brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆီးချိုသွေးချိုရောဂါအတွက် အရေပြားထိန်းသိမ်းနည်း လမ်းညွှန်များ

ဆီးချိုရှိသူတွေအတွက်အရေပြားကိုဘယ်လိုဂရုစိုက်ရမလဲ။

ဆီးချိုသွေးချိုရောဂါအတွက် အရေပြားထိန်းသိမ်းနည်း လမ်းညွှန်များ

အအေးဓါတ်ကနေကာကွယ်ပါ

သင့်အရေပြားကိုအအေးနဲ့ လေကနေကာကွယ်ဖို့အတွက်မျက်နှာနဲ့နားရွက်တွေကိုဖုံးအုပ်ထားပါ။ နှာခေါင်းကိုပါဖုံးအုပ်စေပြီးဦးထုပ်လည်းဆောင်းပါ။ နွေးထွေးစေတဲ့လက်အိတ်တေ၊ွဖိနပ်တွေလည်းဝတ်ပါ။

အောက်ကပေးထားတာတွေကိုလည်းလိုက်နာပါ။

  • နှုတ်ခမ်းခြောက်ခြင်း ကွာခြင်းက ကာကွယ်ဖို့ နှုတ်ခမ်းအဆီသုံးပါ။
  • အပူချိန်ကျသွားတဲ့အခါ အသားတွေမခြောက်စေဖို့အတွက် အခန်းထဲမှာအနွေးစက်/လေပူပေးစက်တပ်ထားပါ။
  • သင်ရေချိုးတဲ့အခါ ရေနွေး၊အလှဆီဆပ်ပြာသုံးပါ။
  • ရေအကြာကြီးမချိုးပါနဲ့။
  • အရေပြားခြောက်ရင်လည်း အလိုလိုကွာပါစေ၊မပွတ်မကုတ်လိုက်ပါနဲ့။
  • ရေချိုးပြီးလို့အခြောက်ခံပြီးတဲ့အခါ အရေပြားခြောက်သွေ့ခြင်းကိုကာကွယ်ဖို့လိုးရှင်းလိမ်းပါ။
  • အရေပြားခြောက်ရင်မကုတ်ပါနဲ့၊အဲဒီအစားအလှဆီလိမ်းပါ။
  • လက်ဆေးစင်နားမှာလိုးရှင်းဘူးကိုထားထားပါ။ ဒါမှသာသင်လက်ဆေးပြီးတဲ့အခါလိမ်းလို့ရမှာပါ။
  • သင့်အရေပြားအတွက်အသုံးပြုတဲ့ ထုတ်ကုန်တွေကိုကန့်သတ်ထားပါ။ ဒါမှသာမတည့်တာတွေမဖြစ်မှာပါ။
  • သင်ကဝက်ခြံဖြစ်လွယ်တယ်ဆိုရင် သင်မျက်နှာဘာလိမ်းသင့်လဲဆိုတာ အရေပြားအထူးကုဆီဆီမှာ အကြံတောင်းပါ။ တချို့ထုတ်ကုန်တွေကသင့်ကိုပိုဆိုးစေပါတယ်။
  • “ဝက်ခြံမဖြစ်စေပါဘူး” လို့ အညွှန်းမှာပါတဲ့ထုတ်ကုန်တွေကိုသာသုံးပါ။

သင့်အရေပြားအတွက်အရေးပေါ်သေတ္တာကိုဆောင်ထားပါ။

အရေးပေါ်သေတ္တာထဲမှာပါဝင်တာတွေက

  • ပိုးသတ်ဆေးလိမ်းဆေး
  • ဂွမ်းလုံး
  • ပတ်တီးတိပ်
  • ရေနဲ့ဆပ်ပြာမရနိုင်တဲ့အခြေအနေအတွက်အသင်လက်ဆေးဆီ၊ပဝါများ

အရေပြားဖောင်းကြွအနာတွေကိုဘယ်လိုကုသမလဲ။

  • အနာတွေကိုမခွာပါနဲ့။ သူ့ကိုဖုံးအုပ်ထားတဲ့အရေပြားက ရောဂါပိုးတွေကနေကာကွယ်ပေးပါတယ်။ အနာတစ်ဝိုက်ကို ရေနွေးရယ်ဆပ်ပြာပျော့ရယ်နဲ့ သေချာဆေးပါ။
  • အနာကိုပိုးသတ်ဆေး လိမ်းဆေးလိမ်းပြီးဂွမ်းနဲ့အုပ်ထားပါ။ ဂွမ်းကိုတိပ်နဲ့ကပ်ပြီးမြဲပါစေ။ ဂွမ်းကိုအနည်းဆုံးတစ်ရက်တစ်ကြိမ်လဲပါ။ တကယ်လို့အဲဒီအနာတွေကသင့်ဖိနပ်ကြောင့်ဖြစ်တာဆိုရင်အနာမကျက်မချင်းတခြားဖိနပ်စီးပါ။

ခြစ်ရာ၊ရှရာတွေကိုဘယ်လိုဂရုစိုက်မလဲ။

  • ခြစ်ရာ၊ရှရာနေရာတစ်ဝိုက်ကိုရေနွေးရယ်၊ဆပ်ပြာပျော့ရယ်နဲ့ ဆေးပါ။
  • ပိုးသတ်ဆေး လိမ်းဆေးလိမ်းပါ။
  • အနာနေရာကိုဂွမ်းနဲ့ဖုံးပါ။
  • ဂွမ်းကိုတိပ်နဲ့ကပ်ပြီးမကွာပါစေနဲ့။
  • ဂွမ်းကိုအနည်းဆုံးတစ်ရက်တစ်ကြိမ်လဲပါ။
Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Kyaw Thura Htun မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။