယ်ကူစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးလိပ်ဖြတ်ခြင်း

နှစ်ဆင့်ခံဆေးလိပ်ငွေ့ ရဲ့ ကျန်းမာရေးဆိုးကျိုး

တဆင့်ခံဆေးလိပ်ငွေ့ကိုတော့ ကောင်းကောင်းကြားဖူးမှာပါ။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ ဆိုတာ ဘာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအကြောင်းမပြောခင် ဆေးလိပ်ငွေ့ဆိုတာ ပါတဲ့အတွက် ဒါက ဆေးလိပ်ရဲ့ ဆိုးကျိုးတစ်ခုဆိုတာကိုတော့ ခန့်မှန်းလို့ရမှာပါ။ ဆေးလိပ်ငွေ့ အမျိုးအစားများ ဆေးလိပ်ငွေ့တွေမှာ သောက်တဲ့သူက ကိုယ်သောက်တာ ကိုယ်ရှူမိရင် first hand smoke လို့ခေါ်ပါတယ်။ သောက်ရုံတင်မကဘဲ ကိုယ်မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့ကိုပါ ပြန်ရှူမိပါတယ်။ နောက်တစ်ခုကတော့ second hand smokeပါ။ ကိုယ့်အနီးအနားကလူ ဆေးလိပ်သောက်တဲ့အခါ သူမှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေကို ပြန်ရှူမိတာပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်မသောက်ပေမယ့်လည်း သောက်တဲ့သူနီးပါး ကျန်းမာရေး ထိခိုက်ပါတယ်။ Third hand smoke ဆိုတာက ဆေးလိပ်အနံ့တွေ ပစ္စည်းတွေ၊ အခန်းထဲမှာ စွဲနေပြီး ဒါကို ရှူမိတာပဲ ဖြစ်ပါတယ်။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ လို့ခေါ်ပါတယ်။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ ဆိုတာ ဘာလဲ။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ […]

ဆေးလိပ်ဖြတ်ခြင်း ကို ရှာဖွေမည်။

ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်တာရပ်လိုက်ရင် သင့် ခန္ဓါကိုယ်မှာ ဘာတွေ ဖြစ်လာမလဲ။

ဖြစ်ပွားမှုများလူအများစုက ဆေးလိပ်ဖြတ်ပြီးသော်လည်း နှစ်များစွာ နီကိုတင်းကို သောက်သုံးခဲ့ခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုသည် ပြန်မကောင်းနိုင်တော့ဟု ယုံကြည်သည့်အတွက် ဆေးလိပ်ဖြတ်ရန် လွယ်လွယ် လက်လျှော့တတ်ကြသည်။ သို့သော်လည်း အမှန်မှာ ထိုသို့မဟုတ်ပါ။ မည်မျှအချိန်ကြာကြာ သင်ဆေးလိပ်သောက်သုံးခဲ့ပါစေ၊ ဆေးလိပ်ဖြတ်လိုက်သည် နှင့်တပြိုင်နက် အနည်းဆုံး အတိုင်းအတာတစ်ခုအထိ ပြန်လည် ကောင်းမွန်အောင် ခန္ဓါကိုယ်က ပြုလုပ်သည်သာ ဖြစ်သည်။ အောက်ပါတို့သည် ဆေးလိပ်ဖြတ်လိုက်သည့် မိနစ် အချိန်မှစ၍ သင့်ခန္ဓါကိုယ်တွင်း ပြောင်းလဲမှုများဖြစ်ပါသည်။ (၁) မိနစ် ၂၀ အကြာ နီကိုတင်းဓါတ်သည် ခန္ဓါကိုယ်၏ စနစ်အတွင်းသို့ ဝင်ရောက်သောအခါ သွေးပေါင်ချိန် နှင့် နှလုံးခုန်နှုန်းမြင့် တက်လာစေသည်။ ဆေးလိပ်ဖြတ်လိုက်သောအခါ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း ပုံမှန်ပြန် ဖြစ်သွားသည်။ (၂) ၈ နာရီအကြာ သင်ရှူထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့သည် ကြည့်ကောင်းသလို ရှိသော်လည်း အဆိပ်ဖြစ်စေသော ဓါတ်ပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး ဆိုးရွားသော […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ပြီးလျှင် သင့်ခန္ဓါတွင်ပြောင်းလဲသွားမည့်ဖြစ်စဉ်များ

ဖြစ်စဉ်များလူအများစုက ဆေးလိပ်ဖြတ်ပြီးသော်လည်း နှစ်များစွာ နီကိုတင်းကို သောက်သုံးခဲ့ခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုသည် ပြန်မကောင်းနိုင်တော့ဟု ယုံကြည်သည့်အတွက် ဆေးလိပ်ဖြတ်ရန် လွယ်လွယ်လက်လျှော့ တတ်ကြသည်။ သို့သော်လည်းအမှန်မှာ ထိုသို့မဟုတ်ပါ။ မည်မျှအချိန်ကြာကြာ သင်ဆေးလိပ်သောက်သုံးခဲ့ပါစေ၊ ဆေးလိပ်ဖြတ်လိုက်သည်နှင့် တပြိုင်နက် အနည်းဆုံး အတိုင်းအတာတစ်ခုအထိ ပြန်လည် ကောင်းမွန်အောင် ခန္ဓါကိုယ်က ပြုလုပ်သည်သာဖြစ်သည်။ အောက်ပါတို့သည် ဆေးလိပ်ဖြတ်လိုက်သည့် မိနစ် အချိန်မှစ၍ သင့်ခန္ဓါကိုယ်တွင်း ပြောင်းလဲမှုများ ဖြစ်ပါသည်။   (၁)မိနစ် ၂၀ အကြာ နီကိုတင်းဓါတ်သည် ခန္ဓါကိုယ်၏ စနစ်အတွင်းသို့ ဝင်ရောက်သောအခါ သွေးပေါင်ချိန် နှင့် နှလုံးခုန်နှုန်း မြင့်တက်လာစေသည်။ ဆေးလိပ်ဖြတ်လိုက်သောအခါ သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်သွားသည်။ (၂) ၈ နာရီအကြာ သင်ရှုထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့သည် ကြည့်ကောင်းသလို ရှိသော်လည်း အဆိပ်ဖြစ်စေသော ဓါတ်ပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်ပြီး ဆိုးရွားသော ဓါတ်တစ်ခုမှာ ကာဗွန်မိုနောက်ဆိုဒ် ဖြစ်သည်။ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ် ဘာကြောင့် ဖြတ်သင့်တာလဲ

ဆေးလိပ်ဘာကြောင့် ဖြတ်သင့်တာလဲ သင့်အသက် ဘယ်လောက်ပဲရှိနေနေ၊ ဆေးလိပ်သောက်ခဲ့တာ ဘယ်လောက်ပဲကြာခဲ့ကြာခဲ့၊ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် သင့်အသက်ကို ပိုရှည်စေပြီး၊ ပိုပြီးကျန်းမာစေမှာ သေချာပါတယ်။ အသက် ၅၀ မတိုင်ခင် ဆေးလိပ်ဖြတ်လိုက်သူတွေဟာ နောက် ၁၅နှစ်အတွင် သေဆုံးနိုင်ချေကို ထက်ဝက်အထိ လျှော့ချလိုက်နိုင်တာကို တွေ့ရပါတယ်။ ဆေးလိပ်ဖြတ်လိုက်သူတွေဟာ ပိုကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ကြရတယ် သူတို့မှာ နှာစေးအအေးတာမျိုး၊ လေပြွန်ရောင်ရမ်းခြင်း၊ အဆုတ်ရောင်ခြင်းတို့ ဖြစ်တတ်ပေမယ့်လည်း ဆေးလိပ်ဆက်သောက်နေသူတွေထက် ပိုပြီး ကျန်းမာကြပါတယ်။ များပြားလှတဲ့ တွေ့ရှိချက်တွေအရ • ဆေးလိပ်ဖြတ်ခြင်းက ယောကျာ်းမိန်းမ မရွေး၊ အသက်အရွယ်မရွေး၊ ကြီးမားတဲ့ အကျိုးအကျေးဇူးတွေကို ချက်ချင်းရစေပါတယ်။ ဆေးလိပ်နဲ့ ဆက်နွယ်တဲ့ ရောဂါတစ်ခုခု ရှိနေသည်ဖြစ်စေ၊ မရှိသေးသည်ဖြစ်စေ အဲဒီအကျိုးကျေးဇူးတွေကို ရနိုင်ပါတယ်။ • ဆေးလိပ်ဖြတ်လိုက်သူတွေက ဆေးလိပ်ဆက်သောက်နေသူတွေထက် ပိုပြီး အသက်ရှည်ကြပါတယ် • ဆေးလိပ်ဖြတ်လိုက်ခြင်းက အဆုတ်ကင်ဆာ၊ အခြားသောကင်ဆာတွေ၊ နှလုံးထိခိုက်နိုင်ချေ၊ လေဖြတ်ခြင်းနဲ့ နာတာရှည်အဆုတ်ရောဂါတွေ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ငွေ့ရဲ့ ဆိုးကျိုးများ - နှစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်း

Thirdhand smoke ဆိုတာ ဘာလဲ ၊ ဘာကြောင့် အရေးကြီးတာလဲ ဆးလိပ်သောက်ခြင်းဟာ ကင်ဆာ၊ နှလုံးရောဂါနဲ့ ငယ်ငယ်ရွယ်ရွယ်သေဆုံးမှုတွေကို ဖြစ်စေတယ်ဆိုတာ သက်သေပြနိုင်ဖို့ ဆယ်စုနှစ်များစွာ ကြာခဲ့ပါတယ်။ အဲဒီလိုပဲ သူတစ်ပါးသောက်တဲ့ ဆေးလိပ်ငွေ့တွေကို ရှူရှိုက်မိခြင်းကလည်း အန္တရာယ်ပေးတယ်ဆိုတာသိဖို့ အချိန်တွေ ယူခဲ့ရပါတယ်။ အခုအခါမှာတော့ သိပ္ပံပညာရှင်တွေက ဆေးလိပ်နဲ့သက်ဆိုင်တဲ့ နောက်ထပ်တွေ့ရှိချက်တစ်ခုကို ထုတ်ဖော်လိုက်ပါပြီ။ အဲဒါကတော့ Thirdhand smoke လို့ခေါ်တဲ့ ဆေးလိပ်ငွေ့ကြောင့် အခန်းတွင်းမှာ ကျန်နေခဲ့တဲ့ နီကိုတင်းနဲ့ တခြားဓါတုပစ္စည်း အကြွင်းအကျန်တွေပါပဲ။ အဲဒီအကြွင်းအကျန်တွေဟာ အခန်းထဲမှာရှိနေတဲ့ ညစ်ညမ်းပစ္စည်း အိုဇုန်း၊ နိုက်ထရပ်စ်အက်ဆစ်တို့နဲက ပေါင်းသွားရင် နောက်ထပ်ပစ္စည်းတစ်ခု ဖြစ်သွားပါတယ်။ အဲဒီအငွေ့တွေက ဖုန်မှုန်တွေနဲ့ရောပြီး ကောဇောပေါ်၊ ပရိဘောဂပစ္စည်းတွေပေါ် ရောက်ကုန်ပါတယ်။ နောက်ပြီး ဆံပင်၊ အရေပြား၊ အဝတ်အစားနဲ့ လက်သည်းတွေပေါ်မှာလည်း ရှိနေနိုင်ပါတယ်။ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ခြင်းကြောင့် လက်ငင်း ရနိုင်မယ့် အကျိုးကျေးဇူးများ

ဆေးလိပ်ဖြတ်ခြင်းကြောင့် လက်ငင်း ရနိုင်မယ့် အကျိုးကျေးဇူးများ ဆေးလိပ်ဖြတ်ခြင်းကြောင့် အချိန်ကြာလာတာနဲ့အမျှ သိသာလာမယ့် အကျိုးကျေးဇူးတွေ ရှိသလို၊ ချက်ချင်းတွေ့နိုင်တဲ့ ရလဒ်တွေလည်း ရှိပါတယ်။ ဒီအကျိုးကျေးဇူးတွေကတော့ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ချက်ချင်းရနိုင်တာတွေ ဖြစ်ပါတယ်။ • ခံတွင်းအနံ့ကောင်းလာခြင်း • သွားအရောင် ဖြူလာခြင်း • အဝတ်အစားနှင့် ဆံပင်တို့မှာ အနံ့ဆိုးတွေ မရှိတော့ခြင်း • လက်သည်းအရောင်များ ပျောက်သွားခြင်း • အစားပိုစားလို့ကောင်းလာခြင်း • အနံ့ခံနိုင်စွမ်း ပုံမှန်ပြန်ဖြစ်လာခြင်း • လှေကားတက်ခြင်း၊ အိမ်အလုပ်လုပ်ခြင်းတို့မှာ မောပန်းမှုနည်းလာခြင်း • အပြင်ထွက်ဆေးလိပ်သောက်စရာ မလိုဘဲ ဆေးလိပ်ကင်းစင်တဲ့ အိမ်မျိုး ဖြစ်လာခြင်း   ကုန်ကျစရိတ် နည်းလာခြင်း ဆေးလိပ်ဖြတ်ရတဲ့ အဓိကအကြောင်းရင်းက ကျန်းမာရေးကြောင့်ဆိုပေမယ့် တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ဆေးလိပ်က ဈေးကြီးပါတယ်။ ဆေးလိပ်နဲ့ ပတ်သက်တဲ့ ကိုယ့်အသုံးစရိတ်ကိုတွက်ရတာ မခက်ပါဘူး။ ကိုယ်တစ်နေ့တာ သောက်တဲ့ ဆေးလိပ်ဖိုးကို ၃၆၅ ရက်နဲ့ မြှောက်ကြည့်လိုက်ပါ။ အင်မတန်အံ့သြစရာ ကောင်းတဲ့ ပမာဏကို […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ပြီးနောက် ဝလာခြင်း

ဆေးလိပ်ဖြတ်ပြီး ဝလာတာက အမြဲမဖြစ်တတ်ပေမယ့် အတွေ့ရတော့များပါတယ်။ သိပ်စိတ်ပျက်စရာ မလိုပါဘူး။ ဆေးလိပ်ဖြတ်လိုက်တာဟာ ကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်လိုက်တာပါပဲ။ ဆေးလိပ်ဖြတ်လိုက်ရင် ဝလာတာနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ပိန်သွားတဲ့လူရှိသလို အနည်းစုကတော့ ပေါင် ၂၀ကျော်လောက်အထိ တက်လာတာမျိုးတွေလည်း ရှိပါတယ်။ တကယ်လို့ ဝလာတာက သင့်အတွက် ပြဿနာ ဖြစ်နေရင်တော့ အကူအညီရယူနိုင်ပါတယ်။   ဘာကြောင့် အဲဒီလို ဝလာတာလဲ အကြောင်းရင်းတချို့ကြောင့် ဖြစ်တတ်ပါတယ်။ • ဆေးလိပ်ဖြတ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ်ဆုချတဲ့အနေနဲ့ အစားစားတာ၊ သွားရည်စာစားတာတွေ လုပ်မိတတ်ပါတယ်။ • လက်နဲ့ပါးစပ်နဲ့ထိတွေ့ရတဲ့ ခံစားမှုကို အစားထိုးဖို့ အစားစားမိတတ်ကြပါတယ်။ • နီကိုတင်းက ဇီဝဖြစ်စဉ်တွေကို မြန်ဆန်စေတာမို့ ဆေးလိပ်ဖြတ်လိုက်ပြိးနောက်မှာ ပုံမှန်ပြန်ဖြစ်လာပြီး ကိုယ်အလေးချိန်လည်း ပြန်တက်လာတတ်ပါတယ်။ • နီကိုးတင်းက အစာစားချင်စိတ်ကို နည်းစေတာကြောင့် ဆေးလိပ်ဖြတ်စ ရက်အနည်းငယ်မှာ ပုံမှန်ထက် ပိုဆာနေတာမျိုး ခံစားရနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ […]


ဆေးလိပ်ဖြတ်ခြင်း

တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိရာမှ ဖြစ်နိုင်သောရောဂါများ

တစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာက မီးညှိထားတဲ့စီးကရက်ကနေ ထွက်လာတဲ့ မီးခိုးငွေ့နဲ့ ဆေးလိပ်သောက်သုံးသူက မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေ ပေါင်းစပ်မှုကြောင့်ဖြစ်ပါတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့မှာလည်း ဆေးလိပ်သောက်သုံးသူ ရှူရှိုက်လိုက်သော အန္တရာယ်များတဲ ဓါတုပစ္စည်းတွေ ပါဝင်တာချင်းအတူတူပဲဖြစ်ပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့မှာ ဓါတုပစ္စည်း ၇,၀၀၀ ကျော်ပါဝင်ပါတယ်။ ဓါတုပစ္စည်း ရာပေါင်းများစွာက အဆိပ်ဖြစ်စေပြီး ၇၀ ကတော့ ကင်ဆာဖြစ်စေနိုင်ပါတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့က နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်စေနိုင်ပါတယ်။ ကိုယ်တိုင်ဆေးလိပ်သောက်သုံးသူလိုပဲ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှုရှိုက်မိတာကလည်း နှလုံးရောဂါအမျိုးမျိုးကိုဖြစ်ပေါ် စေနိုင်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့က ဆေးလိပ် မသောက်သုံးသူတွေမှာတောင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေများစေပါတယ်။ နေအိမ်မှာတစ်ဆင့်ခံဆေးလိပ်ငွေ့ကို ကာလရှည်ကြာ ရှူရှိုက်နေမိသူတွေမှာ ဆေးလိပ်ငွေ့ နဲ့လုံးဝမထိတွေ့မိသူတွေနဲ့ နှိုင်းစာရင် နှလုံးရောဂါဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း အထိပိုများနေတာကို တွေ့ရှိရပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်နေရသူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ချေ အန […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်ချင်စိတ်ကို ဖြေဖျောက်ပေးနိုင်မယ့် နည်းလမ်း ၄ သွယ်

ဆေးလိပ်ဖြတ်တာက အချိန်ကြာမြင့်စွာလုပ်ဆောင်ရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ တစ်နေ့တည်း တစ်ရက်တည်းနဲ့လုပ်လို့ရတဲ့ ကိစ္စရပ်မျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဆေးလိပ်သောက်သုံးတဲ့ပမာဏကို တဖြည်းဖြည်းချင်းလျော့ချသွားတာက အချိန်တိုအတွင်းမှာ နီကိုတင်းစွဲလမ်းမှု ပြဿနာကနေပြန်လည်သက်သာလာစေနိုင်ပါတယ်။ ဆေးလိပ်စွဲလမ်းမှုကနေ ပြန်လည်ကောင်းမွန်လာစေတဲ့ နည်းလမ်းတွေထဲမှာ ဆေးလိပ်သောက်ချင်စိတ်ဖြစ်ပေါ်မှုကို ဘယ်လောက်အထိခွဲခြားသိမြင်သလဲဆိုတဲ့အချက်နဲ့ ဆေးလိပ်သောက်ချင်စိတ်ဖြစ်ပေါ်တဲ့အခါ အစားစားခြင်း၊ အိပ်စက်ခြင်း (သို့) လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းလိုမျိုး ဆေးလိပ်သောက်တာထက် ပိုမိုကောင်းမွန်တဲ့နည်းလမ်းနဲ့ တုံ့ပြန်ဖြေရှင်းမှုတွေပါဝင်နေပါတယ်။ လှုပ်ရှားဆောင်ရွက်မှုတွေ၊ စိတ်ခံစားမှုတွေနဲ့ ဆေးလိပ်သောက်သုံးမှုတို့ကြားမှာ ဆက်စပ်မှုတွေရှိနေပါတယ်။ စိတ်လှုပ်ရှားတဲ့အခါမျိုးမှာလည်းဆေးလိပ်သောက်သုံးသလို စိတ်ဆိုးဒေါသဖြစ်တဲ့အခါမျိုးမှာလည်း စိတ်တည်ငြိမ်အောင် ဆေးလိပ်သောက်ကြပါတယ်။ စိတ်ဆိုးတဲ့အခါ ဆေးလိပ်သောက်လိုက်ရင် စိတ်တည်ငြိမ်သွားတယ်လို့ ခံစားမိပါတယ်။ စိတ်လှုပ်ရှားတဲ့အခါမှာလည်း စီးကရက်တစ်လိပ်သောက်သုံးလိုက်ရင် စိတ်တည်ငြိမ် သွားတယ်လို့ယူဆတတ်ပါတယ်။ ဗိုက်ဆာတဲ့အခါမျိုးမှာလည်း စီးကရက်တစ်လိပ်လောက်တော့ သောက်လေ့ရှိကြပါတယ်။ သည်အလေ့အထတွေကိုလုပ်မိပြီးရင်း လုပ်မိနေတတ်ကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာ နီကိုတင်းစွဲလမ်းမှုနဲ့ စိတ်ပိုင်းဆိုင်ရာစွဲလမ်းမှုတို့ကြားမှာ ဆက်စပ်မှုရှိနေပြီး အဆိုပါဆက်စပ်မှုက ကျွန်တော်တို့ကိုဆေးလိပ်စွဲအောင် လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ကိုယ်ကိုကိုယ် စိတ်ရှည်ရှည်ထားပေးပါ။ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်နည်းအကြံပေးချက်များ - ငါးမိနစ်စာ တောင့်တစိတ်ကိုဖြေဖျောက်နည်း

ဆေးလိပ်စစဖြတ်ချင်းမှာတော့ သင့်စိတ်ထဲမှာ ပျင်းလာမယ်။ စီးကရက်သောက်ချင်စိတ်တွေ ဆက်တိုက်ဖြစ်လာမယ်။ သေချာသတိထားကြည့်မယ် ဆိုရင်တော့ ဒီလိုဆေးလိပ်ကိုတောင့်တစိတ်ဖြစ်လာတဲ့ အချိန်အများစုဟာ သုံးမိနစ်ကနေ ငါးမိနစ်လောက်ပဲ ကြာမြင့်တတ်တာကို သထိထားမိပါလိမ့်မယ်။ ဆေးလိပ်ကို အရမ်းတောင့်တလာပြီးတော့မှ တဖြည်းဖြည်း တောင့်တစိတ်လျော့ပါးလာလေ့ရှိပါ တယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့ အစပိုင်းရက်တွေမှာ ခံစားရတတ်တဲ့ တောင့်တမှုနှစ်မျိုးရှိပါတယ်။ ၁ ) ရုပ်ပိုင်းဆိုင်ရာတောင့်တမှုဆိုတာ နီကိုတင်းကို ဖြတ်နိုင်ဖို့ သင့်ခန္ဓါကိုယ်ရဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ သင့်ရဲ့ လည်ချောင်းထဲ ဒါမှမဟုတ် ဗိုက်ထဲမှာ မအီမသာခံစားရနိုင်ပြီး စိတ်ဖိစီးမှုနဲ့ထိတ်လန့် ပူပန်စိတ်တွေဖြစ်လာတတ်ပါတယ်။ ၂) စိတ်ပိုင်းဆိုင်ရာတောင့်တမှုကတော့ သင့်ရဲ့နေ့စဉ် ဘဝမှာဖြစ်နေကျကိစ္စတွေကြောင့် ဖြစ်လာတတ်ပါ တယ်။ ကျွန်တော်တို့အားလုံးက ကိုယ့်ကိုယ်ကိုယ်မသိဘဲ လုပ်မိတဲ့ကိစ္စတွေ အများကြီးရှိကြပါတယ်။ ကျွန်တော်တို့က အလိုအလျောက် ဆေးလိပ်သောက်ဖို့ လုပ်မိတတ်ပါတယ်။ ဆေးလိပ်ကိုဖြတ်ပြီဆိုရင်တော့ အကျင့်ပါနေတဲ့ ဒီလုပ်ရပ်တွေကနေ အငမ်းမရသောက်ချင်စိတ်ကို ဖြစ်လာစေပါတယ်။ ကားမောင်းခြင်း၊ အစားစားခြင်း၊ ကော်ဖီ […]


ဆေးလိပ်ဖြတ်ခြင်း

ဘာကြောင့်ဆေးလိပ်မဖြတ်နိုင်ဖြစ်နေရတာလဲ။

ဆေးလိပ်ဖြတ်တာက ခက်ခဲတဲ့ကိစ္စဆိုပေမယ့် သင်လုပ်ဆောင်နိုင်မှာပါ။ ဆေးလိပ်ကိုဖြတ်ပြီး ဆေးလိပ်မသောက်တဲ့သူတစ်ဦးအနေနဲ့နေထိုင်နိုင်မယ့် အကောင်းဆုံးသောအခွင့်အရေးရှိနေပါတယ်။ သင့်အနေနဲ့ ဘယ်အပေါ်မှာ မှီခိုစွဲလမ်းနေသလဲဆိုတာကို သိရှိဖို့လိုအပ်သလို သင်ဆန္ဒရှိတဲ့အရာက ဘာလဲဆိုတာကိုသိရှိဖို့လည်း လိုအပ်တဲ့အပြင် အကူအညီရရှိနိုင်ဖို့အတွက် ဘယ်နေရာမှာ အကူအညီရယူရမလဲဆိုတာကိုလည်း သိရှိဖို့လိုအပ်ပါတယ်။ ဘာကြာင့်ဆေးလိပ်ဖြတ်ချင်ရတလဲဆိုတာကို ကိုယ့်ကိုကိုယ် မေးကြည့်သင့်သလို ဆေးလိပ်ဖြတ်တာက အခြားသူတွေအတွက်လည်း တော်တော်လေးခက်ခဲတဲ့အရာဆိုတာကိုသိထားဖို့လိုအပ်ပါတယ်။ Blame nicotine နီကိုတင်းဓါတ်ဟာ ဆေးရွက်ကြီးမှာသဘာဝအတိုင်းတွေ့ရလေ့ရှိတဲ့ ဘိန်းဖြူနဲ့ကိုကင်းတို့လိုမျိုးစွဲလမ်းစေနိုင်တဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။ အချိန်တော်တော်များများမှာ လူတွေဟာရုပ်ပိုင်းဆိုင်ရာအရ နီကိုတင်းအပေါ်မှာ မှီခိုနေသလို စိတ်ပိုင်းဆိုင်ရာအရ နီကိုတင်းကိုစွဲလမ်းနေတာမျိုးလည်းရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရနီကိုတင်းစွဲလမ်းမှုက ဆေးလိပ်ဖြတ်ဖို့ကြိုးပမ်းတဲ့အခါ စိတ်မသက်မသာဖြစ်စေတဲ့ ဆေးလိပ်ဖြတ်တဲ့လက္ခဏာတွေကိုခံစားရစေနိုင်ပါ တယ်။ စိတ်ပိုင်းဆိုင်ရာအရ နီကိုတင်းကိုစွဲလမ်းမှုကတော့ ဆေးလိပ်ဖြတ်ပြီးတဲ့အခါမှာလည်း နီကိုတင်းနဲ့ခပ်ကင်းကင်းနေဖို့ခက်ခဲလှပါတယ်။ လေ့လာမှုတွေမှာ ဆေးလိပ်ဖြတ်တဲ့နည်းနဲ့ ဆေးလိပ်ဖြတ်ပြီး ဘယ်လိုနေထိုင်ရမလဲဆိုတာကို ဖော်ပြထားပါတယ်။ ဆေးလိပ်သောက်သုံးသူတွေဟာ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအရစွဲလမ်းမှုတွေကို ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့လည်းဖာ်ပြထားပါတယ်။ ဆေးလိပ်ငွေ့ကိုရှုရှိုက်လိုက်တဲ့အခါ နီကိုတင်းဓါတ်က အဆုတ်ထဲကိုနက်နက်ရှိုင်းရှိုင်းရောက်ရှိသွားပါတယ်။ ဒီနီကိုတင်းဓါတ်ဟာသွေးကြောထဲကို လျင်လျင်မြန်မြန်ပြန့်နှံ့ရောက်ရှိသွားပြီး သွေးကြောအတွင်းမှာစီဆင်းနေတဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း