လည်ချောင်းပြဿနာများ

လည်ချောင်းပြဿနာများ ၊ ရောဂါလက္ခဏာများ၊ အဖြစ်များတဲ့ ရောဂါများ၊ ကုသနည်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို လေ့လာပြီး လည်ချောင်းကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။

ကျန်းမာရေးဗဟုသုတ

လည်ချောင်းပြဿနာများ

Tonsil stone ကို ဘယ်လို ဖယ်ရှားမလဲ.......

သွားနဲ့ သွားဖုံးတွေကြောင့် မဟုတ်ဘဲ ခံတွင်းနံ့ ဆိုးစေတဲ့ ပြဿနာကို ဖြစ်စေတာကတော့ အခုပြောပြမယ့် Tonsil stone တွေပါ။ ဒီတစ်ခေါက်တော့ ခံတွင်းနံ့ကို ဆိုးစေတဲ့ Tonsil stone ကို ဘယ်လို ဖယ်ရှားမလဲ....... ဆိုတာကို ပြောပြပေးသွားပါမယ်။ Tonsil stones ဆိုတာ Tonsil stones ဆိုတာက  အာခေါင် နောက်ဖက်ကနေ ထွက်လာတဲ့ အဖြူရောင် အစိလေးတွေပါ။ ဝါကျင့်ကျင့် အရောင်လည်း ဖြစ်နိုင်ပါတယ်။ ခပ်မာမာလေးဖြစ်ပြီး အနံ့ကတော့ တော်တော်လေး ဆိုးပါတယ်။ ဒါတွေက အာသီးလေးမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေ စုမိတာမျိုးပါ။ Tonsil stones ဘယ်လိုဖြစ် အာသီးလေးတွေက တွင်းလို အပေါက်လိုလေးတွေဖြစ်ပြီး အဲ့အပေါက်လေးတွေထဲမှာ ဆဲလ်သေတွေ၊ ချွဲတွေအပါအဝင် ဘက်တီးရီးယားတွေနဲ့ အခြားသောအရာတွေက ပြည့်နှက်နေတာပါ။ ဒီလို အစားအစာအကြွင်းအကျန်တွေ၊ အညစ်အကြေးတွေ၊ […]

လည်ချောင်းပြဿနာများ ကို ရှာဖွေမည်။

လည်ချောင်းပြဿနာများ

ပြေးခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရတဲ့အခါ

အပြေးလေ့ကျင့်ခြင်းဟာ သင့်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေပါတယ်။ ပြေးခြင်းဟာ စိုးရိမ်ပူပင်မှုတွေကို လျော့ကျစေပြီး စိတ်အာရုံစူးစိုက်နိုင်စွမ်းကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ အပြေးလေ့ကျင့်ခြင်းကို နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုတစ်ခုအဖြစ် အလွယ်တကူ ပြုလုပ်နိုင်ပေမယ့် လိုတာထက်ပိုပြီး အားစိုက်မိမယ်ဆိုရင်တော့ ထိခိုက်ဒဏ်ရာ ရနိုင်ချေ အလွန်များသလို ပြန်ကောင်းလာဖို့ အချိန်ယူရမှာ ဖြစ်ပါတယ်။ သင့်မိသားစုဝင်တစ်ယောက်ယောက် အပြေးလေ့ကျင့်ရာကနေ ထိခိုက်ဒဏ်ရာရခဲ့မယ်ဆိုရင် သူဟာ နာကျင်မှု၊ မိမိကိုယ်ကိုယ် အားမလိုအားမရဖြစ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် သင့်ရဲ့ အနီးကပ် ပြုစုစောင့်ရှောက်မှုကို အထူးလိုအပ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူနာကို ဘယ်လိုပြုစုစောင့်ရှောက်ရမယ်ဆိုတာ ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။ အနားပေးပါ ထိခိုက်ဒဏ်ရာ ရထားသူကို အနားပေးခြင်းဟာ ပထမဆုံးနဲ့ အရေးအကြီးဆုံး လုပ်ရမယ့် ကုသမှုဖြစ်ပါတယ်။ အထူးသဖြင့် လူနာရဲ့ဒူးကို တတ်နိုင်သမျှ အနားပေးပါ။ အနာတရဖြစ်ထားတဲ့ နေရာများကို ဂရုတစိုက် ဖုံးအုပ်ကာကွယ်ထားပါ။ ဒူးအောက်မှာ ခေါင်းအုံးခပ်သေးသေးတစ်လုံး ထားပေးခြင်းက […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာတာနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ

အစားတွေကို စားချင်ပေမယ့် လည်ချောင်းနာမှာစိုးလို့ မစားတော့ပါဘူး။ ဒါစားရင် လည်ချောင်းနာမှာ အအေးခံလို့လည်းမဖြစ်ပြန်ပါဘူး၊ လည်ချောင်းနာလိမ့်မယ်လို့ ပတ်ဝန်းကျင်မှာပြောနေတာတွေက တကယ်ရောမှန်ရဲ့လား။ လည်ချောင်းနာတာက စားရသောက်ရလည်းခက် စကားပြောတဲ့အခါမှာလည်း လည်ချောင်းထဲကနာလို့ပြောရဆိုရ အဆင်မပြေဖြစ်တာကြောင့် လည်ချောင်းနာတဲ့ဝေဒနာကိုတွေးပူကြောက်ကြတာကလည်း တကယ်တော့ဖြစ်သင့်ပါတယ်။ ဒီတစ်ခေါက်ကတော့ လည်ချောင်းနာစေတယ်လို့ တောက်လျှောက်လက်ခံလာခဲ့တဲ့ အယူအဆတွေက တကယ်မှန်ရဲ့လားဆိုတာပါ။ နည်းနည်းလောက်ဆန်းစစ်ကြည့်ကြမလား။ လည်ချောင်းနာတာနဲ့ ပတ်သက်တဲ့ အယူအဆအမှားများ ဆောင်းတွင်းကလည်ချောင်းနာတာကိုဖြစ်စေတယ် - လည်ချောင်းနာတာကိုဖြစ်စေတာက ရာသီဥတုအေးတာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ လည်ချောင်းနာတာတွေရဲ့ ၉၀ ကနေ ၉၅ ရာခိုင်နှုန်းလောက်က ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့်ဖြစ်တာပါ။ တကယ့်အကြောင်းအရင်းအမှန်ကတော့ဆောင်းရာသီမှာ အအေးမိတာနဲ့ချောင်းဆိုးတာတွေဖြစ်နိုင်ခြေက အမြင့်ဆုံးမှာရှိနေပါတယ်။ ရာသီဥတုအေးတာက အအေးမိဖျားနာတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ပိုမိုတိုးပွားစေတာကြာင့် လည်ချောင်းနာတာ ပိုဖြစ်နိုင်ခြေရှိတာပါ။ လည်ချောင်းနာတာကို ကာကွယ်ဖို့ မဖြစ်နိုင်ပါဘူး -လူတော်ေ်တာ်များများက လည်ချောင်းနာတာကို ကြိုတင်ကာကွယ်လို့မရဘူးလို့ လက်ခံယုံကြည်ထားကြပါတယ်။ အမှန်ကတော့ လည်ချောင်းနာတာက ကာကွယ်လို့မရတာမဟုတ်ပါဘူး။ ကာကွယ်ရခက်တာပါ။ လည်ချောင်းနာတာကိုကာကွယ်ချင်တယ်ဆိုရင်တော့ ဘက်တီးရီးယားတွေ […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာတဲ့အခါ ငုံဆေးနဲ့ ခံတွင်းသန့်ဆေးရည် ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲ။

လည်ချောင်းနာ တာက ခံရရခက်တဲ့ဝေဒနာပါ။ လည်ချောင်းနာတဲ့အခါ စားရသောက်ရခက်ခဲသလို တံထွေးမျိုချနိုင်ဖို့တောင် အနိုင်နိုင်ဖြစ်ရတဲ့အပြင် စကားပြောရခက်ခဲတာ၊ အစားအစာတွေစားချင်ပေမယ့် မျိုချရခက်နေတာ၊ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ လည်ချောင်းထဲက ပူသလိုလိုဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ လည်ချောင်းနာနေချိန်မှာတင် ဝေဒနာကိုခံစားရတာမဟုတ်ပါဘူး။ လည်ချောင်းနာ သက်သာလာတဲ့ အချိန်မှာလည်း လူကြားထဲ ရောက်တဲ့အခါ လည်ပင်းထဲက ယားသလိုလို လူကြားထဲ ရောက်နေချိန်မှာ ချောင်းဆိုးချင်သလိုလို လည်ချောင်းထဲက ဖြစ်လာတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ဒီဝေဒနာတွေကိုသက်သာစေဖို့ရွေးချယ်လို့ရနိုင်မယ့် အကောင်းဆုံးနည်းလမ်းကဘာဖြစ်မလဲ။ ငုံဆေးပြားလား၊ ခံတွင်းသန့်ဆေးရည်လား။ စာဖတ်ပရိသတ်ကြီးအနေနဲ့ ဘယ်အရာကပိုကောင်းမယ်ထင်ပါသလဲ။ ဆက်သွားကြည့်ရအောင်လား။ လည်ချောင်းနာ ဝေဒနာအကြောင်း တစေ့တစောင်း လည်ချောင်းနာတဲ့အကြောင်းကနေ စလိုက်ကြရအောင်ပါ။ လည်ချောင်းနာတာကို အပူတွေ များနေလို့ ဖြစ်မယ်၊ အပူအစပ်တွေ စားလွန်းတာကြောင့် ဖြစ်မယ်လို့ ပြောတာမျိုး ကြားဖူးမှာပေါ့။ တကယ်တော့ လည်ချောင်းနာတာကို ဖြစ်စေတဲ့အဓိကအကြောင်းအရင်းက ဗိုင်းရပ်စ်ပါ။ လည်ချောင်းနာ ဝေဒနာ ဖြစ်တဲ့အခါ လည်ချောင်းထဲက နာလာမယ်၊ စပ်ဖျဉ်းဖျဉ်း […]


လည်ချောင်းပြဿနာများ

လည်ချောင်းနာနေရင် ဒီအချက် (၉)ချက်ကို လုပ်ကြည့်ပါ

ရာသီဥတု အပူအအေးမမျှတာနဲ့ လည်ချောင်းကနာလာတော့တာပဲနော်။ တစ်ခါတလေကိုယ်တိုင်ကတောင် သတိမထားမိချိန်မှာ လည်ချောင်းကနာနေပြီလေ။ လည်ချောင်းနာတဲ့အခါခေါင်းကိုက်တာ၊ အသံဝင်တာတွေက တဆက်တည်းကိုဖြစ်လာပါတော့တယ်။ လည်ချောင်းနာ၊ခေါင်းကိုက်ဖြစ်ပြီဆိုရင်တော့ အလုပ်တွေကို အာရုံစိုက်နိုင်ဖို့ကတော်တော်လေးခက်ပြီလေ။ ဒီလိုစိတ်ညစ်စရာအခြေအနေကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေရှိပါတယ်။ လည်ချောင်းနာတာကို သက်သာစေမယ့်နည်းလမ်းတွေက လည်ချောင်းနာတာကို ဘဝတစ်လျှောက်မှာ တစ်ခါလောက်တော့ကြုံဖူးမှာပါ။ လည်ချောင်းနာတဲ့အခါ လည်ချောင်းထဲက ယားသလိုလို နာသလိုလိုဖြစ်မယ်၊ အရမ်းပြင်းထန်တဲ့အခါ တံထွေးတောင်မျိုချလို့မရအောင်နာတာမျိုးရှိနိုင်ပါတယ်။ လည်ချောင်းနာတဲ့အခါ ခန္ဓါကိုယ်မှာ အဖျားဝင်တာပါ တွဲလာတတ်တယ်။ လည်ချောင်းနာတာက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရတာပါ။ လည်ချောင်းနာတာက ပုံမှန်အားဖြင့် သက်သာသွားတတ်ပေမယ့်မြန်မြန်သက်သာချင်ရင်တော့ အခုပြောတဲ့နည်းလမ်းလေးတွေအတိုင်းလုပ်ကြည့်နိုင်ပါတယ်။ လည်ချောင်းနာတဲ့အခါ - ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ ငုံဆေးငုံပါ ပျားရည်စားသုံးပေးပါ ရေဓါတ်ပြည့်အောင်နေပါ အစိုဓါတ်ထိန်းစက် (humidifier) လေးဖွင့်ထားပေးပါ ကြက်သွန်ဖြူစားသုံးပေးပါ ပန်းသီးရှာလကာရည်သောက်ပေးပါ အနားယူပေးပါ ခံတွင်းသန့်ဆေးရည်အသုံးပြုပေးပါ။ ဘယ်လိုထိရောက်မှုတွေရှိစေမှာလဲ ဆားရည်နဲ့ပလုပ်ကျင်းပေးခြင်း -ရေနွေး ခပ်နွေးနွေးလေးထဲမှာဆားခပ်ပြီး ပလုပ်ကျင်းပေးပါ။ ဆားကလည်ချောင်းထဲမှာရှိတဲ့ ချွဲတွေကိုပျော်စေပြီး၊ လည်ချောင်းအတွင်းပိုင်းက တစ်ရှုးတွေကို ကျန်းမာလာအောင်လှုံ့ဆော်ပေးတာကြောင့် […]


လည်ချောင်းပြဿနာများ

Vocal Cord Disorders (အသံကြိုးရောဂါများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vocal Cord Disorders (အသံကြိုးရောဂါများ) ကဘာလဲ။ အသံအိုးရှိ ပျော့ပျောင်းကြွက်သားတစ်ရှူး2ပြားအား အသံကြိုးများ ဟုခေါ်သည်။ အသံကြိုးသည် လေပြွန်၏ထိပ် လည်ပင်းနေရာလောက်တွင်ရှိသည်။ ထိုအသံကြိုးမျာသည်တုန်ခါ ၍ဖြတ်သန်းသွားသောအဆုတ်မှလေများအားသင့်အသံဖြစ်ပေါ် အောင်ထုတ်လုပ်ပေးသည်။ ထိုအသံအား လည်ချောင်း၊နှာခေါင်းနှင့် ခံတွင်းသို့ပို့ဆောင်ပေးကာ ပဲ့တင်သံဖြစ်စေသည်။(resonance) လူတစ်ဦးစီ၏အသံများအား ထိုအသံကြိုးများ၏ပုံစံနှင့် အရွယ်အစား၊လည်ချောင်း၊နှာခေါင်း၊ခံတွင်း၏ပုံစံနှင့်အရွယ်အစားတို့ကဆုံးဖြတ်ပေးသည်။ အသံကြိုးရောဂါများသည် အသံကြိုးများ ကို ထိခိုက်စေသည်။ အချို့သောပို၍အဖြစ်များသည့် အသံကြိုးရော ဂါများတွင် အသံအိုးရောင်ရမ်းခြင်း၊အသံကြိုးရှိအဖုများနှင့် အကျိတ်လုံးများ၊အသံကြိုးအကြောသေသွားစသောရောဂါများပါဝင် သည်။ Vocal Cord Disorders (အသံကြိုးရောဂါများ) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများVocal Cord Disorders (အသံကြိုးရောဂါများ) ရဲ့လက္ခဏာတွေကဘာတွေလဲ အသံကြိုးရောဂါများ ရဲ့ ရောဂါလက္ခဏာတွေကတော့ ဖြစ်ပွားသော အသံကြိုးရောဂါအပေါ်မူတည်၍ကွဲပြားနိုင်ပါသည်။ အသံကြိုးရှိအဖုများ အသံအောခြင်း အသံသည် ကြီးမားထူထဲနေခြင်း လေသံပါနေခြင်း အဆိုတော်များတွင် ဆိုနေကျအသံကီးပမာဏ လျော့နည်းဆုံးရှံူးသွားခြင်း အသံကြိုး အကျိတ်များ အသံအောခြင်း အသံသည် ကြီးမားထူထဲနေခြင်း လေသံပါနေခြင်း အသံကြိုးရှိအနာများ စကားပြောပါက လည်ချောင်းနာခြင်း အသံအောချင်နေခြင်း လွယ်လွယ်ကူကူနှင့် အသံဝင်သွားခြင်း အသံအိုးရောင်ရမ်းခြင်း အသံပြောင်းလဲမှုဖြစ်ခြင်း အသံအောခြင်းမှ စ၍အသံဝင်သွားခြင်း(သို့)အသံလုံးဝပျောက်သွားသည် အထိဖြစ်သည်။ ရောဂါပိုးတခုကြောင့်ဖြစ်ပါက အဖျားတက်ခြင်း လည်ချောင်းနာခြင်း နှုန်းခြင်း သင့်လည်ချောင်းအားခဏဏရှင်းနေရခြင်း အသံကြိုးအကျိတ်လုံးများ အသံအောခြင်း အလွန်ကြီးမားသောအကျိတ်လုံးများသည် အသံရှူရခက် စေခြင်း(သို့)မျိုရခက်စေခြင်းတို့ကို ဖြစ်စေနိုင်သည်။ အသံကြိုးအကြောသေခြင်း အသံပြောင်းလဲမှုများဖြစ်ခြင်း အသံအောခြင်း လေသံပါနေခြင်း အသံထူထဲမှုပြောင်းလဲသွားခြင်း အသံပို၍ကျယ်အောင်မပြောနိုင်ခြင်း အကြောသေနေသောအသံကြိုးများအား ကြိုးစားရွှေ့လျားနေရသောဒဏ်ကြောင့် သက်သောင့် သက်သာမဖြစ်ခြင်း အသက်ရှူရခက်ခဲချင်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ […]


လည်ချောင်းပြဿနာများ

Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ကဘာလဲ။ သိုင်းရွိုက်ဟော်မုန်းနည်းခြင်းဆိုတာ သိုင်းရွိုက်ဂလင်းကနေ သိုင်းရွိုက်ဟော်မုန်းကို လုံလောက်စွာ မထုတ်လုပ်ပေးနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းဟာ လည်ပင်းရှေ့မှာ လိပ်ပြာပုံစံ တည်ရှိပါတယ်။ T3 T4 စတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။ Hypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေး ဖြစ်တတ်ပေမယ့် သက်ကြီးပိုင်းတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက် ၆၀ကျော် အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေ အများဆုံးပါပဲ။ မိသားစုရာဇဝင်ရှိရင်လည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများHypothyroidism (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဟောမုန်းပမာဏ လိုအပ်မှုပမာဏပေါ်မူတည်ပြီး လက္ခဏာတွေဟာ ပြောင်းလဲနိုင်ပါတယ်။ အောက်ပါလက္ခဏာတွေ ပါဝင်ပါတယ်။ ပင်ပန်းနွမ်းနယ်ခြင်း အအေးမခံနိုင်ခြင်း ဝမ်းချုပ်ခြင်း အသားအရေခြောက်ခြင်း ကိုယ်အလေးချိန်တက်ခြင်း မျက်နှာအမ်းခြင်း အသံသြခြင်း ကြွက်သားအားနည်းခြင်း သွေးတွင်းကိုလက်စထရောတက်ခြင်း ကြွက်သားများ ကိုက်ခဲခြင်း၊ နာကျင်ခြင်း၊ တောင့်တင်းခြင်း အဆစ်များ နာကျင်တောင့်တင်းခြင်း၊ ရောင်ရမ်းခြင်း ဓမ္မတာပုံမှန်ထက် ပိုများခြင်း၊ ပုံစံမမှန်ခြင်း အမွေးအမျှင်ပါးခြင်း နှလုံးခုန်နှုန်းနှေးခြင်း စိတ်ကျခြင်း မှတ်ဉာဏ်မကောင်းခြင်း ပိုပြီးဆိုးရွားတဲ့ အခြေအနေမှာ အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ လက္ခဏာတွေကတော့ သွေးပေါင်ချိန်နည်းခြင်း၊ အသက်ရှူနှုန်းနှေးခြင်း၊ […]


လည်ချောင်းပြဿနာများ

Thyroid storm (ိသိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Thyroid storm (ိသိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်း) ကဘာလဲ။ သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းသည် အသက်အန္ဓါရယ်ရှိနိုင်သောပြသာနာဖြစ်ပြီး သိုင်းရွိုက်ဟော်မှန်းလွန်ကဲခြင်းအား မကုခြင်းကုသမှုမလုံလောက်ခြင်းကြောင့်ဖြစ်နိုင်သည်။ သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းတွင် နုလုံးခုန်နှုန်း သွေးပေါင်ချိန် နှင့် အပူချိန်များ အန္ဓါရယ်ရှိသည်အထိမြင့်တတ်နိုင်သည်။ ကောင်းမွန်စွာမထိခိုက်ပါက သေနိုင်သည်။ သိုင်းရွိုက်သည် သေးပြီး လိပ်ပြာပုံရှိသော အရည်အိတ်ဖြစ်ပြီး လည်ပင်းအောက်အလည်ပိုင်းတွင်တည်ရှိသည်။ သိုင်းရွိုက် ဟော်မှန်းနှစ်မျိုး ကိုထုတ်သည်။ ထရိုင်အိုင်အိုဒိုတိုင်ရိုဇင်း(တီတရီး) နှင့် တိုင်ရိုဇင်း (တီဖိုး)တို့ဖြစ်သည်။ ထိုအရာများက သင့်ခန္ဓါကိုယ်အနှံရှိ ဆဲလ် များလုပ်ဆောင်ရာတွင်ပါဝင်သည်။ သိုင်းရွိက်ဟော်မှန်းလွန်ကဲခြင်း ရှိပါက ထိုဟော်မှန်းနှစ်ခုကိုအများကြီးထုတ်သည်။ ထိုကြောင့် ဆဲလ်များကမြန်စွာအလုပ်လုပ်ရသည်။ဥပမာ အသက်ရူနှုန်းမြန်ခြင်း နှလုံးခုန်နှုန်းမြန်ခြင်းများဖြစ်တတ်သည်။ ပုံမှန်ထက်စကားပြောခြင်းလဲပိုမြန်တတ်သည်။ Thyroid storm (ိသိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ီရောဂါဟာအလွန်အဖြစ်များပါတယ်။ သိုင်းရွိုက်ဟော်မှန်းလွန်ကဲခြင်းဖြစ်နေသော တစ်မှ နှစ်ရာခိုင်နှုန်းတွင်ဖြစ်တတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများThyroid storm (ိသိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ စိတ်ဆတ်လွယ်ခြင်း အပေါ်သွေးအောကသွေးတတ်ခြင်း ပျို့ခြင်း အန်ခြင်း သို့မဟုတ် ဝမ်းလျောခြင်း အဖျားတတ်ခြင်း စိတ်ဂနာမငြိမ်ဖြစ်ခြင်း စိတ်ရှုပ်ထွေးခြင်း အိပ်ငိုက်ခြင်း မျက်လုံးနှင့် […]


လည်ချောင်းပြဿနာများ

Hyperthyroidism (သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hyperthyroidism (သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း) ကဘာလဲ။ သိုင်းရွိုက်ဂလင်းက လိုတာထက် ပိုအလုပ်လုပ်နေမယ် ဆိုရင် သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲတဲ့ နာမကျန်းမှု ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဂလင်းဟာ လည်ပင်းနောက်ကျောမှာ ရှိနေပြီး ခန္ဓါကိုယ် အတွင်း လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ဖို့ သိုင်းရွိုက်ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်ချက်တွေထဲမှာ သွေးထဲ ကယ်လ်ဆီယမ် အချိုးအစားကို စောင့်ကြည့်တာ၊ ဇီဝဓါတု ဖြစ်စဉ်ကို တိုးတက်စေတာ၊ နှလုံးကို အလုပ်လုပ်စေတာ၊ အာရုံကြောစနစ် နဲ့ ကိုယ်အပူချိန်ကို ပုံမှန် ဖြစ်စေတာ စသဖြင့် ပါဝင်ပါတယ်။ ဒါပေမယ့် ဟော်မုန်းတွေက အရမ်းများနေမယ် ဆိုရင်တော့ သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း ဖြစ်လာနိုင်ပါတယ်။ Hyperthyroidism (သိုင်းရွက်ဂလင်းများ ဟော်မုန်းလွန်ကဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒါက ဖြစ်နေကျ ရောဂါဖြစ်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ၃ ဆ […]


လည်ချောင်းပြဿနာများ

Peritonsillar abscess (အာသီးပြည်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Peritonsillar abscess (အာသီးပြည်တည်ခြင်း) ကဘာလဲ။ အာသီးရောင် ပိုးဝင်တာကို မကုသပဲထားတဲ့အခါ ဖြစ်လာတတ်ပါတယ်။ သင့်ရဲ့ အာသီးနာမှာပြည်တွေရှိနေတဲ့ အိတ်တစ်ခုပုံစံနဲ့တွေ့ရတတ်ပါတယ်။ Peritonsillar abscess (အာသီးပြည်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အာသီးပြည်တည်ခြင်းက ကလေးတွေ လူပျိုပေါက်တွေနဲ့ လူငယ်တွေမှာအဖြစ်များပါတယ်။ ဘတ်တီးရီးယား(strep) ကြောင့်ဖြစ်တဲ့ လည်ချောင်းနာတွေ အာသီးရောင်တွေ ပျံ့နှံ့တတ်တဲ့ ဆောင်းဦးကာလ အစနဲ့ နှောင်းပိုင်းတွေမှာ ပိုအဖြစ်များပါတယ်။ အလွန်အဖြစ်များပြီး မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးလည်း ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်နိုင်ချေများစေတဲ့အချက်တွေ ရှောင်ပြီး နေလို့ရနိုင်ပါတယ်။ အခြားအချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ လက္ခဏာများPeritonsillar abscess (အာသီးပြည်တည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အာသီးပြည်တည်ခြင်းရဲ့ လက္ခဏာတွေကတော့ – လည်ချောင်းနာ အာသီးရောင်ရောဂါလက္ခဏာတွေနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် အာသီးရဲ့ ရှေ့ နောက်ဘက်လေးမှာ ပြည်ရည်စုနေတာတွေ့ရပါလိမ့်မယ်။ အဲ့အရာကတော့ ရောင်နေဖောင်းနေပြီး ဖြူ ဖြူ ရည်လိုအနာလို ဖြစ်နေပါတယ်။ အာသီးပြည်တည်ခြင်း […]


နား၊ နှာခေါင်း၊ လည်ချောင်း

ဘာကြောင့် လည်ပင်းနာနေတာလဲ

ဇက်ကြောတက်ခြင်းဟာ ပုံမှန်ပါပဲ။ အထူးသဖြင့်တော့ အသက် ၅၀အထက် လူကြီးတွေမှာပေါ့။ ဇက်ကြောတက်ခြင်း (လည်ပင်းနာခြင်း) ဟာ လည်ပင်းဧရိယာဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ ခေါင်းရဲ့အောက်ခြေကနေပြီး ပုခုံးစွန်းတွေထိပေါ့။ ဒါတွေက သင့်ရဲ့ နောက်ကျောအပေါ်ပိုင်းတွေ ဒါမှမဟုတ် လက်မောင်းတွေထိတောင် ပြန့်နှံ့နိုင်ပါသေးတယ်။ ဒါက သင့်ရဲ့ ခေါင်းနဲ့ လည်ပင်းလှုပ်ရှားမှုတွေကို ကန့်သတ်ထားနိုင်ပါတယ်။   ကျွန်တော်တို့ရဲ့လည်ပင်း (ဇက်)ဟာ ခေါင်းခွံရိုးကနေ ကိုယ်အထိ ရှည်တဲ့ အရိုးတွေနဲ့ ပြုလုပ်ထားတာပါ။ Cervical discs တွေကတော့ အရိုးတွေကြားထဲက ထိခိုက်မှုတွေ ရှော့ခ်တွေကို စုပ်ယူနိုင်ဖို့ လုပ်ဆောင်ပေးပါတယ်။ ဇက်ရဲ့ အရိုးတွေ၊ ကြွက်သားကြောတွေ နဲ့ ကြွက်သားတွေက ခေါင်းကိုထောက်ပံ့ပေးပြီး လှုပ်ရှားလို့ရအောင် ကူညီပေးပါတယ။် ပုံမှန်မဟုတ်တဲ့ ထူးခြားမှုတွေ၊ ရောင်ရမ်းမှုတွေ ဒါမှမဟုတ် ဒဏ်ရာအနာတရဖြစ်မှုတွေ က ဇက်ကြောတက်ခြင်း၊ ဇက်နာခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ အဓိက အကြောင်းရင်းတွေက ဘာတွေလဲ။ ကြွက်သားတင်းနေခြင်းနဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း