အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပင်ပန်းနွမ်းနယ်နေတာ ကို သက်သာစေဖို့

ခေါင်းထဲကပဲ ကိုက်နေသလိုလို၊ ခြေလက်တွေပဲ ညောင်းကိုက်နေသလိုလို၊ မကြည်မလင်နဲ့ ညီးစီစီဖြစ်နေလို့ နေရထိုင်ရ မသက်မသာဖြစ်နေပြီလား။ ပင်ပန်းနွမ်းနယ်နေတာ တွေ  ခံစားနေရပြီလား။ ခုကာလက တစ်ခုခုဆို ကိုဗစ်များလားဆိုပြီး စိုးရိမ်ရတာကလည်း မသေးနော်။ ချောင်းဆိုးလည်း ကိုဗစ်၊ လည်ချောင်းနာလည်း ကိုဗစ်၊ မအီမသာ ဖျားချင်သလို ဖြစ်လည်း ကိုဗစ်လားဆိုပြီးလေ။ ဒီတော့ မအီမသာဖြစ်နေတဲ့အခါ သက်သာအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေ ပြောပြပေးပါမယ်။ ဘာတွေကြောင့် ပင်ပန်းနွမ်းနယ်နေတာ လဲ။ လူတွေမှာ ခံစားရတဲ့ ပင်ပန်းနွမ်းနယ်မှု အတော်များများက စိတ်ဖိစီးတာ၊ အိပ်ရေးမဝတာ၊ အစား မမှန်တာတွေကနေ စလာတာပါ။ ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပေမယ့် များသောအားဖြင့်ကတော့ အနားယူလိုက်ရင်ကို သက်သာသွားတတ် ကြပါတယ်။ ဒီတော့ ပင်ပန်းနွမ်းနယ်လာပြီဆိုရင် ရေသောက်ပါ တစ်ခါတလေ အရမ်းပင်ပန်းပြီး ခြေကုန်လက်ပမ်းကျလာပြီဆိုရင် ရေတစ်ခွက်သောက်ချလိုက်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ် ခမ်းခြောက်ရင်လည်း […]


အခြေခံကျန်းမာရေး

အစားအသောက်တွေကို အရက်ပြန်၊ ဆပ်ပြာရည်တွေ သုံးပြီး ပိုးသတ်မယ့်အစား

ဟဲ့ ...... ဈေးက ပြန်လာပြီလား။ ကိုဗစ် ပါလာဦးမယ်။ ကိုဗစ် ကြောက်တယ်။ ဝယ်လာတဲ့ ပစ္စည်းတွေကို ပိုးသတ်ဆိုလို့ အရက်ပြန်ဗူးကြီး ယူပြီး အားရပါးရ စပရေးဖြန်း ပိုးသတ်နေပြီလား................... မလုပ်ပါဘူး။ ဒါဆို ထပ်မေးချင်တာက ဆပ်ပြာရည်တွေ အားပါတရဖျော်ပြီး ဝယ်လာတဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို စိမ်ပစ်နေတာလား......... ဒါတွေက ပိုးသေစေတယ်ဆိုပေမယ့် အလွန်အကျွံဆိုရင် အဆင်မပြေတာ အမှန်ပါ။ ဒီတော့ အစားအသောက်တွေကို ဘယ်လို စနစ်တကျ ပိုးသတ်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။ အစားအသောက်တွေကို ပိုးသတ်ပေးနိုင်မယ့် သဘာဝစစ်စစ်တွေ အစားအသောက်တွေမှာ ကပ်ညှိလာတဲ့ ပိုးတွေကို ဆားရည် ဆားရည်က ဟင်းသီးဟင်းရွက်တွေမှာ ကပ်ညှိနေတဲ့ ပိုးသတ်ဆေးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အသီးအရွက်တွေရဲ့ အာဟာရတန်ဖိုး နဲ့ အရသာကိုလည်း မထိခိုက်စေပါဘူး။ ပိုးမွှားတွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အရင်ဆုံး ရေနွေးနွေး ၄ ခွက်စာထဲကို ဆားလက်ဖက်ရည်ဇွန်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။

အသီးအရွက်တွေကို ကြိုက်တယ်။ အစိမ်းစားရတာလည်း သဘောကျတယ်။ ကြော်စား၊ ချက်စားရတာကိုလည်း ကြိုက်တယ်။ ဒါပေမယ့် အသီးအရွက်တွေက မသန့်ဘဲ ပိုးတွေပါလို့ ကျန်းမာရေး ထိခိုက်မှာလည်း စိုးတယ်။ ဒီတော့ အသီးအရွက်တွေကို သန့်စင်အောင် ရေအထပ်ထပ်ဆေးပါတယ်။ ဒီလိုကျတော့လည်း အာဟာရတွေ ပျက်သွားမှာ စိုးတယ်။ ဘာလုပ်လို့ လုပ်ရမယ် မိသဘူး ဆိုတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ အသီးအရွက်တွေကို အာဟာရ မပျက်စေဘဲ သန့်ရှင်းစင်ကြယ်အောင် ဘယ်လို ဆေးကြောရမလဲဆိုတာကို ပြောပြပေးပါရစေ။ အသီးအရွက်တွေကို အာဟာရ မပျက်စေဘဲ စင်ကြယ်စေဖို့ အသီးအရွက်တွေကို ဝယ်လာပြီဆိုတာနဲ့ ပိုးသေအောင် စင်ကြယ်အောင်ဆိုပြီး ရေအထပ်ထပ်ဆေးတာ ရှိသလို ဆပ်ပြာရည် သုံးပြီး ဆေး​ကြောတာတွေလည်း ရှိပါတယ်။ တကယ်ကတော့ ဒီနည်းလမ်းတွေက အသီးအရွက်တွေမှာပါတဲ့ အာဟာရတန်ဖိုးကို ပျက်စေနိုင်ပြီး စားလိုက်ရင် အရသာမရှိတာလိုမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ပင်ကိုယ် အာဟာရနဲ့ အရသာလည်း […]


အခြေခံကျန်းမာရေး

ဆီလီနီယံချို့တဲ့ခြင်းအကြောင်း

ဆီလီနီယံဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး သိုင်းရွိုက်ဟော်မုန်း ဖြစ်ပေါ်ခြင်း၊ ဒီအန်အေဖွဲ့စည်းခြင်း၊ မျိုးဆက်ပွားလုပ်ငန်းတာဝန်များ လုပ်ဆောင်ခြင်း၊ ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ခြင်း စတာတွေအတွက် အရေးပါပါတယ်။ ကိုယ်ခန္ဓာထဲမှာ ဆီလီနီယံချို့တဲ့လာရင် ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေမှာ ဆီလီနီယံဓာတ် ဘယ်လောက်ပါဝင်သလဲဆိုတာ သူတို့ကို စိုက်ပျိုးတဲ့ မြေဆီလွှာအရည်အသွေးပေါ်မှာ မူတည်ပါတယ်။ မိုးရေတိုက်စားခြင်း၊ ရေငွေ့ပျံခြင်း၊ pH ပမာဏ ပြောင်းလဲခြင်း စတာတွေဟာ အပင်တွေရဲ့ ဆီလီနီယံပါဝင်မုအပေါ် သက်ရောက်မှု ရှိပါတယ်။ ဒါကြော့်မို့ ကမ္ဘာ့နေရာဒေသအလိုက် ဆီလီနီယံချို့တဲ့မှု အနည်းအများ ကွာခြားတတ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုဟာလည်း အကျိုးသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ဆီလီနီယံဟာ ဘာအတွက် အရေးပါသလဲ ဆီလီနီယံဟာ ကိုယ်ခန္ဓာရဲ့ အရေးကြီးလုပ်ငန်းတာဝန်တွေမှာ ပါဝင်ပါတယ်။ ဟော်မုန်းစနစ်၊ ကိုယ်ခံစွမ်းအားစနစ်၊ နှလုံးနဲ့သွေးကြောစနစ် စတာတွေမှာ အဓိကနေရာက ပါဝင်ပါတယ်။ ဟော်မုန်းစနစ်မှာ တစ်ခုအပါအဝင်ဖြစ်တဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပထမဆုံးအကြိမ် ကြောင်မွေးမယ့်သူတိုင်း ဖတ်ပေးဖို့…

သင်က ကြောင်ချစ်တတ်တဲ့သူတစ်ဦးလား။ ကိုယ့်အိမ်မှာ ကြောင်လေးတစ်ကောင်လောက် မွေးမယ်လို့ရော စဉ်းစားထားတာလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက် အဆင်ပြေစေမှာပါ။ ပထမဆုံးအကြိမ် ကြောင်မွေးတော့မယ့် မိသားစုတွေအတွက် သိထားသင့်တဲ့၊ ပြင်ဆင်ထားသင့်တဲ့အရာတွေကို ဒီဆောင်းပါးမှာ ဖတ်ရှုရင်း ကိုယ့်ကြောင်လေးအတွက် အနွေးထွေးဆုံးအိမ်ဂေဟာလေး ဖြစ်အောင် ဖန်တီးလိုက်ကြရအောင်နော်။ ကြောင်မွေးတဲ့ဆိုင်တွေနဲ့ ကြောင်အမျိုးအစားတွေကို သေချာစုံစမ်းထားပါ။ ကိုယ့်အိမ်အနီးပတ်ဝန်းကျင်မှာ ဘယ်လိုကြောင်အမျိုးအစားတွေ ရှိလဲ၊ ဘယ်ကြောင်လေးကတော့ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် ကိုက်ညီမလဲပေါ် မူတည်ပြီး သေချာရွေးချယ်ပါ။ ကိုယ်မွေးမယ့် ကြောင်အမျိုးအစားနဲ့ ပတ်သက်ပြီး လိုအပ်တဲ့အရာတွေ၊ သိထားသင့်တဲ့ အချက်တွေကို အွန်လိုင်းကနေဖြစ်စေ၊ ဆိုင်ပိုင်ရှင်ကိုဖြစ်စေ သေချာမေးမြန်းပါ။ စွန့်ပစ်ကြောင်ကို မွေးမှာလား။ မြန်မာနိုင်ငံမှာ စွန့်ပစ်ခွေးထက် စွန့်ပစ်ကြောင်အရေအတွက်က ပိုများပါတယ်။ တချို့ကလည်း ပိုင်ရှင်ကိုယ်တိုင်က စွန့်ပစ်လိုက်တာမျိုး၊ တချို့ကြောင်တွေကျ အပြင်လျှောက်သွားရင်းကနေ ကိုယ့်အိမ်ကို မမှတ်မိဘဲ လမ်းပျောက်သွားတာမျိုး ကြုံရတတ်ပါတယ်။ ဒီတော့ စွန့်ပစ်ကြောင်ကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပထမဆုံးအကြိမ် ခွေးမွေးတော့မယ်ဆိုရင် ဒါတွေကို သိထားပေးပါ

သင်က ခွေးချစ်တတ်တဲ့သူတစ်ဦးလား။ ကိုယ့်အိမ်မှာ ချစ်စရာ ခွေးလေးတစ်ကောင်လောက် မွေးမယ်လို့ရော စဉ်းစားထားတာလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက် အဆင်ပြေစေမှာပါ။ ပထမဆုံးအကြိမ် ခွေးမွေးတော့မယ့် မိသားစုတွေအတွက် သိထားသင့်တဲ့၊ ပြင်ဆင်ထားသင့်တဲ့အရာတွေကို ဒီဆောင်းပါးမှာ ဖတ်ရှုရင်း ကိုယ့်ခွေးလေးအတွက် အနွေးထွေးဆုံးအိမ်ဂေဟာလေး ဖြစ်အောင် ဖန်တီးလိုက်ကြရအောင်နော်။ အရင်ဆုံး ကိုယ်က ဘယ်လိုခွေးမျိုးမွေးချင်တာလဲဆိုတာ သေချာစဉ်းစားပါ။ လူအများစုကတော့ ခွေးမွေးမယ်ဆိုရင် ပေါက်စလေး ဒါမှမဟုတ် ၆လ၊ တစ်နှစ်အောက် ခွေးလေးတွေကို မွေးတာများပါတယ်။ ခွေးငယ်ငယ်လေး မွေးတဲ့အခါ ကိုယ်ကပဲ အစအဆုံးသေချာပြုစုစောင့်ရှောက်ပေးရတာ ဖြစ်တဲ့အတွက် ကိုယ်နဲ့ ကိုယ့်မိသားစုအပေါ် ပိုသံယောဇဉ်တွယ်နိုင်လို့ပါ။ ခွေးအမျိုးအစားကို ရွေးချယ်တဲ့အခါ လက်ရှိ ကိုယ်နေတဲ့ မြို့အတွင်းမှာ ခွေးရောင်းတဲ့ဆိုင်တွေနဲ့ အဲဒီဆိုင်တွေမှာ ဘယ်လိုအမျိုးအစားတွေ ရလဲဆိုတာ သေချာစုံစမ်းထားဖို့ လိုအပ်ပါတယ်။ ဒီလိုစုံစမ်းထားမှ ကိုယ့်အနေနဲ့ အွန်လိုင်းကနေ ဒါမှမဟုတ် သိကျွမ်းနားလည်သူများနဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ကိုယ်အင်္ဂါအစားထိုးမယ်ဆိုရင်

ရုပ်ရှင်တွေထဲမှာ တွေ့ဖူးမှာပေါ့။ အသည်းအစားထိုးရမယ်တို့၊ ကျောက်ကပ်အစားထိုးရမှာမို့လို့ အလှူရှင်လိုက်ရှာကြတာတွေ။ ကိုယ်အင်္ဂါတွေကို အစားထိုးမယ်ဆိုရင် လူအရှင်ဆီက ယူလို့ရသလို၊ လူသေဆီကလည်း ယူလို့ရပါတယ်။ ဒီဆောင်းပါးမှာတော့ လူအရှင်ဆီကနေ ကိုယ်အင်္ဂါအစားထိုးတာနဲ့ ပတ်သက်ပြီး ပြောပြပါမယ်။ ဘာတွေ အစားထိုးလို့ရသလဲ။ ကိုယ်တွင်းအင်္ဂါတော်တော်များများ အစားထိုးလို့ရပါတယ်။ အသည်း၊ ကျောက်ကပ်၊ ရိုးတွင်းခြင်ဆီစသဖြင့်ပေါ့။ လုံးဝကုသလို့မရတော့အောင် ပျက်စီးသွားတဲ့အခါမျိုးမှာ ကိုယ်တွင်းအင်္ဂါအစားထိုးတာက နောက်ဆုံးမျှော်လင့်ချက်ပါပဲ။ အစားထိုးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အလှူခံတဲ့သူကလည်း အစားထိုးပြီးတဲ့ နောက်မှာ ပြန်ကျန်းမာရမယ်။ အလှူရှင်ကလည်း ကျန်းကျန်းမာမာနဲ့ နေထိုင်သွားနိုင်ရမယ်ဆိုတာပါပဲ။ တစ်ခါတလေမှာ  အလှူခံရဲ့ ကိုယ်ခန္ဓာကိုယ်က အလှူရှင်ရဲ့ ကိုယ်တွင်းအင်္ဂါကို ပြန်တိုက်ထုတ်တာကြောင့် မအောင်မြင်တာလည်း ရှိနိုင်ပေမယ့် တတ်နိုင်သလောက်တော့ အစားမထိုးခင်တည်းက အချက်အလက်တွေ တူနိုင်သမျှ တူအောင်၊ ခုခံအားက ပြန်မတိုက်အောင် ပြင်ဆင်ပြီးမှ အစားထိုးပေးပါတယ်။ ဘယ်လိုအချက်တွေ ကိုက်ညီမှ လှူလို့ရမှာလဲ။ အလှူရှင်နဲ့ အလှူခံတို့ရဲ့ သွေးအမျိုးအစား လှူဒါန်းမယ့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်ဖြတ် တဲ့အခါ ကိုယ်ခန္ဓာမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမလဲ

တကယ်လို့ သင်ဟာ အရက်ဖြတ် ဖို့ ကြိုးစားနေသူတစ်ဦးဆိုပါက အရက်စဖြတ်ချိန်မှာ ရရှိနိုင်တဲ့ ဆိုးကျိူးတွေကြောင့် တွန့်ဆုတ်နေရပြီလား။ အရက်ဖြတ်လိုက်ရင် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတဲ့အတွက်လည်း ကြိုးစားပြီးအရက်ဖြတ်ချင်ကြပါလိမ့်မယ်။ ယခုဆောင်းပါးလေးမှာတော့ အရက်ဖြတ်လိုက်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်မယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ယှဉ်တွဲဖော်ပြပေးလိုက်ပါတယ်။ အရက်စဖြတ်ပြီဆိုတာနှင့် သင့်တစ်ကိုယ်လုံးမှာ အောက်ပါအချက်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ (၁) အရက်နာကျခြင်း ထူးဆန်းတာက ဒီလိုအရက်နာကျလက္ခဏာကို ခံစားနေရခြင်းဟာ ပုံမှန်ပဲဖြစ်ပါတယ်။ အရက်ကို အမြဲသောက်သုံးနေရာကနေ ရုတ်တရက်ရပ်တန့်ပစ်မယ်ဆိုပါက ဆေးဝါးတစ်ခုခုအကူအညီကိုတော့ ယူရစမြဲဖြစ်ပါတယ်။ (၂) အသားအရေကောင်းမွန်လာခြင်း အရက်သောက်ခြင်းဟာ အရေပြားရှိ သွေးကြောများကိုကျယ်စေပြီး မျက်နှာကိုနီမြန်းစေပါတယ်။ ဒါကြောင့် အရက်ဖြတ်ပြီးနောက် ရေများများပြန်လည်သောက်မယ်ဆိုပါက အရေပြားကို သဘာဝအစိုဓာတ်ပြန်လည်ရရှိစေပြီး စိုပြေတောက်ပစေပါလိမ့်မယ်။ အရေးကြောင်းတွေလည်း ပြန်လည်မှေးမှိန်လာမှာဖြစ်ပါတယ်။ (၃) ချဉ်ခြင်းတပ်ခြင်း အရက်ဟာ ကာလ ကြာမြင့်စွာသောက်သုံးမယ်ဆိုပါက အလွန်စွဲလမ်းစေသော အရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့် အရက်ဖြတ်ပြီးချိန်မှာတောင်မှ အရက်သောက်လိုစိတ်ဖြစ်ပေါ်ပါလိမ့်မယ်။အထူးသဖြင့် ဒင်နာနှင့်ပွဲလမ်းသဘင်တွေမှာပေါ့။ ဒီလို အရက်ဘီယာသောက်လိုစိတ်ဟာ အရက်ဖြတ်ပြီးသူအတော်များများမှာ ဖြစ်လေ့ရှိတဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ (၄) ဘေးပတ်ဝန်းကျင်ဖိအား ဒါဟာ […]


အခြေခံကျန်းမာရေး

အိမ်မွေးတိရစ္ဆာန်လေးတွေကို ကာကွယ်ဆေးထိုးပေးဖို့လိုအပ်သလား

တိရစ္ဆာန်လေးတွေကိုချစ်ကြတဲ့တိချစ်သူတိုင်းလိုလိုမှာအိမ်မှာမွေးထားတဲ့အိမ်မွေးအကောင်လေး တွေကိုယ်စီရှိကြမှာပါ။ မိမိချစ်တဲ့အကောင်လေးတွေကျန်းကျန်းမာမာနဲ့နေထိုင်နိုင်ဖို့ကို အားလုံး ဆန္ဒရှိကြမယ်လို့ထင်ပါတယ်။ သူတို့လေးတွေကျန်းမာဖို့ရန်အတွက်ကာကွယ်ဆေးထိုးပေးဖို့ လိုမလိုဆိုတာဟာမေးခွန်းတစ်ခုဖြစ်လာပါတယ်။ ကာကွယ်ဆေးထိုးရခြင်းရဲ့ရည်ရွယ်ချက်တွေကိုစဉ်းစားကြည့်ကြပါစို့။ သူတို့လေးတွေရဲ့အသက်အန္တရာယ်ကိုထိပါးရန်ရှာလာနိုင်တဲ့ရောဂါဆိုးတွေဆီကကင်း ဝေးဖို့ရန် ကောင်းမွန်တဲ့ကိုယ်ခံအားစနစ်မွေးမြူပေးရန် ခွေးရူးရောဂါကဲ့သို့သောအိမ်မွေးတိရစ္ဆာန်လေးတွေဆီကနေလူတွေဆီသို့ကူးစက်နိုင်တဲ့ရောဂါတွေကိုကြိုတင်တားဆီးနိုင်ရန် ကာကွယ်ဆေးမထိုးရင်ဖြစ်လာမယ့်ရောဂါတွေဟာသေစေနိုင်လောက်တဲ့အထိပြင်းထန်ပါတယ်။ ကုသလို့ရနိုင်ခဲ့ရင်တောင်မှအချိန်ကြာကြာကုရမှာပါ။ သူတို့လေးတွေဟာလည်း ရောဂါဒဏ်ကို တော်တော်လေးခံရမှာပါ။ သင့်ကိုလည်း ငွေကုန်လူပန်းဖြစ်စေမှာပါ။ အိမ်မွေးခွေးလေးတွေမှာဆိုရင်ဘယ်လိုရောဂါတွေကိုကာကွယ်ပေးနိုင်သလဲ။ အောက်ပါရောဂါတွေကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ Parvovirus လို့ခေါ်တဲ့ခွေးသွေးဝမ်းရောဂါ Leptospirosis လို့ခေါ်တဲ့ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ ဒီဘက်တီးရီးယားဟာပြင်းထန်အဆုတ်ရောဂါတွေကိုဖြစ်ပွားစေနိုင်ပြီး အသက်ရှူကျပ်စေနိုင်ပါတယ်။ Canine Distemper ဒါကတော့ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါပါ။ ဖြစ်လာပြီဆိုရင်ကုသလို့မရနိုင်ဘဲသေဆုံးနိုင်ပါတယ်။တုပ်ကွေးရောဂါကဲ့သို့ လက္ခဏာတွေရှိနိုင်ပါတယ်။ ဒါ့အပြင်ဝမ်းသွားခြင်း၊ အန်ခြင်းနဲ့မျက်လုံး၊နှာခေါင်းတို့ကနေအဝါရောင်အချွဲတွေထွက်ခြင်း စသဖြင့် ဖြစ်လာနိုင်ပါတယ်။ Infectious Hepatitis ဆိုတဲ့ကူးစက်နိုင်တဲ့အသည်းရောင်ရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။ ကြောင်လေးတွေမှာတော့ ကြောင်တုပ်ကွေးရောဂါ (Cat Flu) Feline Infectious Enteritis ဆိုတဲ့ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တဲ့ရောဂါပါ။ ရုတ်တရက်ကြီးဝမ်းသွားလာမယ်၊ သေွးအန်လာရာကနေကြောင်လေးဟာသေဆုံးသွားနိုင်ပါတယ်။ Feline Leukaemia Virus ဒီဗိုင်းရပ်စ်ကူးစက်ရင်တော့ ကြောင်လေးဟာသွေးအားနည်းလာမယ်။ ခုခံအားစနစ်တဖြည်းဖြည်းကျဆင်းလာမှာပါ။ အိမ်မှာမွေးထားတဲ့ယုန်လေးတွေမှာတော့ Myxomatosis ဆိုတဲ့ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တဲ့ရောဂါ- အစပိုင်းမှာယုန်လေးဟာဖျားလာပြီးမျက်ခွံ၊မျက်နှာတွေရောင်ရမ်းလာမှာပါ။ မျက်ခွံတွေရောင်ရမ်းခြင်းပြင်းထန်လာရင်တော့ မျက်လုံးတွေဖွင့်မရတော့ပါဘူး။ အသက်ရှူကျပ်လာရာကနေသေဆုံးတဲ့အထိပြင်းထန်လာနိုင်ပါတယ်။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

သမားရိုးကျနည်းနဲ့ ခွဲမှာလား၊ အပေါက်လေးဖောက်ပြီး ခွဲမှာလား

ဒါက ဆေးရုံတွေမှာ ကြားနေကြစကားပါ။ ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်ပြီဆို ခွဲမယ့်နည်းလမ်းကို စဉ်းစားရပါတယ်။ လူနာရဲ့ အခြေအနေရော၊ ရောဂါရဲ့ အခြေအနေရောက ဘယ်လိုခွဲခွဲ အဆင်ပြေတယ်ဆိုရင် ဆရာဝန်တွေ မေးလေ့ရှိတာက 'ရိုးရိုးခွဲမှာလား၊ အပေါက်လေးဖောက်ပြီး ခွဲမှာလား'။ လူနာအများစုကတော့ သိပ်နားမလည်ဘူးပေါ့။ ဒီဆောင်းပါးမှာ ဒါက ဘာတွေကို ပြောတာလဲ။ အားသာချက်၊ အားနည်းချက်တွေ ဘာရှိလဲဆိုတာ ပြောပြပေးပါ့မယ်။ သမားရိုးကျခွဲတယ်ဆိုတာ သမားရိုးကျ ခွဲတယ်ဆိုတာ အရင်လို ခွဲကြောင်းပေးပြီး ဓားနဲ့ ခွဲတာကို ဆိုလိုတာပါ။ ရုပ်ရှင်ထဲမှာ မြင်ဖူးနေကြပုံစံပေါ့။ ခွဲစိတ်မှုအများစုက သမားရိုးကျခွဲနည်းကိုပဲ သုံးကြပါတယ်။ သူ့မှာလည်း အားသာချက်၊ အားနည်းချက်တွေ ရှိပါတယ်။ အားသာချက်တွေကတော့ ခွဲစိတ်မှုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ကိုယ်တွင်းအင်္ဂါတွေကို လက်နဲ့ ထိတွေ့ပြီး ကိုင်တွယ်ရတဲ့အတွက် အပူချိန်၊ အပျော့အမာ စတာတွေကို ခံစားသိရှိနိုင်တယ်။ လိုအပ်ရင် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း