Age-related maculopathy ဆိုတာဘာလဲ
Age-related maculopathy ဆိုတာ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ဖြစ်လာတဲ့အမြင်အာရုံဆိုင်ရာရောဂါတစ်မျိုးဖြစ်ပြီးမြင်ကွင်းရဲ့အလယ်မှာ မှုန်ဝါးလာတာ ဒါမှမဟုတ် မမြင်ရတော့တာဖြစ်ပါတယ်။ စစချင်းမှာ လက္ခဏာမသိသာပေမယ့် ကြာလာတဲ့အခါ မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးမှာ အမြင်မှုန်ဝါးမှုပိုဆိုးလာစေပါတယ်။ လုံးဝမျက်စိကွယ်သွားတာမျိုးမဟုတ်ပေမယ့်မြင်ကွင်းအလယ်မှာ မှုန်ဝါးနေခြင်းက မျက်နှာတွေမခွဲခြားနိုင်တော့တာ၊ ကားမောင်းရ၊စာဖတ်ရအဆင်မပြေတော့တာလိုမျိုးနေ့စဉ်ဘဝလုပ်ဆောင်ချက်တွေမှာ အခက်အခဲဖြစ်စေနိုင်ပါတယ်။
