ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ ကို သိရှိထားဖြင်းဖြင့် ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ဘာရောဂါဖြစ်နေသလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရောဂါလက္ခဏာများ

ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ

ဆောင်းရာသီ လူတိုင်း ချမ်းတဲ့အချိန်မှာ ချမ်းတာ ပုံမှန်ပဲလို့ ဆိုနိုင်ပေမယ့် နွေခေါင်ခေါင် လူတိုင်း ပူနေချိန်မှာ ချမ်းတယ်လို့ ခံစားနေရမယ်။ အချိန်တိုင်းလိုလို ချမ်းနေမယ်ဆိုရင်တော့ ကျန်းမာရေး ပြဿနာ ရှိနေတာ ဖြစ်နိုင်ပါတယ်။ ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ ဆိုတာကို မသိချင်ဘူးလား ...... ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ ဆိုတဲ့ အဖြေကို သိနိုင်ဖို့ ဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။ ဆောင်းပါးလေး ဖတ်ရင်း အတူတူ အဖြေရှာ ကြည့်လိုက်ရအောင်လား။ ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ တစ်ချိန်လုံး ချမ်းတယ်လို့ ခံစားနေရတာ ဒီအချက်တွေကြောင့်ပါ။ သွေးအားနည်း ရောဂါ ရှိတာ ကိုယ်ထဲမှာ သွေးနီဥဆဲလ်တွေ လုံလုံလောက် မရှိတဲ့ အခါ အဆုတ်နဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်စွာ ရရှိဖို့ ခက်ခဲသွားပါတယ်။ ဒီအခြေအနေကို […]

ရောဂါလက္ခဏာများ ကို ရှာဖွေမည်။

အခြားအရေပြားပြဿနာများ

Pilonidal Cyst (အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pilonidal Cyst ( အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်) ကဘာလဲ။ အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်။ သည် အရေပြားပေါ်တွင်ပေါ်လာသောပုံမှန်မဟုတ်သည့်အိတ်ဖြစ်ပြီး များသောအားဖြင့် ဆံပင်နှင့်အရေပြားအပိုင်းအစများပါတတ်သည်။ ထိုအိတ်သည် အမြဲတမ်းနီးပါး မြီးညှောင့်ရိုး တင်ပင်းထိပ်တွင်ရျိလေ့ရှိသည်။ အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်သည်အမျှင်မှအရေပြားကိုဖောက်ပြီး နှစ်မြှုပ်သွားသည့်အခါတွင်ဖြစ်သည်။ ထိုအိတ်မှ ရောဂါပိုးဝင်သွားပါကပြည်တည်ပြီး အလွန်နာတတ်သည်။ ထိုအိတ်ကို ခွဲကြောင်းအသေး သို့မဟုတ် ခွဲစိတ်ခြင်းဖြင့်ဖယ်ထုတ်နိုင်သည်။ အထိုင်များသောသူ ဥပမာ ကုန်ကားမောင်းသူ မျိုးတွင်ပိုဖြစ်နိုင်သည်။ Pilonidal Cyst ( အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာများသောအားဖြင့် လူငယ်ယောက်ျားလေးများတွင်အဖြစ်များပြီး ပြန်ဖြစ်တတ်သည်။ အချိန်ကြာကြီးထိုင်နေရသူ ဥပမာ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPilonidal Cyst ( အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ ထိုအိတ်တွင်ရောဂါပိုးဝင်သွားပါက ပြည်တည်ကျိတ်ဖြစ်သွားလိမ့်မည်။ ရောဂါပိုးဝင်ပြီး အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်၏လက္ခဏာများမှာ နာခြင်း ရဲခြင်း ပြည် သို့မဟုတ် သွေးများ အရေပြားပွင့်နေသောနေရာမှထွက်လာခြင်း ပြည်မှအနံဆိုးံများနံခြင်း   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ စောစီးစွာသိပြီးကုသပါက ရောဂါပိုဆိုးလာခြင်းနှင့် အခြားအရေးပေါ်ပြသာနာများမှကာကွယ်နိုင်သည်။ ထို့ကြောင့် ထိုပြင်းထန်သောအချိန်မရောက်မီ စောစီးစွာဆရာဝန်နှင့်တိုင်ပင်ပါ။ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် […]


အခြေခံကျန်းမာရေး

Restless Legs Syndrome (Restless Leg Syndrome)

အဓိပ္ပါယ်ဖွင့်ဆိုချက်Restless Legs Syndrome (Restless Leg Syndrome) ကဘာလဲ။ Restless leg syndrome ကို Ekbom disease လို့လည်းခေါ်ပါတယ်။ ခြေထောက်လှုပ်ရှားချင်စိတ်ကို မထိန်းနိုင်သော အာရုံကြောရောဂါတစ်မျိုးပါ။ ခြေဖဝါး၊ ခြေသလုံးနဲ့ ပေါင်တို့မှာလဲ ယွစိယွစိဖြစ်နေတဲ့ ခံစားချက်ရှိနေနိုင်ပါတယ်။ ညနေဘက်တွေ၊ ညဘက်တွေမှာ ထိုခံစားချက်ပိုပြင်းထန်လာနိုင်ပြီး ခြေထောက်တင်မကပဲ လက်မှာလဲဖြစ်နိုင်ပါတယ်။   Restless leg syndrome ဟာ PLMS လို့ခေါ်သော အိပ်နေစဉ် ခြေတို့လက်တို့ ဆတ်ကနဲလှုပ်သွားခြင်းမျိုးနဲ့ ဆက်နွယ်မှုရှိနေနိုင်ပါတယ်။ တချို့လူတွေက ရံဖန်ရံခါသာ ဖြစ်တတ်သော်လည်း တချို့ကတော့ နေ့တိုင်း လိုလိုဖြစ်နေတတ်ပါတယ်။ ရောဂါလက္ခဏာတွေက အနည်းငယ်ရှိသလို ပြင်းထန်တာတွေလည်းရှိပါတယ်။ ဆိုးရွားလာရင် အရမ်းစိတ်ပျက်စရာကောင်းပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာပါ နှောက်ယှက်လာနိုင်ပါတယ်။ Restless Legs Syndrome (Restless Leg Syndrome) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေး၊ ကျားမ […]


အခြေခံကျန်းမာရေး

Hyperhidrosis (ချွေးထွက်လွန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hyperhidrosis (ချွေးထွက်လွန်ခြင်း) ကဘာလဲ။ ချွေးထွက်လွန်ခြင်းသည် အပူချိန်များခြင်း သို့မဟုတ် လေ့ကျင့်ခန်းလုပ်သောအချိန်မျိုးတွင်ပုံမှန်ထက်ပို၍ချွေးထွက်ခြင်းဖြစ်သည်။ ချွေးထွက်များခြင်းကြောင့် သင့်အဝတ်စိုရွဲသွားခြင်း သို့မဟုတ် ချွေးများလက်ကစီးကျလာခြင်းထိဖြစ်တတ်သည်။ ထိုပြင် သင့်ပုံမှန်လုပ်ဆောင်ချက်များကိုအနှောက်အယှက်ပေးမည့်အပြင် ချွေးထွက်လွန်ခြင်းကြောင့် ဒေါသထွက်လွယ်ခြင်း အရှက်ရခြင်းတို့ပါဖြစ်တတ်သည်။ ချွေးထွက်ခြင်းသည်အရှက်ရစေသည် အကျီများကိုစိုစေသည် ။ အချစ်ဇာတ်လမ်းများပျက်စီးစေသည် စီးပွားရေး ပတ်ဝန်းကျင်တွင်ရှုပ်ထွေးမှုများဖြစ်လာနိုင်သည်။ ပိုဆိုးပါက ဘောပင်ကိုင်ရန် ကားလက်တန်းကိုင်ရန် သို့မဟုတ် လက်ဆွဲနှုတ်ဆက်ရန်ခက်ခဲသည်အထိဖြစ်တတ်သည်။ Hyperhidrosis (ချွေးထွက်လွန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများHyperhidrosis (ချွေးထွက်လွန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ချွေးထွက်လွန်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ များသောများဖြင့် လူများသည် လေ့ကျင့်ခန်းလုပ်ခြင်းငို့မဟုတ် ပင်ပင်ပန်းပန်းလုပ်လိုက်ခြင်း ပူသောရာသီဥတုတွင်နေခြင်း ရင်တုန်ခြင်း စိတ်ဖိစီးမှုများသောအခါမျိုးတွင်မှ ချွေးထွက်တတ်ကြသည်။ ချွေးထွက်လွန်ခြင်းရှိသူတွင်ပုံမှန်ထက်အများကြီးပိုထွက်နေနိုင်သည်။ ချွေးထွက်ခြင်းသည် များသောအားဖြင့်လက် ခြေ လက်မောင်း သို့မဟုတ် မျက်နှာတွင်ဖြစ်တတ်ပြီး အနည်းဆုံး တစ်ပါတ်တခါ လမ်းလျောက်သောအချိန်များတွင်ပိုဖြစ်တတ်သည်။ ချွေးထွက်ခြင်းသည် ခန္ဓါကိုယ်နှစ်ခြမ်းလုံးတွင်ဖြစ်တတ်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ […]


ရောဂါလက္ခဏာများ

Galactorrhea ( နို့ရည်စိမ့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Galactorrhea ( နို့ရည်စိမ့်ခြင်း) ကဘာလဲ။ နို့ရည်စိမ့်ခြင်းသည် သားမြတ်ခေါင်းမှ နို့ရည်များစိမ့်ထွက်သော အခြေအနေဖြစ်ပြီး နို့တိုက်မိခင်များရှိ နို့ရည်ထွက်ခြင်းနှင့်မတူပါ။ နို့ရည်စိမ့်ခြင်းမှာ သူကိုယ်တိုင်သဘောအရ ရောဂါတစ်ခု မဟုတ်သော်လည်း အောက်ခံရောဂါတစ်ခု၏ လက္ခဏာဖြစ်နိုင်ပါသည်။ ကလေးတစ်ခါမှမမွေးဖူးသော သို့မဟုတ် သွေးဆုံးပြီးသော အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိသည်။ သို့သော် နို့ရည်စိမ့်ခြင်းမှာ အမျိုးသားများရော တစ်နှစ်သားကလေးများတွင်ပါ ဖြစ်ပွားတတ်ပါသည်။ ရင်သားအား လွန်ကျူးစွာလှုံ့စော်မှုလုပ်ခြင်း၊ ဆေးဝါဘေးထွက်ဆိုးကျိုးများ၊ ပစ်ကျူထရီဂလင်း ပုံမှန်မဟုတ်ခြင်းများ စသည်တို့မှာ နို့ရည်စိမ့်ခြင်းဖြစ်နိုင်သော အကြောင်းရင်းများဖြစ်ပါသည်။ နို့ရည်စိမ့်ခြင်းမှာ နို့ထွက်စေသော ဟော်မုန်းဖြစ်သည့် ပရိုလက်တင်လယ်ဗယ် မြင့်လာခြင်းကြောင့် ဖြစ်ရကြောင်းဆိုပါသည်။ တစ်ခါတစ်ရံတွင်တော့ နို့ရည်စိမ့်ရခြင်းအကြောင်းရင်းကို ဆုံးဖြတ်လို့မရသည်လည်း ရှိပါသည်။ ထိုအခြေအနေမှာ အလိုလိုပျောက်ကင်းနိုင်၏။ Galactorrhea ( နို့ရည်စိမ့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ မျိုးပွားနိုင်သည့်အရွယ် အမျိုးသမီးများတွင် အဖြစ်အများဆုံးဖြစ်ပြီး ကလေးမမွေးဖူးသော […]


အခြေခံကျန်းမာရေး

Ganglion cysts (ကင်ဆာမဟုတ်သော အဖုအကျိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ganglion cysts (ကင်ဆာမဟုတ်သော အဖုအကျိတ်) ကဘာလဲ။ Ganglion cysts ဆိုတာ သင့်လက်ကောက်ဝတ်/လက်ရဲ့ အရွတ်ကြော သို့မဟုတ် အဆစ်ပေါ်မှာ အဖြစ်အများဆုံးဖြစ်တဲ့ ကင်ဆာမဟုတ်သော အဖုအကျိတ်တစ်မျိုးပါ။ ခြေကျင်းဝတ်/ခြေထောက်မှာလည်း ဖြစ်နိုင်ပါတယ်။ Ganglion cysts ဟာ ပုံမှန်အားဖြင့် အဝိုင်း၊ဘဲဥပုံရှိပြီး ဂျယ်လီလိုအရည်တွေနဲ့ ပြည့်နေပါတယ်။ သေးတဲ့ Ganglion cysts တွေဟာ ပဲစေ့အရွယ်လောက်ရှိပြီး ကြီးလျှင်တော့ အချင်းတစ်လက်မလောက်အထိ ရှိနိုင်ပါတယ်။ Ganglion cystsဟာ အနီးအနားက အာရုံကြောကိုဖိမိလျှင် နာကျင်မှုကို ခံစားရနိုင်ပါတယ်။ သူတို့ရဲ့တည်နေရာက တခါတရံ အဆစ်လှုပ်ရှားမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ Ganglion cysts (ကင်ဆာမဟုတ်သော အဖုအကျိတ်) က ဘယ်လောက်အဖြစ်များသလဲ Ganglion cysts ဟာ လက်မှာ အဖြစ်အများဆုံး အဖုအကျိတ်ဖြစ်ပါတယ်။ အသက်၁၅နှစ်မှ ၄၀အတွင်း လူငယ်တွေမှာ အဖြစ်အများဆုံးဖြစ်ပြီး အမျိုးသားတွေထက် […]


အခြေခံကျန်းမာရေး

Strep Throat (စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Strep Throat (စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်း) ကဘာလဲ။ စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်းသည် စထရပ်တိုကောကတ် ဘတ်တးီရီးယားကြောင့်ဖြစ်သော ရောဂါတမျိုးဖြစ်သည်။ ရောဂါလက္ခဏာများက ဗိုင်ရပ်ကြောင့်ဖြစ်သော လည်ချောင်းနာခြင်းထက်ပိုပြင်းထန်တတ်သည်။ စထရပ်ကြောင့်ဖြစ်သောလည်ချောင်းနာခြင်းကိုမကုပါက နောက်ဆက်တွဲအနေနှင့် ရူမတွိုဒ် အဖျားကိုဖြစ်စေတတ်သည်။ Strep Throat (စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက် ငါးနှစ်မှ ဆယ့်ငါးနှစ် အတွင်းပိုဖြစ်တတ်သော်လည်း အသက်အရွယ်တိုင်းတွင်ပိုဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများStrep Throat (စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါလက္ခဏာများကက စထရပ်ရောဂါပိုးကြောင့်ဖြစ်သောလည်ချောင်းနာခြင်းကိုထိမိပြီး နှစ်ရက်မှ ငါးရက်အတွင်းဖြစ်နိုင်သည်။ ရောဂါလက္ခဏာများမှာ လည်ချောင်းနာခြင်း သို့မဟုတ် မျိုချရခက်ခြင်း ဖျားခြင်း ခေါင်းကိုက်ခြင်း အနီကွက်ထွက်ခြင်း ဗိုက်အောင့်ခြင်း အစားအသောက်ပျက်ခြင်း သို့မဟုတ် ပျို့ခြင်း ကြွက်သားနာခြင်းနှင့်အဆစ်များကိုက်ခြင်း အာသီးနီခြင်း ယောင်ခြင်းနှင့် အဖြူကွက်များ သို့မဟုတ် ပြည်များရှိတတ်ခြင်း။ အနီစက်များ ပါးစက်အပေါ်တွင်ပေါ်လာနိုင်သည်။ လည်ပင်းအကျိတ်များကြီးခြင်းကြောင့် ယောင်ခြင်း နှင့်နာခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ လည်ချောင်းနာခြင်းမှ ယောင်ခြင်း လည်ကျိတ်ကြီးခြင်း လည်ချောင်းနာခြင်းသည် […]


အခြေခံကျန်းမာရေး

Hidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) ကဘာလဲ။ ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်းသည် နှာတာရှည် ခဏခဏပြန်ဖြစ်သောရောဂါဖြစ်ပြိး နာကျင်ခြင်းကိုဖြစ်စေတတ်သည်။ အစောပိုင်းတွင် သင့်အရေပြားပေါ်ဝက်ခြံကဲ့သို့သောအဖုများပေါ်လာမည်။ ထိုအဖုများကပျံ့သွားပြီး ဝက်ခြံမပေါက်တတ်သောနေရာများတွင်ပင်ပေါ်လာသည်။ Hidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ တစ်ရာခါနှုန်းသောသူများတွင်နိုင်သည်။-သို့သော် အချို့သူများတွင်ရှက်သောကြောင့်ကုသမှုမခံယူခြင်းလည်းရှိနိုင်သည်။ လက္ခဏာများHidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်းသည် ဝက်ခြံနှင့်မတူသောအချက်က အရေပြားမည်သည့်နေရာတွင်မဆိုဖြစ်နိုင်သည်။ အဖြစ်အများဆုံးနေရာမှာ ချိုင်းအောက်(တစ်ဖက်သို့မဟုတ် နှစ်ဖက်) ပေါင်ခြံကြား(လိင်အဂါီၤ စအိုဘေးနား နှင့် ပတ်ဝန်းကျင်နေရာ) ပေါင် တင်ပါးအပေါ် အမျိုးသမီးရင်သား(အောက်နှင့်တခါတရံရင်သားအပေါ်) ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်းစရှိပါက အောက်ပါတို့ကိုစသတိထားမိတတ်သည်။ တစ်ခု(သို့မဟုတ်တော်တော်များများ) ဝက်ခြံနှင့်တူသောအဖုများ အရေပြားပေါ်တွင်တွေ့ရပြီး တခါတရ့ပျောက်ပြီးပြန်ဖြစ်သည်။ ကုသမှုမခံယူပါက လူနာတွင်အောက်ပါတို့ဆက်ဖြစ်နိုင်သည် နာခြင်း။ နက်နက်သို့ရောက်ပြီး ပြန်ကောင်းပြန်ဖြစ်နေခြင်း ခဏခဏပြန်ဖြစ်နေရာမှအမာရွတ်ထင်ခြင်း အမာရွတ်သည်အချိန်ကြာလာသည်နှင့်အမျှမာလာခြင်း အရည်ပြားတွင်လိုဏ်ဂူကဲ့သို့သော လမ်းကြောင်းပေါ်လာခြင်း အရေပြားတွင်ပြင်းထန်စွာရောဂါပိုးဝင်ခြင်း အရေပြားကင်ဆာဖြစ်ခြင်း(ရှားရှားပါးပါးဝ လက္ခဏာများသည် မပြင်းထန်သည်မှ ပြင်းထန်သည်အထိဖြစ်နိုင်သည်။ လူလူချင်းမတူ လူတူသော်လည်းဖြစ်သောအချိန်မတူ ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ စောစိးစွာသိပါက ကုသမှုပိုထိရောက်နိုင်သည်။ အောက်ပါအခြေအနေများရှိပါကဆရာဝန်နှင့်တွေ့ပါ။ နာခြင်း အပါတ်အနည်းငယ်ကြာသည်အထိပြန်မကောင်းခြင်း ကုသပြီး အပါတ်အနည်းငယ်တွင်ပြန်ဖြစ်ခြင်း နေရာများစွာတွင်ပေါ်ခြင်း ခဏခဏပြန်ဖြစ်ခြင်း လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ အကြောင်းရင်းများHidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ အဘယ်ကြောင့်ဖြစ်သည်ကမသေချာသော်လည်း အချို့သူများက ချွေးပေါက်ပိတ်ခြင်းကြောင့်ဖြစ်သည်ဟုယူဆကြသည်။ အကယ်၍ ချွေးနှင့်အမှံုများက […]


အခြေခံကျန်းမာရေး

Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) ကဘာလဲ။ မျက်နှာအကြောလိုက်ခြင်းဆိုသည်မှာ ထိန်းချုပ်မရပဲအလိုအလျောက် မျက်နှာရှိ ကြွက်သားများ တောင့်ခြင်း၊ ကျုံ့ခြင်းကိုဆိုလိုသည်။ဥပမာ နှာခေါင်းရှံု့နေခြင်း မျက်တောင်အလျင်အမြန် ခက်နေခြင်းတို့ဖြစ်သည်။ အလိုအလျောက်ဖြစ်၍ထိန်းချုပ်မရသော်လည်း တခါတရံပြန်လည် ထိန်းချုပ်နိုင်တတ်သည်။ မျက်နှာအကြောလိုက်ခြင်းမှာ ပြင်းထန်သောရောဂါတခုမဟုတ်ပါ။ ကလေးအများစုတွင် မွေးဖွားပြီး လအနည်းငယ်အတွင်းထိ ထိုကဲ့သို့ ဖြစ်ပွားနိုင်ကြသည်။ Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အကြောလိုက်ခြင်းသည် ကလေးဘဝတွင်သာဖြစ်နိုင်သော်လည်း အသက်ကြီးသည်အထိ တခါတရံတွင်ဖြစ်လာနိုင်သည်။ ယောင်္ကျားလေးများတွင် မိန်းကလေးများထက် သုံးဆ၊လေးဆ နီးပါးပိုအဖြစ်များသည်။ ကလေးအရေအတွက်၏ လေးပုံတပုံခန့်ပင် တခါတရံဖြစ်ပွားနိုင်သည်။ ဆရာဝန်နှင့် ထပ်မံသိရှိလိုပါက တိုင်ပင်ပြသရန်။ လက္ခဏာများFacial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မျက်နှာအကြောလိုက်ခြင်းသည် ထပ်ကာထပ်ကာထိန်းချုပ်မရသော မျက်နှာကျံှု့ခြင်း များဖြစ်ပွားနိုင်သည်။ မျက်တောင်ခဏဏခက်ခြင်း မျက်နှာတွန့်ရှံု့ခြင်း ပါးစပ်ရွဲ့ခြင်း အလိုအလျောက် နှာခေါင်းရှံု့နေခြင်း မျက်စိစွေခြင်း ချောင်းခဏဏဟန့်ရခြင်း စသည်ဖြင့်လည်း ဖြစ်ပွားနိုင်သည်။ အထက်ပါလက္ခဏာရပ်များအပြင် ထပ်မံကျန်ရှိနိုင်သေးသည်။ စိုးရိမ်ရပါက ဆရာဝန်နှင့်ပြသတိုင်ပင်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ အကြောင်းရင်းများFacial tic disorder […]


အခြေခံကျန်းမာရေး

Obsessive Compulsive Disorder (အစွဲလန်းလွန်စိတ်ဝေဒနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Obsessive Compulsive Disorder (အစွဲလန်းလွန် စိတ်ဝေဒနာ ) ကဘာလဲ။ အစွဲလမ်းလွန် စိတ်ဝေဒနာ (obsessive compulsive disorder) ဆိုသည်မှာ လူနာ၏ တွေးခေါ်မှုနှင့် အပြုအမှုများကို ထိခိုက်စေသော စိတ်ရောဂါ တစ်မျိုးဖြစ်ပါသည်။ လူနာသည် အတွေးများ အမြဲပေါ်လာပြီး စွဲလန်းစိတ်နဲ့ တူညီသောလှုပ်ရှားမှုများကို ထပ်ခါထပ်ခါ ပြုလုပ်ပါသည်။ ဥပမာ တံခါးကို သော့ခတ်ထားသလား မထားသလား ဟု တွေးကာ တံခါးဆီသို့ ခဏခဏ သွားခြင်း ဖြစ်သည်။ လူနာများသည် ထိုသို့တွေးခြင်းကိုရပ်ရန် ကြိုးစား သော်လည်း စိတ်ရှုပ်ထွေးမှုနှင့် စိတ်တင်းမာမှု များသာ ထပ်မံ ဖြစ်စေပါသည်။ နောက်ဆုံးတွင် စိတ်သက်သာစေရန် ထိုလှုပ်ရှားမှုများကိုသာ လိုက်လံ ပြုလုပ်ပါတော့ သည်။ Obsessive Compulsive Disorder (အစွဲလန်းလွန် စိတ်ဝေဒနာ ) […]


ရောဂါလက္ခဏာများ

Acromegaly (ကိုယ်ခန္ဓါအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ၊ အေခရိုမက်ဂလီ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acromegaly (ကိုယ်ခန္ဓါအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ၊ အေခရိုမက်ဂလီ) ကဘာလဲ။ အေခရိုမက်ဂလီ ဆိုတာ ကြီးထွားမှု ဟော်မုန်းတွေ များခြင်းကြောင့် ဖြစ်တဲ့ ဟော်မုန်းရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီလိုများခြင်းက ခေါင်းမှာရှိတဲ့ အရေပြားနဲ့ အရိုးတွေ၊ မျက်နှာ လက်နဲ့ ခြေထောက်တွေက ခန္ဒါကိုယ်ထက် ကြီးထွားမှု ပိုမြန်စေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ မှုတွေ ဟာနှေးကွေးလာပြီး နှစ်နဲ့ ချီအောင် ပြောင်းလဲမှုတွေကို မတွေ့ရတတ်ပါဘူး။ အေခရိုမက်ဂလီ ကို မကုဘဲထားလျှင် ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ပါတယ်။ သင့်မှာ ရောဂါလက္ခဏာတွေ ပြလာလျှင် ဆရာဝန်နဲ့ ပြဖို့ အရေးကြီးပါတယ်။ Acromegaly (ကိုယ်ခန္ဓါအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ၊ အေခရိုမက်ဂလီ) က ဘယ်လောက်အဖြစ်များသလဲ အေခရိုမက်ဂလီ က အဖြစ်များတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် သက်လက်ပိုင်း ယောက်ျားနှင့် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း