သက်ကြီးပိုင်းစိတ်ကျန်းမာရေး

အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်မှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်လာပါတယ်။ ဒါကြောင့် စိတ်ခံစားချက်တွေ၊ မှတ်ဉာဏ်တွေမှာ အပြောင်းအလဲဖြစ်လာပါတယ်။ အသက်ကြီးတဲ့သူတွေမှာ ဖြစ်တတ်တဲ့ အယ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါနဲ့ တခြားရောဂါတွေအကြောင်းကို ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

သက်ကြီးပိုင်းစိတ်ကျန်းမာရေး

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ရလာတယ်လို့ ပြောလိုက်ရင် အများစု မြင်တာက ဆံပင်တွေဖြူလာတာ၊ ပါးရေနားရေတွေ တွန့်လာတာကိုပါ။ ဒါက ဇရာရဲ့ သဘောလို့ပေါ့။ တကယ်ကတော့ အသက်အရွယ်ရလာတဲ့အခါ ဒီပြောင်းလဲမှုတွေတင်ဖြစ်တာမဟုတ်ပါဘူး။ အသက်အရွယ် ကြီးရင့်မှုက သွားတွေ၊ နှလုံး၊ အသည်းကစလို့ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေမှာရော အသားအရေတွေ အပေါ်မှာပါ  သက်ရောက်မှု ရှိတာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ မျိုးပွားစနစ်ပေါ်မှာလည်း သက်ရောက်နေပါသေးတယ်။ ကိုယ်အလေးချိန်လည်း ပြောင်းလဲလာပါမယ်။ ဇရာကြောင့် ပြောင်းလဲမှု အသက် ၃၀ကျော်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေအားလုံးရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ တဖြည်းဖြည်း ကျလာပါတယ်။ အသက်အရွယ် ရလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ၊ တစ်ရှူးတွေနဲ့ အင်္ဂါ အစိတ်အပိုင်းတွေက ပြောင်းလဲလာပါတယ်။ ဒီပြောင်းလဲလာမှုတွေက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေအပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။ အသက်အရွယ်ရလာတဲ့အခါ ဆဲလ်တွေ၊ တစ်ရှူးတွေ ပြောင်းလဲလာတာကြောင့် ခန္ဓာကိုယ်က အင်္ဂါအစိတ်အပိုင်းတွေလည်း […]

သက်ကြီးပိုင်းစိတ်ကျန်းမာရေး ကို ရှာဖွေမည်။

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်အရွယ်ကြီးရင့်သူများတွင်ဖြစ်သော စိတ်ဓါတ်ကျသောရောဂါလက္ခဏာများ

စိတ်ကျရောဂါသည် အသက်ကြီးသူများတွင် အဖြစ်များပြီးကုသ၍ရသောရောဂါဖြစ်သည်။ ဠင်းသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဟုပစ်မထားသင့်သောရောဂါဖြစ်သည်။ စိတ်ကျရောဂါဖြစ်လျှင် ဝမ်းနည်းခြင်း၊ မောပန်းလွယ်ခြင်းတို့သာမက ၎င်းတို့ထက်ပိုဆိုးသော အခြေအနေများအထိဖြစ်နိုင်သောကြောင့် လူတစ်ယောက် ဝမ်းနည်းနေပြီဆိုလျှင် လစ်လျူမရှုသင့်ဘဲစိတ်ကျရောဂါကိုသံသယရှိသင့်သည်။ စိတ်ကျရောဂါရှိသူများသည် ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ကိုရက်သတ္တပတ်အတော်ကြာခံစားတတ်ပြီးမကုသဘဲထားပါက လ၊ နှစ်အတန်ကြာမြင့်သွားနိုင်ကာအခြေအနေပိုဆိုးလာပြီးမိမိကိုယ်ကိုအဆုံးစီရင်သည်အထိဖြစ်လာနိုင်သည်။ အသက်ကြီးသူများတွင် ဖြစ်သောစိတ်ကျရောဂါသည် အသက်ငယ်သူများတွင်ဖြစ်သောစိတ်ကျရောဂါနှင့် ကွာခြားမှုရှိပါသလား။ စိတ်ကျရောဂါသည် အသက်ကြီးသူများနှင့် အသက်ငယ်သူများတွင် သက်ရောက်မှုခြင်းမတူညီပါ။ တခါတရံတွင် ရောဂါဖိစီးခြင်းကြောင့် စိတ်ဓါတ်ကျခြင်းဖြစ်နိုင်ပါသည်။ အသက်ကြီးသူများတွင်မူစိတ်ကျရောဂါဖြစ်လျှင် နှလုံးရောဂါဖြစ်နိုင်ခြေများပြီးရုတ်တရက်နှလုံးဖောက်ပြီးသေဆုံးသည်အထိဖြစ်နိုင်ပါသည်။ ထို့ကြောင့် အသက်ကြီးသူများတွင် ဖြစ်သောစိတ်ကျရောဂါလက္ခဏာများကိုသိရှိထားရမည်ဖြစ်သည်။ အသက်ကြီးသူများတွင် ဖြစ်သော စိတ်ကျရောဂါလက္ခဏာများ • မျှော်လင့်ချက်ကင်းမဲ့သလိုခံစားရခြင်းနှင့် အဆိုးမြင်ခြင်း • မိမိကိုယ်ကိုအပြစ်ရှိသည် တန်ဖိုးမဲ့သည် ခိုကိုးရာကင်းမဲ့သည် ဟူသောအတွေးများဝင်ခြင်း • အာရုံစူးစိုက်ရန် နှင့် ဆုံးဖြတ်ချက်များချရန် ခက်ခဲခြင်း • အိပ်ပျော်ရန် ခက်ခဲခြင်း၊ မနက်စောစီးစွာနိုးနေခြင်းသို့မဟုတ် အလွန်တရာအိပ်စက်ခြင်း • အစားအသောက်ပုံစံမူမမှန်မှုကြောင့် ပိန်လွန်း၊ ဝလွန်းလာခြင်း • မိမိ၏ဝါဿနာနှင့် နေ့စဉ်ဘဝတွင် စိတ်ဝင်စားမှုလျော့နည်းလာခြင်း • မိမိကိုယ်ကို သေကြောင်းကြံစည်ရန်အတွေးများဝင်လာခြင်း • […]


ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

သက်ကြီးရွယ်အိုတု့ိရဲ့ အဲလ်ဇိုင်းမားရောဂါအကြောင်းသိထားသင့်သည်များ

Alzheimer’s disease ဟာ ပုံမှန်လုပ်ငန်းဆောင်တာတွေကို ပြုလုပ်နိုင်တဲ့ စွမ်းအင်နဲ့ မှတ်ဉာဏ်၊ တွေးတောနိုင်စွမ်းတွေကို ဖြည်းညင်းစွာ ယိုယွင်းစေတဲ့ dementia လို့လည်း ခေါ်တဲ့ ဦးနှောက် လုပ်ငန်းဆောင်တာ ပျက်စီးတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါဟာ ပျော့ပျော့ကနေ ပြင်းထန်တဲ့ အခြေအနေ အထိဖြစ်နိုင်ပါတယ်။ ပျော့တဲ့ ရောဂါကိုတော့ စစချင်းမှာ ဖြစ်ကာ လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ပြီး ပြင်းထန်တဲ့ အဆင့်မှာတော့ လူနာဟာ သူ့ကို ပြုစုဖို့ အခြားသူတွေပေါ်ကို လုံးလုံးမှီခိုရမှာ ဖြစ်ပါတယ်။ ယခုအချိန်ထိ ဒီရောဂါဟာ ကုသပျောက်ကင်းနိုင်ခြင်း မရှိသေးပါဘူး။ Alzheimer’s disease ဖြစ်ပွားတဲ့ အကြောင်းရင်း Alzheimer’s disease ဖြစ်ပွားတဲ့ အကြောင်းရင်းကို သေချာ သိရှိခြင်းမရှိပဲ အသက်ကြီးခြင်းဟာ ဒီရောဂါဖြစ်ပွားခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ လူအတော်များများဟာ […]


ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ရွယ်ကြီးသူတွေအတွက် အကျိုးများနိုင်မယ့် ဦးနှောက်လေ့ကျင့်ခန်း (၃)မျိုး

လေ့ကျင့်ခန်းတွေဟာ သင့်ကိုယ်ခန္ဓါအတွက်သာမက အသက်ကြီးရင့်တဲ့ ဦးနှောက်တွေအတွက်ပါ အကျိုးရှိတယ်ဆိုတာ သင်သိပြီးဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် အသက်ကြီးလို့ဖြစ်တဲ့ ဦးနှောက်ရောဂါတွေကို ရှောင်ကျဉ်နိုင်ပါသလား၊ အဖြေကတော့ မှန်ပါတယ်။ အောက်ဖေါ်ပြပါ လေ့ကျင့်ခန်းသုံးခုဟာ သင်သိသင့်တဲ့ ဦးနှောက်အတွက်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေက အသက်ကြီးရင့်တဲ့ ဦးနှောက်ကို ကူညီနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ မှတ်ဉာဏ်မကောင်းခြင်းနဲ့ Alzheimer’s ရောဂါတွေကို ကာကွယ်ပေးပါတယ်။ လေ့ကျင့်ခန်းဟာ insulin resistance၊ ရောင်ရမ်းခြင်း တွေကို လျော့ကျစေပြီး ဦးနှောက်မှာ ရှိတဲ့ ဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှုကို လှုံဆော်ပေးကာ ဦးနှောက်ဆဲလ်အသစ် ဖြစ်ပေါ်မှုကို အားပေးပါတယ်။ ဦးနှောက်မှာ ဆဲလ်အသစ် ဖြစ်တာနည်းလေလေ အသက်ကြီးလာတဲ့အခါ သွေးကြောတွေ ဒုက္ခရောက်လေလေ ဖြစ်တာကြောင့် ဒါဟာ အရေးကြီးပါတယ်။ လေ့လာမှုတွေက လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ကို ကောင်းကောင်းအိပ်ပျော်စေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ […]


ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

သက်ကြီးရွယ်အိုညှင်းပန်းနှိပ်စက်မှု

အသက် ၆၀ နဲ့ ၆၀ အထက် သက်ကြီးရွယ်အိုတစ်ဦးကို မိသားစုဝင်တစ်ဦးဦးကပဲဖြစ်ဖြစ် အခကြေးငွေနဲ့ငှားရမ်းထားတဲ့ သူတစ်ဦးကပဲဖြစ်ဖြစ် မညှာမတာဆက်ဆံမိတဲ့အခါ သက်ကြီးရွယ်အိုညှင်းပန်းနှိပ်စက်မှုတစ်ရပ်ဖြစ် ပေါ်လာရပါတယ်။ သက်ကြီးရွယ်အိုညှင်းပန်းနှိပ်စက်မှုတွေက အောက်ဖော်ပြပါ ပုံစံအမျိုးမျိုးနဲ့ ဖြစ်နိုင်ပါတယ်။ ၁။ ရုပ်ပိုင်းဆိုင်ရာနှိပ်စက်မှု သက်ကြီးရွယ်အိုတွေကို ရိုက်နှက်တာ၊ ထိုးကြိတ်တာနဲ့ အပူလောင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေကို မအိပ်ချင်ဘဲ အိပ်ရာထဲ လှဲနေခိုင်းတာ၊ ဘီးတပ်ကုလားထိုင်မှာ မထိုင်ချင်လည်း ထိုင်နေရတာနဲ့ အခန်းထဲမှာ သူတို့မနေချင်တာကို အခန်းတံခါးပိတ်ပြီး ထားတာကလည်း ရုပ်ပိုင်းဆိုင်ရာအရညှင်းပန်း နှိပ်စက်တာပဲဖြစ်ပါတယ်။ သည်လိုမျိုး ညှင်းပန်းနှိပ်စက်မှုမျိုးကို သက်ကြီးရွယ်အိုရဲ့ခန္ဓါကိုယ်မှာ ပုံမှန်မဟုတ်တဲ့ ထိခိုက်ဒဏ်ရာရမှုတွေကနေတဆင့်သိရှိနိုင်ပါတယ်။   ၂။ လိင်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှု သက်ကြီးရွယ်အိုတွေကို အဝတ်မပါဘဲ နေခိုင်းတာ၊ လိင်အသားပေးပုံတွေရိုက်ခိုင်းတာ၊ မလျော်ကန်တဲ့ အထိအတွေ့မျိုးတွေလိုမျိုး လိင်ပိုင်းဆိုင်ရာအရ အတင်းအကျပ်စေခိုင်းခံရတဲ့ အပြုအမူမျိုးတွေနဲ့ တွေ့ကြုံခံစားရတတ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့အခါ တွေ့ရတတ်တဲ့လက္ခဏာရပ်တွေ- • အဝတ်အစားတွေနဲ့ အတွင်းဝတ်အဝတ်တွေမှာ သွေးတွေပေနေတာ။ • လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ။ • […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

ပင်စင်ယူပြီးရင် ဘာလုပ်ကြမလဲ

ပျော်ရွှင်မှုဟာဘဝရဲ့ ရည်မှန်းချက်လို့ ကျွန်မတို့အားလုံးယူဆကြပါတယ်။ လူတွေဟာနေ့စဉ်နေ့တိုင်းသူတို့ရဲ့ဘဝကိုပျော်ပျော်သာနေလိုကြပါတယ်။ ပင်စင်ယူပြီးသွားရင် သူတို့တွေမှာအလုပ်လုပ်ဖို့ မလိုတော့တဲ့အတွက် အချိန်ပိုရပါလာတော့တယ်။ တခြားသူတွေကလည်းသူတို့ထိုင်စားပြီးလုပ်ချင်တာလုပ်နေတော့မယ်လို့ ထင်မြင်ယူဆကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကပြဿနာမဟုတ်သေးပါဘူး။ ပင်စင်ယူပြီးဘာလုပ်မယ်လို့ ရည်ရွယ်ထားတဲ့ ရည်မှန်းချက် မရှိဘူးဆိုရင် သင့်ဘဝဟာပျင်းခြောက်ခြောက် ဖြစ်လာမှာပါ။ ဒါ့ကြောင့် အချိန်ကိုဘယ်လိုပိုမိုတန်ဖိုးရှိပြီးစိတ်ဝင်စားစရာကောင်းအောင် အသုံးချမလဲ။ ကျန်ရှိနေသေးတဲ့ သင့်ဘဝကိုပျော်ရွှင်ဖွယ်ဖြစ်အောင် ကြိုတင် ကြံဆကြပါစို့။ အလုပ်တစ်ခုရှာပါ အချိန်ပိုင်းလုပ်ရတဲ့ အလုပ်ဆိုအဆင်ပြေပါတယ်။ ပေါ့ပေါ့ပါးပါးအလုပ်လေးတွေလုပ်ရင်းနဲ့ လူအသစ်တွေနဲ့ တွေ့ဆုံရတာဟာအိမ်မှာနေရတာထက် ပိုမိုသာလွန်ပါတယ်။ အလုပ်ရှိခြင်းဟာဝင်ငွေအနည်းငယ် ရရှိစေနိုင်ပြီးလူ့အဖွဲ့အစည်းအတွက် အကျိုးပြုတဲ့သူလို့ ကိုယ့်ကိုကိုယ် ခံစားရမှာပါ။ ဒါဟာလူအများစုရှာဖွေနေတဲ့ လွတ်လပ်ပြီးစိတ်ချမ်းသာစရာကောင်းတဲ့အလုပ်ပါပဲ။ သင့်ကြွက်သားတွေ အလုပ်လုပ်ရတဲ့အတွက် သင့်ကျန်းမာရေးကိုလည်းပိုမိုကောင်းမွန်စေပါတယ်။   စေတနာ့ဝန်ထမ်းအလုပ်တွေမှာပါဝင်ဆောင်ရွက်ပါ ဒါဟာပင်စင်စားလူအများစုလုပ်ရကျိုးနပ်တယ်လို့ ယူဆကြတဲ့ သိသာထင်ရှားတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ အခွင့်အရေးတွေ မရေမတွက်နိုင်အောင် ရှိနေပါတယ်။ အကူအညီလိုအပ်နေတဲ့လူတွေကိုကူညီတာတွေ၊ ဆေးရုံ၊ စာကြည့်တိုက်တွေမှာကူညီပေးတာတွေကစလို့ ဒေသခံလူတွေဖွဲ့စည်းထားတဲ့ စေတနာ့ ဝန်ထမ်းအုပ်စုတွေမှာအကူအညီပေးတာ၊ ဘုရားကျောင်းတွေမှာဝေယျာဝစ္စလုပ်ကူတာနဲ့ မိဘမဲ့ဂေဟာတွေမှာကလေးတွေကိုကူညီစောင့်ရှောက်ပေးတာအထိအမျိုးမျိုးရှိနေပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း