အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးစစ်ချက်များ

Home Lung Function Test (အိမ်တွင်း အဆုတ်စစ်ဆေးနည်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Home Lung Function Test (အိမ်တွင်း အဆုတ်စစ်ဆေးနည်း) ကဘာလဲ။ Home Lung Function Test တွေဟာ peak flow meter သို့ home spirometer တွေကို အသုံးပြုပြီး သင့်မှာ နေ့တဓူ၀ ရှိနေနိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို စမ်းစစ်ခြင်းပဲ ဖြစ်ပါတယ်။ Peak flow meter ဟာ သင့်ရဲ့ ရှူထုတ်လိုက်တဲ့လေကို တိုင်းတာပါတယ်။ Home spirometer ကတော့ FEV1 ကို တိုင်းတာပါတယ်။ သင့်မှာ ပန်းနာရင်ကျပ်ရောဂါလိုမျိုး အဆုတ်ရောဂါ တစ်ခုခု ရှိနေခဲ့ရင် သင့်ဆရာဝန်က PIF နဲ့ PEF ကို စစ်ဆေးပြီး သင်ရှူသွင်းတဲ့လေနဲ့ ရှူထုတ်လိုက်တဲ့လေတွေကို တိုင်းတာပါလိမ့်မယ်။ ဒါဟာ အဆုတ်လုပ်ငန်းဆောင်တာစစ်ဆေးခြင်း ရဲ့ […]


ဆေးစစ်ချက်များ

Home Pregnancy Tests (အိမ်တွင်း ကိုယ်ဝန်စစ်နည်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Home Pregnancy Tests (အိမ်တွင်း ကိုယ်ဝန်စစ်နည်း) ကဘာလဲ။ Home Pregnancy Tests တွေဟာ ကိုယ်ဝန်ရှိစဉ် ထွက်တဲ့ ဟော်မုန်း (human chorionic gonadotrophin, သို့ hCG) တွေကို ဆီးအတွင်းမှာ စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ အိမ်မှာ စစ်ဆေးတဲ့ စစ်ဆေးမှုတွေဟာ သေချာလိုက်နာမယ်ဆိုရင် ဆရာဝန် ရုံးခန်းမှာ စစ်ဆေးတဲ့ စစ်ဆေးမှုတွေနဲ့ အဖြေတူ ထွက်မှာ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ရှိနေတယ်ဆိုရင် မျိုးဥဟာ fallopian tube အတွင်းမှာ သုက်ပိုးနဲ့ မျိုးစပ်တာ ဖြစ်ပါတယ်။ မျိုးအောင်ပြီး ၉ ရက်အတွင်းမှာ မျိုးဥဟာ fallopian tube တစ်လျှောက်ဆင်းလာပြီး သားအိမ်နဲ့ နံရံကို ကပ်သွားမှာ ဖြစ်ပါတယ်။ မျိုးအောင်တဲ့ သားဥတွေဟာ သားအိမ်နံရံမှာ ကပ်သွားပြီးရင် […]


ဆေးစစ်ချက်များ

Home Test For Urinary Tract Infection (ဆီးလမ်းကြောင်းပိုးဝင်ခြင်း အိမ်မှာ စစ်ဆေးနည်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Home Test For Urinary Tract Infection (ဆီးလမ်းကြောင်းပိုးဝင်ခြင်း အိမ်မှာ စစ်ဆေးနည်း) ကဘာလဲ။ ဆီးလမ်းကြောင်းမှာ ကျောက်ကပ်၊ ဆီးအိမ်၊ ureter နဲ့ urethra တို့ပါဝင်ပါတယ်။ ဆီးအိမ်အတွင်းမှာ ရှိတဲ့ ဆီးတွေဟာ ပုံမှန်အားဖြင့် သန့်စင်ပြီး ဘက်တီးရီးယားနဲ့ အခြားမှိုရောဂါတွေ ပါဝင်ခြင်း မရှိပါဘူး။ ဒါပေမယ့် ဘက်တီးရီးယားတွေဟာ urethra ကို ဖြတ်ပြီး ဆီးလမ်းကြောင်းအတွင်းပိုင်းကို ဝင်ရောက်နိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဟာ အမျိုးသမီးကြီးတွေနဲ့ အမျိုးသမီးငယ်တွေမှာ အမျိုးသားတွေထက်ပိုအဖြစ်များပါတယ်။ ဒါဟာ အမျိုးသမီးတွေရဲ့ urethra ဟာ ပိုတိုပြီး စအိုနားကိုပိုနီးတာကြောင့် အူကဘက်တီးရီးယားတွေဟာ urethra နားကို ပိုမိုထိတွေ့နိုင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ဆီးကျိတ်အတွင်းမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေကို သတ်ပစ်နိုင်တဲ့ အရာဝတ္ထုတစ်ခုဟာ သူတို့ရဲ့ ရောဂါပိုး ကူးစက်နိုင်ခြေကို […]


ဆေးစစ်ချက်များ

Calcitonin (ကယ်လ်စီတိုနင်)

ကယ်လ်စီတိုနင် (Calcitonin) ဆိုတာဘာလဲ။ ကယ်လ်စီတိုနင် (Calcitonin) ကို အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ စသည့်ကင်ဆာများ ရှာဖွေရန် စစ်ဆေးနိုင်ပါတယ်။ ကယ်လ်စီတိုနင် (Calcitonin) ဆိုသည်မှာ သိုင်းရွိုက်ဂလန်းဆဲလ် (စီ ဆဲလ်) မှထုတ်သော ဟော်မုန်းတစ်မျိုးဖြစ်တယ်။ သွေးတွင်းကယ်လ်စီယမ်ပမာဏ တက်ခြင်းသည် ကယ်လ်စီတိုနင် (Calcitonin) စစ်ထုတ်မှုကိုလှုံဆော်ပြီး ခန္ဓါကိုယ်တွင်း ကယ်လ်စီယမ်ပမာဏ ထိန်းညှိပေးသော ဟော်မုန်းဖြစ်တယ်။ Medullary သိုင်းရွိုက်ကင်ဆာသည် မိသားစုတွင်း မျိုးရိုးလိုက်တတ်သည့် သိုင်းရွိုက်ကင်ဆာတစ်မျိုးဖြစ်ပြီး အချိန်နောက်ကျမှရှာဖွေတွေ့ရှိရလေ့ရှိပြီး ကုသမှုအရာမရောက်ဖြစ်နိုင်ပါသည်။ ထိုကင်ဆာကို စောစီးစွာရှာဖွေတွေ့ရှိနိုင်ရန် ကယ်လ်စီတိုနင် (Calcitonin) ပုံမှန်စစ်ဆေးခြင်းဖြင့် ထိရောက်သောကုသမှုကို အချိန်မီပြုလုပ်နိုင်ပါတယ်။ စီ ဆဲလ်ပွားသောရောဂါသည် ကင်ဆာမဟုတ်သောရောဂါတစ်ခုဖြစ်ပြီး မျိုးရိုးလိုက်တတ်ကာ ကယ်လ်စီတိုနင် (Calcitonin)ပမာဏမြင့်တက်ခြင်းစေပါသည်။ ရောဂါကိုဆုံးဖြတ်ရန် Calcitonin စစ်ဆေးမှုနဲ့မလုံလောက်ပါက pentagastrin သို့မဟုတ် Calcium ကိုအသုံးပြုကာ calcitonin စစ်ထုတ်မှုတက်စေပါလိမ့်မယ်။ Pentagastin […]


ဆေးစစ်ချက်များ

Calcium Blood Test (သွေးတွင်းကယ်လ်စီယမ်ပမာဏစစ်ဆေးခြင်း)

ကယ်လ်စီယမ်စစ်ဆေးခြင်း ဆိုတာဘာလဲ။ ကယ်လ်စီယမ် စစ်ဆေးခြင်းသည် အရိုးထဲတွင်မဟုတ်ဘဲ သွေးထဲတွင်ရှိနေသည့် ကယ်လ်စီယမ်ပမာဏကို စစ်ဆေးခြင်းဖြစ်သည်။ ကယ်လ်စီယမ် ဆိုသည်မှာ ခန္ဓါကိုယ်ရှိ အဓိက အရေးကြီးသော သတ္တုဓါတ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အရိုးနှင့်သွားကျန်းမာရေး၊ အာရုံကြောလုပ်ငန်းများ၊ သွေးခဲစေရန်၊ ကြွက်သားညှစ်အားကောင်းစေရန် နှင့် နှလုံးအလုပ်လုပ်ရန်အတွက် လိုအပ်ပါတယ်။ ကယ်လ်စီယမ် အားလုံးနီးပါးကို အရိုးတွေထဲမှာ သိမ်းဆည်းထားပါတယ်။ သွေးတွင်းရှိ ကယ်လ်စီယမ် ပမာဏကို အမြဲပုံမှန်ဖြစ်နေရန် ထိန်းထားလေ့ရှိပြီး နည်းသွားပါက အရိုးထဲမှ ကယ်လ်စီယမ်ထုတ်ပေးပြီး များနေပါက အရိုးထဲတွင်ပြန်သိမ်းဆည်းပြီး တချို့ကိုဆီး၊ဝမ်းထဲမှတဆင့် ခန္ဓါကိုယ်အပြင်ဘက်သို့စွန့်ထုတ်လေ့ရှိပါတယ်။ ကယ်လ်စီယမ်ပမာဏဟာ- • အစာထဲတွင်ပါသော ကယ်လ်စီယမ ပမာဏ • အူမှစုပ်ယူနိုင်သော ကယ်လ်စီယမ် နှင့် ဗီတာမင်ဒီ ပမာဏ • ဖော့စ်ဖိတ် (phosphate)ပမာဏ • ပါရာသိုင်းရွိုက်ဟောမုန်း(Parathyroid)၊ ကယ်လ်စီတိုနင်(Calcitonin)၊ အီစထရိုဂျင်(Estrogen) ကဲ့သို့သော ဟော်မုန်းတချို့ ပေါ်မူတည်ပါတယ်။ ဗီတာမင် ဒီအပါအဝင် ထိုဟော်မုန်းတွေဟာ […]


ဆေးစစ်ချက်များ

Carcinoembryonic Antigen (သွေးတွင်းကင်ဆာဇီဝအမှတ်အသား )

သွေးတွင်းကင်ဆာဇီဝအမှတ်အသား (Carcinoembryonic antigen/ CEA) ဆိုတာဘာလဲ။ CEA စစ်ဆေးခြင်းဆိုတာ ကင်ဆာတချို့(အထူးသဖြင့် အူမကြီးကင်ဆာ)တွင် သွေးထဲ၌တွေ့ရတတ်သည့် ပရိုတင်းတစ်မျိုးကိုစစ်ဆေးခြင်းဖြစ်သည်။ ထိုပရိုတင်းသည် မုန့်ချိုအိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် မမျိုးဥအိမ်ကင်ဆာများတွင်လည်း ထွက်ပေါ်လာတတ်ပါတယ်။ CEA ကိုပုံမှန်အားဖြင့် သန္ဓေသားဘဝတွင်သာ ထုတ်တာဖြစ်ပြီး မမွေးခင်ရပ်သွားလေ့ရှိပါတယ်။ ဒါကြောင့် ပုံမှန်ကျန်းမာနေသော လူကြီးတွေမှာမရှိပါဘူး။ ဘာကြောင့် CEA စစ်ရသလဲ။ CEA စစ်ဆေးခြင်းကို- • ကင်ဆာဘယ်လောက်ထိပြန့်ပွားနေလဲသိရန် (အထူးသဖြင့် အူမကြီးကင်ဆာ) • အူမကြီးကင်ဆာကုသမှု အောင်မြင်ခြင်းရှိမရှိသိရန် • ခွဲစိတ်ကုသမှုအပြီး ခွဲစိတ်ခြင်းအောင်မြင်မှုနှင့် လူနာပြန်ကောင်းနိုင်ချေကိုသိရန် • ကင်ဆာဆေးများ၏ အာနိသင်ကိုသိရန်၊ (ကုသမှုဘယ်လောက်တာသွားနေလဲ သိရစေပါတယ်) • ကင်ဆာပြန်ဖြစ်သလားသိရန် တို့အတွက်အသုံးပြုပါတယ်။ CEA ပမာဏစစ်ဆေးမှုမပြုလုပ်ခင်သိရှိရန်များ ဘာတွေသိထားသင့်လဲ။ ဆေးလိပ်သောက်သူတွေမှာလည်း CEA ပမာဏတက်နေနိုင်ပါတယ်။ CEA ပမာဏတက်ခြင်းဟာ အခြားသော ကင်ဆာမဟုတ်သည့်အခြေအနေများ- ဥပမာ၊ ရောင်ရမ်းခြင်း၊ အသည်းခြောက်ခြင်း၊ အစာအိမ်အနာ၊ အူမကြီးရောင်ခြင်း၊ အဆုတ်အတွင်းရှိ လေအိတ်ငယ်များပျက်စီးသည့်အခြေအနေ၊ ရင်သားအကျိတ် စသည်တို့တွင်လည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာအများစုက […]


ဆေးစစ်ချက်များ

Cardiac Enzyme Studies (နှလုံးအင်ဇိုင်းများအကြောင်းသိကောင်းစရာ)

နှလုံးဆိုင်ရာအင်ဇိုင်းစစ်ဆေးခြင်းဆိုတာဘာတွေလဲ။ နှလုံးကြွက်သားများထိခိုက်ခြင်းနဲ့ ဆက်နွယ်နေတဲ့ အင်ဇိုင်းများ၊ ပရိုတင်းများ ပမာဏကိုစစ်ဆေးခြင်းဖြစ်တယ်။ ၎င်းတို့မှာ အင်ဇိုင်း creatine kinase (CK)၊ နှင့် ပရိုတင်း troponin I (TnI) ၊ troponin T (TnT) တို့ဖြစ်ပြီး သာမန်အခြေအနေမှာလည်းထိုအင်ဇိုင်းများ သွေးထဲမှာ ပမာဏနည်းနည်းရှိတတ်ပါတယ်။ ဒါပေမယ့် နှလုံးကြွက်သားထိခိုက်မှုတစ်ခုခုဖြစ်သွားရင်တော့ ထိုထိခိုက်တဲ့နေရာကနေ ထိုအင်ဇိုင်းတွေနဲ့ ပရိုတင်းတွေထွက်လာတာကြောင့် သွေးတွင်း ထိုအင်ဇိုင်းများပမာဏတက်လာပါတယ်။ ထိုအင်ဇိုင်းများ၊ ပရိုတင်းများထဲမှာ အချို့ကို အခြားတစ်ရှူးများတွင်လည်းတွေ့ရနိုင်တာကြောင့် ထိုတစ်ရှူးများထိခိုက်လျှင်လည်း အင်ဇိုင်းပမာဏတက်နိုင်ပါတယ်။ ဒါကြောင့် ရလာတဲ့အင်ဇိုင်းပမာဏအဖြေကို တခြားခံစားရတဲ့လက္ခဏာတွေ၊ အခြားသောစစ်ဆေးမှုများနှင့် ရလဒ်တို့နှင့် တိုက်ကြည့်စစ်ဆေးပြီးမှ ဆုံးဖြတ်သင့်ပါတယ်။ ဘာကြောင့်စစ်ဆေးမှုပြုရသလဲ။ • တကယ်လို့သင့်မှာ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ချွေးပြန်ခြင်း စသည်တို့ရှိပါက ရုတ်တရက်နှလုံးဖောက်သလား၊ နှလုံးရောဂါ ဖြစ်နိုင်ချေ ရှိသလား သိရှိနိုင်ရန် နှင့် • ရောဂါပိုးဝင်ခြင်းကဲ့သို့ အခြားသော […]


ဆေးစစ်ချက်များ

Carotid Angiogram (Carotid သွေးလွှတ်ကြောပုံရိပ်ဖမ်းယူခြင်း)

Carotid angiogram (Carotid သွေးလွှတ်ကြောပုံရိပ်ဖမ်းယူခြင်း) ဆိုတာဘာလဲ။ Carotid angiography ဆိုတာ လက် သို့မဟုတ် ခြေထောက်ရှိသွေးကြောမှတဆင့် ပြွှန်ငယ်လေးထိုးသွင်းကာ ထိုပြွှန်ငယ်ကို X-ray တစ်မျိုးနှင့် ဦးနှောက်ကိုအဓိကထောက်ပံ့နေသောသွေးကြောကြီး (Carotid သွေးကြော)ဆီ ဦးတည်ပေးပြီး ထိုသွေးကြောအခြေအနေကို ပုံရိပ်ဖမ်းယူကြည့်ရှုခြင်းဖြစ်တယ်။ ထည့်သွင်းလိုက်သော ပြွန်ငယ်လေးကနေတဆင့် အရောင်ပါဆေးတစ်မျိုးထိုးသွင်းပြီး သွေးကြောမကြီးအခြေအနေကို ပုံရိပ်ရိုက်ယူတယ်။ ဒီစမ်းသပ်မှုဟာ carotid သွေးလွှတ်ကြောမကြီးနဲ့ ဦးနှောက်သွေးကြောများအတွက် အကောင်းဆုံး စံပြစမ်းသပ်နည်း တစ်မျိုးဖြစ်တယ်။ ဘာကြောင့် Carotid သွေးလွှတ်ကြော ပုံရိပ်ဖမ်းယူခြင်း ကိုလုပ်လေ့ရှိသလဲ။ • ဦးနှောက်ကိုအဓိကထောက်ပံ့နေသော carotid သွေးလွှတ်ကြောကျဉ်းနေခြင်း၊ ပိတ်နေခြင်းရှိမရှိသိရန် • လေဖြတ်နိုင်ချေရှိမရှိရှာရန် • ကုသမှုများလိုမလို ဆုံးဖြတ်ရန် • ဦးနှောက်ကိုအဓိကထောက်ပံ့နေသော carotid သွေးလွှတ်ကြောကျဉ်းခြင်းအတွက် ပိုက်ထည့်ရန် အထက်ပါအခြေအနေများအတွက် Carotid သွေးလွှတ်ကြောပုံရိပ်ဖမ်းယူခြင်းကို အသုံးပြုလေ့ရှိပါသည်။ စစ်ဆေးမှုမပြုလုပ်ခင်သိရှိရန်များ ဘာတွေသိထားသင့်လဲ။ ဒီစစ်ဆေးမှုအစား MRA (သံလိုက်ဓါတ်မှန်နဲ့ ပုံရိပ်ဖမ်းယူခြင်း) နဲ့ CTA […]


ဆေးစစ်ချက်များ

Catecholamines Urine Test (ဆီးတွင်း catecholamines စစ်ဆေးခြင်း)

ဆီးတွင်း catecholamines စစ်ဆေးခြင်းဆိုတာဘာလဲ။ Catecholamines စစ်ဆေးခြင်းဆိုတာ epinephrine ၊ norepinephrine ၊ metanephrine ၊ dopamine စသည့်ဟော်မုန်းများ ဆီးထဲတွင်ပါသော ပမာဏကိုစစ်ဆေးခြင်းဖြစ်တယ်။ Catecholamines များကို အာရုံကြောတစ်သျှူးများ၊ ဦးနှောက်နှင့် အက်ဒရီနယ်ဂလန်း(ကျောက်ကပ်အပေါ်တွင်ရှိသော ဂလန်း) တွေမှထုတ်လုပ်ပါတယ်။ Catecholamines ဟာ ဖိအား၊ ထိတ်လန့်မှုတွေကို ခန္ဓါကိုယ်မှတုံ့ပြန်ရန်ကူညီပေးပြီး “Fight or Flight” reaction (တိုက်မလား၊ ပြေးမလား) တုံ့ပြန်မှုအတွက် ပြင်ဆင်ပေးတယ်။ အက်ဒရီနယ်ဂလမ်းတွေက ဖိအားသက်ရောက်မှုတစ်ခုကို တုံ့ပြန်တဲ့အနေနဲ့ Catecholamines ပမာဏအများအပြားထုတ်လေ့ရှိတယ်။ အဓိက Catecholamines များမှာ epinephrine (အက်ဒရီနယ်လင်း) norepinephrine (နော်အက်ဒရီနယ်လင်း)၊ dopamine (ဒိုပါမင်း) တို့ဖြစ်ပြီး ထိုဟော်မုန်းများဟာ vanillylmandelic acid (VMA)၊ metanephrine ၊ normetanephrine […]


ဆေးစစ်ချက်များ

Cd4 Count (CD4 အရေအတွက်စစ်ခြင်း)

CD4 cells အရေအတွက်စစ်ခြင်းဆိုတာဘာလဲ။ CD4 cells ဆိုတာ HIV ရောဂါသည်တွေမှာ ကိုယ်ခံအားအခြေအနေကိုသိရန် စစ်ဆေးလေ့ရှိသော သွေးစစ်ဆေးမှုတစ်မျိုးဖြစ်တယ်။ CD4 cells များမှာ သွေးဖြူဥဆဲလ်တစ်မျိုးဖြစ်ပြီး သွေးဖြူဥများမှာ ရောဂါပိုးဝင်ခြင်းကို တိုက်ခိုက်ရာမှာလိုပါတယ်။ CD4 cells များကို T-lymphocytes, T-cells ဒါမှမဟုတ် T-helper cells လို့လည်းခေါ်ကြပါတယ်။ HIV ဗိုင်းရပ်စ်ဟာ CD4 cells တွေကိုတိုက်ခိုက်ပါတယ်။ CD4 အရေအတွက်ကိုကြည့်ပြီး တခြားသောရောဂါဝင်နိုင်ချေကို ခန့်မှန်းလို့ရနိုင်တယ်။ CD4 အလုံးရေအရေအတွက်ဟာ အချိန်နဲ့အမျှပြောင်းလဲနိုင်တာကြောင့် အရေအတွက်ထက် CD4 ပမာဏပုံစံကပိုအရေးကြီးပါတယ်။ CD4 ပမာဏပုံစံကို ကြည့်ခြင်းဖြင့် ကိုယ်ခံအားစနစ်အပေါ် HIV ဗိုင်းရပ်ရဲ့တိုက်ခိုက်မှုကို သိနိုင်တယ်။ ကုသမှုမခံယူသော HIV ဝေဒနာသည်များမှာ ရောဂါတိုးလာသည်နှင့်အမျှ CD4 ပမာဏတဖြေးဖြေးကျသွားမှာဖြစ်တယ်။ CD4 ပမာဏနည်းခြင်းဟာ ကိုယ်ခံအားစနစ်အားနည်းနေပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း