brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ ခရမ်းရောင်ပြောင်း

သာမန်ထက် ထူးခြားတဲ့ အရောင်အသွေး၊ သွင်ပြင်သဏ္ဍာန်ရှိရင်ဆေးဖက်ဝင်တယ်၊လို့ ပြောကြတာများပါတယ်နော်။ ဥပမာပြောပြရရင် ဟင်းနုနွယ်အနီရောင်ကဆေးဖက်ဝင်တယ်၊ ဆလတ်ရွက်အနီရောင်က စားပေးရတယ် ခန္ဓါကိုယ်အတွက်ကောင်းတယ်၊ ကြက်အမဲရောင် အသားကလည်း စားရတယ်ဆေးဖက်ဝင်တယ်ဆိုတာမျိုးပေါ့။ ဒီတစ်ခေါက်တော့ အရောင်အသွေးထူးခြားမှုကြောင့်ဆေးဖက်ဝင်တယ်ဆိုတာက တကယ်မှန်တယ်ဆိုတာလေးကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေနာ်။

ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ ခရမ်းရောင်ပြောင်း

ခရမ်းရောင်ပြောင်းဖူးလေးကဆေးဖက်ဝင်ပါတယ်

ခရမ်းရောင်ပြောင်းဖူးမှာပါတဲ့ ဓါတ်တွေက ခန္ဓါကိုယ်မှာဖြစ်တဲ့ရောင်ရမ်းမှုတွေကို ကျဆင်းစေနိုင်သလို အင်ဆူလင်မတိုးတာကိုလည်း သက်သာစေနိုင်တဲ့လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။ ဒီတော့သေချာတာတစ်ခုက ခရမ်းရောင်ပြောင်းဖူးလေးတွေကို အမျိုးအစား -၂ ဆီးချိုရှိသူတွေ စားသုံးလို့ရတယ်ဆိုတာပါ။ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးမှုက အမျိုးအစား -၂ ဆီးချိုရောဂါကို ကာကွယ်ဖို့နဲ့ အကောင်းဆုံးထိန်းချုပ်ဖို့အတွက် အရေးပါတဲ့ အချက်တစ်ခုပါ။ ဆီးချိုရှိသူတစ်ဦးအနေနဲ့ စားသုံးဖို့သင့်တော်တာတွေကတော့ သစ်သီးတွေ၊ ကစီဓါတ်နည်းတဲ့ ဟင်းသီးဟင်းရွက်တွေ၊ကောက်နှံတွေ၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေနဲ့ ပဲတောင့်ရှည်တွေပေါ့။ ဒီလိုစားသုံးဖို့သင့်တော်တယ်ဆိုတဲ့ စာရင်းထဲမှာ ကစီဓါတ်များတဲ့ပြောင်းဖူးကတော့ မပါတာအမှန်ပါပဲ။

၂၀၁၇ ခုနှစ်က လုပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရတော့ ခရမ်းရောင်ပြောင်းဖူးစားသုံးတဲ့ ကြွက်ကလေးတွေဟာ ဗိုက်အဆီကျသလို၊သွေးတွင်းကိုလက်စထရောပမာဏလည်းကောင်းမွန်ပြီး၊သွေးပေါင်လည်းကျစေနိုင်တယ်လို့လည်းတွေ့ရှိခဲ့ရပါတယ်။ အဝလွန်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။လေ့လာမှုတွေအရတော့ ခရမ်းရောင်ပြောင်းဖူးမှာပါတဲ့ ဓါတ်ပစ္စည်းတစ်ခုက အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို တိုးတက်စေနိုင်သလို နာကျင်ရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒီဓါတ်က ဆဲလ်တွေတွင်းကoxidative stressတွေကိုလည်းလျော့ကျစေနိုင်ပါတယ်။

ဒါကြောင့် ခရမ်းရောင်ပြောင်းဖူးလေးကို ဆီးချိုရှိနေသူတွေရော၊ ဆီးချိုမဖြစ်အောင် ကာကွယ်ချင်သူတွေပါစားသုံးလို့ရပါတယ်နော်။ အဝလွန်တာကိုလည်း ကာကွယ်ပေးတယ်ဆိုတော့ အိုကေပေါ့။ ခန္ဓါကိုယ်မှာရောင်ရမ်းမှုတွေဖြစ်နေမယ်ဆိုရင်လည်း ခရမ်းရောင်ပြောင်းဖူးလေးကို စားသုံးမယ်ဆိုရင် သက်သာစေမှာပါ။ ကစီဓါတ်များလို့ မစားရဘူးဆိုပြီး ပြောင်းဖူးမစားရလို့ စိတ်ညစ်နေတဲ့ ဆီးချိုရောဂါရှင်တွေအတွက်တော့ ပြောင်းဖူးလည်း စားရ ကျန်းမာရေးအတွက်လည်းကောင်းတယ်ဆိုတော့ အဆင်ပြေတာပေါ့နော်။ ဒါကြောင့် အရောင်အသွေးထူးခြားမှုကဆေးဖက်ဝင်တယ်ဆိုတာ တကယ်ပါနော်။ ဆီးချိုရှိတဲ့သူတွေအတွက်ရော အဝလွန်မှာစိုးနေသူတွေအတွက်ပါ အဆင်ပြေတယ်ဆိုတော့ဆေးဖြစ်ဝါးဖြစ်လေးြဖစ်ဖြစ် ခရမ်းရောင်ပြောင်းဖူးလေးကို စားလို့ရပါကြောင်း……..

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။