
ခြေထောက်မှာ ပြတဲ့ ကျန်းမာရေးလက္ခဏာများကတော့
ခြေဖျားတွေ အေးစက်နေတယ်ဆိုရင်ဖြစ်နိုင်ခြေတစ်ခုကသွေးလည်ပတ်မှုမကောင်းတာ။ ဘာတွေကြောင့်လည်းဆိုတော့ဆေးလိပ်သောက်ခြင်း၊သွေးတိုး၊ နှလုံးရောဂါ တို့လို အကြောင်းရင်းတွေကြောင့်ပါ။သေချာမထိန်းချုပ်နိုင်တဲ့ ဆီးချိုရောဂါကြောင့် အာရုံကြော ထိခိုက်လို့ ခြေထောက်တွေ အေးလာရတာဖြစ်ပါတယ်။ တခြားဖြစ်နိုင်ခြေတွေထဲမှာ သိုင်းရွိုက်ဟော်မုန်း နည်းခြင်း၊သွေးအားနည်းခြင်းတို့ပါဝင်နိုင်ပါတယ်။
ခြေထောက်နာတာ ဖြစ်လာရင် ဖိနပ်ကိုပဲ အပြစ်တင်ကြပါလိမ့်မယ်။ ဒါပေမယ့်ဒေါက်ဖိနပ်ကြောင့်မဟုတ်တဲ့ခြေထောက်နာခြင်းက ဖိအားကြောင့် အရိုးမှာအနည်းငယ်အက်နေတာဖြစ်နိုင်ပါတယ်။နောက်တစ်ခုကလေ့ကျင့်ခန်းလုပ်တာ အရမ်းပြင်းထန်လို့ဖြစ်နိုင် ပါတယ်။ ဘက်စကတ်ဘောနဲ့ တာဝေးပြေးခြင်းတို့လို ဝိတ်ဖိအားသက်ရောက်မှုများတဲ့အားကစားတွေကြောင့်ပေါ့။ အရိုးပွတာ၊ အရိုးအားနည်းတာကြောင့်လည်းဖြစ်နိုင်ပါတယ်။