brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Corneal Foreign Body And Corneal Abrasion (မျက်ကြည်လွှာပြင်ပပစ္စည်းဝင်ခြင်း နှင့် မျက်ကြည်လွှာ ပွန်းပဲ့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Corneal Foreign Body And Corneal Abrasion (မျက်ကြည်လွှာပြင်ပပစ္စည်းဝင်ခြင်း နှင့် မျက်ကြည်လွှာ ပွန်းပဲ့ခြင်း) ကဘာလဲ။

မျက်ကြည်လွှာ ပွန်းပဲ့ခြင်းဆိုသည်မှာ ပြင်ပပစ္စည်းတစ်ခု ကြောင့် မျက်ကြည်လွှာ မျက်နှာပြင်တွင် ခြစ်ရာထင်ခြင်းကို ခေါ်ပါသည်။ မျက်ကြည်လွှာသည် မျက်လုံးအပြင်ဘက် ရှိ ကြည်လင်တောက်ပသော အရည်အလွှာတစ်ခုဖြစ်ပြီး အကာ အကွယ်ပေးသော ဒိုင်းအဖြစ် ဆောင်ရွက်ပေးပါသည်။

အရာ ဝတ္ထုမှလာသော အလင်းကို မျက်လုံးတွင်းရှိ ပုံရိပ်ဖော်အလွှာ (retina) တွင် စုဆုံစေပါသည်။ ဖုန်မှုန့်၊ သဲမှုန့်၊ သေးငယ်သော အင်းဆက်များ စသော ပြင်ပပစ္စည်းများသည် မျက်လုံးတွင်း ဝင်ရောက်ကာ မျက်ကြည်လွှာတွင် ကပ်ကျန်နေနိုင်ပါသည်။ သေချာ မကုသပါက မျက်ကြည်လွှာ လုံး၀ ပျက်စီးဆုံးရှုံးသွားနိုင်ပါသည်။

Corneal Foreign Body And Corneal Abrasion (မျက်ကြည်လွှာပြင်ပပစ္စည်းဝင်ခြင်း နှင့် မျက်ကြည်လွှာ ပွန်းပဲ့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

မျက်ကြည်လွှာ ပွန်းပဲ့ခြင်းသည် မည်သည့်အသက် အရွယ် တွင်အဆို ဖြစ်နိုင်ပြီး လေ့ကျင့်ခန်းလုပ်ခြင်း၊ လမ်းလျှောက် ခြင်း စသော ပုံမှန်လှုပ်ရှားမှုများ ပြုလုပ်ရင်း ဖြစ်နိုင်ပါသည်။

မတော်တဆ မျက်ကြည်လွှာအား အပြင်းအထန် ထိခိုက်မိခြင်း ကြောင့် လည်းဖြစ်နိုင်ပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါဖြစ်နိုင်မှုကို ကန့်သတ် နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။

လက္ခဏာများ

Corneal Foreign Body And Corneal Abrasion (မျက်ကြည်လွှာပြင်ပပစ္စည်းဝင်ခြင်း နှင့် မျက်ကြည်လွှာ ပွန်းပဲ့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

မျက်ကြည်လွှာထဲတွင် ပြင်ပပစ္စည်း တစ်ခုခုရှိပါက မျက်လုံးသည် နီရဲ ၍ နာကျင်လာပြီး အလင်းနှင့် အထိမခံဖြစ်လာနိုင်ပါသည်။ မျက်လုံးအမြင်သည် ယာယီအားဖြင့် ဝါးလာနိုင်သည်။

ပြင်ပ ပစ္စည်းသည် မျက်ကြည်လွှာကို ပွန်းပဲ့မှု ဖြစ်စေပါက အောက်ပါ တို့ ခံစားရနိုင်သည်။

 မျက်လုံး ပူခြင်း၊ ယားယံခြင်း၊ နာကျင်ခြင်း၊ နီရဲခြင်း၊ မျက်ရည် ထွက်ခြင်း

 အမြင်အာရုံ ဆိုးရွားလာခြင်း

 မျက်လုံးဝန်းကျင်ရှိ ကြွက်သားများ အကြောဆွဲခြင်း

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ပြင်ပပစ္စည်းများ မျက်လုံးထဲတွင်ရှိနေပါက အကောင်းဆုံး ကုသမှု နည်းလမ်းဖြင့် ကုသမှုခံယူရန် ဆရာဝန်နှင့် သွား ရောက်ပြသသင့်သည်။

 ကလေးငယ်များအတွက်။ ကလေး၏ အမြင်သည် ဆိုးရွားလာပါက၊ မျက်လုံးနာခြင်း၊ နီခြင်းဖြစ်ပါက မျက်ရည်များထွက်ပါက ကလေး၏ ဆရာဝန်ကို အကြောင်းကြားပါ။

 အရွယ်ရောက်ပြီးသူများအတွက်။ မျက်လုံးမှ ပြင်ပ ပစ္စည်းကို မဖယ်ရှားနိုင်ပါက သို့မဟုတ် မျက်လုံးတွင်း ဝင်နေသော ပြင်ပပစ္စည်းကို မထုတ်နိုင်ပါက အမြင်အာရုံဝေဝါးခြင်း၊ မျက်လုံးမှ သွေးထွက်ခြင်းတို့ ဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့် သွားရောက်ပြသပါ။

ဆရာဝန်သည် အချိန်မီ ကုသမှုကို ညွှန်ကြားဆောင်ရွက် ပါလိမ့်မည်။

အကြောင်းရင်းများ

Corneal Foreign Body And Corneal Abrasion (မျက်ကြည်လွှာပြင်ပပစ္စည်းဝင်ခြင်း နှင့် မျက်ကြည်လွှာ ပွန်းပဲ့ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မျက်ကြည်လွှာ ပွန်းပဲ့ခြင်းကို ဖြစ်စေသော အကြောင်း ရင်းများစွာ ရှိပါသည်။ ပြင်ပပစ္စည်းများ မျက်လုံးတွင်းသို့ လွှင့်စင်ဝင်ရောက်ခြင်း၊ တွယ်ကပ်ခြင်းသည် အဓိက ဖြစ်စေသော အကြောင်းရင်းများ ဖြစ်သည်။

ဖုန်မှုန့်များ၊ သဲမှုန့်များသည် မျက်ခွံတွင် ကပ်နေပြီး မျက်တောင်ခတ် သောအခါ မျက်ကြည်လွှာအား ပွန်းပဲ့မှု ဖြစ်စေသည်။ စီးကရက်သောက်ခြင်း၊ အချိန်ကြာစွာ မျက်ကပ်မှန်တပ်ခြင်း၊ မျက်လုံးအား ပွတ်ခြင်း၊ နေရောင်နှင့် မျက်လုံး တိုက်ရိုက်ကြာရှည် ထိတွေ့ခြင်းတို့သည်လည်း မျက်ကြည်လွှာ ပွန်းပဲ့ခြင်းကို ဖြစ်စေပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Corneal Foreign Body And Corneal Abrasion (မျက်ကြည်လွှာပြင်ပပစ္စည်းဝင်ခြင်း နှင့် မျက်ကြည်လွှာ ပွန်းပဲ့ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါတို့သည် မျက်ကြည်လွှာတွင် ပြင်ပပစ္စည်းဝင်ခြင်း နှင့် မျက်ကြည်လွှာ ပွန်းပဲ့ခြင်း ဖြစ်နိုင်ချေကို မြင့်စေပါသည်။

 မျက်ကပ်မှန် တပ်ဆင်ခြင်း

 မီးခိုးငွေ့များသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်ရ ခြင်း။ ဥပမာ- သစ်သားဆိုင်၊ ချည်ထည်စက်ရုံ။ (မျက် စိ အကာအကွယ် မဝတ်ဆင်ဘဲ)

 သဲထူသော သို့မဟုတ် မသန့်ရှင်းသော နေရာတွင် နေထိုင်ခြင်း

 ဘောလုံး၊ ဘတ်စကတ်ဘော စသော အားကစားများ ကစားခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Corneal Foreign Body And Corneal Abrasion (မျက်ကြည်လွှာပြင်ပပစ္စည်းဝင်ခြင်း နှင့် မျက်ကြည်လွှာ ပွန်းပဲ့ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် အထူးပြုလုပ်ထားသော ကိရိယာများသုံး၍ မျက်လုံးကို ကြည့်ရှုစစ်ဆေးခြင်းဖြင့် ရောဂါအဖြေရှာနိုင်ပါ သည်။ ဆရာဝန်က မျက်ကြည်လွှာ ထိခိုက်မှုကို ပို၍ လွယ်ကူစွာနှင့် တိကျစွာမြင်ရန် မျက်စဉ်းဆေးအချို့ကို သုံး၍ စစ်ဆေးပါလိမ့်မည်။

Corneal Foreign Body And Corneal Abrasion (မျက်ကြည်လွှာပြင်ပပစ္စည်းဝင်ခြင်း နှင့် မျက်ကြည်လွှာ ပွန်းပဲ့ခြင်း) ကို ဘယ်လိုကုသပါသလဲ

မျက်စိထိခိုက်မှု အခြေအနေနှင့် မျက်စိတွင်း ဝင်ရောက်သော ပြင်ပပစ္စည်း အမျိုးအစား အပေါ်မူတည်၍ ဆရာဝန်သည် ကုသမှုကို ပေးပြီး ရောဂါ ကို ထိန်းချုပ်နိုင်ပါသည်။ အများအားဖြင့် ဆရာဝန်သည် ရောင် ရမ်းခြင်း လျော့ကျရန်နှင့် မျက်ကြည်လွှာ အမာရွတ်ဖြစ်ခြင်းကို ကာကွယ်ရန် မျက်စဉ်း၊ စတီးရွိုက်မပါ သော အရောင်ကျဆေး သို့မဟုတ် စတီးရွိုက် ပါသော လိမ်းဆေးကို သုံးနိုင်ပါသည်။

နာကျင်မှု သက်သာရန်နှင့် ကြွက်သား နာကျင်ခြင်း သက်သာ ရန် Antispasmodic မျက်စဉ်းဆေး ကိုသုံးနိုင်သည်။ ပြင်ပပစ္စည်း သည် မျက်လုံးတွင်းတွင် နက်ရှိုင်းစွာ ရှိနေပါက ခွဲစိတ်ကုသ ရန် လိုသည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် မျက်ကြည်လွှာတွင် ပြင်ပပစ္စည်းဝင်ခြင်း နှင့် မျက်ကြည်လွှာ ပွန်းပဲ့ခြင်းကို ကုသရာတွင် ဘယ်လို အထောက်အကူ ပြုနိုင်မလဲ။

မျက်ကြည်လွှာ ပွန်းခြင်း ဖြစ်ပါက ကုသမှုကို ပို၍ ထိ ရောက်စေရန် အောက်ပါ အချက်များကို လိုက်နာကျင့်သုံး သင့်သည်။

 ညွှန်ကြားချက်အတိုင်း မျက်စဉ်း၊ လိမ်းဆေးကို အသုံး ပြုပါ။ ဆရာဝန် ညွှန်ကြားသည့်အတိုင်း ဆေးသောက် ပါ။

 အချိန်ကြာရှည် အလုပ်လုပ်ပြီးပါက မျက်စိကို အနား ပေးပါ။

 မျက်လုံးနာခြင်း၊ ယားယံခြင်းတို့ ဖြစ်လာပါက သို့မဟုတ် မျက်ကြည်လွှာ အခြေအနေသည် ရုတ်တရက် ပိုဆိုး လာပါက ဆရာဝန်အား အကြောင်းကြားပါ။

 အလုပ်လုပ်ချိန်တွင် မျက်စိ ကာသော အကာအကွယ်ကို တပ်ဆင်ပါ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Zin Wai Yan Lin · 01/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။