အတွင်းတိမ်

အတွင်းတိမ် သည် အဖြစ်များတဲ့ မျက်လုံးရောဂါဖြစ်တဲ့အတွက် ရောဂါလက္ခဏာတွေ၊ ကုသနည်းတွေ၊ ဆောင်ရန် ရှောင်ရန်တွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အတွင်းတိမ်

အတွင်းတိမ် ဆိုတာဘာလဲ

အတွင်းတိမ် ဆိုတာ မျက်လုံးမှာရှိတဲ့ မှန်ဘီလူးဝါးသွားတာပါ။ ဒါကြောင့် အတွင်းတိမ် ရှိတဲ့သူတွေက ဘယ်ကိုပဲကြည့်ကြည့် မြူကျနေသလိုပါပဲ။ ဒီလိုမြင်နေရတဲ့အတွက် စာဖတ်ရခက်တာ၊ ကားမောင်းရခက်တာ (အထူးသဖြင့်ညဘက်မှာ)၊ လူတွေကို ကောင်းကောင်းမမြင်ရတာတာတွေ ဖြစ်တတ်ပါတယ်။ အတွင်းတိမ်တော်တော်များများက တဖြည်းဖြည်းချင်းဖြစ်လာပြီး စစချင်းမှာတော့ အမြင်မဝါးသေးပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ပိုပြီးဝါးလာမှာပါ။ ကြည့်မရအောင်ဝါးနေပြီဆိုရင်တော့ ခွဲစိတ်မှုလုပ်ဖို့လိုပါမယ်။ ဘာကြောင့် အတွင်းတိမ် ဖြစ်တာလဲ။ အသက်ကြီးလို့ပဲဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာရလို့ပဲဖြစ်ဖြစ် မျက်လုံးမှန်ဘီလူးရဲ့  တစ်ရှူးတွေက ပျက်စီးလာပါတယ်။ တချို့သော မျိုးဗီဇဆိုင်ရာပြဿနာတွေကလည်း အတွင်းတိမ် ဖြစ်နိုင်ချေကို မြင့်စေပါတယ်။ အရင်က မျက်လုံးခွဲစိတ်မှုလုပ်ဖူးတာ၊ ဆီးချိုရောဂါရှိတာ၊ စတီးရွိုက်တွေကို ရေရှည်သုံးတာကလည်း အတွင်းတိမ်ကို ပိုဖြစ်စေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ မျက်လုံးမှန်ဘီလူးက ပိုမာလာတယ်၊ ပိုထူလာတယ်၊ ပိုမှုန်လာပါတယ်။ အသက်ကြီးလာလို့ပဲဖြစ်ဖြစ်၊ တခြားရောဂါတစ်ခုခုရှိလို့ပဲဖြစ်ဖြစ် မှန်ဘီလူးမှာရှိတဲ့ တစ်ရှူးတွေပျက်စီးပြီး မှန်ဘီလူးမှာ တိမ်ထူသလိုဖြစ်ပါတယ်။ ဒီအတိုင်း ဆက်ဖြစ်မယ်ဆိုရင် တိမ်ထူသလိုဖြစ်တာက […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း