brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မျက်မှန်အစား မျက်ကပ်မှန်ကို ရွေးချယ်တော့မယ်ဆိုရင် ။ ။

ပါဝါမျက်မှန်မတပ်ချင်လို့၊ ပါဝါမရှိပေမယ့်လည်း မျက်လုံးလေးလှအောင် ဆိုပြီး ခုနောက်ပိုင်း မျက်ကပ်မှန်တပ်တာတွေ ခေတ်စားလာပါတယ်။ ဒါပေယ့် မျက်ကပ်မှန်ဆိုတာ မျက်မှန်တွေလိုမျို းထားချင်တဲ့နေရာ ပစ်ထားလို့ရတဲ့ အရာ မဟုတ်ပါဘူး။ မျက်လုံးနဲ့ အနီးကပ်ဆုံးနေရာမှာ ကပ်ထားရမှာ ဖြစ်တဲ့အတွက်ကြောင့် သူသန့်ရှင်းနေဖို့ ၊ နည်းလမ်းမှန်မှန်နဲ့ အသုံးပြုတတ်ဖို့ကလည်း လုံးဝကို အရေးကြီးတဲ့အရာတစ်ခုပါ။ ဒါ့ကြောင့် မျက်မှန်အစား မျက်ကပ်မှန်ကိုရွေးချယ်တော့မယ့်သူတိုင်း ဒီနည်းလမ်းလေးတွေကို သိထားသင့်ပါတယ်။

ဘယ်လို အခြေအနေတွေမှာ မျက်ကပ်မှန်အသုံး မပြုသင့်ဘူးလဲ ။ ။

ဘယ်လောက်ပဲ မျက်ကပ်မှန်တွေကိ ုအပြင်မှ ာလွယ်လွယ်ကူကူ ဝယ်လို့ရတယ်ပြောပြော မျက်ကပ်မှန် မတပ်ခင် ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ပြသဖို့ လိုပါတယ်။ ဒါမှ ကိုယ့်မျက်လုံး အခြေအနေက မျက်ကပ်မှန်တပ်သင့်ရဲ့လား၊ ဘယ်လိုအမျိုးအစားတပ်သင့်လဲဆိုတာကို ဆရာဝန်က သေချာ လမ်းညွှန်ပေးနိုင်မှာပါ။ ခုပြောပြမယ့် အခြေအနေတွေက မျက်ကပ်မှန် မတပ်သင့်တဲ့ အခြေအနေတွေပဲဖြစ်ပါတယ်။

  • လောလောလတ်လတ် မျက်လုံးပိုးဝင်တဲ့ ပြဿနာရှိနေတဲ့အခါ
  • ဓါတ်မတည့်တဲ့လို့ မျက်လုံးယားယံတာမျိုး ဖြစ်နေတဲ့အခါ
  • မျက်လုံးထဲမှာ အမှိုက်ဝင်နေတာ၊ မျက်တောင်ကျွတ်ပြီးဝင်နေတဲ့အခါ
  • မျက်လုံးခြောက်ေနတဲ့အခါမျိုးနဲ့
  • မျက်ခမ်းစွံတဲ့ အခါမျိုးတွေဆို မျက်ကပ်မှန် တပ်ဖို့ မသင့်တော်ပါဘူး။
  • မျက်ကပ်မှန်တပ်သူတိုင်း သိသင့်တဲ့ အရာတွေက

    ကိုယ်သုံးနေတဲ့ မျက်ကပ်မှန်ရဲ့ သက်တမ်းကုန်ဆုံးရက်နဲ့ ကိုယ်သုံးနေတာ ဘယ်လောက်ကြာပြီလဲဆိုတာကို သိထားရပါမယ်။

    • မျက်ကပ်မှန် အမာစားတွေကို ရက်သတ္တပတ် အနည်းငယ်မှ နှစ်လလောက်အထိအသုံးပြုနိုင်ပြီး အပျော့စားမျက်ကပ်မှန်တွေကိုတော့ ရက်အနည်းငယ်မှ တစ်ပတ်အထိလောက်သာ အသုံးပြုနိုင်ပါတယ်။
    • အသုံးပြုခါစမှာ မျက်လုံးယားယံတာ၊ ကသိကအောက်ဖြစ်တာ အလင်းရောင် မခံနိုင်တာ၊ မျက်ရည်ကျတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။
    • မျက်ကပ်မှန်တွေကိုသေသေချာချာ သန့်သန့်ရှင်းရှင်းထားဖို့က အ ရေးအကြီးဆုံး အချက်ပါ။ ဒီတော့ တပ်ပြီး ပြန်ချွတ်ထားတဲ့ မျက်ကပ်မှန်တွေကို ပိုးသတ်ထားတဲ့ ဆေးရည်ထဲမှာ စိမ်ထားရပါမယ်။
    • ဆေးရည်ကုန်သွားတဲ့အခါမျိုးမှာ ရေထဲ စိမ်ထားတာမျိုးကို မလုပ်သင့်ပါဘူး။ရေထဲမှာ မမြင်နိုင်တဲ့ပိုးမွှားတွေ အများကြီးပါနေလို့ပါ။
    • မျက်ကပ်မှန် ဆေးရည်စိမ်ထားတဲ့ခွက်ကို ၃လတစ်ခါလောက်လဲပေးပါ။
    • လက်ကို သေချာသန့်စင်အောင်ဆေးပြီးမှ မျက်ကပ်မှန်တပ်ပါ။
    • မျက်ကပ်မှန် တပ်ပြီး မအိပ်မိဖို့ကိုလည်း အထူးသတိထားရပါမယ်။
    • မျက်ကပ်မှန် အပျော့စားသုံးမယ်ဆိုရင် မိတ်ကပ်မလိမ်းခင်တည်းက တပ်ထားသင့်ပြီး မျက်ကပ်မှန် အမာစားကိုတော့ မိတ်ကပ်လိမ်းပြီးမှ တပ်သင့်ပါတယ်။ မိတ်ကပ်ဖျက်တဲ့အချိန်ကျရင်တော့ မျက်ကပ်မှန် အရင်ဆုံး ချွတ်ပါ။

    ဒီတော့ မျက်ကပ်မှန် တပ်နေကျသူတွေရော ခုမှ စပြီး မျက်ကပ်မှန်တပ်တော့မယ့် သူတွေရော ခုပြောထားတာတွေ အားလုံးကို သေချာသိထားဖို့လိုလိမ့်နော် ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။