ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်ပေါ်လာပါတယ်။ ဘယ်လို ကောင်းမွန်တဲ့ အလေ့အကျင့်တွေနဲ့ ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းမလဲဆိုတာကို လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာသလား

အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခံအားက ကျဆင်းလာ သလား။ ဒီ မေးခွန်းကို မဖြေခင် ဒါလေးကို အရင် မေးကြည့် ပါရစေနော်။ငယ်ငယ်တုန်းကထက် ပိုပြီး ဖျားနာလာတယ်။ ရေချိုး နောက်ကျမိရုံလေး၊ အဲကွန်းဖွင့်ပြီး အမှတ်တမဲ့ အိပ်မိသွားရုံလောက်နဲ့ နေထိုင်မကောင်း ဖြစ်တော့တာပဲ ဆိုပြီး စိတ်ညစ်နေပြီလား။ ရာသီဥတု အပြောင်းအလဲလေး ဖြစ်တာနဲ့ အအေးမိသလိုလို ဖျားချင်သလိုလို ခံစားနေရပြီလား။ဒါက ဘာကြောင့်လို့ ထင်ပါသလဲ။ အဖြေက အသက်ရ လာလို့လေဆိုရင်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် အသက်ရ လာတဲ့အခါ ဖျားနာလွယ်တာက မွေးကတည်းက ထပ်ကြပ်မကွာ လိုက်စောင့်ရှောက်ပေးခဲ့တဲ့ သက်တော်စောင့် ကိုယ်ခံအားလေးကလည်း ကိုယ်နဲ့အတူ အသက်အရွယ် ရလာလို့လေ။အသက်အရွယ် ကြီးရင့်လာလေလေ ကိုယ်ခံအားလေးက အားနည်းလာလေပေါ့။မြင်သာအောင် ပြောပြရရင် အသက်အရွယ် ရလာတဲ့အခါ အသက် ၂၀ တုန်းကလောက် […]

ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း ကို ရှာဖွေမည်။

ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

အအေးဒဏ်ကြားမှာ လူကြီးမိဘ တွေအတွက် သတိထားသင့်တဲ့ ကျန်းမာရေးအန္တရာယ် (၆) ခု

ဘယ်လောက်ပဲ ကျန်းမာနေပါစေ လူကြီးမိဘ တွေရဲ့အရွယ်ဆိုတာ လူငယ်တွေထက် ခံနိုင်ရည်အားနည်းတတ်တာ သဘာဝတရားတစ်ခုပါပဲ။ လူကြီးလူငယ်မရွေး နှလုံး၊ သွေးတိုး၊ ဆီးချို နဲ့မကင်းကြတဲ့ ဒီခေတ်မှာ နဂိုရောဂါအခံရှိနေတဲ့လူကြီးတွေဆို ပိုလို့တောင် ဆိုးရောပေါ့။ ရာသီဥတုက ရုတ်တရက် အအေးပိုလာတဲ့အခါမျိုးဆို လူကြီးတွေရဲ့ ခန္ဓာကိုယ်အပူချိန်လည်း ကျဆင်းလွယ်တတ်လို့ ပိုပြီးသတိထားရပါတယ်။ ပူလွန်းလည်းမခံနိုင်၊ အေးလွန်းလည်းမရ၊ အပူနဲ့အအေး ရာသီဥတုအပြောင်းအလဲတွေမှာ ရှော့ခ်တက်တာ ကလေးလေးတွေအတိုင်းပါပဲ။ ဒီအန္တရာယ်တွေ စိတ်ပူရပါတယ် အခုလို အအေးပိုလာတဲ့အချိန် လူကြီးတွေမှာဖြစ်လာနိုင်တဲ့ အန္တရာယ်တွေရှိလို့ ကြိုတင်ကာကွယ်၊ စောင့်ရှောက်ပေးရမှာ လူငယ်တွေရဲ့တာဝန်ပါ။ အဲဒီထဲကမှ အအေးဒဏ်ကြားမှာ အဖြစ်များတဲ့ ကျန်းမာရေးအန္တရာယ် (၆) ခုကို သတိပေးလိုက်ပါရစေ - (၁) နှလုံးရုတ်တရက်ဖောက်ခြင်း ရာသီဥတု အအေးလွန်ကဲတဲ့အခါ သွေးပေါင်ချိန်ပိုတိုးစေနိုင်ပြီး နှလုံးခုန်နှုန်းကို မြန်စေနိုင်တယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်အပူချိန်ကိုထိန်းပေးနိုင်ဖို့ နှလုံးက ပိုအလုပ်လုပ်ရပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေမှာ သွေးကြောပိတ်ဆို့မှုအန္တရာယ်ပိုများလို့ […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

ကိုယ့်ကိုထိန်းကျောင်းခဲ့တဲ့ အရေတွန့်နေတဲ့ လက်ကလေးတွေကို ဘယ်လိုပြန်ပြုစုပေးကြမလဲ

ချွဲနွဲ့စရာ ဖိုးဖိုးဖွားဖွားတွေရှိတာက ကံကောင်းခြင်းတစ်ခုပါ။ ငယ်ငယ်ကတည်းကမေမေဖေဖေတွေဆီကလိုတာမရရင်တောင် ဖိုးဖိုးဖွားဖွားတွေက မျက်နှာတစ်ချက်ပျက်မခံဘဲဖြည့်ဆည်းပေးတတ်သူတွေပေါ့။ သားအချစ်မြေးအနှစ်ဆိုတဲ့အတိုင်းမွေးကတည်းကစလို့ အရွယ်ရာက်လာတဲ့အထိ စားတာသောက်တာကနေစလို့ တစ်ကိုယ်ရေသန့်ရှင်းရေးအဆုံး ဖိုးဖိုးဖွားဖွားတို့လက်နဲ့ လွတ်တယ်ရယ်လို့မရှိခဲ့ပါဘူး။ ဒီလိုဂရုစိုက်ခဲ့တဲ့ ဖိုးဖိုးဖွားဖွားတွေကအသက်အရွယ်ကြီးရင့်လာတဲ့အခါ ကိုယ့်ကိုချစ်ခြင်းမေတ္တာအပြည့်နဲ့ ထိန်းကျောင်းပေးခဲ့တဲ့သူတို့ကို ဘယ်လိုပြန်လည်ဂရုစိုက်ပြုစုပေးရမလဲ သူတို့ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တဲ့အခါ ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။ ဖိုးဖိုးဖွားဖွားတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ပေးတော့မယ်ဆိုရင် ဖိုးဖိုးဖွားဖွားတွေကို ဂရုစိုက်ပေးရတာက ကလေးငယ်ငယ်လေးတွေကို ဂရုစိုက်ပေးရတာထက် ပိုမိုခက်ခဲနိုင်ပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေအတိုင်း အကောင်းဆုံးဖြစ်အောင်ဂရုစိုက်ပေးဖို့ကတော်တော်လေးတော့ စိန်ခေါ်မှုကြီးတဲ့အချက်ပါ။ ကလေးတွေက ကိုယ့်ထက်ငယ်တာကြောင့် လုပ်ပေးကိုင်ပေးရတာက အဆင်ပြေနိုင်ပေမယ့် ဖိုးဖိုးဖွားဖွားတို့ကိုကျ ကြောက်ရွံ့ရိုသေမှုရော ချစ်ခင်မှုပါရှိနေတော့ ဘယ်အရာမဆို သတိကြီးကြီးထားရမှာအမှန်ပဲ။ အရွယ်ရလာလေလေ စားတာသောက်တာကစလို့ တစ်ကိုယ်ရေသန့်ရှင်းရေးအဆုံးအရာအားလုံးလိုလိုကို ဂရုတစိုက်စောင့်ရှောက်ပေးရမှာပါ။ စိတ်မြန်လက်မြန်ရှိလှတဲ့ ဖိုးဖိုးဖွာဖွားတို့နဲ့သာဆိုရင်တော့အခန့်မသင့်ရင်ခေါင်းတောင်ပူနိုင်ပါသေးတယ်နော်။ ရေချိုးတဲ့အခါ ရေချိုးတဲ့အခါ အချိန်ကို အတိအကျလေးသတ်မှတ်ပြီးသေသေချာချာလေးချိုးပေးပါ။ရေချိုးတာကကိုယ်တွေအတွက်နေ့တိုင်းချိုးလို့လွယ်ပေမယ့် ဖိုးဖိုးဖွားဖွားတွေအတွက်ကတော့ မလွယ်ပါဘူး။ ဒါကြောင့်သေချာထိုင်ခုံလေးနဲ့ ထိုင်ခိုင်းပြီးခြေထောက်တွေနဲ့တစ်ကိုယ်လုံးကိုချေးတွန်းချိုးပေးတာမျိုး လုပ်ပေးပါ။ တစ်ပတ်ကို […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

လူကြီးသုံးသေးခံ ရွေးချယ်မယ်ဆိုရင် ဘောင်းဘီက အကောင်းဆုံးဆိုတာ ဘာကြောင့်လဲ။

ဇရာထောင်းရင် အကုန်ပြောင်းတယ်တဲ့။ ဟုတ်တယ်နော်။ ရုပ်ရည်သွင်ပြင်၊ ကျန်းမာရေး၊ ကိုယ်ခန္ဓါ ကြံ့ခိုင်မှု အားလုံး အားလုံး လူလတ်ပိုင်းတစ်ယောက်နဲ့မတူတော့ပါဘူး။ ဒီ ဇရာထောင်းလို့ ပြောင်းသွားတဲ့ ကိစ္စတွေမှာ ဘိုးဘိုးဘွားဘွားတိုင်း စိတ်ညစ်ရတဲ့ ကိစ္စတစ်ခုရှိပါတယ်။ ပြင်းထန်တဲ့ရောဂါတော့မဟုတ်ပေမယ့် သူတို့ရဲ့ လူနေမှု ဘဝကို ထိခိုက်စေတဲ့ ဆီးမထိန်းနိုင်တဲ့ ပြဿနာပဲဖြစ်ပါတယ်။ ညညအိပ်ရာထဲမှာ ဆီးသွားမိတာပဲ ဖြစ်ဖြစ် ၊ ဆီးသွားချင်တာနဲ့ ဆီးပေါက်ချမိတာပဲဖြစ်ဖြစ် ဆီးမထိန်းနိုင်တဲ့ ပြဿနာကို အသက်ကြီးလာတဲ့ ဘိုးဘိုးဘွားဘွားတိုင်း ခံစားရလေ့ရှိပါတယ်။ ရောဂါရဲ့ သက်ရောက်မှုကြောင့်ဖြစ်နိုင်သလို အသက်အရွယ်ကြောင့် ကြွက်သားတွေ အားနည်းလာလို့ ဆီးမထိန်းနိုင်တာတွေဖြစ်နိုင်ပါတယ်။ ဘယ်သူကတော့ ဆီးထွက်ကျတာ၊ ဆီးမထိန်းနိုင်တာတွေ ဖြစ်ချင်မလဲနော်။ ရှက်စရာလည်းကောင်းတယ်၊ စိတ်လည်းညစ်ရတယ်လေ။ ပြဿနာရှိရင် ဖြေရှင်းဖို့နည်းလမ်းဆိုတာ ရှိစမြဲဖြစ်တာကြောင့် ဆီးမထိန်းနိုင်လို့ ၊ ဆီးပေါက်ချမိလို့ စိတ်ညစ်နေရတဲ့ လူကြီးတွေအတွက် လူကြီးသုံးသေးခံ တွေ […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

အသက်ရလာပြီဖြစ်တဲ့ မေမေဖေဖေတို့နဲ့ ခရီးအတူသွားရင်အသုံးတည့်မယ့် နည်းလမ်းလေးများ

ငယ်ငယ်က ကိုယ်သွားချင်တဲ့နေရာတိုင်းကိုမေမေဖေဖေတို့ကလိုက်ပို့ပေးတယ်။ အရွယ်ရောက်လာတော့ သူငယ်ချင်းတွေနဲ့အတူသွားကြတာရှိပါတယ်။ ဒီလိုကနေတော်တော်လေးအရွယ်ရလာတော့ မိဘတွေကလည်း အသက်ရလာပြီဖြစ်တဲ့အတွက် သူတို့သွားချင်တဲ့နေရာကို ကိုယ်တွေကတစ်ခါပြန်ပို့ပေးရမယ့်အနေအထားကိုရောက်လာပြီနော်။ ဒါကိုက ဘဝရဲ့ လည်ပတ်မှုပဲမလား။ ဒီလိုမျိုး တစ်ပြန်တလှည့်ကိုယ်ကမေမေဖေဖေတို့သွားချင်တဲ့ရောတွေကို မိသားစုနဲ့အတူတူသွားရောက်လည်ပတ်နိုင်ဖို့ လိုက်ပို့ရတဲ့အခါ အဆင်ပြေတဲ့ ခရီးစဉ်လေးဖြစ်စေဖို့ ဘာတွေပြင်ဆင်ဖို့လိုမလဲ စဉ်းစားရခက်နေမယ်ဆိုရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော်။ အသက်ရလာပြီဖြစ်တဲ့မေမေဖေဖေတို့နဲ့ခရီးသွားတော့မယ်ဆိုရင် ကျွန်မတို့ မဖြစ်မနေသိထားရမှာက ကျွန်မတို့တွေအရွယ်ရောက်လာလေမေမေဖေဖေတို့ကလည်း အသက်အရွယ်ကြီးရင့်လာလေလေပါ။ ငယ်ရွယ်စဉ်ကလောက် မပေါ့ပါးတော့သလို စိတ်သွားတိုင်းလည်း ကိုယ်မပါကြတော့ပါဘူး။မေမေဖေဖေတို့ကရောဂါကြီးကြီးမားမားခံစားနေရတာမဟုတ်ရင်တောင် အိုမင်းလာကြပြီဆိုတာကိုတော့ သိထားဖို့ လိုပါမယ်။ ဒီတော့မေမေဖေဖေတို့အတွက် အဆင်ပြေဆုံးဖြစ်အောင် ခရီးစဉ်တစ်ခုကို စီစဉ်ပေးတော့မယ်ဆိုရင် ဒီအချက်လေးတွေကိုမေ့ထားလို့မဖြစ်ပါဘူး။ (၁) ခရီးစဉ်ကိုသေချာလေးရွေးချယ်ပါ မသွားခင်ကပြင်ဆင်ရမယ့်အချက်တစ်ခုပေါ့။ အရွယ်ရလာတဲ့မိဘတွေက ခရီးပန်းတဲ့ဒဏ်ကို အရမ်းမခံနိုင်တော့ပါဘူး။ ဒီတော့ အရမ်းဝေးတဲ့ခရီးစဉ်တွေကိုမစီစဉ်ပါနဲ့။ အပန်းမပြေဘဲ ပိုပင်ပန်းသွားနိုင်တာကြောင့်ပါ။ပေါ့ပေါ့ပါးပါးသွားနိုင်မယ့် ခရီးစဉ်ကိုသေချာလေးရွေးချယ်ပေးပါ။ (၂) အဝတ်အစားတွေသေချာလေးရွေးချယ်ပါ သွားရမယ့်နေရာနဲ့လိုက်ဖက်မယ့် အဝတ်အစားအသုံးအဆောင်တွေကိုသေချာလေးရွေးချယ်ပေးပါ။ အပူပိုင်းသွားတဲ့အခါ ချည်သားလက်ရှည်အေးအေးလေးတွေနဲ့ချွေးစုပ်မယ့်အဝတ်အစားမျိုး၊အေးတဲ့နေရာကိုသွားမယ်ဆိုရင်နွေးနွေထွေးထွေးဖြစ်စေမယ့်အဝတ်အထည်မျိုးကိုသေချာလေးရွေးထည့်ပေးပါ။ (၃) အလွယ်တကူစားလို့ရမယ့် အစားအစာလေးတွေထည့်ပါ လူကြီးတွေကလည်း ကလေးလေးတွေလိုပါပဲ။ ခရီးသွားနေရင်း ဗိုက်ဆာတာမျိုးဖြစ်နိုင်ပါတယ်။ ဆီးချိုလိုမျိုးရောဂါတစ်ခုခုခံစားနေရမယ်ဆိုရင်တော့သွေးချိုကျသွားတာမျိုးဖြစ်နိုင်တာကြောင့် […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

အကောင်းဆုံး လူကြီးသုံးသေးခံ ကို ဘယ်အချက်တွေနဲ့ ကြည့်ပြီး ရွေးချယ်ရမလဲ ။ ။

ညညဘက် အိပ်ရာထဲ ဆီးသွားတဲ့ ဖိုးဖိုးဖွားဖွားတွေ၊ ဆီးမထိန်းနိုင်တဲ့ ဖိုးဖိုးဖွားဖွားတွေ အိမ်မှာရှိပါသလား။ အသက်အရွယ်ကြောင့် ဆီးထိန်းကြွက်သားတွေ အားလျော့သွားလို့ ဆီးကိုမထိန်းနိုင်တာ၊ ရောဂါအခံတွေ ကြောင့် ဆီးမထိန်းနိုင်တဲ့ကိစ္စတွေ ပတ်ဝန်းကျင်မှာ ကြားဖူးနေကြကိစ္စတွေပါ။ ဒါဆို ကိုယ့်အိမ်က ဖိုးဖိုးဖွားဖွားတွေမှာ ဒီလို ဆီးမထိန်းနိုင်တဲ့ ပြဿနာရှိနေပြီဆိုရင် သူတို့အတွက် ဘယ်လို ဖြေရှင်းပေးကြမလဲ။ စိတ်မပူပါနဲ့။ ခုနောက်ပိုင်းမှာ ဆီးမထိန်းနိုင်တဲ့ လူကြီးတွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ လူကြီးသေးခံတွေရှိပါတယ်။ လူကြီးသေးခံဆိုလို့ တချို့က ဝယ်ရမှာ ၊ဝတ်ရမှာ ရှက်တတ်ကြပါတယ်။ ဒါဟာ ရှက်စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဆီးမထိန်းနိုင်လို့ ဆီးထွက်ကျရင်သာ ရှက်စရာနဲ့ စိတ်ညစ်စရာကောင်းတာမို့ ဒါတွေကို ကာကွယ်ပေးတဲ့ လူကြီးသေးခံကို ဝတ်ရမှာ၊ ဝယ်ရမှာ မရှက်သင့်ပါဘူး။ ဝတ်ထားတဲ့အခါမှာလည်း အများထင်သလို ဖုဖုဖောင်းဖောင်းကြီးနဲ့ သိသာနေတာမဟုတ်ဘဲ သက်တောင့်သက်သာနဲ့ […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

သက်ကြီးပိုင်းတွေ ကားမောင်းတဲ့အခါ သိသင့်တဲ့အချက်များ

ကျွန်တော်တို့တွေ သက်ကြီးပိုင်းရောက်လာတာနဲ့အမျှ ကားမောင်းရတာလဲ တဖြည်းဖြည်း ခက်ခဲလာနိုင်ပါတယ်။ အသက်ကြီးလာရင် အမြင်အာရုံနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ ကျဆင်းလာတဲ့အလျောက် ကားကို ငယ်ရွယ်စဉ်တုန်းကလောက် ချောချောမွေ့မွေ့ ကောင်းကောင်းမွန်မွန် မောင်းနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီဆောင်းပါးမှာ သက်ကြီးပိုင်းအရွယ်တွေ လုံခြုံစိတ်ချစွာ ကားမောင်းနိုင်ဖို့ လိုက်နာသင့်တဲ့ အချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။   ကားမမောင်းသင့်တဲ့ နေရာတွေကို ရှောင်ပါ သက်ကြီးပိုင်းရောက်လာတဲ့အခါ ခန္ဓါကိုယ် တောင့်တင်းသန်မာမှုနဲ့ အလိုက်သင့်လှုပ်ရှားနိုင်မှု အားနည်းလာတာ သဘာဝပါပဲ။ ဒီအကြောင်းကြောင့်ပဲ လမ်းပေါ်မှာ ရုတ်တရက်ကြုံတွေ့ရမယ့် အခြေအနေတွေကို ရင်ဆိုင်ကျော်လွှားဖို့ ခဲယဉ်းသွားတတ်ပါတယ်။ သက်ကြီးပိုင်းတွေအနေနဲ့ အန္တရာယ်ဖြစ်နိုင်မယ့် နေရာတွေမှာ ကားမမောင်းတာ အကောင်းဆုံးပါပဲ။ ဥပမာ အဝေးပြေးလမ်း၊ အရှိန်နဲ့ မောင်းနှင်ရတဲ့လမ်း၊ အကွေ့အကောက်များတဲ့လမ်းတွေမှာ ကားမောင်းနှင်ခြင်းမပြုဘဲ လမ်းဖြောင့်ပြီးကျယ်တဲ့ နေရာတွေမှာသာ မောင်းနှင်သင့်ပါတယ်။ ရာသီဥတု မကောင်းတဲ့အချိန် (မိုးရွာ၊ နှင်းကျ၊ […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

Aging (အိုမင်းရင့်ရော်ခြင်းဆိုတာ ဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Aging (အိုမင်းရင့်ရော်ခြင်းဆိုတာ ဘာလဲ) ကဘာလဲ။ အိုမင်းရင့်ရော်ခြင်းသည် နှေးကွေးသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ သင်၏ ဇီဝကမ္မဖြစ်စဉ်သည် တဖြည်းဖြည်း နှေးလာပါလိမ့်မည်။ အအိပ်နည်းလာလိမ့်မည်။ စာဖတ်ရန် မျက်မှန်လိုလာမည်။ အချို့လူများသည် အကြားအာရုံ ဆုံးရှုံး ခြင်း ဖြစ်နိုင်သည်။ အသက် ၅၀ ရောက်ပါက သင့်အရိုးများ လည်း အိုမင်းလာပြီး လိင်ပိုင်းဆိုင်ရာ တုံ့ပြန်မှုလည်း မတူ တော့ပါ။ နှေးလာပါသည်။ အရေးကြီးသော ကိုယ်တွင်းအင်္ဂါ များသည် စွမ်းဆောင်ရည် ကျလာသည်။   လက္ခဏာများAging (အိုမင်းရင့်ရော်ခြင်းဆိုတာ ဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ သင်သတိပြုနိုင်သော အိုမင်းရင့်ရော်ခြင်း၏ လက္ခဏာ အချို့မှာ ဇီဝကမ္မဖြစ်စဉ် နှေးလာမည် အကြားအာရုံ ဆုံးရှုံးခြင်း အရိုးများသည် နာကျင်ခြင်း၊ ကိုက်ခဲခြင်း စသော ပြဿနာများ ဖြစ်လာသည်။ ကိုလက်စထရော များခြင်း၊ သွေးတိုးခြင်း စသော ရောဂါများ အလွယ်တကူရသည်။ အထက်တွင် ဖော်ပြ မထားသော […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

အသက်ကြီးသူတွေမှာ အရိုးအဆစ်နာဖြစ်လာရတဲ့အကြောင်းရင်းများ

ဒူးခေါင်း၊ တင်ပါးဆုံရိုးနဲ့ ခြေမျက်စိတို့မှာ တကျွတ်ကျွတ်မြည်လာတာက အသက်ကြီးလာတာနဲ့အမျှ ကြုံတွေ့လာရမယ့် အဆစ်ရောင်နာတွေကြောင့် ဖြစ်နေနိုင်ပါတယ်။ အသက် ၄၀ ကျော်သူတွေမှာ အဆစ်ရောင်ဝေဒနာတွေ ဖြစ်လာတာက အသက်အရွယ်ကြီးရင့်မှုနဲ့ ဆက်နွှယ်နေသလို သဘာဝအလျောက် ယိုယွင်းလာမှုဖြစ်စဉ်မှာ အရိုးကျန်းမာရေးလည်းပါဝင်လာပါတယ်။ အသက်ကြီးသူတွေမှာ အရိုးအဆစ်နာဖြစ်လာရတဲ့အကြောင်းရင်းများ အသက်ကြီးလာတာနဲ့အမျှ အဆစ်အမြစ်နာကျင်ကိုက်ခဲမှုတွေ ပုံမှန်ခံစားလာရပါတယ်။ ဇရာကို ရှောင်လွှဲလို့မရနိုင်ပေမယ့် လျော့ပါးသက်သာစေဖို့တော့ကြိုးစားကြည့်နိုင်ပါတယ်။ လူကြီးတွေမှာ တဖြည်းဖြည်း ပိုဆိုးရွားလာတဲ့ အဆစ်အမြစ်နာကျင်မှုဟာ အဆစ်ရောင်နာ osteoarthritis လက္ခဏာဖြစ်နေနိင်ပါတယ်။ ဒီတော့ အသက်ကြီးသူတွေမှာ အရိုးအဆစ်နာဖြစ်လာရတဲ့အကြောင်းရင်းများ ကို အတူတူ ဆက်လေ့လာရအောင်လား ....... သက်ကြီးပိုင်းတွေမှာ အဖြစ်များတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာများ Osteoarthritis–အရိုးအဆစ်မှာရှိတဲ့ အကာအကွယ်အရိုးနု ပျက်စီးသွားတဲ့အခါ လက်၊ ဒူးခေါင်းနဲ့ တင်ပါးတို့မှာ နာကျင်ကိုက်ခဲစေတဲ့ဝေဒနာဖြစ်ပါတယ်။ အကြောတင်ခြင်း၊ အဆစ်လွဲခြင်း ခါးအောက်ပိုင်းနာကျင်ခြင်း အဆစ်ရောင်နာမဟုတ်တဲ့ အဆစ်အမြစ်နာကျင်မှု ဇက်နာခြင်း ဒူးနာခြင်း အရိုးနုပျက်စီးခြင်း […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

အသက်ရွယ်ကြီးလာသူတွေ လျစ်လျူရှုမထားသင့်တဲ့ လက္ခဏာများ။

လူတို့သည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ကျန်းမာရေးပြဿနာများကြုံလာရပါသည်။ ၎င်းပြဿနာများကို ဆွေမျိုးများနှင့် အိမ်သားများကအသက်ကြီးသောကြောင့် သဘာဝအလျောက်ဖြစ်တတ်ခြင်းဟုထင်မှတ်ကာလျစ်လျူရှုမိတတ်ကြပါသည်။ သို့သော် ၎င်းတို့သည် ဂရုမပြုဘဲထားလျှင် ပိုဆိုးလာနိုင်ကြောင်းသိသင့်သည်။ အောက်ဖော်ပြပါ လက္ခဏာများသည် ဂရုပြုသင့်သောလက္ခဏာများဖြစ်ပေသည်။   (၁) မကြာခဏမောပန်းလွယ်ခြင်းနှင့် နှုံးခြင်း အသက်ကြီးသူများသည် လူငယ်များလောက်မလှုပ်ရှားနိုင်သော်လည်းပုံမှန်ထက် လွန်ကဲစွာမောပန်းနွမ်းလျနေခြင်းဖြစ်နေလျှင် ဗီတာမင်နှင့် သတ္တုဓါတ်နည်းခြင်း ၊ သွေးအားနည်းခြင်းနှင့် နှလုံးရောဂါများဖြစ်နေနိုင်ကြောင်းဂရုပြုရပေမည်။ အထူးသဖြင့် အမောမခံနိုင်ခြင်းများဖြစ်နေလျှင် နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများဖြစ်နိုင်ခြေများပေသည်။   (၂) မှတ်ဉာဏ်ချွတ်ယွင်းခြင်း အသက်ကြီးလာသည်နှင့်အမျှ မှတ်ဉာဏ်စွမ်းရည်များလည်းကျဆင်းလာသည်ဖြစ်ရာအရာဝတ္ထုပစ္စည်းများကိုသိသော်လည်းပြောမထွက်ခြင်း၊ မိမိပြုလုပ်ခဲ့သည်များကိုမေ့လျော့ခြင်း ၊ မိမိနှင့် သိကျွမ်းသူများ၏နံမည်များကိုမမှတ်မိတော့ခြင်းမှတ်ဉာဏ်ချွတ်ယွင်းမှုကြောင့်ဖြစ်သောအယ်လ်ဇိုင်းမားရောဂါ ၏ကနဦးလက္ခဏာများကိုခံစားလာကြရပါသည်။   (၃) စိတ်ခံစားမှုများပြောင်းလဲလာခြင်း အမြဲတမ်း ဝမ်းနည်းနေခြင်း၊ စိုးရိမ်လွန်နေခြင်း၊ ခံတွင်းပျက်ခြင်း၊ နေ့စဉ်လုပ်ငန်းများတွင် စိတ်အားတက်ကြွမှုမရှိခြင်း၊ အိပ်မပျော်ခြင်းစသည်တို့ ခံစားရသောသူများသည် စိတ်ကျရောဂါဖြစ်နိုင်ချေများကြောင်းတွေ့ရသည်။ ထိုအရာများသည် အထီးကျန်ခြင်းကြောင့်ြုဖစ်လာရခြင်းဖြစ်သည်။   (၄) ဝမ်းမမှန်ခြင်း ဝမ်းချုပ်ခြင်းသည် သက်ကြီးရွယ်အိုများတွင်ဖြစ်လေ့ရှိသောပြဿနာဖြစ်သည်။ ထိုသို့ အချိန်ကာလကြာရှည်စွာ ဝမ်းမကြာခဏချုပ်နေပါကလိပ်ခေါင်းရောဂါဖြစ်ခြင်းနှင့် အစာအိမ်နှင့် အူလမ်းကြောင်းတွင် အလုံးအကြိတ်များဖြစ်ခြင်းတို့ဖြစ်လာနိုင်ပါသည်။ ထို့အပြင်ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ဝမ်းမထိန်းနိုင်ခြင်းစသည်တို့ကိုဖြစ်စေသော ဝမ်းမမှန်သောရောဂါစုတမျိုးကို […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

သက်ကြီးရွယ်အိုများအတွက် ဆေးဝါးစီမံခန့်ခွဲမှု ၇ ချက်

ရောဂါတွေအတွက် ဆေးသောက်ခြင်းနဲ့ ဆေးတွေကို ထိန်းသိမ်းခြင်းဟာ အလွန်အရေးကြီးပါတယ်။ ဒါပေမယ့် သင်ဟာ အသက်ကြီးရင့်ပြီး ကိုယ့်ဆေးတွေကို ကိုယ်သေချာ မစီစဉ် မထိန်းသိမ်းနိုင်တော့ဘူးဆိုရင်တော့ အောက်ဖေါ်ပြပါ အချက်တွေကို ဖတ်ရှုပြီး အဖြေရှာနိုင်ပါတယ်။ ဘာဆေးတွေသောက်နေလဲဆိုတာကို သိရှိပါ။ Checklist ပြုလုပ်ထားနိုင်ပါတယ်။ ဘယ်ဆေးတွေကတော့ ဆရာဝန်ညွှန်ကြားချက်နဲ့မှ ဝယ်လို့ရပြီး ဘယ်ဆေးတွေကတော့ ဆေးဆိုင်က အလွယ်တကူ ဝယ်လို့ရတယ်ဆိုတာ မှတ်ထားနိုင်ပါတယ်။ ဆေးတစ်မျိုးစီမှာ သောက်ရမယ့်ပမာဏ၊ သောက်ရမယ့်အချိန်ကို ရေးထားနိုင်ပါတယ်။ တကယ်လို့ အစာနဲ့ သောက်ရမယ့် ဆေးဆိုလည်းသေချာ မှတ်ထားသင့်ပါတယ်။ ဒီလို Checklist ကို မိတ္တူ အနည်းဆုံးနှစ်စုံ ဆွဲထားသင့်ပါတယ်။ ဒီဇယားကို စားပွဲ၊ ရေခဲသေတ္တာ၊ တံခါးတွေမှာ ကပ်ထားခြင်း (သို့) ပိုက်ဆံအိတ်၊ လွယ်အိတ်ထဲ ထည့်ထားခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းထဲလည်း ထည့်ထားနိုင်ပါတယ်။ သေချာမှတ်ပါ။ ဆရာဝန်နဲ့ တွေ့ရမယ့်အချိန်တိုင်းကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း