တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ကောင်းမွန်တဲ့ တစ်ကိုယ်ရေသန့်ရှင်း အလေ့အထက အရေပြားမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေ၊ ခန္ဓာကိုယ် အနံ့ဆိုးလိုမျိုး အခြေအနေတွေကို ကာကွယ်ရာမှာ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါတင်မကပါဘူး။ အဖျားရောဂါတွေကို ကာကွယ်ပေးပြီး ကျန်းမာစေဖို့ အထိရောက်ဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထတွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ဒီအစိတ်အပိုင်းတွေကို သေချာရော သန့်ရှင်းမိရဲ့လား .........

နေ့တိုင်း ရေချိုးကြတာနဲ့ တစ်ကိုယ်လုံးက အစိတ်အပိုင်း အားလုံးကို သန့်ရှင်းပြီးသား ဖြစ်တယ်လို့ ထင်ပါသလား။ ဒါဆိုရင် မေးစရာ ရှိပါတယ်။ ဒါကတော့ ရေချိုးတိုင်း တစ်ကိုယ်လုံးက အစိတ်အပိုင်း အားလုံးကို သေချာလေး သန့်စင် ဖြစ်ရဲ့လား ဆိုတာပါ။ သန့်ရှင်းဖြစ်တယ်ဆိုရင်လည်း ဒီအစိတ်အပိုင်းတွေကို သေချာရော သန့်ရှင်းမိရဲ့လား ......... ဆိုတာကိုတော့ ဖတ်ရင်း ဖြေကြည့်ပေးဦးနော်။ ဒီအစိတ်အပိုင်းတွေကို သေချာရော သန့်ရှင်းမိရဲ့လား ......... နေ့တိုင်းရေချိုးတယ်။ အပတ်စဉ် ခေါင်းလျှော်ဖြစ်တယ်ဆိုရင်တောင်မှ ဒီအစိတ်အပိုင်းလေးတွေကို သေချာလေး သန့်ရှင်းရေး လုပ်ဖြစ်တယ်ဆိုသူက ခပ်ရှားရှားပါ။ ကိုယ်တိုင်ရော သေချာလေး သန့်စင် ဖြစ်ရဲ့လားဆိုတာကို အတူတူ ဆန်းစစ်ကြည့်လိုက်ရအောင်နော်။ ဦးရေပြား ခေါင်းပုံမှန် လျှော်တိုင်း ဦးရေပြားကို သန့်စင်ဖြစ်တယ်လို့ မဆိုနိုင်ပါဘူး။ ခေါင်းလျှော်တဲ့အခါ ဆံသားက စေးကပ်ကပ်ဖြစ်နေတာတွေကို သက်သာသွားစေဖို့ပဲ အဓိက ထားတတ်ကြပါတယ်။ ဦးရေပြားကို လက်သည်းနဲ့ ကုတ်တာမျိုး […]

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ ကို ရှာဖွေမည်။

တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

လက်သန့်စင်ဆေးရည်အသုံးပြုတဲ့အခါ ဘာတွေသတိထားသင့်လဲ

ပုံမှန်အားဖြင့်တော့ လက်တွေ၊ ခြေတွေ ညစ်ပတ်ပြီဆိုရင် ကျွန်တော်တို့ ဆပ်ပြာနဲ့ ရေကို သေချာဆေးတတ်ကြပါတယ်။ ခေတ်က တိုးတက်ပြောင်းလဲလာပြီးတဲ့ နောက်မှာ နည်းပညာအသစ်အဆန်းတွေနဲ့ အလွယ်တကူ သန့်ရှင်းလို့ရတဲ့ လက်သန့်စင်ဆေးရည်ဆိုပြီး ပေါ်လာပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ ကိုယ်က အပြင်ရောက်နေလို့ လက်ဆေးရမလွယ်ကူဘူးဆိုရင် လက်သန့်စင်ဆေးရည်ကို နည်းနည်းညှစ်ပြီး သုံးပေးရုံပါပဲ။ အယ်လ်ကိုဟော ပါဝင်လို့ ဘက်တီးရီးယားပိုးတွေ သေစေတယ်။ အနံ့လေးက သင်းတော့ လူအများစု တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ လက်သန့်စင်ဆေးရည်ကို အပြင်မှာ အမြဲသွားလာနေရတဲ့ သူတွေ၊ ဆေးရုံဆေးခန်းမှာ လူနာနဲ့ အမြဲထိတွေ့ဆက်ဆံနေရတဲ့ ဆရာဝန်၊ သူနာပြုတွေ အများဆုံး သုံးတတ်ကြပါတယ်။ ဖုန်မှုန့်၊ အညစ်အကြေး၊ ဘက်တီးရီးယား ပိုးမွှားတွေကိုပါ သေစေတယ်။ လူတွေနဲ့ အမြဲထိတွေ့ဆက်ဆံနေရတော့ သူတို့ဆီကနေလည်း ရောဂါပိုးတွေ အလွယ်တကူ မကူးစက်နိုင်တော့ပါဘူး။ ဒါဆိုရင် သုံးရတာလည်း အဆင်ပြေလွယ်ကူတဲ့ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

တစ်ကိုယ်ရေသန့်ရှင်းရေးက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ

တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာက ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တယ်ဆိုတာ သိပါရဲ့လား။ လူတစ်ယောက် ကျန်းမာပျော်ရွှင်ဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကတော်တော်လေးအရေးပါတဲ့အရာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးက ကျန်းမာရေးအတွက်တင်မဟုတ်ပါဘူး။ လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းဆောင်တာတွေလုပ်ဆောင်မှုအပေါ်မှာပါ သက်ရောက်မှုရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို မဖြစ်မနေ ဂရုစိုက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်မှုက ဖျားနာမှုကင်းစေသလိုရောဂါပိုးတွေ ကူးစက်ခံရတာနဲ့ ခန္ဓာကိုယ်အနံ့ဆိုးတွေကနေပါ ကာကွယ်ရောက်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုက တစ်ကိုယ်ရေသန့်ရှင်းအားနည်းတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အနေအထိုင် အစားအသောက်ကစလို့ အဝတ်အစားတွေအထိ သေသေချာချာဂရုစိုက်ပေးပါမှ ခန္ဓာကိုယ်ကို ကျန်းမာစေမှာပါ။ ရောဂါကူးစက်နိုင်ခြေကိုလည်း လျှော့ချနိုင်မှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်မှုက အဖိုးမများတဲ့ ကျန်းမာရေးစောင်ေ့ရှာက်မှုပေါ့။ တစ်ကိုယ်ရေသန့်ရှင်းမှုက လူမှုဆက်ဆံရေးမှာလည်း လူဝင်ဆန့်စေနိုင်တဲ့အချက်တစ်ခုပါ။ ခန္ဓာကိုယ်က အနံ့ဆိုးတွေထွက်နေမယ်၊ ခံတွင်းနံ့ဆိုးတွေဖြစ်နေမယ်၊ အရေပြားမှာ မှိုစွဲတာနဲ့ အခြားသော အနာတွေဖြစ်နေမယ်၊ လက်သည်း၊ ခြေသည်းတွေက ညစ်ပေနေမယ်ဆိုရင် လူအထင်သေးခံရနိုင်သလို ပတ်ဝန်းကျင်က […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ရေကျသွားလို့ အိမ်ပြန်တော့မယ်ဆိုရင် သတိထားရမယ့်အချက်များ

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်းမှာ သစ်တောတွေ ပြုန်းတီးလာမှုနဲ့ သဘာဝ ပတ်ဝန်းကျင်တွေ ညစ်ညမ်းလာမှုကြောင့် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကို လူသားတွေ အလူးအလဲ ခံစားနေကြရပါတယ်။ အပူလှိုင်း ဖြတ်တာ၊ မိုးကြီး ရေလျှံတာ၊ မြေပြိုတာနဲ့ အမျိုးမျိုးသော ရာသီဥတု ပြောင်းလဲမှုတွေကို တွေ့ကြုံခံစားနေကြရပါတယ်။ ဒီလိုမျိုး ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ ပြဿနာတွေထဲမှာ အဆိုးရွားဆုံးက မိုးကြီးရေလျှံတာလို့ ဆိုရမလားပဲ။ အခုလတ်တလော မြန်မာနိုင်ငံ အနှံ့အပြားမှာလည်း ရေကြီးမှုတွေ ကြုံတွေ့နေရသလို အိမ်နီးချင်း လာအို၊ ထိုင်းနိုင်ငံတွေမှာလည်း ရေကြီး မှုတွေ ဖြစ်ပေါ်နေပါတယ်။ ရေကြီးမှုက အဆမတန် ကြီးတဲ့အခါ အသက်အန္တရာယ် ဆုံးရှုံးတာမျိုးတွေအထိ တွေ့ကြုံရနိုင်ပါတယ်။ ရေကြီးတာကပဲ အန္တရာယ် ရှိနေတာရောဂါတွေကို ဖြစ်စေနေတာ မဟုတ်ပါဘူး။ ရေကျသွားတဲ့အခါမှာလည်း အန္တရာယ် ဖြစ်စေနိုင်တဲ့ အနေအထားတွေ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

Gym သွားရင် မိတ်ကပ်မလိမ်းသင့်တဲ့ အကြောင်းရင်း

Gym သွားရင် မိတ်ကပ် လိမ်းတာက မျက်နှာ အသားအရေ အတွက် မကောင်းပါဘူး။ ဒါဟာ Gym သွားနေကျ လေဒီလေးတွေ သိထားသင့်တဲ့ အချက် တစ်ချက်ဖြစ်ပါတယ်။ ဘယ်ကို သွားသွား၊ ဘာပဲ လုပ်လုပ် လှနေဖို့က မိန်းကလေးတွေအလေးထားကြတဲ့ အရာပဲလေ။ အားကစား ဝတ်စုံလေးနဲ့ ဆယ်လ်ဖီ ဆွဲတာလေးလည်း ပါတာပေါ့။ နည်းနည်းပါးပါး ဖြီးလိမ်းထားမှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသလို ခံစားရတယ် မဟုတ်ဘူးလား။ Gym သွားရင် မိတ်ကပ်မလိမ်းသင့်တဲ့ အကြောင်းရင်း တချို့တွေ ကျတော့လည်း ညနေမှ အလုပ်က အပြန် ဝင်ရတာဆိုတော့ မနက်တည်းက ပြင်ဆင်ထားတဲ့အတိုင်း gym ကို ရောက်လာရပါတယ်။ အပြေးအလွှားနဲ့မို့ မိတ်ကပ်ဖျက်ဖို့ အချိန်ကမရ၊ ဝတ်စုံလေး အမြန်လဲပြီး အချိန်ရှိတုန်း ဝင်ကစားရတာမျိုးပေါ့။ ဒါပေမယ့် မိတ်ကပ်တွေနဲ့ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ခေါင်းချွေးနံ့နံခြင်း ဘာကြောင့်ဖြစ်ရသလဲ

ခေါင်းချွေးနံ့နံခြင်း ဘာကြောင့်ဖြစ်ရသလဲ ....... ကိုယ့်ဆံပင်က အနံ့ပြင်းပြင်းရှိနေတယ်ဆိုရင်တော်တော်လေးနေရခက်ကြပါတယ်။ ခေါင်းနားကပ်တိုင်း အနံ့ထွက်နေမှာပေါ့။ ဒါပေမယ့် ဒါကို သတိထားမိတာက ကိုယ်တစ်ယောက်တည်း မဟုတ်လောက်ပါဘူး။ ဘေးနားက သူငယ်ချင်းတွေ၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေအပြင် လိုင်းကားအတူစီးသူတွေပါ သတိထားမိပြီဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ခေါင်းက နံနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း ကျဆင်းပြီး လူတွေနားသွားတိုင်း ငါဆံပင်က နံနေမလားဆိုပြီး မလုံမလဲဖြစ်ရပါတယ်။ ခေါင်းလည်းပုံမှန်လျှော်နေလျက်နဲ့ ဒီလိုဘာကြောင့်နံနေရတာလဲ။ အရေးကြီးတဲ့အချက်ကတော့ ခေါင်းလျှော်ပြီးတာတောင် အနံ့ဆိုးကကျန်နေသေးတယ်ဆိုရင် ဆံပင်က နံတာမဟုတ်ဘဲ ဦးရေပြားက အနံ့ထွက်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ဆံပင်ကိုရော၊ ဦးရေပြားကျန်းမာရေးကိုပါ ဂရုစိုက်ရတော့မှာဖြစ်ပါတယ်။ ခေါင်းချွေးနံ့နံခြင်း ဘာကြောင့်ဖြစ်ရသလဲ ခေါင်းချွေးနံ့နံခြင်း ဘာကြောင့်ဖြစ်ရသလဲ ...... ခေါင်းချွေးနံရတဲ့ ဖြစ်နိုင်ခြေအများဆုံး အကြောင်းရင်း(၈)ခုကို ဖော်ပြလိုက်ပါတယ်။ (၁) ခေါင်းမှန်မှန်မလျှော်ခြင်း ခေါင်းမလျှော်ဘဲနေလေ ဦးရေပြားမှာ အဆီတွေ ပိုပြန်လေ ဖြစ်ပါတယ်။ ခေါင်းမလျှော်ဘဲ ၃ ရက်ကျော်လာပြီဆိုရင် […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

မနက်ခင်းရေချိုး တာက ကျန်းမာရေးကိုထိခိုက်စေနိုင်လား

တော်တော်များများက မနက်ခင်းရေချိုး ရတာကို မကြိုက်ကြပါဘူး။ မနက်ခင်းမှာ ရေကအရမ်းအေးတာကြောင့်လည်း မချိုးကြတာပါ။ မနက်ခင်း ရေစောစောချိုးတာက ရေအေးအေး၊ လေအေးအေးနဲ့ ထိတွေ့စေလို့ ဖျားတာနာတာနဲ့ အဆစ်ရောင်တာတွေလိုမျိုး ရောဂါတွေ ဖြစ်လာမယ်လို့ အများစုက လက်ခံထားကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတွေးတွေက ရာနှုန်းပြည့် မမှန်ပါဘူး။ မနက်ခင်းမှာ ရေချိုး တာက ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ ရှိနေပါတယ်။ မနက်စောစောရေချိုးတာကို ဘာလို့ကောင်းတယ်လို့ ပြောရလဲဆိုတာကို နည်းနည်းလောက်ပြောပြပေးမယ်နော်။ မနက်ခင်းရေချိုး ပေးရင် ရေချိုးတာက တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အရေးပါတဲ့ အရာတစ်ခုပါ။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံးရေတစ်ကြိမ်လောက်တော့ ချိုးသင့်ပါတယ်။ အချို့က မနက်ခင်းရေချိုးရတာ နှစ်သက်ပြီး အချို့ကတော့ ညပိုင်းချိုးရတာကို နှစ်သက်ကြပါတယ်။ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ မစတင်ခင်မှာ ရေချိုးပေးတာက တစ်နေကုန်သန့်ရှင်းလန်းဆန်းမှုကို ရရှိစေမှာဖြစ်ပါတယ်။ မနက်စောစောရေချိုးတာက ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးပြုလဲဆိုတာကို […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

သင့်ခြေထောက်လေးတွေကို ဂရုစိုက်ဖို့ နည်းလမ်း ငါးသွယ်

ခန္ဓါကိုယ်တစ်ခုလုံးရဲ့အလေးချိန်ကိုထိန်းပေးပြီး လှုပ်ရှားမှုတိုင်းမှာ အလေးချိန်ညီညီမျှမျှနဲ့ မတ်မတ်ရပ်နိုင်အောင်ထောက်ပံ့ထား၊ ထိန်းထားတဲ့ ခြေထောက် ဆိုတာ ခန္ဓါကိုယ်ရဲ့ အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တယ်။ ခြေထောက်တွေကို ထိခိုက်စေနိုင်တဲ့အကြောင်းတွေအများကြီးရှိပါတယ်။ တချို့အကြောင်းတွေက မွေးရာပါတွေဖြစ်ပေမယ့် မွေးရာပါမဟုတ်သော အကြောင်းအများစုကိုတော့ ပုံမှန် နေ့စဉ်ဂရုစိုက်မှုလေးနဲ့ ရှောင်ရှားနိုင်တယ်။ ၁။ ခြေဗလာဖြင့် လမ်းလျှောက်ခြင်းကို ရှောင်ပါ ခြေဗလာနဲ့ လျှောက်သွားခြင်းဟာ သင့်ခြေဖဝါးကို များစွာ ထိခိုက်စေပါတယ်။ ခြေဖဝါးဟာ မြေပြင်ရဲ့အပူကိုခံစားရပြီး အပူလောင်ကာ ထိခိုက်နိုင်တယ်။ ခံစားလို့ကောင်းတဲ့ မြက်ခင်း အေးအေးလေးပေါ်မှာတောင် မမျှော်လင့်တဲ့ ထိခိုက်ရှနာ ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေအများကြီး ရှိနေပါတယ်။ ၂။ လေ့ကျင့်ခန်းလုပ်ပါ ခြေဗလာနဲ့ မသွားရဘူးဆိုတာနဲ့ လမ်းမလျှောက်ရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ လမ်းလျှောက်ခြင်းဟာ ခြေဖဝါးပေါ် ဖိအားပေးတယ်ဆိုပေမယ့် ခြေဖဝါးကြွက်သားတွေသန်မာဖို့ နေ့စဉ် လေ့ကျင့်ခန်းတော့ လိုပါသေးတယ်။ နေ့စဉ်လမ်းလျှောက်ခြင်းဟာ ကြွက်သားတွေကို သန်မာပြီး ကျုံ့ ဆန့် […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ခြေဆီနံ့ထွက်ခြင်း ပျောက်ကင်းစေနိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်း(၁၀)မျိုး

သင့်ခြေထောက်က ထွက်လာတဲ့ အနံ့ဆိုးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ရှက်ရွံ့ခြင်းကိုခံစားနေရပါသလား။ စိတ်မပူပါနဲ့တော့။ အောက်က ဆောင်းပါးမှာ ခြေဆီနံ့ကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ ရိုးရှင်းတဲ့နည်းလမ်း(၁၀)မျိုးကို ဖော်ပြပေးထားပါတယ်။ ခြေဆီနံ့ထွက်ခြင်း ပျောက်ကင်းစေနိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်း(၁၀)မျိုး ခြေဆီနံ့ထွက်ခြင်း ပျောက်ကင်းစေနိုင်ဖို့ ရိုးရှင်းတဲ့နည်းလမ်းတွေက ၁။ မုန့်ဖုတ်ဆော်ဒါ မုန့်ဖုတ်ဆော်ဒါက ခြေဆီနံ့ကို ပျောက်စေတဲ့နေရာမှာ အလွန်ထိရောက်တယ်လို့ အသိများပါတယ်။ ခြေဖဝါးရဲ့ pH ပမာဏကို ဓာတ်ပြယ်စေပြီး ဘက်တီးရီးယားတွေကို လျှော့ချပေးပါတယ်။ မုန့်ဖုတ်ဆော်ဒါ စားပွဲဇွန်းတစ်ဇွန်းကို ကြက်သီးနွေးရေ ဒါမှမဟုတ် ရေနွေး ၁ လီတာ နဲ့ ရောလိုက်ပါ။ နေ့စဉ် ဒီအရောထဲကို ၁၅မိနစ်မှ မိနစ်၂၀ထိ ခြေထောက်စိမ်ပေးပါ။ တစ်ပတ်လောက် ဆက်တိုက်လုပ်ပေးလိုက်တဲ့အခါ ထူးခြားမှုကို တွေ့ရပါလိမ့်မယ်။ ၂။ လာဗင်ဒါ အဆီ လာဗင်ဒါက ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ ဒါ့အပြင် လာဗင်ဒါမှာ မှိုမကပ်စေတဲ့အရာတွေပါဝင်ပြီး ဒါတွေက ခြေဆီနံ့ကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

သင့်ရဲ့ မိတ်ကပ်brushတွေကို ဘယ်လိုသန့်စင်မလဲ

သင့်ရဲ့ မိတ်ကပ်ဆွဲတံ brush တွေကိုဘယ်လိုသန့်စင်မလဲ။ ဘယ် brush က အသားအရေညိုဖို့ အတွက်သုံးပြီးဘယ် brush ကိုတော့ အမည်းစက်ဖုံ း ဖို့ အတွက် သုံးတယ်ဆိုတာကိုတော့ သင်သိနေပါပြီ။ ဒါပေမဲ့ သင့်မိတ်ကပ် brush တွေကို သန့်စင်သင့်တယ် ဆိုတာကိုရော သင်သိပါသလား။ မိတ်ကပ်brushတွေကို သန့်စင်ခြင်းဟာသင့်ရဲ့ နေ့စဉ် အလှအပရေးရာထိန်းသိမ်းမှုထဲမှာ ပုံမှန် အစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်သင့်ပါတယ်။ သင့် brush တွေကို အသုံးပြုတဲ့အခါမှာ မိတ်ကပ်တွေ၊ အဆီတွေ ဖုန်မှုန့်တွေနဲ့ ဘက်တီးရီးယားတွေတောင်မှ brushရဲ့ အမွှေးတွေကြားမှာ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် သာမန် စဉ်းစားကြည့်ရင်တောင် ဒီအဆင့်ကို မလုပ်တာက ချွေးပေါက်တွေပိတ်စေပြီး စိတ်ရှုပ်ထွေးစရာကောင်းတဲ့ အခြေအနေတွေဖြစ်လာစေနိုင်ပါ တယ်။ တကယ်အဆင့်မှီပြီးကောင်းတဲ့ မိတ်ကပ် brush တွေဈေးကြီးတာကို […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ရေချိုးခြင်းအကြောင်းသိကောင်းစရာ

ရေချိုးတာက တစ်နေ့တာတိုင်းမှာ လုပ်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုတွေထဲကတစ်ခုနော်။  ဒါပေမယ့် ဒီလိုဆိုတာနဲ့ တစ်နေ့တစ်ခါမဖြစ်မနေရေချိုးဖို့လိုလို့လား။ ရာသီဥတုအေးနေလို့ ရေမချိုးတာကောင်းမယ်။ နေမကောင်းရင်တောင် ရေချိုးမှဖြစ်မှာလား ဆိုပြီး ရေချိုးတာနဲ့ပတ်သက်လို့ ခေါင်းထဲမှာ ..လား....လား..ပေါင်းစွာနဲ့ မေးခွန်းထုတ်မိနေတာလေးတွေရှိရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော်။ ရေက တစ်နေ့ကိုဘယ်နှကြိမ်လောက်တောင်ချိုးရမှာလဲ......... ပုံမှန်အားဖြင့်ကတော့ တစ်နေ့ကို ရေတစ်ကြိမ်ချိုးရင်လုံလောက်ပါတယ်။ ဒါပေမယ့် ညစ်ပေတဲ့အရာတွေကို ထိတွေ့မိတာမျိုး၊ နံစော်နေတာမျိုး နဲ့ သန့်ရှင်းရေးလုပ်ဖို့လိုအပ်တဲ့အချိန်မှာတော့ ရေချိုးတာကို မဖြစ်မနေလုပ်ဖို့လိုမှာပါ။ တစ်နေ့ကို အနည်းဆုံး ရေတစ်ကြိမ်၊ အများဆုံး ၂ ကြိမ်အထိချိုးလို့ရပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်တော့ ရေချိုးပေးတာက ကောင်းတဲ့အလေ့အထတစ်ခုပါ။ ဘာကြောင့် ရေချိုးပါလို့ ပြောရတာလဲ............ ရေချိုးတာက အပေါ်မှာပြောခဲ့သလို တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်လိုအပ်တဲ့အချက်ပါ။ ရေချိုးတယ်ဆိုတဲ့နေရာမှာလည်း ရေအေးနဲ့ရေချိုးတာ၊ ရေနွေးနဲ့ရေချိုးတာဆိုပြီး အမျိုးမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲရေချိုးချိုး အခုလို အကျိုးကျေးဇူးလေးတွေရရှိနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို ကျန်းမာစေနိုင်တယ် ကြွက်သားတွေနာကျင်ကိုက်ခဲမှုကိုလျော့ပါးစေနိုင်တယ် ပေါ့ပါးလန်းဆန်းစေနိုင်တယ် ရောင်ရမ်းမှုကို သက်သာစေနိုင်တယ် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း