လေပွနေတာကြောင့် စိတ်ညစ်မနေပါနဲ့
လေပွတာကို လူတော်တော်များများ ခံစားဖူးကြပါတယ်။ လေပွတာက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် နေရထိုင်ရ မသက်မသာဖြစ်စေတာတော့ အမှန်ပါ။ လေပွတာကို သက်သာစေဖို့ လေ့ကျင့်ခန်းလုပ်ပေးတာ၊ ဖြည့်စွက်စာ စားတာ၊ နှိပ်နယ်ပေးတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။ ဒီလိုလုပ်ဆောင်ပေးတာတွေက လေပွတာကို သက်သာစေမှာပါ။ ဒီတစ်ခေါက်တော့ လေပွတာနဲ့ ပတ်သက်တဲ့ အကြောင်းအရင်းလေးတွေကို ပြောပြပေးသွားပါမယ်။ လေပွတယ်ဆိုတာ လေပွတယ်ဆိုတာက အစာခြေစနစ် ပြဿနာ တစ်ရပ်ပါ။ အစာအိမ်မှာဖြစ်တဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပေါ့။ နားလည်လွယ်အောင် ပြောပြရရင် အစာခြေလမ်းကြောင်း တလျှောက်မှာ လေတွေပြည့်နေတာမျိုးပါ။ အဖြစ်များတာကတော့ အစာအိမ်မှာပါ၊၊ အစာခြေစနစ်က ပါးစပ်ကနေ စအိုဝအထိ ပါဝင်နေပါတယ်။ လေပွတဲ့အခါ အစာအိမ်က တင်းပြီး ပြည့်နေတာမျိုး ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတာနဲ့အတူ နေရထိုင်ရ သက်သောင့်သက်သာ မဖြစ်တာ၊ နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ အစာအိမ်က တင်းကားနေသလို […]


























