ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။ အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ။ အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။ ဆီပူလောင်တာ ရေနွေးပူလောင်တာ မီးပူကပ်မိတာ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ထိခိုက်ဒဏ်ရာရရင် အိမ်မှာပဲဘယ်လိုပြုစုကုသမလဲ

အရေပြားမှာဖြစ်တဲ့ ဒဏ်ရာအနာမှန်သမျှ အချိန်တန်ရင် အနာကျက်ရ၊သက်သာရမှာပါပဲ။ အနာကျက်နှေးတာမြန်တာကတော့ အနာကိုဘယ်လိုကုသစောင့်ရှောက်သလဲဆိုတာပေါ် မူတည်ပါတယ်။ အနာရင်းပြီးပိုးဝင်မှာ စိုးရိမ်ရတာလည်းရှိတာကိုး။နောက်တစ်ချက်က ဆီးချိုသွေးချိုလိုရောဂါအကြောင်းရင်းခံတွေကြောင့် အနာဖြစ်တာ၊ အနာကျက်နှေးတာ၊ အနာမကျက်တာတွေရှိတတ်ပါတယ်။ အနာအမျိုးအစား အမျိုးမျိုးရှိတာရော သိပါသလား။ အနာဖြစ်ရတဲ့အကြောင်းရင်းကိုမူတည်ပြီး အဓိကအမျိုးအစားလေးမျိုးကိုဖော်ပြလိုက်ပါတယ်။ ပွန်းပဲ့ဒဏ်ရာ ပွန်းပဲ့ဒဏ်ရာဆိုတာ အရေပြားမှာ မာကျောတဲ့မျက်နှာပြင်တစ်ခုခုနဲ့ ပွတ်တိုက်မိလို့ပွန်းပဲ့တာ၊ခြစ်ရာအစင်းရာတွေဖြစ်တာပါ။ ဥပမာချော်လဲလို့ဖြစ်တဲ့ပွန်းပဲ့နာ၊ စက်ဘီးမှောက်တာ စတဲ့လမ်းပေါ်မှာဖြစ်တဲ့အသေးစားအနာတရတွေပါဝင်ပါတယ်။သွေးစို့ရုံလောက်သာထွက်တတ်တဲ့ဒဏ်ရာလေးတွေဖြစ်ပေမယ့် ပိုးမဝင်အောင်သေချာသန့်စင်ကုသသင့်ပါတယ်။ အရေပြားပေါက်ပြဲခြင်း အရေပြားပေါ်မှာ ဒဏ်ရာနက်တဲ့ပြတ်ရှရာ သို့မဟုတ် စုတ်ပြဲဒဏ်ရာဖြစ်တာပါ။ ဓါး၊ ကိရိယာတန်ဆာပလာတွေ၊ စက်ပစ္စည်းတွေနဲ့ မတော်တဆထိခိုက်မိတဲ့ ဒဏ်ရာမျိုးတွေဖြစ်ပါတယ်။ ပေါက်ပြဲတဲ့ ဒဏ်ရာနက်ရင်တော့သွေးထွက်မြန်ပြီးသွေးထွက်များနိုင်ပါတယ်။ အနာပေါက်ဖြစ်စေတဲ့ထိခိုက်ဒဏ်ရာ ဒီအမျိုးအစားက သံ၊အပ် တို့လို ချွန်ထက်တဲ့အရာတွေနဲ့ စူးမိ၊ထိုးမိတဲ့အခါဖြစ်လာတဲ့ဒဏ်ရာမျိုးပါ။ တခါတရံ ကျည်ဆန်မှန်ခြင်းကလည်း ဒီအမျိုးအစားဖြစ်နိုင်ပါတယ်။ ဒီဒဏ်ရာတွေကသွေးအများကြီးမထွက်နိုင်ပေမယ့် ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်လောက်အောင် ဒဏ်ရာနက်နိုင်ပါတယ်။ ဒီအမျိုးအစားဆိုရင် ဒဏ်ရာကသေးတယ်ဆိုရင်တောင်မှ ရောဂါပိုးမဝင်စေဖို့ ဆရာဝန်ပြပြီး မေးခိုင်ကာကွယ်ဆေးထိုးသင့်ရင်ထိုးရပါမယ်။ ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာ ဒီအမျိုးအစားက အရေပြားတင်မကဘဲ တစ်ရှူးတွေပါစုတ်ပြဲပြီး အရိုးပေါ်တဲ့အထိ ထိခိုက်ရတဲ့ဒဏ်ရာတွေဖြစ်ပါတယ်။ ကားတိုက်ခံရတာ၊ပေါက်ကွဲမှုနဲ့သေနတ်ပစ်ခံရတာတွေလိုပြင်းထန်တဲ့ထိခိုက်မှုတွေကြောင့် […]


ရှေးဦးသူနာပြုစုခြင်း

အနာသွေးတိတ်အောင်ဘယ်လိုလုပ်မလဲ

ထိခိုက်ဒဏ်ရာရရင်သွေးမထွက်တာမျိုးကသိပ်မရှိပါဘူး။ အနည်းဆုံးသွေးလေးတော့စို့တတ်ကြပါတယ်။ အနာဖြစ်လို့သွေးထွက်တဲ့အခါသွေးထွက်လွန်လား။ အနာကပြင်းထန်နေတာလားဆိုပြီးစိုးရိမ်စရာတွေဖြစ်လာတာက အမြဲလိုလိုဖြစ်တတ်ကြမယ်ထင်ပါတယ်။ ဒီတော့အနာကိုသွေးတိတ်အောင်ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို သိထားမယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ အနာကသွေးထွက်မှလည်း အနာထဲမှာဝင်နေတဲ့ အမှုန်နဲ့ပိုးမွှားတွေကိုသန့်စင်ပြီးဖြစ်မှာပါ။ အနာဖြစ်တဲ့အခါသွေးထွက်တယ်ဆိုတာက ခန္ဓါကိုယ်မှာရှိနေတဲ့သွေးကြောတွေထဲကသွေးတွေဆုံးရှုံးသွားတာပဲဖြစ်ပါတယ်။ အနာဖြစ်လို့သွေးထွက်တဲ့အခါသွေးလွန်တာမျိုးမဖြစ်စေဖို့အတွက်သွေးတိတ်အောင်မြန်မြန်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ထိခိုက်ဒဏ်ရာရမှု တာ်တော်များများမှာ အရမ်းမပြင်းထန်ဘူးဆိုရင်တော့သွေးတိတ်ေ်အာင်လုပ်ဖို့က အခက်အခဲမရှိပါဘူး။သွေးကြောကိုထိမိတာ၊တစ်ရှုးတွေပျက်စီးသွားမယ်ဆိုရင်တော့သွေးအရမ်းထွက်တာမျိုးဖြစ်ပါလိမ့်မယ်။ အခုတစ်ခေါက်တော့အနာဖြစ်ရင်သွေးတိတ်အောင်ဘယ်လိုလုပ်မလဲဆိုလေးပြောပြမယ်နော်။   သွေးတိတ်အောင် ဒါလေးတွေလုပ်ကြည့်ပါ အနာပေါ်မှာ အသာအယာလေးဖိထားပေးပါ အနာဖြစ်လို့သွေးထွက်လာတဲ့အခါ ပထမဆုံးလိုက်နာရမှာက အနာပေါ်ကို အဝတ်စသန့်သန့်လေးနဲ့အုပ်ပြီး အသာအယာဖိထားပေးဖို့ပါ။ လက်မှာထိခိုက်ဒဏ်ရာရထားတာဆိုရင်တော့ ဒဏ်ရာရထားတဲ့လက်ကို နှလုံးအပေါ်ရောက်အောင်မြှောက်ထားပေးဖို့ပါ။ အနာပေါ်ကို အဝတ်စသန့်သန့်လေးနဲ့ဖိထားတာတောင်မှသွေးကထွက်နေတုန်းပဲဆိုရင်လည်း ဖိထားတဲ့အဝတ်စကိုမဖယ်လိုက်ပါနဲ့။ ဆက်ပြီးဖိထားပေးပါ။ အနာပေါ်မှာ ၅ မိနစ် ၁၀ မိနစ်ကြာအောင်ဖိထားတာတောင်မှ အနာကသွေးမတိတ်ဘူးဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသဖို့လိုအပ်ပါမယ်။ ရေနဲ့ဆေးကြောပါ ရေပိုက်ဖွင့်ပြီးရေပိုက်အောက်မှာ အနာကိုထားရင်းဆေးကြောပေးရင်လည်းသွေးတိတ်အောင်အထောက်အကူပြုပေးမှာဖြစ်ပါတယ်။ အနာပေါ်ကိုရေအေးအေးလေးလောင်းချပေးတာကသွေးကြောတွေကိုကျဉ်းသွားစေပြီးသွေးမြန်မြန်တိတ်စေပါလိမ့်မယ်။ပြတ်ရှဒဏ်ရာတွေကိုရေခပ်နွေးနွေးလေးနဲ့လောင်းဆေးပေးရင်လည်းသွေးခဲအောင်လုပ်ဆောင်ပေးပါလိမ့်မယ်။ရေနွေးရောရေအေးရောကိုတော့အသုံးမပြုရပါဘူး။ ရေခဲကပ်ပေးပါ အနာကသွေးထွက်နေရင် အဝတ်စသန့်သန့်ထဲမှာရေခဲတုံးလေးတွေထည့်ပြီး အနာပေါ်မှာကပ်ပေးပါ။ရေခဲကပ်ပေးတာက အနာသွေးတိတ်အောင်လုပ်ပေးနိုင်တဲ့ အိမ်တွင်းကုထုံးတစ်ခုပါ။ရေခဲကပ်တာက အနာကိုအရောင်ကျစေနိုင်သလို အနာကျက်အောင်လည်းထောက်ပံ့ပေးပါတယ်။ ခန္ဓါကိုယ်အပူချိန်မြင့်လေလေသွေးပိုထွက်လေလေပါ။ ခန္ဓါကိုယ်အပူချိန်ကျအောင်လုပ်ဆောင်ပေးမယ်ဆိုရင်သွေးတိတ်အောင်လည်းအထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။ ခန္ဓါကိုယ်အပူချိန်ကအရမ်းမြင့်နေရင်ဖြစ်ဖြစ် ပုံမှန်ထက်ကျဆင်းနေရင်ဖြစ်ဖြစ် အနာကိုရေခဲမကပ်သင့်ပါဘူး။ ဗီနီကာအသုံးပြုပေးပါ ဗီနီကာက အနာကို ပိုးမဝင်အောင်ကာကွယ်ပေးနိုင်သလိုသွေးတိတ်အောင်လုပ်ဆောင်ပေးနိုင်စွမ်းလည်းရှိပါတယ်။ပြတ်ရှဒဏ်ရာရရှိတဲ့အခါ ဗီနီကာကို […]


ရှေးဦးသူနာပြုစုခြင်း

ကလေးကို အင်းဆက်ကိုက်ခံရရင် ဘယ်လိုပြုစုကုသမလဲ

ကလေးတွေကို ခြင်၊ ကြမ်းပိုး၊ပျား၊ ပုရွက်ဆိတ်၊စတဲ့ အင်းဆက်တွေကိုက်ခံရတတ်ပါတယ်။ ဘာမှမသိသေးတဲ့အရွယ်ဆိုတော့ အကောင်ကိုက်မှာလည်းမသိဘဲ ပိုးကောင်လိုက်ဖမ်းရင်းဆော့တောင်ဆော့နေတတ်ကြပါသေးတယ်။ ပိုးမွှားကိုက်ခံရရင် နာကျင်ရတယ်ဆိုပေမယ့်လည်း အန္တရာယ်ဖြစ်တာတော့နည်းပါတယ်။ နာကျင်မှုကတဖြည်းဖြည်းလျော့သွားမှာဖြစ်ပြီးနောက်နေ့ကျပျောက်သွားမှာပါ။ ဒါပေမယ့်ကလေးရဲ့ ပါးစပ် သို့မဟုတ် လည်ပင်းကို အကိုက်ခံ၊ အတုပ်ခံရရင် ဒါမှမဟုတ် အကောင်ကိုက်ခံရလို့ ပြင်းထန်တဲ့အရေပြားဓါတ်မတည့်မှုဖြစ်လာခဲ့ရင် ချက်ချင်းဆေးကုသမှုခံယူသင့်ပါတယ်။ အင်းဆက်ကိုက်ခံရခြင်း ပိုးမွှားကိုက်ခံရတာအများစုက အဆိပ်ရှိတာမျိုးမဟုတ်ပေမယ့် ဘာကောင်ပဲကိုက်ကိုက် ဓါတ်မတည့်တုံ့ပြန်မှုကရှိတတ်တာပါပဲ။ ဒီတုံ့ပြန်မှုရဲ့ပြင်းထန်မှုအတိုင်းအတာကလည်းကွာခြားနိုင်ပါတယ်။ နဂိုတည်းက anaphylaxis လို့ခေါ်တဲ့ ပြင်းထန်တဲ့ဓါတ်မတည့်မှုဝေဒနာရှိတဲ့ကလေးတွေဖြစေ်နနိုင်တာကြောင့် ပိုသတိထားရပါတယ်။anaphylaxis ဆိုတာ ချက်ချင်းကုသမှုခံယူမှဖြစ်မယ့်ရောဂါအခြေအနေတစ်ခုဖြစ်လို့ပါ။   ပိုးမွှားကိုက်ခံရတဲ့လက္ခဏာများ အင်းဆက်ပိုးမွှားကိုက်ခံရတဲ့လက္ခဏာတွေကတော့ ဒီအပေါ်ကလေးရဲ့ခန္ဓါကိုယ်ကတုံ့ပြန်မှုဘယ်လိုရှိသလဲဆိုတာကို တော်တော်လေးမူတည်ပါတယ်။တွေ့ရတတ်တဲ့လက္ခဏာတွေကတော့ - အကိုက်ခံရတဲ့နေရာမှာ ယားယံပြီးနာကျင်တဲ့အနာလေးဖြစ်ပြီးအရေပြားမှာသိသာမှုအနည်းငယ်ရှိလာခြင်း၊ တချို့ကလေးတွေမှာ အကောင်ကိုက်ခံရတဲ့ နီရဲရောင်ရမ်းမှုက ပိုသိသာပြီး အနာပိုကြီးတတ်ပါတယ်။ ကလေးငယ်(နှင့်လူကြီး) တချို့မှာanaphylaxisလို့ခေါ်တဲ့ပြင်းထန်တဲ့ဓါတ်မတည့်မှုရောဂါဖြစ်လာတတ်ပါတယ်။anaphylaxis ရဲ့လက္ခဏာတွေကတော့ အဖုအပိန့်ထွက်ခြင်း၊ယားယံခြင်း၊ဗိုက်အောင့်ခြင်း၊ချောင်းဆိုးခြင်း၊အသက်ရှုသံတရွှီရွှီမြည်ခြင်း၊အသက်ရှူရခက်ခြင်း၊ မျိုချရခက်ခြင်း၊ မွန်းကြပ်ခြင်း၊ သတိလစ်ခြင်းတို့ပါဝင်ပါတယ်။   အိမ်မှာ ဘယ်လိုပြုစုကုသပေးမလဲ ကလေးကို အင်းဆက်ပိုးမွှားကိုက်ခံရတဲ့အခါ သိပ်မများရင်၊ ဓါတ်မတည့်မှုမပြင်းထန်ရင် အိမ်မှာပဲပြုစုကုသပေးလို့ရနိုင်ပါတယ်။ အရင်ဆုံး […]


ရှေးဦးသူနာပြုစုခြင်း

အပူလောင်နာ ဘယ်လိုကုသရမလဲ

အပူလောင်ခြင်းဟာ အဖြစ်များတဲ့ကိစ္စတစ်ခုဆိုပေမယ့် ခံစားရမသက်သာတဲ့ဝေဒနာလည်းဖြစ်ပါတယ်။တော်တန်ရုံအသေးစားအပူလောင်တာဆိုရင်ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာတင်ကုသလို့ရပေမယ့်ပြင်းထန်ပြီဆိုရင် အနာကိုပိုးမဝင်အောင်၊ အနာမရင်းအောင်၊ ဆိုးဆိုးရွားရွားအမာရွတ်မကျန်အောင်သေချာဂရုစိုက်ကုသဖို့လိုအပ်ပါတယ်။ အပူလောင်စေတဲ့အကြောင်းရင်းကအမျိုးမျိုးရှိပါတယ် - ရေနွေးပူ၊ဆီပူလောင်ခြင်း ဓာတုပစ္စည်းကြောင့်လောင်ခြင်း လျှပ်စစ်ကြောင့်လောင်ခြင်း မီးအပူလောင်ခြင်း ( မီးအပူဟပ်ခြင်း၊ ဖယောင်းတိုင်မီးစသည်) နေလောင်ခြင်း အပူလောင်ခြင်း ပြင်းထန်မှုအဆင့်သတ်မှတ်ခြင်း အပူလောင်တာကို အဆင့်(၁)၊ အဆင့်(၂)၊ အဆင့်(၃) ဆိုပြီး အဆင့်သုံးခုခွဲထားပါတယ်။ အဆင့်(၁)ကတော့ အားအလျော့ဆုံးဖြစ်ပြီး အဆင့်(၃)ကတော့ အားအပြင်းဆုံး ဖြစ်ပါတယ်။ အဆင့်တစ်ခုချင်းဆီက ကွဲပြားတဲ့လက္ခဏာနဲ့ ထိခိုက်မှုကို ဖော်ပြပါတယ်။ အဆင့်(၁) အပူလောင်မှု - အရည်ကြည်ဖုမထွက်ဘဲ အရေပြားနီရဲနေတာ၊ နာကျင်မှုအနည်းငယ်၊ ရောင်ရမ်းမှု အနည်းငယ် ရှိမယ်။ အဆင့်(၂) အပူလောင်မှု - ထိခိုက်မိတဲ့နေရာမှာ အရည်ကြည်ဖုနဲ့ ထူအမ်းအမ်းဖြစ်နေမယ်။ အဆင့်(၃) အပူလောင်မှု - ထူအမ်းအမ်းဖြစ်နေတဲ့ နေရာပမာဏ များမယ်၊ အရေပြား ကွာကျပြီး အဖြူရောင် […]


ရှေးဦးသူနာပြုစုခြင်း

အနာကျက်နှေးစေနိုင်မယ့် အလေ့အထများ

လူတိုင်းက ထိခိုက်ဒဏ်ရာနဲ့မကင်းကြပါဘူး။ ထိခိုက်ဒဏ်ရာရတဲ့အခါလူ့ခန္ဓါကိုယ်က ပုံမှန်ဇီဝဖြစ်စဉ်က အနာကျက်အောင် အဆင့်ဆင့်လုပ်ဆောင်ပေးပါတယ်။ အနာတစ်ခုကောင်းကောင်းမွန်မွန်နဲ့ကျက်သွားဖို့ဆိုရင် အနေအထိုင် အစားအသောက်နဲ့ အနာကိုပါထိန်းသိမ်းဖို့လိုပါမယ်။ အခုတစ်ခေါက်တော့ အနာကျက်တာကိုနှေးစေနိုင်တဲ့အလေ့အထတွေကိုဖော်ပြပေးပါ့မယ်။ အဲဒီအလေ့အထတွေကိုရှောင်ကျဉ်မယ်ဆိုရင် အနာကိုမြန်မြန်ဆန်ဆန်ကျက်စေမှာပါ။ အနာဘယ်လိုကျက်တာလဲ အနာတိုင်းက အဆင့် ၃ ဆင့်နဲ့အနာကျက်တာပါ။ အနာတစ်ခုဖြစ်လာတဲ့အခါ အစောပိုင်းရက်အနည်းငယ်အတွင်းမှာ အနာကရောင်ရမ်း လာတာကိုတွေ့ရပါမယ်။ ဒါကပုံမှန်ပါပဲ။ အနာကျက်စေဖို့အတွက် အနာတဝိုက်ကသွေးကြောတွေကိုသွေးစီးဆင်းမှုကိုထိန်းချုပ်လိုက်တာကြောင့်ရောင်ရမ်းလာတာဖြစ်ပါတယ်။ရောင်ရမ်းမှုက ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်ကပုံမှန်အခြေအနေဖြစ်အောင်လုပ်ဆောင်နေတယ်ဆိုတာကိုဖော်ပြပေးတဲ့မြင်သာတဲ့လက္ခဏာတစ်ရပ်ပါ။သွေးဖြူဥဆဲလ်တွေကလည်း အနာထဲက အမှိုက်တွေနဲ့ဘက်တီးရီးယားတွေကို သန့်စင်ပေးပါတယ်။ ၃ ပတ်လောက်ကြာပြီဆိုရင်တော့Proliferative Stage ကိုရောက်ရှိလာပြီလို့ဆိုရပါမယ်။ အနာကပြင်းထန်ရင်တော့ ဒီအဆင့်ကိုရောက်ရှိဖို့က ၃ ပတ်ထက်ပိုကြာနိုင်ပါတယ်။ ဒီအဆင့်မှာ အနာဖေးတက်တာကစဖြစ်လာပါပြီ။ fibroblasts လို့ခေါ်တဲ့ အထူးဆဲလ်တွေက အနာအသားတက်လာစေဖို့အတွက် ကော်လာဂျင်တွေကိုထုတ်လွှတ်ပေးနေတဲ့အဆင့်လည်းဖြစ်ပါတယ်။ သွေးကြောအသစ်တွေလည်းဖြစ်ပေါ်လာပါပြီ။ အနာကတဖြည်းဖြည်းကျုံ့လာပြီး အရေပြားအလွှာသစ်လေးလည်းဖြစ်လာပါပြီ။ နောက်တစ်ဆင့်ကတော့Maturation and Remodeling Stage ပါ။ ၂ နှစ်လောက်အထိလည်းကြာမြင့်နိုင်ပါတယ်။ကော်လာဂျင်အသစ်တွေဖြစ်ပေါ်ပြီး အနာပုံစံပြောင်းလာပြီဖြစ်ပါတယ်။ ဒီအဆင့်မှာအနာတဝိုက်က တစ်ရှုးတွေလည်းကြံ့ခိုင်မှုတိုးလာပြီဖြစ်ပါတယ်။ အမာရွတ်တစ်ရှူးတွေက […]


ရှေးဦးသူနာပြုစုခြင်း

အနာပိုးဝင်တာနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

ထိခိုက်ဒဏ်ရာရတဲ့အခါသေချာဂရုစိုက်ဖို့လိုအပ်ပါမယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် အနာရင်းတာ၊ အမာရွတ်ထင်ကျန်တာ၊ အနာပိုးဝင်တာနဲ့ အခြားမလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အနာပိုးဝင်တာက ဂရုမစိုက်ဘဲထားရင်နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးပါ။ ဒီဆောင်းပါးမှာတော့ အနာပိုးမဝင်အောင်ဘယ်လိုထားရမလဲဆိုတာနဲ့ အနာပိုးဝင်ရင်ဘယ်လိုဖြစ်တတ်လဲ ဆိုတာတွေကိုပြောပြပေးမှာဖြစ်ပါတယ်။ အနာပိုးဝင်ခြင်း အနာပိုးဝင်စေနိုင်တဲ့အကြောင်းအရင်းတွေကတော့ အများကြီးပါ။ အရေပြားကခန္ဓါကိုယ်တွင်းကိုရောဂါပိုးတွေမဝင်အောင်ကာကွယ်ပေးထားတဲ့ ခန္ဓါကိုယ်ရဲ့ အခြေခံအကျဆုံးကာကွယ်ရေးခံတပ်တစ်ခုပါ။ အရေပြားမှာ ထိခိုက်ပွန်းပဲ့တာမျိုးဖြစ်သွားပြီဆိုရင် ကိုယ်တွင်းကိုပြင်ပကရောဂါပိုးတွေဝင်ရောက်လာဖို့ လမ်းပွင့်သွားပါပြီ။မေးခိုင်ပိုးလိုမျိုးရောဂါပိုးတွေကတော့ ဖုန်မှုန့်တွေ၊မြေကြီးတွေနဲ့ သန့်ရှင်းမှုမရှိတဲ့ရေတွေထဲမှာရှိနေတတ်ပါတယ်။ အနာဖြစ်နေတဲ့အခါ အနာက ဘယ်လောက်ပဲသေးသေး အခန့်မသင့်ရင် ပိုးဝင်နိုင်ပါတယ်။ ညအိပ်တဲ့အခါမျိုးမှာ အနာကို ဖွင့်ထားတာမျိုးက သိပ်ကိစ္စမရှိပေမယ့် အပြင်ကိုသွားတဲ့အခါမျိုးမှာတော့ အနာကဘယ်လောက်သေးသေး ပလာစတာလောက်တော့ ကပ်သွားဖို့လိုပါမယ်။ မတော်တဆပိုးဝင်သွားတာမျိုးဖြစ်နိုင်တာကြောင့်ပါ။ ခွဲစိတ်ထားတဲ့ ချုပ်ရိုးတွေကနေတောင် အခန့်မသင့်တဲ့အခါ ပိုးဝင်သွားနိုင်ပါတယ်။ အနာပိုးဝင်တဲ့အခါ ဒီလိုလက္ခဏာတွေဖြစ်နိုင်ပါတယ် အနာပိုးဝင်တဲ့အခါ - အနာပတ်လည်မှာရောင်ရမ်းမယ် နီမြန်းမယ် နာကျင်မယ် ပြည်တည်မယ် အနာမကျက်ဘဲဖြစ်နေမယ် အနာကနွေးနေမယ် အဖျားတက်မယ်   အနာပိုးမဝင်အောင် ဘယ်လိုကာကွယ်မလဲ အနာပိုးမဝင်အောင်ကာကွယ်လို့ရပါတယ်။ ဘယ်လိုကာကွယ်ရမလဲဆိုတာကိုဖော်ပြပေးမှာမို့ ဆက်ကြည့်လိုက်ရအောင်နော်။ အနာတစ်ခုခုဖြစ်တဲ့အခါ အလောတကြီးလက်နဲ့ထိကိုင်လိုက်တတ်ပါတယ်။ ဒီလိုမလုပ်သင့်ပါဘူး။ […]


ရှေးဦးသူနာပြုစုခြင်း

နေအိမ်မှာ အရေးပေါ်ဆေးသေတ္တာ ဘာကြောင့်ထားသင့်တာလဲ

နေအိမ်တိုင်းမှာ အရေးပေါ်ဆေးသေတ္တာ ထားသင့်ပါတယ်။ မတော်တဆမှုဆိုတာမျိုးက ကြိုမှန်းထားလို့မှမရတာလေနော်။ ချက်ရင်းပြုတ်ရင်းဓါးရှမလား၊ အပူလောင်မလား၊ သွားရင်းလာရင်း ခလုတ်တိုက်မလား၊ချော်လဲမလား ကြိုမှန်းထားလို့မရတဲ့အနေအထားမျိုးမှာ အရေးပေါ်ထိခိုက်မိရင် သက်သာအောင်လုပ်ဖို့အတွက်ဆေးသေတ္တာရှိထားတာကမမှားတဲ့အရာတစ်ခုလို့ပဲအကြံပေးပါရစေ။ အရေးပေါ်ဆေးသေတ္တာက ကိုယ်တိုင်အတွက်ရော မိသားစုတွေ မိတ်ဆွေတွေကျန်းမာရေးအတွက်ပါ အသုံးဝင်လာပါလိမ့်မယ်။ ကဲ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအချက်လေးတွေကိုပါထည့်ပေးထားလို့ ဆက်ကြည့်လိုက်ပါဦးနော်။   နေအိမ်မှာ အရေးပေါ်ဆေးသေတ္တာ ထားသင့်တဲ့အကြောင်းအရင်းများ (၁) ထိခိုက်မိတဲ့အခါ အလွယ်တကူအသုံးပြုလို့ရတယ် ထိခိုက်ဒဏ်ရာရတဲ့အခါ ချက်ချင်းအနာသန့်စင်တာ၊ဆေးလိမ်းတာ၊ ပလာစတာကပ်တာမျိုးကို အလွယ်တကူလုပ်လို့ရပါတယ်။ အနာထဲပိုးဝင်တာမျိုး မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေမဖြစ်အောင်လည်းကာကွယ်ပြီးသားဖြစ်သွားမှာပါ။ ဓါးရှတာ၊အပူလောင်တာနဲ့ အခြားမတော်တဆမှုတွေအတွက်လည်းအသုံးတည့်မှာသေချာပါတယ်။   (၂) အသေးစားဖျားနာမှုတွေအတွက်အသုံးပြုပေးလို့ရပါတယ် ဆေးသေတ္တာထဲမှာ ပါရာစီတမောလိုမျိုး အဖျားပျောက်စေနိုင်တဲ့ဆေးတွေပါထည့်ထားမယ်ဆိုရင်ရေချိုးမှားတဲ့အခါမျိုးပဲဖြစ်ဖြစ် မိုးမိလာတဲ့အခါမျိုးပဲဖြစ်ဖြစ် အအေးမိတဲ့အခါမျိုးမှာသောက်ထားလို့ရပါတယ်။ အနည်းဆုံးတော့ ဖျားနာတာရှည်တာမျိုးမဖြစ်တော့ဘူးပေါ့။   (၃) အပူလောင်ဒဏ်ရာအတွက်သုံးလို့ရတယ် အိမ်အလုပ်လုပ်ရင်း အပူလောင်တဲ့အခါမျိုးမှာ အနာကိုဆေးထည့်ဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ အသေးစားအပူလောင်ဒဏ်ရာလောက်က အိမ်မှာဂရုတစိုက်စောင့်ရှောက်ရုံနဲ့သက်သာနိုင်ပါတယ်။   (၄) မူးမော်တဲ့အခါမျိုးမှာအသုံးပြုလို့ရပါတယ် ခေါင်းမူးတဲ့အခါမျိုးမှာခေါင်းမူးသက်သာစေတဲ့ဆေး အလွယ်ကူသောက်လို့ရနိုင်သလို ရှုဆေးလည်း ရှုလို့ရပါတယ်။သွေးတိုးလို့ ဒါမှမဟုတသွေးပေါင်ကျလို့မဟုတ်ဘဲ သာမန်ခေါင်းမူးခေါင်းကိုက်တာတွေအတွက်အသုံးပြုပေးလို့ရပါတယ်။   (၅) ညောင်းညာကိုက်ခဲတာမျိုးအတွက် သုံးလို့ရပါတယ် အရေးပေါ်ဆေးသေတ္တာထဲမှာ ဒဏ်ကြေလိမ်းဆေး၊ ပရုတ်ဆီ၊ […]


ရှေးဦးသူနာပြုစုခြင်း

ပလာစတာ၊ပတ်တီးတွေနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေ

လူတိုင်းဟာ ထိခိုက်ဒဏ်ရာနဲ့မကင်းကြဘူးဆိုတာကတော့ပြောနေစရာတောင်မလိုလောက်ပါဘူးနော်။ ဒီလိုထိခိုက်ဒဏ်ရာရလာရင်လည်း အနာကိုဆေးကြောတာ၊ဆေးထည့်တာ၊ ပလာစတာကပ်တာမျိုးတွေလုပ်ရမယ်ဆိုတာကိုတော့ လူတိုင်းလိုလိုသိကြပါတယ်။ အနာကို ပလာစတာကပ်တယ်ဆိုတဲ့နေရာမှာလည် အနာအမျိုးအစားပေါ်လိုက်ပြီး ကပ်ရတဲ့ ပလာစတာတွေ မတူကြပါဘူး။ ဒီတစ်ခေါက်တော့ ဘယ်လိုထိခိုက်ဒဏ်ရာမျိုးဆို ဘယ်ပလာစတာကို အသုံးပြုဖို့လိုမလဲဆိုတာနဲ့ ဘယ်လိုထိခိုက်ဒဏ်ရာမျိုးဆိုရင် ပတ်တီးစည်းသင့်လဲဆိုတာလေးတွေကိုပြည့်ပြည့်စုံစုံလေးပြောပြပေးမယ်နော်။ အနာပေါ်မှာ ပလာစတာကပ်တာ၊ ပတ်တီးစည်းတာတွေက အနာထဲကို ပိုးမဝင်အောင်ကာကွယ်ပေးတဲ့အပြင် အနာကြောင့်ဖြစ်တဲ့မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။ အနာကျက်အောင်လည်း အထောက်အပံ့ပေးပါသေးတယ်။   ပလာစတာဆိုတာ ပလာစတာ၊ ပတ်တီးဆိုတာက ထိခိုက်ဒဏ်ရာထဲကိုပြင်ပက ဖုန်မှုန့်တွေ၊အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေမဝင်ရောက်အောင်ကာကွယ်ပေးတဲ့အရာတွေပါ။ ပတ်တီးတွေကတော့ ထိခိုက်မိထားတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေရဲ့ လှုပ်ရှားမှုကို ထိန်းညှိပေးတဲ့အရာမျိုးပါ။ ပလာစတာတွေ၊ ပတ်တီးတွေကို ထိခိုက်ဒဏ်ရာတွေအပေါ်မှာ တိုက်ရိုက်အသုံးပြုပေးလို့ရပါတယ်။ ဆွဲဆန့်နိုင်တဲ့ ပတ်တီးတွေကိုတော့ အဆစ်တွေထိခိုက်မိတဲ့အခါရောင်ရမ်းမှုလျော့ကျစေဖို့သုံးလို့ရပါတယ်။ ပတ်တီးတွေကို အနာသွေးတိတ်အောင် အနာပေါ်ကို ခပ်ဖွဖွလေးဖိထားတဲ့အခါမျိုးမှာလည်း သုံးလို့ရပါသေးတယ်။ ပလာစတာတွေကိုလည်း ထိခိုက်မိတဲ့နေရာကိုလိုက်ပြီး အသုံးပြုရတာချင်းမတူပါဘူး။ ဘယ်လိုတွေများကွာခြားတာလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ။   ပလာစတာအမျိုးမျိုး အနာကပ် ပလာစတာ - အသေးစားထိခိုက်ဒဏ်ရာရတာမျိုးအတွက်ကတော့ […]


ရှေးဦးသူနာပြုစုခြင်း

ထိခိုက်ဒဏ်ရာရတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်မလဲ

ထိခိုက်ဒဏ်ရာမရဘူးသူရယ်လို့ မရှိလောက်ပါဘူး။ ထိခိုက်ဒဏ်ရာရရင် ဘယ်လိုမျိုး ထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာကိုလည်း တော်တော်များများက သိသင့်သလောက် သိပြီးသားဖြစ်မှာပါ။ ထိခိုက်ဒဏ်ရာရရင် ကိုယ်လုပ်နေကျလုပ်ရပ်တွေက မှန်ကန်ရဲ့လားဆိုတာနဲ့ ဒဏ်ရာထိန်းသိမ်းနည်းကို ဘယ်လောက်ထိသိထားလဲဆိုတာကို နည်းနည်းလောက်စစ်ဆေးကြည့်ရအောင်လား။   (၁) ထိခိုက်ဒဏ်ရာရရင် အရင်ဆုံးလုပ်သင့်တာက (က) ဒဏ်ရာကို အရင်ဆုံး ဆေးကြောမယ် (ခ) ဒဏ်ရာကို ကိုင်မယ့်လက်ကိုဆေးကြောမယ် (ဂ) ထိခိုက်မိတဲ့အရာကို စစ်ဆေးမယ် အဖြေ - (ဂ) ထိခိုက်မိတဲ့အရာကို စစ်ဆေးမယ်။ အနာတရဖြစ်အောင်ထိခိုက်မိတဲ့ အရာက ညစ်ပေနေသလားဆိုတာကို အရင်ဆုံးစစ်ဆေးရပါမယ်။   (၂) အနာတိုင်းကို အရက်ပြန်နဲ့ဆေးဖို့လိုတယ်။ မှန်/ မှား အဖြေ - မှားပါတယ်။ အနာတိုင်းကို အရက်ပြန်နဲ့ ဆေးကြောဖို့မလိုပါဘူး။ တစ်ရှုးတွေထိခိုက်ပျက်စီးတာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။ အနာကိုရေသန့်သန့်လေးသုံးပြီးသေချာဆေးကြောပေးရင်ရပါတယ်။   (၃) ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကို မသန့်စင်ခင် သွေးတိတ်အောင်အရင်လုပ်သင့်ပါတယ်။ မှန်/ မှား အဖြေ - မှန်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အခါ အနာကိုအဝတ်စသန့်သန့်လေးနဲ့ခပ်ဖွဖွလေး ဖိထားပြီး သွေးတိတ်အောင်အရင်လုပ်ရပါမယ်။   (၄) အနာကိုဆေးကြောတဲ့အခါ ရေနဲ့ဆပ်ပြာသုံးပြီး (က) […]


ရှေးဦးသူနာပြုစုခြင်း

ဘယ်လိုအခြေအနေမျိုးတွေမှာ မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုမလဲ

ဒဏ်ရာတွေရလာတဲ့အခါ ဆေးလိမ်းဆေးသောက်ရုံနဲ့ သက်သာသွားတာမျိုးရှိသလို ဒဏ်ရာက ပြင်းထန်လွန်းတဲ့အခါ၊ ကြီးလွန်းတဲ့အခါမျိုးမှာတော့ အနာကို ပိုးမဝင်အောင် ကာကွယ်ဆေးထိုးရတာမျိုးရှိပါတယ်။ တိရစ္ဆာန်လေးတွေ ကိုက်ခံရတဲ့အခါ၊ လူကိုက်ခံရတဲ့အခါမျိုးမှာလည်း မေးခိုင်ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။ မေးခိုင်ပိုးကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့ မေးခိုင်ပိုးက ရောဂါအဆင့်ထိဖြစ်သွားပြီဆိုရင် ကုသလို့မရတော့ဘဲ သေဆုံးနိုင်သည်အထိဖြစ်လို့ပါ။ အခုတစ်ခေါက်တော့ ဘယ်လိုထိခိုက်ဒဏ်ရာမျိုးတွေဆိုရင် မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုလဲဆိုတာနဲ့ မေးခိုင်ရောဂါပိုးနဲ့ ပတ်သက်လို့သိထားသင့်တဲ့အကြောင်းအရာလေးတွေကိုပြောပြပေးချင်ပါတယ်။ မေးခိုင်ပိုးဆိုတာ မေးခိုင်ရောဂါက Clostridium tetani လို့သိကြတဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ အဆိုပါ ဘက်တီးရီးယားကထုတ်လွှတ်လိုက်တဲ့အဆိပ်က အာရုံကြောလုပ်ငန်းစဉ်တွေကို ထိခိုက်စေပြီး ဝမ်းဗိုက်၊ လည်ပင်း၊အစာအိမ်တို့ကကြွက်သားတွေကို အကြောဆွဲတာမျိုးတွေဖြစ်စေနိုင်သလိုခြေလက်ကြွက်သားတွေကိုလည်း ရုတ်တရက်အကြောဆွဲတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါပိုးက တစ်ခါတလေမှာမျက်နှာနဲ့လည်ပင်းကြွက်သားတွေကို အကြောဆွဲတာမျိုးဖြစ်စေပြီး ပါးစပ်ဖွင့်လို့မရတဲ့အခြေအနေမျိုးတွေ ဖြစ်စေနိုင်တာကြောင့်မေးခိုင်ပိုးလို့ခေါ်တာလည်းဖြစ်ပါတယ်။ မေးခိုင်ရောဂါကပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပြီးသေဆုံးတာမျိုးထိဖြစ်နိုင်ပါတယ်။ ဘယ်လိုအခြေအနေတွေက မေးခိုင်ပိုးဝင်စေနိုင်တာလဲ မြေကြီးတွေ၊ဖုန်မှုန့်တွေ၊ ညစ်ပတ်တဲ့ရေတွေထဲမှာ မေးခိုင်ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေရှိနေတတ်ပါတယ်။ ဒီရောဂါပိုးတွေကသေချာမကာကွယ်ထားတဲ့ အနာတွေ၊ ဒဏ်ရာတွေကနေတဆင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း