ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ ကို သိရှိထားဖြင်းဖြင့် ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ဘာရောဂါဖြစ်နေသလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရောဂါလက္ခဏာများ

ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ

ဆောင်းရာသီ လူတိုင်း ချမ်းတဲ့အချိန်မှာ ချမ်းတာ ပုံမှန်ပဲလို့ ဆိုနိုင်ပေမယ့် နွေခေါင်ခေါင် လူတိုင်း ပူနေချိန်မှာ ချမ်းတယ်လို့ ခံစားနေရမယ်။ အချိန်တိုင်းလိုလို ချမ်းနေမယ်ဆိုရင်တော့ ကျန်းမာရေး ပြဿနာ ရှိနေတာ ဖြစ်နိုင်ပါတယ်။ ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ ဆိုတာကို မသိချင်ဘူးလား ...... ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ ဆိုတဲ့ အဖြေကို သိနိုင်ဖို့ ဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။ ဆောင်းပါးလေး ဖတ်ရင်း အတူတူ အဖြေရှာ ကြည့်လိုက်ရအောင်လား။ ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ တစ်ချိန်လုံး ချမ်းတယ်လို့ ခံစားနေရတာ ဒီအချက်တွေကြောင့်ပါ။ သွေးအားနည်း ရောဂါ ရှိတာ ကိုယ်ထဲမှာ သွေးနီဥဆဲလ်တွေ လုံလုံလောက် မရှိတဲ့ အခါ အဆုတ်နဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်စွာ ရရှိဖို့ ခက်ခဲသွားပါတယ်။ ဒီအခြေအနေကို […]

ရောဂါလက္ခဏာများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

Goodpasture syndrome (GPS)

အဓိပ္ပါယ်ဖွင့်ဆိုချက်Goodpasture syndrome ဆိုတာဘာလဲ။ Goodpasture syndrome ဆိုတာက အသက်သေစေနိုင်တဲ့ ကိုယ်ခံအားကနေ ပြန်တိုက်တဲ့ ရှားပါးရောဂါဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်က အဆုတ်နံရံတွေနဲ့ ကျောက်ကပ်ကဆီးစစ်ထုတ်တဲ့ ယူနစ်လေးတွေကို မှားယွင်းစွာတိုက်ခိုက်တဲ့အခါ သည်ရောဂါဖြစ်လာပါတယ်။ ရောဂါအမည်ကို ၁၉၁၉ မှာ ရောဂါကိုစတွေ့ခဲ့တဲ့ ဒေါက်တာ အာနက် ဂွတ်ပက်ချာကို အစွဲပြုပေးထားတာပါ။ အရေးတကြီး အတည်ပြု ကုသမှုတွေမလုပ်ဘူးဆိုရင် အဆုတ်မှာသွေးယိုလာမယ်၊ ကျောက်ကပ်လုပ်ငန်းတွေ ပျက်လာမယ်။ နောက်ဆုံးမှာ သေသွားပါလိမ့်မယ်။   Goodpasture syndrome ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Goodpasture syndrome က ကိုယ်ခံအားကပြန်တိုက်တဲ့ ရှားပါးရောဂါဖြစ်ပြီး အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်။ စဖြစ်တဲ့အသက်အရွယ်က ၂၀ နဲ့ ၃၀ ကြားဖြစ်ပေမယ့် ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ ရောဂါကို ၁၉၁၉ မှာ စတွေ့ခဲ့ပြီး ယခုထိ ဖြစ်ပွားသူ ၆၀၀ လောက်သာ […]


အခြေခံကျန်းမာရေး

Mirizzi syndrome (Mirizzi syndro)

အဓိပ္ပါယ်ဖွင့်ဆိုချက်Mirizzi syndrome ဆိုတာဘာလဲ။ Mirizzi syndrome ကို သည်းခြေအိတ်ပြွန် သို့မဟုတ် သည်းခြေအိတ်ရဲ့ Hartmann’s pouch မှာ တစ်နေတဲ့သည်းခြေကျောက်ကြောင့်ဖြစ်လာတဲ့ အတွင်းပိုင်းဖိအားကနေ ဘုံသည်းခြေပြွန်ပိတ်ခြင်း ဆိုပြီး အဓိပ္ပါယ်သတ်မှတ်ပါတယ်။ Mirizzi syndrome ကိုသည်းခြေအိတ်နဲ့ သည်းခြေပြွန်ကို တိုးလျှိုးပေါက်ဆက်တဲ့ Fistula ပါမပါနဲ့ ကြီးမကြီးပေါ်မူတည်ပြီး အမျိုးအစားခွဲပါတယ်။ အမျိုးအစား ၁ (Mirizzi syndrome ၁၁%) – သည်းခြေအိတ်ရဲ့လည်ပင်းပိုင်း ဒါမှမဟုတ် သည်းခြေပြွန်မှာ ကျောက်တုံးတစ်တဲ့အတွက် ဘုံသည်းခြေပြွန်အပေါ် ဖိအားဖြစ်လာခြင်း အမျိုးအစား ၂ (Mirizzi syndrome ၄၁%) – ဘုံသည်းခြေပြွန်ရဲ့ အလုံးပတ် ၃ပုံ၁ပုံအောက် Fistula ဖြစ်နေခြင်း အမျိုးအစား ၃ (Mirizzi syndrome ၄၄%) – ဘုံသည်းခြေပြွန်ရဲ့အလုံးပတ် ၃ပုံ၁ပုံကနေ ၃ပုံ၂ပုံအထိ Fistula ဖြစ်နေခြင်း အမျိုးအစား […]


အခြေခံကျန်းမာရေး

Malabsorption Syndrome (အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ဆိုတာ ဘာလဲ။ အစားအစာတွေမှာပါဝင်တဲ့ အာဟာရ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို အူနံရံကတဆင့် သွေးထဲရောက်အောင် စုပ်ယူနိုင်စွမ်းအားနည်းတဲ့ ရောဂါစုကို ဆေးပညာအရ Malabsorption syndrome လို့ ခေါ်ပါတယ်။   အာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများအာဟာရဓါတ် စုပ်ယူမှုအားနည်းသည့် ရောဂါစု (Malabsorption syndrome) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဒီရောဂါစုရဲ့ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ ဝမ်းထဲ နေမထိထိုင်မသာဖြစ်ခြင်း၊ လေပွခြင်း၊ ဗိုက်ကယ်ခြင်း မကြာခဏ ဝမ်းလျှောခြင်း အနံ့မကောင်းသည့် အရည်ဝမ်းသွားခြင်း ဝမ်းအရောင်ဖျော့ခြင်း ရေလောင်းချသော်လည်း အိမ်သာခွက်တွင် ဝမ်းကပ်ကျန်နေခြင်း ကိုယ်အလေးချိန်ကျခြင်း အရေပြားအကြေးထသလို အဖုအပိမ့် အနီကွက်များထွက်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာ အထက်ဖော်ပြပါ […]


အခြေခံကျန်းမာရေး

Nosocomial infections (hospital-acquired nosocomial infections) (နိုဆိုကိုမီရယ် ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်နိုဆိုကိုမီရယ် ရောဂါပိုး ဆိုတာဘာလဲ။ နိုဆိုကိုမီရယ် ရောဂါတွေဟာ ဆေးရုံလိုမျိုးပတ်ဝန်းကျင်တွေကနေ ရရှိလာတာဖြစ်ပါတယ်။ ယခုအခါ နိုဆိုကိုမီရယ် ရောဂါကို ဆေးရုံမှရရှိသောရောဂါ/ကျန်းမာရေးစောင့်ရှောက်မှုမှရှိသောရောဂါ (HAI)လို့ ခေါ်ဝေါ်နေကြပါပြီ။ HAI လို့ခေါ်ဖို့ဆိုရင် ကျန်းမာရေးစောင့်ရှောင်မှုမခံယူခင် ထိုရောဂါမဖြစ်နေဖို့ လိုအပ်ပါတယ်။ HAI အတွေ့ရများဆုံး လူနာဆောင်ကတော့ အထူးကြပ်မတ်ကုသဆောင် (ICU) ပဲဖြစ်ပါတယ်။   HAI ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ဆေးရုံတက်သူ၁၀ယောက်မှာ ၁ယောက်နှုန်း HAI ဖြစ်ပွားလျှက်ရှိပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများHAI ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ HAI ခေါ်ဖို့အတွက် အောက်ပါတို့ဖြစ်ရပါမယ်။ ဆေးရုံတက်ပြီး ၄၈နာရီအတွင်း ဆေးရုံဆင်းပြီး ၃ရက်အတွင်း ခွဲစိတ်ပြီး ရက်၃၀အတွင်း ပိုးဝင်ခြင်းကြောင့်မဟုတ်ဘဲ အခြားသောရောဂါဖြင့် ဆေးကုသမှုခံယူနေခြင်း HAI ရဲ့ ရောဂါလက္ခဏာတွေက အမျိုးအစားအလိုက်ကွဲပြားပါတယ်။ အဖြစ်များဆုံး HAI အမျိုးအစားတွေက အောက်ပါတို့ပဲဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ခွဲစိတ်ထားတဲ့နေရာပိုးဝင်ခြင်း အစာအိမ်နှင့်အူလမ်းကြောင်းရောင်ခြင်း ဦးနှောက်အမြှေးပါးရောင်ခြင်း အဆုတ်ရောင်ခြင်း ထိုပိုးဝင်ခြင်းတို့အတွက်ရောဂါလက္ခဏာတွေက အောက်ပါတို့ပဲဖြစ်ပါတယ်။ ဒဏ်ရာမှသွေးထွက်ခြင်း ဖျားခြင်း ချောင်းဆိုးခြင်း၊ […]


အခြေခံကျန်းမာရေး

Proteus syndrome

အဓိပ္ပါယ်ဖွင့်ဆိုချက်Proteus syndromeဆိုတာဘာလဲ။ Proteus syndrome ဆိုတာ သင့်ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုမှာ ပိုမိုပြီးကြီးထွားနေတဲ့လက္ခဏာကို ဆိုလိုပါတယ်။ ဒီလို ကြီးထွားမှုဟာ များသောအားဖြင့် မညီညာပါဘူး။ ဆိုလိုတာက ဘယ်ဘက်နဲ့ညာဘက် မှာ ဖြစ်တာခြင်းက ကွဲပြားပါတယ်။ Proteus syndromeဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Proteus syndrome ဆိုတာ အရမ်းကို ရှားတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဆေးပညာ စာပေတွေအရ ဒီရောဂါဟာ လူနာပေါင်း အယောက်၂၀၀လောက်မှာဖြစ်ဖူးတယ်လို့ ဖော်ပြထားပြီး လူမျိုးမရွေးဖြစ်ကြတယ်လို့ ဆိုထားပါတယ်။ သို့သော်လည်း လေ့လာသူတွေကတော့ proteus syndrome ရှိတဲ့လူနာတွေမှာ သေချာ စမ်းသပ်မှုတွေပြုလုပ်တဲ့အခါမှာ လူအယောက်၁၀၀လောက်ကသာ ဒီရောဂါနဲ့ကိုက်ညီတယ်လို့ဆိုကြပါတယ်။ Proteus syndrome ရဲ့ ရောဂါကို နာမည်တပ်ဖို့ရာအတွက် ခက်ခဲတာကြောင့် တစ်ချို့သောလူတွေမှာ ရောဂါရှာဖို့ အမည်တပ်ဖို့ အရမ်းခက်ခဲနိုင်ပါတယ်။ ဒီ ရောဂါမရှိပဲနဲ့လည်း ဒီရောဂါဆိုပြီး […]


အခြေခံကျန်းမာရေး

Von Willebrand disease (ဗွန်ဝီလီဗရန် ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဗွန်ဝီလီဗရန် ရောဂါ ဆိုတာဘာလဲ။ ဗွန်ဝီလီဗရန် ရောဂါဆိုတာ သွေးမှန်မှန်မခဲတဲ့ ရောဂါပါ။ မွေးရာပါချို့ယွင်းချက်နေအနေနဲ့ ပါလာပြီး ရောဂါရှိကြောင့်လက္ခဏာတွေကိုလည်း နှစ်ပေါင်းများစွာ မပြသဘဲရှိတတ်ပါတယ်။ သွားဆေးခန်းသွားပြီ သွားဘက်ဆိုင်ရာခွဲစိတ်မှုပြုလုပ်ချိန်၊ မိန်းတွေဆိုရင် ရာသီလာချိန်တွေရောက်မှသာ သွေးများစွာထွက်ပြီး မရပ်တန့်တော့တာတွေကြောင့် ဗွန်ဝီလီဗရန် ရောဂါရှိမှန်း သိရှိကြရပါတယ်။ ဗွန်ဝီလီဗရန် ရောဂါဆိုတာ မွေးရာပါရောဂါတစ်မျိုးပါ။ သွေးခဲမှုဖြစ်စဉ်မှာအရေးကြီးတဲ့ ပရိုးတင်းထုတ်လုပ်မှုအတွက် တာဝန်ရှိသော မျိုးရိုးဗီမှာ ချို့ယွင်းမှုပေါ်ခြင်းကြောင့်ဖြစ်ပါတယ်။ ဗွန်ဝီလီဗရန် ရောဂါဟာ ပျောက်ကင်းအောင် ကုသလို့မရပါဘူး။ ဒါပေမယ့် မှန်ကန်တဲ့နည်းလမ်းတွေ၊ ဂရုစိုက်စောင့်ရှောက်မှုတွေနဲ့ဆိုရင် သာမန်ဘဝတစ်ခုအနေနဲ့ နေထိုင်သွားနိုင်ကြမှာပါ။ ဗွန်ဝီလီဗရန် ရောဂါဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ဗွန်ဝီလီဗရန် ရောဂါဖြစ်ပွားနှုန်းက လူအယောက်၁၀၀မှာ ၁ယောက်ပါ။ ဒါပေမယ့်လည်း ရောဂါရှိသူအများစုက ရောဂါလက္ခဏာတွေ မပြကြပါဘူး။ ကုသရေးမှာ တွေ့ရှိတဲ့လူနာအရေအတွက်နဲ့ဆိုရင် လူအယောက်၁၀၀၀မှာ ၁ယောက်နှုန်းဖြစ်သွားပါတယ်။ ထိုရောဂါအများစုက သိပ်မပြင်းထန်ကြတာကြောင့် အမျိုးသမီးတွေမှာပဲ ရာသီလာချိန်နဲ့ကိုက်ပြီး တွေ့ရှိကြတာပိုများပါတယ်။ သွေးအုပ်စု’အို’ဆိုရင်လည်း […]


အခြေခံကျန်းမာရေး

Jervell and Lange Nielsen syndrome (Jervell and Lange Nielsen syndrome)

အဓိပ္ပါယ်ဖွင့်ဆိုချက်Jervell and Lange Nielsen syndrome ဆိုတာဘာလဲ။ Jervell and Lange Nielsen syndrome ဆိုတာအရမ်းကိုရှားတဲ့ မျိုးရိုးလိုက်တဲ့ ရောဂါအခြေအနေတစ်ခုဖြစ်ပြီး သူ့ရဲ့ရောဂါလက္ခဏာတွေကတော့ မွေးရာပါ နားမကြားခြင်းနဲ့နှလုံးရဲ့ electrical activity တွေကို ပုံမမှန်ဖြစ်စေပါတယ်။ Jervell and Lange Nielsen syndromeဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Jervell and Lange Nielsen syndrome ဟာလုံးဝကိုအတွေ့ရမများပါဘူး။ ယောက်ကျားနဲ့မိန်းမ အားလုံးကို ညီတူညီမျှသာ အကျိုးသက်ရောက်စေပါတယ်။ သို့သော်အမျိုးသမီးတွေကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ထိကြီးမဖြစ်တတ်ကြပါဘူး။ တစ်သိန်း မွေးပါက ၁ယောက်မှ ၆ယောက်ထိဖြစ်နိုင်ပါတယ်။ ပိုပြီး အဖြစ်များတဲ့နိုင်ငံတွေကတော့ နော်ဝေးတို့ ဆွီဒင်တို့ဖြစ်ပါတယ်။ အခြားသောအချက်အလက်များကို သိရဖို့သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။   ရောဂါလက္ခဏာများJervell and Lange Nielsen syndromeရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ JLNS ရဲ့ရောဂါလက္ခဏာတွေဟာ […]


အခြေခံကျန်းမာရေး

နာတာရှည်ပင်ပန်းနွမ်းနယ်မှုဝေဒနာ

နာတာရှည်ပင်ပန်းနွမ်းနယ်မှုဝေဒနာ ဆိုသည်မှာ နာတာရှည်ပင်ပန်းနွမ်းနယ်မှုဝေဒနာ ဆိုတာ ရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲ အကြောင်းအရင်းမရှိ အလွန်အမင်းပင်ပန်းနွမ်းနယ်နေတဲ့ အခြေအနေကို ဆိုလိုပါတယ်။ ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားအားထုတ်မှု ပြုလုပ်တဲ့အခါ ပင်ပန်းနွမ်းနယ်မှု ပိုဆိုးတတ်ပေမယ့် အနားယူလိုက်ရင်လည်း သက်သာမသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ နာတာရှည်ပင်ပန်းနွမ်းနယ်မှုဝေဒနာကို ဆေးပညာအရ Myalgic encephalomyelitis (ME)၊ Systemic exertion intolerance disease (SEID) လို့လည်း ခေါ်ဝေါ်ကြပါတယ်။ နာတာရှည်ပင်ပန်းနွမ်းနယ်မှုဝေဒနာရဲ့ လက္ခဏာတွေက ဘာတွေလဲ နာတာရှည်ပင်ပန်းနွမ်းနယ်မှုဝေဒနာ ဆိုတဲ့ နာမည်အတိုင်း ၎င်းရဲ့ အဓိကလက္ခဏာက ပင်ပန်းနွမ်းနယ်ခြင်းဖြစ်ပြီး အခြား လက္ခဏာ ၈ခုနဲ့ ပူးတွဲတွေ့ရတတ်ပါတယ်။ မေ့တတ်ခြင်း၊ အာရုံစူးစိုက်နိုင်မှု အားနည်းခြင်း လည်ချောင်းနာခြင်း လည်ပင်းနှင့်ချိုင်းရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း အကြောင်းအရင်းမရှိဘဲ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း ရောင်ရမ်းခြင်း၊ နီရဲခြင်းမရှိဘဲ အဆစ်အမျက်များ နာကျင်ကိုက်ခဲခြင်း ပုံမှန်မဟုတ်သည့် ခေါင်းကိုက်ဝေဒနာများ ခံစားရခြင်း […]


အခြေခံကျန်းမာရေး

ပြန်ရည်ကြောဖောရောင်ခြင်း

Lymphedema ( ပြန်ရည်ကြောဖောရောင်ခြင်း) Lymphedema ဆိုသည်မှာ ပြန့်ရည်ကြောစနစ် စီးဆင်းမှု့ မမှန်ခြင်းကြောင့် ခြေ/ လက်များ အစုံလိုက်သော်၎င်း၊ တစ်ဖက်ခြင်း သော်၎င်း ဖောခြင်းဖြစ်ပါသည်။ ပြန့်ရည်ကြောစနစ် ဆိုသည်မှာ အဘယ်နည်း။ ပြန့်ရည်ကြောစနစ်ဆိုသည်မှာ ပြန့်ရည်ကြောများကို ခန္ဓါကိုယ် တစ်ခုလုံး ကွန်ရက်သဖွယ် ဆက်သွယ်ထားခြင်းကို ခေါ်ပါသည်။ ယင်းစနစ်၏ ရည်ရွယ်ချက်မှာ တစ်ရှူးများတွင် ပိုလျံနေသော အသားဓါတ်နှင့် အဆီဓါတ်၊ အခြားစွန့်ပစ် ပစ္စည်းများကို သယ်ဆောင်ပေးပါသည်။ ယင်းပြန့်ရည်များကို ပြန့်ရည်ကြော အဖုများသို့ သယ်ဆောင်ပေးပြီး စွန့်ပစ်အဆိပ်အတောက်များနှင့် ရောဂါပိုးမွားများကို lymphocytes များ၏ အကူအညီနှင့် တိုက်ဖျက်ပါသည်။ ထို့သို့ lymphocytes များမှ ရှင်းလင်းပြီး ကျန်သော အကျိုးပြုဓါတ်များကို သွေးကြောထဲသို့ ပြန်လည် ပို့ဆောင်ပေးပါသည်။ သို့သော် အကြောင်းရင်း တစ်ခုခုကြောင့် ယင်းပြန့်ရည်ကြောများ ပိတ်ဆို့နေပါက ယင်းပိတ်ဆို့သော […]


ရောဂါလက္ခဏာများ

ချွေးစေးထွက်ခြင်း နှင့် ညဘက်ချွေးထွက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းတွေက ဘာတွေလဲ

ပူသော ရာသီဥတုတွင် သို့မဟုတ် အားကစားလုပ်ချိန်တွင် ချွေးထွက်ခြင်းသည် ခန္ဓာကိုယ်ကို အေးမြစေသည်။ သို့သော်လည်း စိုးရိမ်ပူပန်ခြင်း၊ အပြင်းအထန် နာကျင်ခြင်း စသော အရင်းခံ အကြောင်းရင်းများကြောင့် ချွေးထွက်သော အချိန် များလည်း ရှိသည်။ ထိုအခြေအနေကို ချွေးစေးထွက်ခြင်း ဟု ခေါ်သည်။ ချွေးစေးထွက်ခြင်း ဆိုတာ ဘာလဲ။ ခန္ဓာကိုယ် အပူချိန်မြင့်တက်လာပြီး အေးရန် လိုသော အချိန်များတွင် ပုံမှန်ချွေးထွက်ခြင်း ဖြစ်ပွားသည်။ သို့သော် ချွေးစေးထွက်ခြင်းသည် အရင်းခံ ကျန်းမာရေးပြဿနာများ ခံစားနေရသောကြောင့် ထွက်ခြင်းဖြစ်သည်။ တိုက်ခိုက်မလား ထွက်ပြေးမလား တုံ့ပြန်မှုကို ဖြစ်စေသော အရာရာသည် ချွေးစေးထွက်ခြင်းကို ဖြစ်စေနိုင်သည်။ ပြင်းထန်စွာ စိတ်ဖိစီးခြင်း စိုးရိမ်ပူပန်ခြင်း ကြောက်လန့်ခြင်း ချွေးထွက်ခြင်းသည် ညဘက်တွင် အဓိကဖြစ်ပါက ညဘက် ချွေးထွက်ခြင်းဟု ခေါ်သည်။ ချွေးစေးထွက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများ အလွန်အမင်း ချွေးထွက်ခြင်းကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း