သူများနဲ့မတူ ဘာလို့ အရမ်းချမ်းတတ်တာလဲ

ချမ်းတတ်လိုက်တာ၊ သူများတွေအိုက်နေချိန် ကိုယ့်မှာ အနွေးထည်လေးနဲ့။ သူများတွေ အရမ်းချမ်း နေချိန်ဆိုရင်တော့ ကိုယ့်မှာမေးရိုက်အောင် တဆတ်ဆတ်တုန်နေရော။ လူကောင်က အကြီးကြီးနဲ့ ချမ်းတတ်နေလိုက်တာ၊ အဖြစ်သည်းမနေနဲ့လို့တော့ မထင်လိုက်ကြပါနဲ့။ ဒီလို အအေးဒဏ်ကို ခံနိုင်ရည်မရှိတာက ပိန်တာ ဝတာနဲ့ သိပ်တော့မဆိုင်ပါဘူး။ ဘာတွေနဲ့ဆိုင်လဲ ချင့်ချိန်လို့ရအောင် ဖြစ်နိုင်ခြေတွေပြောပြမယ်နော်။
ပုံမှန်အအေးဒဏ်လေးတောင် မခံနိုင်ဘဲ အရမ်းချမ်း တတ်သူတွေဟာ
ဖြစ်နိုင်ပါတယ်။ သွေးအားနည်းတဲ့အခါ လူက ပင်ပန်းလွယ်တယ်၊ အားနည်းတယ်၊ အသက်ရှူမဝဖြစ်တယ်၊ အရမ်းချမ်း လွယ်တယ်၊ အထူးသဖြင့် ခြေဖျားလက်ဖျားအေးတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးစစ်၊ အားဆေးသောက်သင့်သောက်၊ စားသင့်တာစားရပါမယ်။
သိုင်းရွိုက်ဂလင်းက ဟော်မုန်းအလုံအလောက်မထွက်တာပါ။ ဒါ့ကြောင့်ပဲ အအေးဒဏ်ကို ခံနိုင်ရည်မရှိတာအပြင် အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း၊ ဝမ်းချုပ်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
ဆီးချိုရှိနေတယ်ဆို သွေးအားနည်းတာ၊ ကျောက်ကပ်ရောဂါ၊ သွေးလည်ပတ်မှုပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဆီးချိုကြောင့်ဖြစ်တဲ့ အာရုံကြောထိခိုက်မှုကနေလည်း ချမ်းစိမ့်ခြင်းကို ဖြစ်လွယ်စေပါတယ်။ အစားအသောက်၊ အနေအထိုင်ဂရုစိုက်ပြီး သွေးတွင်းသကြားဓာတ်ကိုထိန်းတာက အထောက်အကူဖြစ်စေနိုင်ပါတယ်။