အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ချွေးထွက်များမှ ကျန်းမာရေးကောင်းမယ်

ချွေးထွက်တယ်ဆိုတာက ပုံမှန်အားဖြင့်ဆိုရင် သိပ်ပြီး စိတ်ညစ်စရာကောင်းတဲ့ ကိစ္စတစ်ခုလို့ ဆိုရမလားပဲ။ ပူပြင်းခြောက်သွေ့တဲ့ အချိန်တွေမှာ ချွေးထွက်တတ်သလို၊ လှုပ်လှုပ်ရှားရှား ကိုယ်ကာယလှုပ်ရှားမှုတွေ လုပ်ပြီးချိန်တွေမှာ၊ ပင်ပန်းတဲ့ အခြေအနေတွေမှာလည်း ချွေးတရွှဲရွှဲဖြစ်နေတတ်ပါတယ်။ လူတစ်ချို့က ချွေးအရမ်းထွက်တာကို စိုးရိမ်တတ်ကြပါတယ်။ တစ်ချို့ကလည်း မနှစ်သက်တတ်ကြပါဘူး။ ကဲ ချွေးထွက်တာ ကောင်းလား မကောင်းလား ဆန်းစစ်ကြည့်ရအောင်။ ချွေးဆိုတာ ဘာလဲ တကယ်တမ်းအားဖြင့် ချွေးဆိုတာဟာ ရေနဲ့ အသွင်သဏ္ဍာန်ချင်းဆင်တူတဲ့ ခန္တာကိုယ်ရဲ့ စွန့်ပစ်အရည်တစ်မျိုးဖြစ်ပါတယ်။ ရေဓာတ်အများစုပါဝင်ပြီး ခန္တာကိုယ်ထဲက ဓာတ်ဗေဒစွန့်ပစ်ပစ္စည်းတွေနဲ့၊ အမိုးနီးယား၊ ယူရီးယား၊ ဆားနဲ့ သကြားဓာတ်တွေပါဝင်နေပါတယ်။ လေ့ကျင့်ခန်းလုပ်လို့ ထွက်တဲ့ချွေးမှာပဲဖြစ်ဖြစ်၊ ဖျားလို့ နာလို့ ထွက်တဲ့ ချွေးမှာပဲဖြစ်ဖြစ်၊ စိတ်ပင်ပန်းလို့ ထွက်တဲ့ ဇောချွေးမှာပဲဖြစ်ဖြစ် ပါဝင်ပစ္စည်းက အတူတူပါပဲ။ ခုလို ချွေးထွက်ရစေတဲ့ အကြောင်းအရင်းကတော့ အရမ်းကို ရိုးရှင်းပါတယ်။ ခန္တာကိုယ်ကို အလိုအလျောက် အအေးပေးတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေ အပူရှိန်ပြင်းပြင်းအောက်မှာ ကျန်းမာနေဖို့ ဆိုရင်

နွေ ရာသီရဲ့ တကယ့်ကို အပူပြင်းဆုံးအချိန်ကာလကို တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လာနေပါပြီ။ COVID-19 ကပ်ဘေးကြောင့် လူအများစုဟာ နေအိမ်တွေမှာပဲရှိနေကြတာများပါတယ်။ ဒါပေမယ့် နွေရာသီရဲ့ အလယ်ခေါင်ကာလကြီးမဟုတ်လား။ အပူရှိန်ဟာ တဖြည်းဖြည်းမြင့်တက်လာနေပြီမို့ နေအိမ်မှာ နေရထိုင်ရတာကလည်း သက်သောင့်သက်သာ အနေအထားတော့ မဟုတ်လှပါဘူး။ ဒီလိုပူပြင်းတဲ့ နွေရာသီမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်နိုင်ဖို့ အလွန်လိုအပ်ပါတယ်။ ရာသီဥတုပူပြင်းတာမို့ ရောဂါဘယကူးစက်နိုင်ခြေမြင့်မားပြီး အရေပြားရောဂါတွေ၊ အပူလျှပ်တာ၊ လေဖြတ်တာနဲ့ ရေဓာတ်ဆုံးရှုံးနိုင်တာတွေ ဖြစ်နိုင်ခြေမြင့်မားလှပါတယ်။ ဒီအခြေအနေတွေကို ရှောင်လွှဲနိုင်ဖို့ဆိုရင် အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီး ကျန်းမာအောင် ကိုယ့်ကိုယ်ကို စောင့်ရှောက်ပြုစုနိုင်ပါတယ်။ နွေ အပူရှိန်ပြင်းပြင်းအောက်မှာ ကျန်းမာနေဖို့ နည်းလမ်းများ ရေဓာတ်မဆုံးရှုံးပါစေနဲ့။ နွေရာသီမှာ ရေဓာတ်မဆုံးရှုံးဖို့က အဓိကပါပဲ။ ရေများများသောက်ပေးဖို့ ဂရုစိုက်ပါ။ အထူးသဖြင့် မိုးလင်းတာနဲ့ ရေ ၂ ဖန်ခွက် ကနေ ၄ ဖန်ခွက်လောက်အထိ သောက်ထားပေးပါ။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းလည်း အဆိုပါပမာဏအတိုင်း […]


အခြေခံကျန်းမာရေး

ပရိုတင်းဓာတ်နဲ့ ပါးစပ်ရာဇဝင်များ

ပရိုတင်း၊ ပရိုတင်းနဲ့ ပရိုတင်းဆိုတဲ့ စကားလုံးကို လူတိုင်း ကြားဖူးကြမယ်ထင်ပါတယ်။ ပရိုတင်း (Protein) ဆိုတဲ့ ဓာတ်က လူ့ခန္ဓာကိုယ်ရဲ့ မရှိမဖြစ် အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒီဓာတ်က ကိုယ်တွင်းထဲက တစ်ရှူးဖွဲ့စည်းမှုကို အထောက်အကူဖြစ်စေပြီး ကာဗိုဟိုက်ဒရိတ်လိုပဲ ခန္ဓာကိုယ်ထဲက စွမ်းအင်အရင်းအမြစ်တစ်မျိုးလည်း ဖြစ်ပါတယ်။ လူသားတွေရဲ့ အစာခြေစနစ်တွေ၊ အစာအိမ်တွေကိုလည်း အထောက်အကူဖြစ်စေပါတယ်။ အဓိကအားဖြင့်တော့ လူအများစု သိမှတ်ထားတာက ပရိုတင်းဓာတ်ဟာ ကြွက်သားတွေကို အထောက်အကူဖြစ်စေတယ်ဆိုတာပါပဲ။ ခန္ဓာကိုယ်ကြွက်သား တောင့်တင်းကြံ့ခိုင်ချင်သူတွေဟာ ပရိုတင်းဓာတ်စာတွေကို အလွန်အမင်းမှီဝဲနေကြပါတယ်။ ဒါတွေဟာ မှန်ကန်ရဲ့လား။ ပရိုတင်းဟာ အသုံးတည့်လှတဲ့ ဓာတ်တစ်မျိုးဖြစ်တာမို့ လူအများကြားမှာ စွဲလမ်းမှုတွေ ယုံကြည်မှုတွေလည်း အမျိုးမျိုးရှိကြပါတယ်။ အလွန်အကျွံသုံးစွဲတာတွေ၊ မှားယွင်းအသုံးချမှုတွေလည်း ရှိနေပြန်ပါတယ်။ ဒီတော့ ပရိုတင်းဓာတ်နဲ့ ပတ်သက်ပြီး လူတွေက ဘာတွေ အတွေးအမြင် လွဲမှားမှုတွေ ရှိနေကြသလဲ၊ အမှန်တရားက ဘာတွေလဲ သိထားဖို့တော့ လိုအပ်ပါတယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင် သွေး တစ်ခါလှူရင် လူ ဘယ်နှယောက်ကို ကယ်နိုင်မလဲ။

သင်လှူလိုက်တဲ့ သွေး ကနေ လူဘယ်နှယောက်ကို ကယ်နိုင်သလဲဆိုတာ တွေးဖူးပါသလား။ တစ်ထုပ်လှူလိုက်တာ တစ်ယောက်ပဲ ကယ်နိုင်မှာပေါ့လို့ ပြောစရာ ရှိပါတယ်။ ဟိုအရင်ကတော့  ဟုတ်ချင် ဟုတ်မှာပေါ့။ ခုတော့ နည်းပညာတွေ တိုးတက်လာတဲ့ အတွက် သင်လှူလိုက်တဲ့ သွေးတစ်ထုပ်ကို အမျိုးမျိုး ခွဲခြမ်း စိတ်ဖြာပြီး လိုအပ်သလို ပေးနိုင်အောင် စီစဉ်ထားပါတယ်။ သင့်သွေးကို ဘယ်သူတွေကို ပေးလိုက်တယ်ဆိုတာရော သိပါသလား။ သင့်သွေးက လူတွေအတွက် ဘယ်လောက်တောင် အဖိုးတန်တယ်။ သင်က ကြီးမြတ်တဲ့အလုပ်၊ အသက်ကယ်တဲ့ အလုပ်ကို လုပ်နေတယ်ဆိုတာ ဒီဆောင်းပါးကနေ ပြောပြပေးပါ့မယ်။ သွေး တစ်ထုပ်ကနေ ဘာတွေ ရနိုင်လဲ။ သွေးတစ်ထုပ်ကို ဒီတိုင်းပဲ သုံးလို့ ရသလို သူ့ ပါဝင်ပစ္စည်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး တစ်ယောက်မက သုံးလို့ရအောင် လုပ်လို့ ရပါတယ်။ ဥပမာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကမ္ဘာ့ကပ်ရောဂါ (Pandemic) ဆိုတာဘာလဲ၊ ကူးစက်ရောဂါအဆင့်တွေဘယ်လိုခွဲခြားလဲ

ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့ပြီး အခုချိန်မှာကမ္ဘာ့နိုင်ငံပေါင်း ၁၉၉ နိုင်ငံအထိ ပျံ့နှံ့သွားပြီဖြစ်တဲ့ COVID-19 ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာ့ကပ်ရောဂါ (pandemic) အဆင့်အဖြစ်ကြေညာလိုက်ပါပြီ။ ရောဂါ တစ်ခု ကူးစက်ပျံ့နှံ့မှုအခြေအနေပေါ် တွက်ဆပြီး ရောဂါကူးစက်မှုကိုအဆင့်ဆင့်ခွဲခြားထားပြီး ကမ္ဘာ့ကပ်ရောဂါ (pandemic) အဆင့်ကတော့ အမြင့်ဆုံးဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနှုန်း၊ ကူးစက်နှုန်း၊ ပြင်းထန်မှု စတဲ့အချက်များစွာအပေါ်မူတည်သုံးသပ်ပြီး ရောဂါဖြစ်ပွားမှုကို အဆင့် အမျိုးမျိုးခွဲခြားနိုင်ပါတယ်၊ ဒီအဆင့်တွေကတော့ Sporadic – ဒီအုပ်စုထဲကရောဂါတွေက တစ်ခါတစ်လေမှ ဖြစ်ပွားပြီး သိပ်လည်းမပြင်းထန်ပါဘူး။ Cluster – ဒေသတစ်ခု၊ နေရာတစ်ခုက လူဦးရေအများစုမှာ ဖြစ်ပွားတဲ့ရောဂါမျိုးပါ၊ ဥပမာပြောရရင် ဒုတိယကမ္ဘာစစ်က ဂျပန်နိုင်ငံမှာ အနုမြူဗုံးကျဲခံခဲ့ရတဲ့  မြို့နဲ့အနီးတဝိုက်မှာနေထိုင်သူတွေ စစ်ပြီးကာလမှာ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်လာတဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ Endemic – နေရာဒေသတစ်ခုမှာ ပုံမှန်ဖြစ်ပွားနေတဲ့ ရောဂါတွေဖြစ်ပါတယ်။ Hyperendemic – endemic ထက်ဖြစ်ပွားမှုနှုန်းပိုများတဲ့ရောဂါတွေပါ၊ ဥပမာဆိုရင် တစ်ကမ္ဘာလုံးမှာ […]


အခြေခံကျန်းမာရေး

အိမ်မွေးတိရစ္ဆာန် လေးတွေကို မွေးတဲ့အခါ ဘယ်လိုမျိုးမှန်ကန်အောင်မွေးသင့်သလဲ

ခွေး၊ ကြောင် အစရှိတဲ့အိမ်မွေးသတ္တဝါလေးတွေကို မွေးထားခြင်းဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေရနိုင်ပါတယ်။ သူတို့လေးနဲ့ အတူတူလမ်းလျှောက်မယ်၊ အပြင်ထွက်မယ်၊ ဆော့ ကစားမယ်၊ လေ့ကျင့်ခန်းတွေလုပ်မယ်စတဲ့ အကျင့်ကောင်းတွေကြောင့် သင့်ရဲ့သွေးပေါင်ချိန်ကို လျော့ကျစေမယ်၊ သွေးပေါင်ချိန် ထိန်းညှိပြီးသားဖြစ်စေမယ်။ ကိုလက်စထရောပမာဏလျော့ကျစေမယ် အထီးကျန်မှုတွေပျောက်ဆုံးမယ် ကိုယ်လက်လှုပ်ရှားမှုအားကစားတွေများများလုပ်လာနိုင်မယ် စတဲ့အကျိုးကျေးဇူးတွေရ နိုင်ပါတယ်။ ဒါပေမဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဟာအန္တရာယ်များလှတဲ့ ပိုးမွှားတွေကို သယ်ဆောင်ထားနိုင်ပါတယ်။ ကျန်းမာမယ်လို့ထင်ရတဲ့အကောင်လေးတွေမှာတောင် ရောဂါပိုးမွှားတွေရှိနိုင်ပါတယ်။ အောက်ဖော်ပြပါ နည်းလမ်းတွေကတော့ သင့်ရဲ့အိမ်မွေး တိရစ္ဆာန်လေးတွေကို မွေးရင်း သင်ရောသင့်မိသားစုပါ အန္တရာယ်ကင်းကင်း ကျန်းကျန်း မာမာနေနိုင်စေမယ့် နည်းလမ်းကောင်းလေးတွေပါ။ မှန်ကန် တဲ့အိမ်မွေးတိရစ္ဆာန်တွေကိုရွေးချယ်ပါ။               ။သင်နဲ့သင့်မိသားစုအတွက်သင့်တော်မယ့် အကောင်ကိုပဲရွေးမွေးပါ။ မမွေးခင်မှာအောက်ဖော်ပြပါမေးခွန်းလေးတွေကို ကိုယ့်ကိုယ်ကို ပြန်မေး ဖို့လိုအပ်ပါလိမ့်မယ်။ ဒီအိမ်မွေးတိရစ္ဆာန်လေးရဲ့သက်တမ်းကဘယ်လောက်ရှိလဲ သူကိုဘာကျွေးမှာလဲ။ သူဘာအစားအစာတွေစားတတ်လဲ သူ့အတွက်ဘယ်လိုလေ့ကျင့်ခန်းတွေ လိုအပ်သလဲ အရွယ်ရောက်လာတဲ့အခါ ဖြစ်လာမယ့် သူရဲ့ အကြီးဆုံးအရွယ်အစား […]


အခြေခံကျန်းမာရေး

အပူဒဏ် အန္တရာယ် ကာကွယ်ပါ

ဒီရက်ပိုင်းမှာ ရာသီဥတု တော်တော်ပူလာတာကို သတိပြူမိမှာပါ ။ အထူးသဖြင့် နေလယ်နေခင်းအချိန်တွေက နေပူထဲထွက်ဖို့ မဝံ့ရဲအောင်ပါပဲ ။ စာရေးသူလို သန်သန်မာမာ လူငယ်တစ်ယောက်တောင် နေပူဒဏ်ကို ကြာကြာမခံနိုင်တဲ့အတွက် နေပူထဲမှာ သွားလာနေရတဲ့ စာဖတ်ပရိတ်သတ်အတွက် အပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကို သတိပြုမူစေနိုင်ဖို့‌ ဒီဆောင်းပါးကို ရည်ရွယ်ပါတယ် ။ အပူဒဏ်ကြောင့် အန္တရာယ်ရှိတဲ့  ကြွက်တက်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ ‌အပူကြောင့် သတိလစ်ခြင်း တွေဖြစ်တတ်ပါတယ် ။ အထူးသဖြင့် မြန်မာနွေက ပိုမိုပူပြင်းတတ်တဲ့အတွက်  သက်ကြီးရွယ်အို ၊ ကလေးသူငယ်များအဝလွန်သူများနဲ့ အရက်သောက်တဲ့လူတွေကို ပိုမို ဂရုစိုက်ဖို့ လိုအပ်ပါတယ် ။ အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်းရဲ့ လက္ခဏာတွေက ကြွက်တက်ခြင်း မူးဝေခြင်း အသက်ရှူမြန်ခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်း ခေါင်းကိုက်ခြင်း ဂနာမငြိမ်ဖြစ်ခြင်း ရေအလွန်ငတ်ခြင်း […]


အခြေခံကျန်းမာရေး

ဗီတာမင်စီ အကြောင်း သင်ဘယ်လောက်သိလဲ။

ဗီတာမင်စီ ဆိုတာ ဒီခေတ်မှာ တော်တော်များများ သိလာကြပါပြီ။ ငါ stressတွေ ပိနေတယ်ဟယ်။ ဗီတာမင်စီလေးသောက်ဦးမှပါ အစ အသားဖြူဖို့ ဗီတာမင်စီထိုးတဲ့အထိ အသုံးပြုလာကြပါပြီ။ သင်ဗီတာမင်စီနဲ့ ပတ်သတ်ပြီး သင်ဘာသိထားသလဲ။ သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေက ဘာလဲဆိုတာ ဆက်ကြည့်ရအောင်။ ဗီတာမင်စီ ဆိုတာ ဘာလဲ။ ဗီတာမင်စီ ဆိုတာ ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်အမျိုးအစားပဲ ဖြစ်ပါတယ်။ အလွယ်ပြောရရင် ချဉ်တဲ့ အသီးအရွက်တွေကနေ အများဆုံးရပါတယ်။ ဥပမာ သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ငရုတ်ပွ။ ခန္ဓာကိုယ်က မထုတ်နိုင်တဲ့ အတွက် ပြင်ပက အစားအစာတွေကိုပဲ မှီခိုရတာပါ။ တစ်နေ့တာ လိုအပ်ချက်ကတော့ အရွယ်ရောက်ပြီးသား အမျိုးသမီး တစ်ယောက်အတွက် 75mgနဲ့ အမျိုးသားအတွက်ကတော့ 90mgပဲ ဖြစ်ပါတယ်။ ဗီတာမင်စီရဲ့ ကောင်းကျိုးများ ပါးစပ်ပြော ကောင်းကျိုးတွေ အများကြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ဘာကွာသလဲ

ဒီ နှစ်ကောင်စလုံးက လူတွေကိုကူးစက်ရောဂါဖြစ်စေနိုင်စွမ်းရှိပါတယ်။ အဓိက ကွာတဲ့အချက်က ဘက်တီးရီးယားပိုးတွေကို ပိုးသတ်ဆေးတွေသောက်ပြီး နှိမ်နင်းနိုင်ပေမဲ့ ဗိုင်းရပ်စ်ပိုးတွေကို ဒီလိုသတ်ပစ်လို့မရပါဘူး။ နောက်ပြီး ဗိုင်းရပ်စ်နဲ့ ဘက်တီးရီယားတွေမှာ တခြားကွာခြားချက်တွေလည်းရှိပါသေးတယ်။ ပထမဦးဆုံးပြောရရင် သူတို့ နှစ်ကောင်က တည်ဆောက်ပုံကစပြီး ကွဲပြားပါတယ်။ ဘက်တီးရီးယားတွေက ဆဲလ်တစ်လုံးတည်းပါတဲ့၊ မျက်စိနဲ့မမြင်နိုင်တဲ့အဏုဇီဝပိုးကောင်တွေဖြစ်ပြီး မျိုးစိတ်အတော်များများမှာ အပြင်ဖက်အခွံလွှာအမာတစ်ခုနဲ့ဖုံးအုပ်ထားပါတယ်။ ဘက်တီးရီးယားတွေက ဘယ်သူ့ကိုမှမမှီခိုဘဲ အသက်ရှင်နိုင်သလို မျိုးလည်းပွားနိုင်ပါတယ်၊ နောက်ပြီး  ပတ်ဝန်းကျင်မျိုးစုံမှာလည်း နေထိုင်နိုင်ပါသေးတယ်။ တချို့ဘက်တီးရီးယားမျိုးစိတ်တွေဆို အရမ်းပူ၊ အရမ်းအေးတဲ့နေရာတွေမှာတောင် ရှင်သန်နိုင်တာတွေ့ရပါတယ်။ နေတဲ့နေရာစုံတဲ့အတွက် နေရာမျိုးစုံမှာတွေ့နိုင်ပါတယ်။ ကျွန်တော်တို့လူသားတွေရဲ့ အူလမ်းကြောင်းထဲမှာလည်း ဘက်တီးရီးယားတွေရှိသလို နေ့စဉ်ကိုင်တွယ်အသုံးပြုနေတဲ့ တကိုယ်ရည်ပစ္စည်းတွေပေါ်မှာလည်း ရှိတာပါပဲ။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက ဘက်တီးရီးယားမျိုးစိတ်၊ မျိုးကွဲတွေအများကြီးရှိပေမဲ့ အတော်များများက လူတွေကို အန္တရာယ်မပေးနိုင်ပါဘူး။ တချို့ဆို အကျိုးတောင်ပြုပါသေးတယ်၊ အခုဈေးကွက်ထဲမှာရောင်းနေတဲ့ ဒိန်ချဉ်တချို့နဲ့ သောက်ဆေးတွေမှာပါဝင်တဲ့ probiotic ဆိုတာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စတီးရွိုက် ရဲ့ဘေးထွက်ဆိုးကျိုးများ

စတီးရွိုက် ကို လူတိုင်းနီးပါး ကြားဖူးကြမှာပါ။ စပ်ဆေးထဲမှာ ပါတဲ့ဆေး၊ ဖောတဲ့ဆေးလို့ လူသိများပါတယ်။ ဘာဆေးမှန်းသာ မသိတာ ဒီဆေးသောက်လိုက်ရင် ပေါ့ပါးနေတာပဲ။ ညောင်းတာ ကိုက်တာလည်း မရှိတော့ဘူးလို့ ပြောကြပါတယ်။ ဒါပေမယ့် ဒီဆေးက တကယ်ပဲ ဒီလိုသောက်ရတာ ဟုတ်ရဲ့လား။ သေချာ မသုံးတတ်ရင် သေနိုင်လောက်တဲ့ အန္တရာယ်ရှိတယ်ဆိုတာ သိရော သိကြရဲ့လား။ စတီးရွိုက် တွေဘယ်လိုအလုပ်လုပ်လဲ။ စတီးရွိုက်က ကျောက်ကပ်အပေါ်မှာ ရှိနေတဲ့ အယ်ဒရီနယ်ဂလင်းကနေ ထုတ်တဲ့ ဟော်မုန်းတွေနဲ့ ဆင်တူပါတယ်။ ခန္ဓာကိုယ်က ထုတ်နိုင်တဲ့ ပမာဏထက်ပိုပြီး သောက်မိရင် ရောင်ရမ်းတာကို ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် ပန်းနာရင်ကြပ်တို့ အဆစ်ရောင်ရောဂါတို့မှာ သုံးတာပါ။ ပြီးတော့ ခုခံအားကိုလည်း ကျစေတဲ့အတွက် ခုခံအားကမောက်ကမဖြစ်တဲ့ ရောဂါတွေမှာလည်း သုံးနိုင်ပါတယ်။ စတီးရွိုက် ရဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။ စတီးရွိုက်ကို သောက်ဆေးအနေနဲ့ရော၊ ရှူဆေး၊ လိမ်းဆေး၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း