အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်ချချင်တယ်၊ ကိုယ်အလေးချိန် တက်ချင်တယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI ကို ထိန်းထားချင်တယ်။ ဒီ ရည်မှန်းချက်လေးတွေ အောင်မြင်စေဖို့ စားသောက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ်

လူတော်တော်များများရဲ့ နေ့စဉ် စားသုံးမှုမှာ ပြုပြင်ထားတဲ့ အသားတွေက မပါဝင်ဘူးဆိုတာ ခပ်ရှားရှား ဖြစ်လာပါပြီ။ တိုးတက်လာတဲ့ ခေတ်အခြေအနေကြောင့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်တာ၊ အရသာရှိတယ်လို့ ယူဆတာ၊ ချက်ပြုတ်ရ လွယ်ကူတာ၊ တာရှည်ခံတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေ၊ အသင့်စားတဲ့ အစားအစာတွေကို အရင်တုန်းကထက် ပိုပြီး စားလာကြပါတယ်။ ဒီလို စားသုံးမှုက လူကြီးတွေ ကြားမှာတင် တိုးလာတာလားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးတွေ ကြားမှာလည်း တော်တော်လေး များလာတာပါ။ ဒီလို ပြုပြင်ထားတဲ့ အသားတွေ၊ ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်တို့လိုမျိုး စားစရာတွေထဲမှာ ပါဝင်နေတဲ့ ဆိုဒီယမ် နိုက်ထရိုက်က ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ်စားသုံးမှုမှာ ထည့်သွင်းစားသုံးမိနေတဲ့ အစားအစာတွေထဲက ဆိုဒီယမ် နိုက်ထရိုက် အန္တရာယ် အကြောင်းလေး […]

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Decaf ကော်ဖီ (ကဖိန်းထုတ်ထားတဲ့ ကော်ဖီ) အကြောင်း သိကောင်းစရာ

ကော်ဖီဟာ ကမ္ဘာတလွှားမှာ လူကြိုက်အများဆုံး တခုဖြစ်တဲ့ စားသုံးကုန်ပဲ ဖြစ်ပါတယ်။ လူအများဟာ ကော်ဖီကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ကဖိန်းသုံးစွဲမှုကို လျှော့ချချင်ကြပါတယ်။ အဆိုပါ စားသုံးသူများအတွက် Decaf ကော်ဖီ (ကဖိန်းထုတ်ထားတဲ့ ကော်ဖီ) ဟာ အကောင်းဆုံး ရွေးချယ်မှုပါပဲ။ Decaf ကော်ဖီ (ကဖိန်းထုတ်ထားတဲ့ ကော်ဖီ) ဟာ ကဖိန်းထုတ်ထားတာကလွဲလို့ ပုံမှန် ကော်ဖီလိုပါပဲ။ ယခုဆောင်းပါးမှာတော့ Decaf ကော်ဖီ (ကဖိန်းထုတ်ထားတဲ့ ကော်ဖီ) နဲ့ ပတ်သက်တဲ့ မှတ်သားစရာများကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ Decaf ကော်ဖီ (ကဖိန်းထုတ်ထားတဲ့ ကော်ဖီ) ဆိုတာ ဘာလဲ Decaf ဆိုတာ Decaffeinated ရဲ့ အတိုကောက်ဖြစ်ပြီး ကဖိန်းဓာတ် ထုတ်ထားတာကို ရည်ညွှန်းပါတယ်။ ကဖိန်းဓာတ်ကို ၉၇%လောက်ထိ ထုတ်ထားပါတယ်။ ကော်ဖီစေ့ကနေ ကဖိန်းထုတ်တဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကဖိန်းပါတဲ့ အရည်များဟာ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား

ရေဟာ သက်ရှိတို့အတွက် မရှိမဖြစ် ဇီဝဓာတ်ဖြစ်ပါတယ်။ အာဟာရဓာတ်များ ခန္ဓာကိုယ်အနှံ့ သယ်ယူပို့ဆောင်ပေးခြင်း၊ အဆစ်များကို ချောမွေ့စေခြင်း၊ ကိုယ်ခန္ဓာအပူချိန်မျှတစေခြင်း စတဲ့ အကျိုးကျေးဇူးများ ပေးစွမ်းပါတယ်။ ယနေ့အခါမှာ ကဖိန်းပါဝင်တဲ့ အရည်များကို သောက်သုံးလာခြင်းဟာ လူကြိုက်များတဲ့ နည်းလမ်းတစ်ခုဖြစ်လာပါတယ်။ အထူးသဖြင့် စွမ်းအင်ဖြည့် အချိုရည်တွေ ဖြစ်ပါတယ်။ ကဖိန်းဟာ အသင့်အတင့် သုံးစွဲရင် စိတ်ချရပေမယ့် တချို့ကတော့ ရေငတ်စေပြီး ကျန်းမာရေးနဲ့ မညီညွတ်စေဘူးလို့ ငြင်းခုန်ကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ကဖိန်းပါတဲ့ အရည်တွေအကြောင်းနဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်ပုံပဲ ဖြစ်ပါတယ်။ ကဖိန်းအရည်ဆိုတာဘာလဲ ကဖိန်းအရည်ဆိုတာ ကဖိန်းဓာတ်ကို ထည့်သွင်းထားတဲ့ အဖျော်ရည်မျိုးစုံဖြစ်ပါတယ်။ ကဖိန်းဓာတ်ဟာ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးမြှင့်ပေးပြီး ခန္ဓာကိုယ်ရဲ့ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးတဲ့ ဂုဏ်သတ္တိရှိပါတယ်။ ကဖိန်းဓာတ်ကို ကော်ဖီစေ့၊ လက်ဖက်ရွက်၊ ကိုကိုးစေ့၊ ကိုလာစေ့၊ ဂွာရာနာဘယ်ရီ စသဖြင့် အပင်တွေကနေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေများများသောက်ကြဖို့

လူသားများရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ် ၆၀%နဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာကနေ ရေကို တချိန်လုံး စွန့်ထုတ်နေပါတယ်။ ဆီးများ ချွေးများအနေနဲ့ ဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ဖို့အတွက် လုံလောက်တဲ့ ရေပမာဏကို သောက်သုံးဖို့ လိုအပ်ပါတယ်။ တနေ့တာ ရေပမာဏကို ဘယ်လောက်သောက်သုံးသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ထင်မြင်ချက်မျိုးစုံ ရှိပါတယ်။ ပညာရှင်အများစုကတော့ တနေ့ကို ၈အောင်စဝင် ရေဖန်ခွက် ၈ ခွက်ခန့် သောက်သုံးသင့်ကြောင်း တိုက်တွန်းထားပါတယ်။ အဆိုပါပမာဏဟာ ၂လီတာ (ဒါမှမဟုတ်) ဂါလံဝက်နဲ့ ညီမျှပါတယ်။ ဒါကို ၈x၈ စည်းမျဉ်းလို့ အလွယ်မှတ်သားနိုင်ပါတယ်။ တချို့ကလည်း ရေကို တနေ့လုံး နည်းနည်းစီ စုပ်ပြီးသောက်နေသင့်ကြောင်း အကြံပြုကြပါတယ်။ အမှန်တော့ တယောက်ချင်းစီပေါ်မှာပဲ မူတည်ပြီး အပြောင်းအလဲ ရှိပါတယ်။ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ တနေ့တာ ဘယ်လောက်ထိ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Omega-3 ကြွယ်ဝသော အစားအစာများ

Omega-3 ဟာ သင့်ကိုယ်ခန္ဓာနဲ့ ဦးနှောက်အတွက် အကျိုးကျေးဇူး များစွာရှိပါတယ်။ လူတယောက်ဟာ Omega-3 ကို ပျမ်းမျှအားဖြင့် တနေ့မှာ ၂၅၀-၅၀၀ မီလီဂရမ် အနည်းဆုံးသုံးစွဲသင့်ကြောင်း ထောက်ခံမှုပြုထားကြပါတယ်။ အဆီပါသောငါးများ၊ ပင်လယ်ရေညှိ၊ အဆီပါဝင်မှုမြင့်သော အပင်များ စတာတွေကနေ Omega-3 ကို ရရှိနိုင်ပါတယ်။ အောက်ဖော်ပြပါ အကြောင်းအရာတွေကတော့ Omega-3 ကြွယ်ဝတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ၁။ မက်ကာရယ်ငါး (သို့) မြောက်အတ္တလန္တိတ်ငါးသလောက် အနောက်နိုင်ငံတွေမှာတော့ ကြပ်တိုက်ပြီး အတုံးလေးများတုံးပြီး စားသောက်ကြပါတယ်။ မက်ကာရယ်ငါးမှာ အာဟာရဓာတ်များစွာ ပါဝင်ပြီး ငါးအသား ၁၀၀ မီလီဂရမ်မှာ နေ့စဉ်စားသုံးသင့်တဲ့ ဗီတာမင် B12 ၂၀၀% ပါဝင်ပြီး ဆီလီနီယမ် ၁၀၀% ပါဝင်ပါတယ်။ မက်ကရယ်ငါးဟာ အရသာကောင်းမွန်ပြီး အနည်းငယ်သာ ပြင်ဆင်ချက်ပြုတ်စရာ လိုအပ်ပါတယ်။ မက်ကရယ်ငါး […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စိတ်ဓာတ်ကျချိန်မှာ ဘာတွေစားသင့်သလဲ

စိတ်ဓာတ်ကျခြင်းဟာ နေ့စဉ် လူနေမှုဘဝကို ထိခိုက်နိုင်ပါတယ်။ ကာယကံရှင်ကိုသာမက ပတ်ဝန်းကျင်ကိုပါ အကျိုးသက်ရောက်မှု ရှိနိုင်တာကြောင့် အလေးထားသင့်တဲ့ စိတ်ကျန်းမာရေး ပြဿနာ ဖြစ်ပါတယ်။ ဆေးဝါးကုသမှုအပြင် နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ ညီညွတ်မျှတစွာ စားသောက်ခြင်း စတဲ့နည်းလမ်းတွေ ကျင့်သုံးသင့်ပါတယ်။ စိတ်ဓာတ်ကျခြင်းအတွက် သီးသန့်စားသောက်ရမယ့် ပုံစံ မသတ်မှတ်ထားပေမယ့် အစားအစာတချို့ဟာတော့ စိတ်ဓာတ်ကျချိန်မှာ ပိုမိုအထောက်အကူပြုတာကို တွေ့ရရပါလိမ့်မယ်။ ယခု ဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ စိတ်ဓာတ်ကျဆင်းချိန်မှာ စားသုံးသင့်တဲ့ အစားအသောက်များနဲ့ ဘယ်လိုအစားအစောက်တွေကို ရှောင်ကြဉ်ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ စိတ်ကျခြင်းဝေဒနာ ခံစားနေရသူများဟာ အာဟာရ စားသုံးမှုနဲ့ ပတ်သက်ပြီး နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ကာ စနစ်တကျ စားသုံးပြီးနောက်မှာ သက်သာမှု ရှိလာတာကို တွေ့ရပါတယ်။ ဆီလီနီယမ် ဆီလီနီယမ်ဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေကို တိုးတက်ကောင်းမွန်စေပြီး စိတ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်းကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နံနက်ခင်းမှာ စားသောက်သင့်တဲ့ အစားအစာများ

နံနက်ခင်းမှာ စားသောက်သင့်တဲ့ နံနက်စာဆိုတာ တနေ့တာ ကိစ္စအ၀၀ကို ရင်ဆိုင်နိုင်ဖို့အတွက် အရေးကြီးတဲ့ စွမ်းအင်တွေ ပေးစွမ်းမှာ ဖြစ်တာကြောင့် အရေးကြီးလှပါတယ်။ နံနက်စာကို မစားဘဲ လွတ်သွားတာမျိုးလည်း မလုပ်သင့်ပါဘူး။ ဒါ့အပြင် ကျန်းမာရေးနဲ့ညီညွတ်အောင် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးသင့်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ နံနက်စာအနေနဲ့ ဘယ်လိုစားစရာတွေကို ရွေးချယ်သင့်သလဲ ဆိုတာပါပဲ။ နံနက်ခင်းမှာ စားသောက်သင့်တဲ့ မနက်စာအမျိုးအစားတွေ ၁။ ဥအမျိုးမျိုး ဥအမျိုးမျိုးဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် အရသာကောင်းမွန်တာ မငြင်းနိုင်ပါဘူး။ သိပ္ပံနည်းကျ သုတေသနတွေအရလည်း မနက်စာအနေနဲ့ ဥအမျိုးမျိုးစားသုံးတဲ့အခါ အဆာခံဗိုက်ပြည့်စေတဲ့အတွက် နောက်တနပ်စာမှာစားမယ့် ကယ်လိုရီစားသုံးမှုကို လျှော့ချရာ ရောက်ပါတယ်။ နံနက်ခင်းမှာ စားသောက်သင့်တဲ့ အပြင် တနေ့တာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပြီးသား ဖြစ်သွားပါလိမ့်မယ်။ သုတေသနတခုမှာဆိုရင် ဥအမျိုးမျိုးကို နံနက်စာအနေနဲ့ စားသုံးသူတွေဟာ ပေါင်မုန့်၊ ဒိုးနပ်မုန့် စားသုံးသူတွေထက် ဗိုက်ဝတဲ့အပြင် ကယ်လိုရီလည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လူကြိုက်များလာတဲ့ ကော်ဖီနဲ့ သံပရာရည် ရောသောက်ခြင်း ပြဿနာ

ခေတ်ရေစီးကြောင်းတွေ တိုးတက်လာတာနဲ့အမျှ တစ်နေ့ထက် တစ်နေ့ အသစ်အဆန်းဆိုတဲ့ အရာတွေကို လူတွေက တီထွင်ဖို့ ကြိုးစားလာကြတယ်။ တချို့တွေကျတော့လည်း နဂိုရှိပြီးသား အရာတွေကို ရောစပ်ပြီး လူစိတ်ဝင်စားလောက်စရာ trend လိုမျိုးတွေ လုပ်လာကြတယ်။ ဒီဆောင်းပါးမှာတော့ လူတော်တော်များများ စွဲလမ်းနှစ်သက်ကြတဲ့ ကော်ဖီကို သံပရာရည် ရောစပ်သောက်ခြင်းနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ကော်ဖီနဲ့ သံပရာရည် trend ကော်ဖီမှာလည်း ကျန်းမာရေးအရ ကောင်းတဲ့အချက်တွေလည်း ရှိနိုင်သလို မကောင်းတဲ့ အချက်တွေလည်း ရှိနိုင်တယ်။ သံပရာရည်လည်း ထိုနည်းတူပါပဲ။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ကျား၊ မ အသက်အရွယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ ကော်ဖီ ခါးခါး အရသာကို သံပရာရည်ရဲ့ ချဉ်စိမ့်စိမ့် အရသာနဲ့ ရောစပ်လိုက်တဲ့အခါ ပုံမှန်ထက် ပိုထူးကဲတဲ့ အရသာ၊ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ ရမယ်လို့ လူတွေက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေဓာတ် များများပြည့်ဝစေနိုင်မယ့် နည်းလမ်းများ

ရေဓာတ် ကို ဘာကြောင့် သင်လိုအပ်သလဲ လူ့ခန္ဓာကိုယ်ရဲ့ (၆၀)ရာခိုင်နှုန်းကို ရေဓာတ် နဲ့ ဖွဲ့စည်းထားပါတယ်။ ရေဟာ သင့်ခန္ဓာကိုယ်အတွက် အလွန့်အလွန်ကို အရေးကြီးပါတယ်။ တစ်နေ့ကို ဖန်ခွက်(၈)ခွက် ကနေ (၁၀)ခွက်အထိ သင့်ခန္ဓာကိုယ်က လိုအပ်သလို သောက်သုံးပေးသင့်ပါတယ်။ ဘာကြောင့် ဒီလောက် သောက်သင့်သလဲ။ ဒါကတော့ရှင်းပါတယ်။ ရေဓာတ် မပြည့်ဝတဲ့အခါ မောပန်းလွယ်မယ်။ မလန်းဆန်းတော့ဘူး။  အာခြောက်လာမယ်။ အိပ်ရေးမဝတော့ဘူးစတဲ့ အဖြစ်တွေ ဖြစ်လာနိုင်ပါတယ်။ တစ်နေ့ကို သတ်မှတ်ထားတဲ့ ရေပမာဏအတိုင်း သောက်ဖြစ်ဖို့မလွယ်ပါဘူး။ အလွန်ပျင်းစရာကောင်းသလို အလုပ်ပိုတစ်ခုလို လည်းဖြစ်နိုင်ပါသေးတယ်။  အောက်မှာပြောပြမယ့် နည်းလမ်းတွေကတော့ ဒီပြဿနာကိုဖြေရှင်းလို့ရနိုင် တဲ့အရာတွေပါ။ (၁)  သင်ကြိုက်နှစ်သက်တဲ့ အရသာတစ်မျိုးထည့်လိုက်ပါ။ ဥပမာ သခွားသီး၊ စတော်ဘယ်ရီသီး၊ ချင်း နဲ့ လီမွန်ရည်တစ်စက်နှစ်စက် စသည်ဖြင့် ထည့်လိုက်ခြင်းဟာ သင့်အတွက်သောက်ချင်စဖွယ် အရသာလေးဖြစ်လာစေမှာပါ။ အသီးဖျော်ရည်မဟုတ်ဘဲ အသီးကို အလုံးလိုက်အရသာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လုံးဝအစိမ်းမစားသင့်တဲ့ အစားအစာ ၇ မျိုး

အစားအစာအများစုက သေချာချက်ပြုတ်ပြင်ဆင်ပြီးမှ စားရင်ပိုစားလို့ကောင်းပြီး တချို့ကတော့ အစိမ်းအတိုင်းလေးစားရတာ ပိုအရသာရှိပါတယ်။ ဒါပေမဲ့ လျှာကိုအမြဲအလိုလိုက်လို့လည်း မသင့်တော်ဘူးနော်။ အခုပြောပြပေးသွားမဲ့ အစားအစာတွေကတော့ (စားလို့ကောင်းပေမဲ့) အစိမ်းအတိုင်းမစားသောက်သင့်တဲ့ စားစရာတွေပဲဖြစ်ပါတယ်။ ပုဇွန်အစိမ်းသုပ် ပုဇွန်ကိုအလယ်ကထက်ခြမ်းခွဲပြီး သံပုရာ၊ လီမွန်သီးတွေထည့်သုပ်ထားတဲ့ ပုဇွန်အစိမ်းက တကယ်စားလို့ကောင်းတဲ့ ဟင်းအမည်တစ်ခုဆိုတာ ငြင်းမရပေမဲ့ မချက်ပြုတ်ရသေးတဲ့ပုဇွန်မှာ ဘတ်တီးရီးယားတွေ၊ ကပ်ပါးပိုးတွေပါလာတတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ၊ ခုခံအားသိပ်မကောင်းတဲ့သူတွေဆို ပုဇွန်အစိမ်းသုပ်ကို ရှောင်သင့်ပါတယ်။ ကမာကောင်အစိမ်း ကမာကိုအစိမ်းစားရတာလည်း အရသာတစ်မျိုးရှိပါတယ်။ ဒါပေမဲ့ ကမာကောင်တွေက ပေါက်ဖွားတဲ့ရေပေါ်လိုက်ပြီး ပိုးမွှားအမျိုးမျိုးပါတတ်တာသိပါသလား။ ကမာကောင်တွေကနေ ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးကတော့ vibriosis လို့ခေါ်တဲ့ ရောဂါပဲဖြစ်ပါတယ်။ ပဲကတ္တီပါ၊ ပဲကြီး ပဲမှာ ပရိုတင်းဓာတ်ကြွယ်ဝတာ လူတိုင်းလိုလိုသိပြီးဖြစ်မှာပါ။ မကြာခဏလည်း စားပေးသင့်ပါတယ်။ ဒါပေမဲ့ ပဲကတ္တီပါနဲ့ ပဲကြီး ကိုတော့ အစိမ်းမစားမိဖို့ အကြံပေးချင်ပါတယ်။ အနီရောင်ပဲကတ္တီပါထဲမှာ lectin (PHA) လို့ခေါ်တဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင် ကော်ဖီနဲ့ တည့်ရဲ့လား

လူ တစ်ယောက်က သင့်ကို ကော်ဖီနဲ့ တည့်ရဲ့လားလို့ မေးလာရင် ဘယ်လိုဖြေမလဲ? ဒီမေးခွန်းက နည်းနည်းတော့ အူကြောင်ကြောင်နိုင်ပါတယ်။ ဒါပေမယ့် ကော်ဖီမှာ အဓိကပါဝင်တဲ့ ကဖိန်းဓာတ်မတည့်မှု (Caffeine Sensitivity) က လူတိုင်းမှာ ရှိတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ အဲဒီမှာ မေးစရာရှိတာက လူတိုင်းမှာ ရှိနေရင် ဘာလို့ လူတိုင်း အဆင်ပြေပြေ ကော်ဖီသောက်နေနိုင်တာလဲပေါ့။ ဟုတ်ပါတယ်။ လူအများစုဟာ ကော်ဖီကို နေ့စဉ် အဆင်ပြေပြေ သောက်လို့ရနေပါတယ်။ အကြောင်းကတော့ Caffeine Sensitivity ဟာ ရောဂါလက္ခဏာမျိုးမဟုတ်ပဲ လူတစ်ယောက်ရဲ့ ကဖိန်းဓာတ်ပမာဏကို လက်ခံနိုင်စွမ်းနဲ့ သက်ဆိုင်တဲ့ လက္ခဏာတစ်မျိုးဖြစ်တာကြောင့်ပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် ကော်ဖီထဲက ကဖိန်းဓာတ်ကို လက်ခံနိုင်စွမ်းမတူညီကြပါဘူး။ တစ်ချို့က တစ်နေ့ကို တစ်ခွက် နှစ်ခွက်သာ သောက်သုံးနိုင်ကြပြီး တစ်ချို့က တစ်နေ့ကို ၄၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း