အမြင်အာရုံက သက်ရှိတွေအတွက်တော်ေ်တာ်လေးအရေးကြီးပါတယ်။ တစ်ခုခုကို စတွေ့ပြီဆိုရင်အရင်ဆုံး ခံစားတာက အမြင်အာရုံနဲ့ပါ။ အမြင်အာရုံမရှိဘူးဆိုရင် အကောင်းအဆိုးကိုတောင်ခွဲခြားဖို့ခက်သွားမှာပါ။ ဒီတော့အရေးကြီးတဲ့အမြင်အာရုံကို တတ်နိုင်သမျှမစောင့်ရှောက်သင့်ဘူးလား။ တစ်နေ့တာမှာ ကွန်ပျူတာေတွအမြဲမပြတ်အသုံးပြုနေရသူဆိုရင် မျက်လုံးခြောက်တာ၊ မျက်စိတွေအောင့်တာမျိုးကြုံရနိုင်ပါတယ်။
ခန္ဓါကိုယ်အတွက် ဗီတာမင်တွေနဲ့အာဟာရဓါတ်တွေလိုအပ်သလို အမြင်အာရုံကျန်းမာဖို့အတွက်လည်း ဗီတာမင် နဲ့ သတ္တုဓါတ်တွေလိုအပ်ပါတယ်။ တကယ်လို့ သင်က တစ်နေ့တာမှာ ကွန်ပျူတာတွေ၊ဖုန်းတွေသုံးနေရလို့ မျက်လုံးတွေခြောက်နေပြီဆိုရင်တော့ ဒီအစားအစာလေးတွေနဲ့ အားဖြည့်လိုက်ပါနော်။
မျက်လုံးတွေခြောက်နေရင် ဘာစားမလဲ
ငါး
ငါးကအမြင်အာရုံကိုကျန်းမာစေနိုင်ပါတယ်။ ငါးစားတဲ့အခါ Omega – 3 fatty acids ကြွယ်ဝစွာပါဝင်နေတဲ့ ငါးတွေစားပေးပါ။ တူနာ၊ ဆာဒင်း၊ မက်ကာရယ်၊ ဆာဒင်းငါးနဲ့ ဆယ်လ်မွန်ငါးတို့စားသုံးပေးပါ။
Omega-3 fatty acid နဲ့ ဗီတာမင် E တို့ကြွယ်ဝစွာပါဝင်နေပြီး မျက်လုံးခြောက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံထိခိုက်တာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ သစ်ကြားသီး၊ သီဟိုဠ်သီး၊မြေပဲတို့ကိုစားသုံးပေးလို့ရပါတယ်။
အခွံမာသီးတွေလိုပဲOmega-3 fatty acid နဲ့ ဗီတာမင် E တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် မျက်လုံးအတွက် စားပေးသင့်ပါတယ်။နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အစေ့အဆန်တွေပါဝင်အောင်စားသုံးပေးပါ။
အချဉ်ဓါတ်ရှိတဲ့အသီးတွေ
ဓါတ်တိုးဆန့်ကျင်အာနိသင်ဖြစ်တဲ့ ဗီတာမင် C ပါဝင်တာကြောင့် မျက်လုံးခြောက်တာနဲ့ အမြင်အာရုံထိခိုက်တာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။ လိမ္မော်သီး၊ သံပရိုသီး၊ ဂရိတ်ဖရုတို့စားပေးလို့ရပါတယ်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ
မျက်လုံးအတွက် အာဟာရဖြစ်တဲ့ ဗီတာမင် C ပါဝင်တာကြောင့် မျက်လုံးကျန်းမာဖို့ စားပေးသင့်ပါတယ်။ ဒါကြောင့်နေ့စဉ် ဟင်းနုနွယ်၊ ကိုက်လန် နဲ့ တရုတ်နံနံတို့ကို စားပေးပါ။
မုန်လာဥနီမှာ ဗီတာမင် A နဲ့ ဘီတာကယ်ရိုတင်းကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင်က အမြင်အာရုံအတွက် အာဟာရတစ်ခုဖြစ်သလို မုန်လာဥနီမှာပါတဲ့rhodopsin လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးက အမြင်လွှာက အလင်းကို စုပ်ယူနိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။
ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင် E ကြွယ်ဝစွာပါဝင်နေတာကြောင့် အမြင်အာရုံကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
အမဲသား
ဇင့်ဓါတ်ပါဝင်မှုကြောင့် အမြင်အာရုံကိုအကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ မျက်လုံးတွင်းကသွေးကြောလေးတွေကို ကျန်းမာစေနိုင်ပြီး အမြင်အာရုံကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးမှာပါ။
ဗီတာမင် C၊ ဗီတာမင် E နဲ့ ဇင့်တို့ပါဝင်တာကြောင့် မျက်လုံးခြောက်တာကင်းဝေးပြီး အမြင်အာရုံကျန်းမာစေဖို့ စားပေးသင့်ပါတယ်။
ရေဓါတ်က ခန္ဓါကိုယ် အစိတ်အပိုင်းတိုင်းအတွက် အရေးပါတာပါ။ ဒါကြောင့် မျက်လုံးခြောက်တာ ကင်းစေဖို့ အကောင်းဆုံးသောက်စရာကရေလို့ပြောပါရစေ။ရေဓါတ်ပြည့်ဝနေမှုက မျက်လုံးမခြောက်အောင်ကာကွယ်ပေးနိုင်မှာပါ။
တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကြောင့် မျက်လုံးခြောက်တာမျိုးမဖြစ်စေဖို့ ဒီအချက်တွေကို သတိထားပေးလိုက်ပါနော်…..
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

















