ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ ကို သိရှိထားဖြင်းဖြင့် ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ဘာရောဂါဖြစ်နေသလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရောဂါလက္ခဏာများ

ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ

ဆောင်းရာသီ လူတိုင်း ချမ်းတဲ့အချိန်မှာ ချမ်းတာ ပုံမှန်ပဲလို့ ဆိုနိုင်ပေမယ့် နွေခေါင်ခေါင် လူတိုင်း ပူနေချိန်မှာ ချမ်းတယ်လို့ ခံစားနေရမယ်။ အချိန်တိုင်းလိုလို ချမ်းနေမယ်ဆိုရင်တော့ ကျန်းမာရေး ပြဿနာ ရှိနေတာ ဖြစ်နိုင်ပါတယ်။ ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ ဆိုတာကို မသိချင်ဘူးလား ...... ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ ဆိုတဲ့ အဖြေကို သိနိုင်ဖို့ ဆောင်းပါးလေး ဖတ်ကြည့်စေချင်ပါတယ်။ ဆောင်းပါးလေး ဖတ်ရင်း အတူတူ အဖြေရှာ ကြည့်လိုက်ရအောင်လား။ ဘာလို့ တစ်ချိန်လုံး ချမ်းနေရတာလဲ တစ်ချိန်လုံး ချမ်းတယ်လို့ ခံစားနေရတာ ဒီအချက်တွေကြောင့်ပါ။ သွေးအားနည်း ရောဂါ ရှိတာ ကိုယ်ထဲမှာ သွေးနီဥဆဲလ်တွေ လုံလုံလောက် မရှိတဲ့ အခါ အဆုတ်နဲ့ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်စွာ ရရှိဖို့ ခက်ခဲသွားပါတယ်။ ဒီအခြေအနေကို […]

ရောဂါလက္ခဏာများ ကို ရှာဖွေမည်။

ရောဂါလက္ခဏာများ

Viral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Viral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) ကဘာလဲ။ ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောက်းနာခြင်းဆိုသည်မှာ အာသီးနှင့်အသံအိုးကိုဆက်ပေးထားတဲ့လည်ချောင်းအစိတ်အပိုင်းရောင်ရမ်းခြင်းပဲ ဖြစ်ပါတယ်။ Viral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းနာခြင်းဟာအလွန်အဖြစ်များလေ့ရှိပြီးအမျိုးသမီးများဟာအမျိုးသားများထက်ပိုဖြစ်တာကိုတွေ့ရပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး ပိုဆိုးစေမယ့်အရာများကိုရှောင်ရှားခြင်းဖြင့်လည်ချောင်းနာပြီးရောင်ရမ်းခြင်းများကိုသက်သာစေနိုင်ပါတယ်။ အသေးစိတ်သိရှိရဖို့ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများViral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များတဲ့လက္ခဏာတွေကတော့ မြိုချတဲ့အခါ မသက်မသာဖြစ်ခြင်း။ ဖျားခြင်း ၊ အဆစ်နှင့်ကြွက်သားများကိုက်ခဲခြင်း ၊လည်ချောင်းနာခြင်းနှင့် လည်ပင်းရှိ ပြန်ရည်ဖုများရောင်ရမ်းခြင်းတို့ဖြစ်တတ်ပါတယ်။ အထက်မှာဖော်ပြမထားတဲ့ရောဂါလက္ခဏာများလည်းရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီးအသေးစိတ်သိရှိရဖို့ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်တွင်အထက်ဖော်ပြပါရောဂါလက္ခဏာများဖြစ်ပေါ်နေပါက ဆရာဝန်နှင့်ပြသသင့်ပါပြီ။ လူတစ်ယောက်နှင့်တစ်ယောက်မတူညီကြပါဘူး။ သင့်အတွက်အကောင်းဆုံးအဖြေကိုရရှိဖို့ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးတာအကောင်းဆုံးပါ။ အကြောင်းရင်းများViral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ လည်ချောင်းရောင်ခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး အဆုတ်သို့ အူ လမ်းကြောင်းကဲ့သို့အခြားအင်္ဂါများကိုလည်းကူးစက်နိုင်ပါတယ်။ လည်ချောင်းနာခြင်းရဲ့အများဆုံးအကြောင်းရင်းကတော့ ဗိုင်းရပ်စ်ကြောင့်ပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေများViral pharyngitis (ဗိုင်းရပ်စ်ပိုးကြောင့်လည်ချောင်းရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ ရောဂါဖြစ်စေဖို့အခွင့်အလမ်းများစေတဲ့အရာတွေကတော့.. ကလေးသူငယ်များ ၊ ဆေးလိပ်သောက်သူ သို့ ဆေးလိပ်ငွေ့ရှူနေရသူများ ၊ ဂေဟာများ ၊ ကျောင်းများ ၊ စစ်တိုက်ထွက်နေရသူများ ၊ […]


အခြေခံကျန်းမာရေး

hypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်hypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း) ကဘာလဲ။ သွေးတွင်း သွေးရည်ကြည်အတွင်း ကယ်ဆီယမ်ပမာဏရှိသင့်သည်ထက် နည်းနေခြင်းဖြစ်ပါတယ်။   hypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများhypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အချို့လူတွေမှာ လက္ခဏာမပြတတ်ပါဘူး။ အာရုံကြောစနစ်ကိုသက်ရောက်နိုင်တာကြောင့် ကလေးတွေမှာ ကြွက်သားတွန့်ခြင်းတုန်ခြငးတွေ ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေရဲ့ ရောဂါလက္ခဏာတွေကတော့- ကြွက်သားတောင့်ခြင်း ကြွက်သားများတွန့်ကွေးခြင်း ခြေဖျားလက်ဖျားတွေမှာ အပ်စူးသလိုခံစားရခြင်း စိုးရီမ်ပူပင်ခြင်း၊ စိတ်ကျခြင်း၊ ဆတ်ဆတ်ထိမခံခြင်းစတဲ့ စိတ်ခံစားချက်အပြောင်းအလဲများ မှတ်ဉာဏ်ဆိုင်ရာပြဿနာများ သွေးပေါင်ကျခြင်း စကားပြောရခက်ခြင်း မျိုချရခက်ခြင်း မောပန်းခြင်း ပါကင်ဆန်ရောဂါ မျက်လုံးအမြင်အာရုံအချက်အလက်သိုမှိးရာနေရာ ရောင်ရမ်းခြင်း ပြင်းထန် သွေးတွင်းကယ်ဆီယမ်နည်းခြင်း လက္ခဏာတွေကတော့ တက်ခြင်း နှလုံးခုန်မြန်ခြင်း နှေးခြင်း နှလုံးသွေးအိုင်လုပ်ဆောင်ချက်ကျဆင်းခြင်း အသံအိုး သွေးတွင်းကယ်ဆီယမ်နည်းခြင်းရဲ့ နာတာရှည်လက္ခဏာတွေကတော့- အရေပြားခြောက်သွေ့ခြင်း လက်သည်းများကြွပ်ဆတ်ခြင်း ကျောက်ကပ်ကျောက်တည်ခြင်း ခန္ဓါကိုယ်တွင်းကယ်ဆီယမ်များပုံခြင်း ရူးသွပ်ခြင်း ရေတိမ်စွဲခြင်း နှင်းခူရောဂါ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။     အကြောင်းရင်းများhypocalcemia (သွေးတွင်းကယ်ဆီယမ်နည်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ အဖြစ်အများဆုံးအကြောင်းရင်းကတော့ သွေးတွင်းပျမ်းမျှပမာဏအောက် […]


အခြေခံကျန်းမာရေး

Spina Bifida (ကျောရိုးအာရုံကြောမကြီး နှစ်ခြမ်းကွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Spina Bifida (ကျောရိုးအာရုံကြောမကြီး နှစ်ခြမ်းကွဲခြင်း) ကဘာလဲ။ ကျောရိုးအာရုံကြောမကြီး နှစ်ခြမ်းကွဲခြင်း ဆိုတာ မွေးရာပါ အာရုံကြောချွတ်ယွင်းချက်ကြောင့် ဖြစ်လာသည့် အခြေအနေများဖြစ်သည်။ ပုံမှန်သန္ဓေသားတွင် အာရုံကြောပြွန်မှ ဦးနှောက်၊ အာရုံကြောမကြီးနှင့် ၎င်းတို.ကို ဖုံးအုပ်ထားသော အစိတ်အပိုင်းများဖြစ်လာသည်။ အာရုံကြောပြွန်သည် ကိုယ်ဝန်အစောပိုင်းတွင် စတင်ဖြစ်ပေါ်လာပြီး သန္ဓေတည်ပြီး ၂၈ရက် အကြာတွင် လုံးဝ ပိတ်သွားလေ့ရှိသည်။ အာရုံကြောပြွန် တစ်စိတ်တစ်ပိုင်းမဖြစ်လာသော သို့မဟုတ် ကောင်းစွာမပိတ်သော ကလေးများတွင် ကျောရိုးအာရုံကြောမကြီးနှင့် ကျောရိုးများတွင် ချွတ်ယွင်းချက်များဖြစ်လာသည်ကို ကျောရိုးအာရုံကြောမကြီး နှစ်ခြမ်းကွဲခြင်းဟုခေါ်သည်။ ရောဂါပြင်းထန်မှု အခြေအနေအမျိုးမျိုးရှိနိုင်သည်။ လိုအပ်လျှင်ခွဲစိတ်ကုသရမည် ဖြစ်သော်လည်း ခွဲစိတ်တိုင်းလည်း ရောဂါအရှင်းပျောက်ကင်းနိုင်ခြင်းမရှိပါ။ Spina Bifida (ကျောရိုးအာရုံကြောမကြီး နှစ်ခြမ်းကွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ နှစ်စဉ် ကလေး၁၅၀ဝခန့် ထိုရောဂါနှင့် မွေးဖွားလာကြသည်။ လူဖြူများနှင့် ဟစ်စပန်းနစ်လူမျိုးများတွင် အခြားလူမျိုးများထက် ပိုအဖြစ်များသည်။ ရောဂါဖြစ်ပွားမှု မြင့်မားစေသော အကြောင်းများကို ရှောင်ကြဉ်ခြင်းဖြင့် […]


အခြေခံကျန်းမာရေး

Scurvy (ဗီတာမင်စီချို့တဲ့ခြင်း (စကာဗီ))

အဓိပ္ပါယ်ဖွင့်ဆိုချက်Scurvy (ဗီတာမင်စီချို့တဲ့ခြင်း (စကာဗီ)) ကဘာလဲ။ ဗီတာမင်စီချို့တဲ့ခြင်းကို စကာဗီလိုခေါ်ပါတယ်။ ထိုရောဂါဟာ သွေးအားနည်းခြင်း၊ ခြေလက်များတွင်နာကျင်ခြင်း၊ ခန္ဓါကိုယ်အချို့နေရာများတွင် ရောင်ရမ်းခြင်း၊ သွားဖုံးများတွင် သွေးထွက်ခြင်းနှင့် သွားများကျွတ်ခြင်းတို့အထိ ဖြစ်သွားစေနိုင်ပါတယ်။ Scurvy (ဗီတာမင်စီချို့တဲ့ခြင်း (စကာဗီ)) က ဘယ်လောက်အဖြစ်များသလဲ စကာဗီဆိုတာဟာ ရှေးဂရိခေတ်နဲ့ အီဂျစ်ခေတ်ကတည်းက သိရှိခဲ့ကြတာ ဖြစ်ပြီး ၁၅ရာစုကနေ ၁၈ရာစုအတွင်းမှာတော့ သင်္ဘောသားတွေမှာ လုံလောက်တဲ့ လတ်လတ်ဆတ်ဆတ်အစားအစာတွေ မရှိတာကြောင့် အဖြစ်များတတ်ပါတယ်။ သေကြတာများပါတယ်။ ၁၈၄၅ အိုင်ယာလန်အငတ်ဘေးနဲ့ အမေရိကန်ပြည်တွင်းစစ် အတွင်းမှာလည်း စကာဗီဖြစ်ပွားသွားပါတယ်။ ၂၀၀၂ခုနှစ် အာဖကန်နစ်စတန်မှာဖြစ်သွားတာကတော့ မကြာသေးပါဘူး။ ယခုခေတ်မှာတော့ စကာဗီဟာ တော်တော်လေးကို ရှားသွားပါပြီ။ အထူးသဖြင့် အစားအသောက်လုံလုံလောက်လောက်ရရှိနေတဲ့ နိုင်ငံတွေမှာ မရှိသလောက်ရှားနေပါပြီ။ ဒါပေမယ့်လည်း ဗီတာမင်စီမျှတစွာ မစားသောက်တဲ့သူတွေမှာတော့ ဖြစ်နိုင်ပါသေးတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများScurvy (ဗီတာမင်စီချို့တဲ့ခြင်း (စကာဗီ)) […]


ရောဂါလက္ခဏာများ

Rheumatic Fever (လေးဘက်နာ အဖျား )

အဓိပ္ပါယ်ဖွင့်ဆိုချက်Rheumatic Fever (လေးဘက်နာ အဖျား ) ကဘာလဲ။ Rheumatic အဖျား ဆိုတာဟာ အကင်းသေအောင် မကုသလိုက်တဲ့ လည်ချောင်းနာ ဒါမှမဟုတ် အဝါရောင်အဖျား ရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ လည်ချောင်းနာ ဒါမှမဟုတ် အဝါရောင်အဖျားရောဂါတွေဟာ streptococcus ဘက်တီးရီးယားပိုးမွှားကြောင့် ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါတွေ ဖြစ်ပါတယ်။Rheumatic အဖျားရောဂါဟာ အသက် ၅နှစ်ကနေ ၁၅နှစ်အရွယ် ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် ဒီထက်ငယ်တဲ့ကလေးတွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာလည်း ဖြစ်ပွားလာနိုင်တဲ့ ရောဂါတမျိုးပါ။Rheumatic အဖျားရောဂါဟာ နှလုံး အဆို့ရှင်တွေ ပျက်စီးတာ၊နှလုံး အလုပ်မလုပ်တော့တာတို့အပါအဝင် (ပြန်ကောင်းမလာနိုင်တော့တဲ့) နှလုံးထိခိုက်မှုတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ကုသမှုခံယူမယ်ဆိုရင်တော့ ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်မှုတွေကို လျှော့ချနိုင်ခြင်း၊နာကျင်မှုအပါအဝင် တခြားသော ရောဂါလက္ခဏာတွေကို သက်သာစေခြင်း၊Rheumatic အဖျား နောက်တကြိမ် ပြန်မဖြစ်အောင် […]


ရောဂါလက္ခဏာများ

Shock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Shock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း) ကဘာလဲ။ ခန္ဓါကိုယ်တွင်းသွေးထုထည်၂၀ရာခိုင်နှုန်းထက်ပိုပြီး ဆုံးရှူးံသွားခြင်းကြာင့်ဖြစ်ပါတယ်။ ရှော့ခ်ရခြင်းကနေ အသက်အန္တရာယ်ပေးနိုင်ပါတယ်။ ပြင်းပြင်းထန်ထန်အရည်ဓါတ်ဆုံးရှုံးငြခ်းကြောင့် နှလုံးကနေ သင့်ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီ သွေးလုံလုံလောက်လောက်မပို့ပေးနိုင်ပါဘူး။ ရလဒ်အနေနဲ့ အင်္ဂါအစိတ်အပိုင်းတွေပျက်စီးသွားခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အရေးပေါ်ကုသမှုလိုအပပ်ါတယ်။ Shock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်အများဆုံးရှော့ခ်ရခြင်းများထဲမှ တစ်ခုဖြစ်ပါတယ်။ အရမ်းငယ်လွန်းတဲ့ကလေးတွေနဲ့ အသက်ကြီးသူတွေမှာ ဖြစ်နိုင်ချေအများဆုံးဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများShock Hypovolaemic (သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွေးထုထည်နည်းခြင်းကြောင့် ရှောခ့်ဖြစ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အရည်သို့သွေးဆုံးရှူံးမှုပမာဏပေါ်မူတည်ပြီး ကွဲပြာနိုင်ပါတယ်။ လက္ခဏာတွေအားလုံးက အသက်အနဍ္ဍတရယ်စိုးရိမ်ရပြီး အရေးပေါ်ကုသမှုလိုအပ်ပါတယ်။ အတွင်းကလီစာတွေသေါးယိုတဲ့အခြေအနေတွေမှာ ရှော့ခ်ရခြငးလက္ခဏာမပြမချင်း ရောဂါသိနိုင်ဖို့ ခက်ပါတယ်။ ပြင်ပသွေးထွေက်ခြင်းကတော့ မြင်သားပါတယ်။ သိပ်မဆိုးရွားမပြင်းထန်တဲ့လက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း မောပန်းနွမ်းနယ်ခြင်း မူဝေခြင်း ချွေးထွက်များခြင်း မူးဝေခြင်း ပြင်းထန်ပြိး အရေးပေါ်ကုငသမှုချက်ချင်းကုခံယူဖို့လိုတဲ့ လက္ခဏာတွေကတော့ အသားများအေးစက်လာခြင်း အရေပြားဖျော့တော့ခြငး အသက်ရှူမြန်ခြင်း တိမ်ခြင်း နှလုံးခုန်နှုန်းမြန်ခြင်း ဆီးနည်းခြင်း ဆီးမသွားခြင်း မရေမရာဖြစ်ခြင်း အားနည်းခြင်း သွေးခုန်နှုန်းမျှင်းခြင်း နှုတ်ခမ်းနဲ့လည်သည်းများပြာင်င်း လစ်ဟာဟာဖြစ်ခြင်း သတိမေ့သါားခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး […]


အခြေခံကျန်းမာရေး

Sjogren Syndrome (ရှိုးဂရန်းရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sjogren Syndrome (ရှိုးဂရန်းရောဂါစု) ကဘာလဲ။ ရှိူးဂရန်းရောဂါစုဆိုသည်မှာ ပါးစပ်နှင့်မျက်လုံးများတွင် စိုစွတ်မှုရှိနေရန် သွားရည်နှင့် မျက်ရည်တို့ကိုထုတ်ပေးသည့်အကျိတ်များအား မိမိ၏ခုခံအားစနစ်မှ ပြန်လည်တိုက်ခိုက်နေသော ရောဂါတစ်မျိုးဖြစ်သည်။ ထို့ကြောင့်ရှိုးဂရန်းဖြစ်နေသောသူ၏မျက်လုံးနှင့် ပါးစပ် တွင် လုံလောက်သောစိုစွတ်မှုများမရှိပေ။ Sjogren Syndrome (ရှိုးဂရန်းရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်ပွားနိုင်သော်လည်း ဆရာဝန်များ၏တွေ့ရှိချက်အရ ဖြစ်ပွားသူအများစုမှာ အသက်40ကျော်များဖြစ်ကြသည်။ ထို့ပြင် အမျိုးသမီးများတွင် ပို၍ဖြစ်ပွားတတ်သည်။ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများSjogren Syndrome (ရှိုးဂရန်းရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ ရှိုးဂရန်းရောဂါစု ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ရှိုးဂရန်းရောဂါစုရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ မျက်လုံးများခြောက်ကပ်ခြင်း မျက်လုံးများပူစပ်ခြင်း၊ယားခြင်း(သို့) စမ်းကြည့်ပါက မာတင်းတင်းဖြစ်နေခြင်း ပါးစပ်များခြောက်ကပ်ခြင်း သင်၏ပါးစပ်သည် ဝါဂွမ်းများအပြည့်ငုံထားသကဲ့သို့ မျိုရခက် စကားပြောရခက်ဖြစ်နေစေသည်။ ပို၍ပြောရလျှင်ထိုလက္ခဏာများအပြင် အချို့လူများတွင် အောက်ပါ လက္ခဏာတခု (သို့) တခုထက်ပို၍ရှိနေတတ်သည်။ အဆစ်အမြစ်များရောင်ခြင်း၊နာခြင်း၊တောင့်ခြင်း သွားရည်ထုတ်အကျိတ်များရောင်ရမ်းခြင်း အထူးသဖြင့် မေးရိုး၏အနောက်နှင့် […]


ရောဂါလက္ခဏာများ

Kawasaki Disease (Kawasaki ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Kawasaki Disease (Kawasaki ရောဂါ) ကဘာလဲ။ Kawasaki ရောဂါဟာ သွေးကြောတွေကို ထိခိုက်စေတဲ့ ရောဂါတမျိုး ဖြစ်ပြီး ကလေးငယ်တွေမှာ ရှားရှားပါးပါး ဖြစ်ပွားတတ်ပါတယ်။ ဒါ့အပြင် Kawasaki ရောဂါဟာ ပါးစပ်၊နှာခေါင်းနဲ့ လည်ချောင်းအတွင်းဖက်မှာရှိတဲ့ အမြှေးပါးအလွှာတွေကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။ Kawasaki Disease (Kawasaki ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ Kawasaki ရောဂါဟာ (ဂျပန်၊ကိုရီးယားနဲ့ ထိုင်ဝမ် အပါအဝင်) အရှေ့အာရှမှာ ဆယ်ဆကနေ အဆနှစ်ဆယ်ထိ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။ ငါးနှစ်အောက်ကလေးတွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိပြီး ပျမ်းမျှအသက်ကတော့ နှစ်နှစ်ဖြစ်ပါတယ်။ မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ ပိုအဖြစ်များပါတယ်။ လက္ခဏာများKawasaki Disease (Kawasaki ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ Kawasaki ရောဂါရဲ့ လက္ခဏာတွေဟာ အဆင့်သုံးဆင့်နဲ့ ပေါ်ပေါက်လေ့ရှိပြီး ပထမအဆင့်ရဲ့ လက္ခဏာတွေကတော့ ၃၉ဒီဂရီစင်တီဂရိတ်ထက် အဖျားကြီးခြင်း၊ငါးရက်ထက် ပိုဖျားခြင်း။ မျက်လုံးများ အလွန်အမင်းနီရဲခြင်း (မျက်ဝတ်များ […]


အခြေခံကျန်းမာရေး

Antiphospholipid Antibody Syndrome (Phospholipid ဆန့်ကျင်သော ရောဂါလက္ခဏာစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Antiphospholipid Antibody Syndrome (Phospholipid ဆန့်ကျင်သော ရောဂါလက္ခဏာစု) ကဘာလဲ။ Phospholipid ဆန့်ကျင်သော ခုခံပစ္စည်း ရောဂါလက္ခဏာစုဟာ ကိုယ်ခံအားစနစ်ရဲ့ မှားယွင်းမှုတခုဖြစ်ပြီး ခန္ဓါကိုယ်ထဲက ပုံမှန်ပရိုတိန်းကို တိုက်ခိုက်နေခြင်းပဲ ဖြစ်ပါတယ်။ သွေးကြောတွေထဲမှာ သွေးခဲတွေ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တေါကိုလည်း ကလေးပျက်ခြင်း၊ ကလေးကအသေမွေးခြင်း စတဲ့ပြသနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ခြေထောက်ရဲ့ သွေးပြန်ကြောတွေဟာ သွေးခဲတွေ ဖြစ်ပေါ်အမှုအများဆုံး နေရာဖြစ်ပါတယ်။ သွေးခဲဟာ သွေးလွှတ်ကြောထဲမှာလည်း ဖြစ်ပေါ်စေပါတယ်။ တခြား ဘယ်အင်္ဂါအစိတ်အပိုင်းမှာမဆို ဖြစ်ပေါ်နိုင်ပြီး အဆုတ်၊ ဦးနှောက်၊ ကျောက်ကပ်၊ နှလုံးနဲ့ အရေပြားတွေကို ထိခိုက်စေနိုင်ပါတယ်။ APS ရောဂါနှစ်မျိုးရှိပြီး မူလAPSနဲ့ ဒုတိယAPS ဆိုပြီး ဖြစ်ပါတယ်။ မူလAPS ဟာ တခြား ဆက်စပ်တဲ့ အခြေအနေတွေ မရှိပါဘူး။ ဒုတိယပုံစံကတော့ တခြား ကိုယ်ခံအားပြသနာ […]


အခြေခံကျန်းမာရေး

Arterial Thrombosis (သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Arterial Thrombosis (သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း) ကဘာလဲ။ သွေးလွှတ်ကြောဆိုတာ သွေးများကို နှလုံးဆီကနေ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေနဲ့ နှလုံးရဲ့ကြွက်သားဆီ သယ်ဆောင်ပေးတဲ့ သွေးကြောတွေပဲဖြစ်ပါတယ်။ သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်းဟာ သွေးခဲကြောင့်ဖြစ်ပေါ်ပြီး အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီ သွေးရောက်ရှိမှု ရပ်တန့်စေတာကြောင့် အလွန်ဆိုးရွားတဲ့ ပြသနာဖြစ်ပါတယ်။ Arterial Thrombosis (သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများArterial Thrombosis (သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွေးခဲဟာ သွေးစီးဆင်းမှုကို မပိတ်ဆို့သရွေ့ လက္ခဏာ မပြပါဘူး။ ပိတ်ဆို့ပြီဆိုရင် အောက်ပါလက္ခဏာတွေ ပြသပါတယ်။ နှလုံးထိခိုက်ခြင်း။ နှလုံးကြွက်သားဆီသွားတဲ့ သွေးစီးဆင်းမှု ရုတ်တရက် ရပ်တန့်သွားရင် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ မူးခြင်း ဖြစ်ပေါ်ပြီး ဦးနှောက်ကိုသွားတဲ့ သွေးစီးဆင်းမှု ပိတ်ဆို့ရင်တော့ လေဖြတ်နိုင်ပြီး မျက်နှာတဖက် ဆွဲသွားခြင်း၊ လက်တဖက်အားနည်းခြင်း၊ စကားမပီခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ယာယီသွေးစီးဆင်းမဲပြတ်တောက်ခြင်းဟာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း