ဆီးချို သွေးချို

ဆီးချိုဆိုတာ အလွန် ကြောက်စရာကောင်းပြီး အဖြစ်များလှတဲ့ ရောဂါတစ်ခုပါ။ နောက်ဆက်တွဲပြဿနာနဲ့ ဆက်စပ်ရောဂါတွေလည်း များလှတဲ့အတွက် ဆီးချိုရောဂါအကြောင်း သေချာသိထားသင့်ပါတယ်။ ဒီစာမျက်နှာမှာ ဆီးချိုအမျိုးအစား၊ လက္ခဏာတွေ၊ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို ရှိနေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့နဲ့ စားသောက်မှုပုံစံ မှန်ကန်စေဖို့အတွက် စီမံရတာ ဘယ်လောက်ခက်တယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ အစားအစာတွေထဲမှာ အချို့သော အစားအစာတွေက သွေးချိုတက်စေနိုင်ပြီး အချို့သော အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်ညှိပေးနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောပြရရင် သွေးချို ကျစေတယ်ပေါ့။ ဒါပေမယ့် ဘယ်အစားအစာတွေက သွေးချိုတက်စေပြီး ဘယ်အစားအစာတွေက သွေးချိုကျစေလဲဆိုတာကို သေသေချာချာ သိရှိသူကတော့ ခပ်ရှားရှားပါ။ ဒီအချက်ကို တိတိကျကျ ပြောနိုင်ဖို့ နှစ်ပေါင်းများစွာ လေ့လာမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေကနေ သိရှိလာခဲ့တဲ့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချို ဖြစ်နေပြီဆိုရင် သွေးတွင်းဂလူးကို့စ် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် တော်တော်လေး မြင့်နေမှာပါ။ ဂလူးကို့စ်တွေက စားလိုက်တဲ့ အစားအစာတွေကနေတဆင့် […]

ဆီးချို သွေးချို ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဆီးချို သွေးချို ကို ရှာဖွေမည်။

အမျိုးအစား (၂) ဆီးချို

သွေးချိုဆီးချိုသမားတွေမှာ Whey protein က ဘယ်လိုအထောက်အကူဖြစ်နိုင်မလဲ။

Proteinပရိုတင်း လို့ဆိုလိုက်တာနဲ့ လူတိုင်းသိကြသည်ကအသားဓါတ်။ဒါဆို WheyProteinဆိုတာကရောဘာလဲ။ WheyProtein ဆိုတာနှင့်လူတိုင်းမသိပေမယ့် GYMဆော့သောယောက်ျားလေးတိုင်းသိကြသည့် ကြွက်သားထွက်ချင်ရင်သောက်ရသောဖြည့်စွက်စာ။ ဒီတော့ ဝိတ်ကျချင်ရင်နဲ့ ကြွက်သားတက်ချင်ရင်သောက်ရတဲ့WheyProtein သည်ကိုယ်အလေးချိန်ကျဖို့အပြင်အခြားကျန်းမာရေးကောင်းကျိုးများလည်းပေးသေးတာသင်သိပါသလား။Why protein ဟာ ကင်ဆာဖြစ်ခြင်းကနေကာကွယ်ပေးတာ၊ပန်းနာရင်ကြပ်ြဖစ်နေသောကလေးများ၏ခုခံအားကို မြင့်တက်စေတာ၊သွေးတွင်းအဆီဓါတ် (cholesterol)လျှော့ချပေးတာနှင့်သွေးတိုးသမားများအတွက်သွေးပေါင်ချပေးတာစတဲ့အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်စေပါတယ်။ ဒါ့အပြင်ကမ္ဘာကြီးပေါ်ကလူဦးရေရဲ့ ၈.၈ရာခိုင်နှုန်း လောက်ဖြစ်နေသော ဆီးချိုရောဂါသမားတွေအတွက်လည်း ကောင်းကျိုးပေးသေးတယ်ဆိုပဲ။ ဒီတော့ထမင်းဟင်းစားချင်တိုင်းစားလို့မရ အသီးအရွက်ပဲ များများစားရမယ်ဆိုတဲ့ ဆီးချိုသမားတွေအတွက်WheyProtein ကဘယ်လိုကောင်းလဲကြည့်ရအောင်။ ဆီးချိုသမားတေွသွေးဖောက်ြပီးဆီးချိုတိုင်းနည်း (၃)မျိုးရှိတယ်။ ၁။ ကြိုက်တဲ့အချိန်ကောက်ဖောက်ပြီးတိုင်းတာ(RBS) ၂။ ည ၁၀နာရီနောက်ပိုင်းအစာမစားဘဲအိပ်ရာထမနက်စာမစားခင်သွေးဖောက်တိုင်းတာ( FBS ) နှင့် ၃။ထမင်းစားပြီး၂နာရီအကြာသွေးတွင်းသကြားဓါတ်ပြန်တိုင်းတာ( 2HPP )တို့ ဖြစ်တယ်။ ဆီးချိုသမားတွေစိတ်အညစ်ရဆုံး အချိန်ကတော့ စားချင်တာတွေစားပြီး ၂နာရီအကြာ ပြန်ဖောက်တာဖြစ်တယ်မလား။ လျှော့စားလည်း ပြန်တိုင်း ပြန်တက်ဆိုတော့ စိတ်ညစ်စရာပေါ့နော်။။ ဝမ်းသာစရာ သတင်းကတော့ Whey Protein ကို မနက်စာ မစားခင်သောက်မယ်ဆိုရင် Type 2 Diabetes ဆီးချိုမှာ […]


အမျိုးအစား (၂) ဆီးချို

ကိုယ်ချစ်ရတဲ့သူတွေမှာ ဆီးချိုသွေးချိုရောဂါရှိနေရင် ဘယ်လိုဂရုစိုက်ပေးမလဲ

မိဘ၊ မောင်နှမ၊ ဆွေမျိုးတွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ ကိုယ့်အိမ်ထောင်ဘက် တို့လို ချစ်ခင်ရတဲ့သူတွေကို ကျန်းမာစေဖို့ ဆုတောင်းပေးဖူးခဲ့ကြမှာပါ။ ဒါပေမယ့် ဆုဆိုတာလည်း တောင်းတိုင်းမပြည့်လေတော့ ရောဂါဘယတော့ ကင်းနိုင်ကြမှာမဟုတ်ပါဘူး။ တစ်သက်တာမှာ ကျန်းမာရေးပြဿနာတစ်ခုမဟုတ် တစ်ခုတော့ကြုံကြမှာပါပဲ။ ရိုးရိုးဖျားနာတာလောက် နေမကောင်းဖြစ်တာမဟုတ်ဘဲ ဆီးချိုသွေးချိုရောဂြါဖစ်နေပြီဆိုရင် ဘယ်လိုအကူအညီပေးကြမလဲ။ တချို့လူတွေက ဆီးချိုရောဂါဆိုတာနဲ့ ကံဆိုးပြီလို့မှတ်ယူပြီး ထိတ်လန့်တကြားဖြစ်တတ်ကြပါတယ်။ ကုလို့လည်းမပျောက်နိုင်တော့ဘူး၊ အစားတွေလည်းရှောင်ရတော့မယ်၊ အန္တရာယ်လည်းချက်ချင်းဖြစ်နိင်တယ်၊ အခန့်မသင့်ရင် ခြေထောက်ပုပ်တတ်တယ်၊မျက်စိကွယ်နိုင်တယ်ဆိုပြီး ရောဂါသိတာနဲ့ ဘဝဆုံးသလို စိတ်ဓါတ်ကျတတ်ပါတယ်။ အဲဒီလိုဖြစ်တတ်တဲ့သူတွေထဲမှာ ကိုယ်ချစ်ခင်ရတဲ့သူတွေ ပါနေမလား။ အမှန်တော့ ဆီးချိုသွေးချိုဖြစ်တိုင်း သွေးပျက်ဖို့မလိုသလို ပေါ့ပေါ့ဆဆလည်းမနေသင့်ပါဘူး။ စိတ်ရှည်ရှည်နဲ့ မှန်ကန်အောင် ထိန်းသွားနိုင်ရင် သက်တမ်းစေ့ ကျန်းမာစွာနေထိုင်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ချစ်ခင်ရသူထဲက ဆီးချိုသွေးချိုရှိသူတွေကို အားပေး၊ကူညီ၊စောင့်ရှောက်နိုင်ဖို့ ကိုယ့်အနေနဲ့လုပ်ပေးနိုင်တဲ့အရာတွေ အများကြီးရှိတယ်။ ကိုယ်တိုင်အရင်လေ့လာပါ။ ဆီးချိုသွေးချိုရောဂါအကြောင်းကို လေ့လာမှတ်သားပြီး ကိုယ်ချစ်ခင်ရသူရဲ့ကျန်းမာရေးအခြေအနေကို သိအောင်လုပ်ပါ။ သူတို့ကို […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုခြေထောက်နာရောဂါ

Diabetic Foot ဆိုတာဘာလဲ။ ဆီးချိုဝေဒနာရှင်တွေဟာ မတူညီတဲ့ ခြေဖဝါးပြဿနာမျိုးစုံကို ရင်ဆိုင်ကြရပါတယ်။ ပုံမှန်ပြဿနာတွေကတောင် ပိုဆိုးလာနိုင်ပြီး ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ခြေဖဝါးပြဿနာတွေဟာ အာရုံကြောပျက်စီးခြင်း (neuropathy) ဖြစ်ရင် အဖြစ်များပါတယ်။ သူဟာ နာကျင်စေပေမယ့် ဆီးချိုကြောင့် အာရုံကြောပျက်စီးခြင်းကြောင့် နာကျင်မှု၊ အပူ၊ အအေး အစရှိတာတွေကို ခံစားနိုင်ခြေ နည်းပါးပါတယ်။ ခံစားမှု ပျောက်ဆုံးခြင်းဟာ ခြေဖဝါးဒဏ်ရာရရှိမှုကို မခံစားရဘူးလို့ မဆိုလိုပါဘူး။ သင်ဟာ ဖိနပ်အတွင်းပိုင်းမှာ ကျောက်ခဲတစ်လုံးရှိနေတာကို မသိပဲ တစ်နေကုန် လမ်းလျှောက်နေနိုင်ပါတယ်။ အရေပြား ကွဲမကျမချင်း၊ ရောဂါပိုးဝင်ခြင်း မရှိမချင်း ခြေဖဝါးဒဏ်ရာရရှိခြင်းကို သတိထားမိမှာ မဟုတ်ပါဘူး။ အာရုံကြော ထိခိုက်ခြင်းဟာ ခြေဖဝါးနဲ့ ခြေချောင်းတွေရဲ့ ပုံစံကို ပြောင်းလဲမှုများစွာ ဖြစ်စေနိုင်ပါတယ်။ ရောဂါလက္ခဏာများ။ Diabetic Foot ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Diabetic Foot ရဲ့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

မျက်စိ ပြဿနာများနှင့် ဆီးချိုရောဂါ

သွေးတွင်းသကြားဓာတ်မြင့်မားခြင်းဟာ အမြင်အာရုံဝေဝါးခြင်း၊ အမြင်လွှာရောဂါဖြစ်ခြင်း၊ တိမ်ဖြစ်ခြင်း စတာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဆီးချိုရှိသူများဟာ မျက်စိ ဆရာဝန်ဆီမှာ ပုံမှန်ပြသသင့်ပါတယ်။ မျက်စိ အမြင်အာရုံဝေဝါးခြင်း အမြင်အာရုံဝေဝါးခြင်းဟာ ဆီးချိုရှိသူတွေမှာ ကြုံရတတ်တဲ့ပြဿနာတခု ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ် တက်လာတဲ့အခါ မျက်စိရဲ့ မှန်ဘီလူးဟာ ရောင်ရမ်းလာပြီး အမြင်အာရုံမှာ အပြောင်းအလဲ ဖြစ်သွားပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သွေးတွင်းသကြားဓာတ်ကို ပုံမှန် အတိုင်းအတာတစ်ခုမှာ ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ အမြင်အာရုံ ပုံမှန်ပြန်ဖြစ်စေဖို့ ၃လလောက် အချိန်ယူရပါတယ်။ မျက်စိ ရေတိမ်ဖြစ်ခြင်း ဆီးချိုရှိသူတွေဟာ တခြားသူတွေထက် ရေတိမ်ဖြစ်နိုင်ခြေ ၄၀%များပါတယ်။ အသက်အရွယ် အရလည်း ပိုဖြစ်တတ်ပါတယ်။ မျက်လုံးအတွင်းပိုင်းမှာ ဖိအားများလာပြီး အရည်များကောင်းကောင်း မစီးဆင်းနိုင်ရင် ရေတိမ်ဖြစ်တတ်ပါတယ်။ အဲဒီအခါ သွေးကြောများ၊ အမြင်အာရုံကြောများကို ထိခိုက်စေပြီး မျက်စိကွယ်နိုင်ပါတယ်။ ဖြစ်ခါစမှာ လက္ခဏာ မပြတတ်ပါဘူး။ ကြီးကြီးမားမား အမြင်အာရုံချို့ယွင်းမှသာ သတိပြုမိတတ်ကြပါတယ်။ […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဝေဒနာရှင်များအတွက် လိင်မှုဘဝအကြံပေးချက် ၁၀ ချက်

သွေးထဲကသကြားဓါတ်ပမာဏက လိင်ဆက်ဆံစဉ်မှာဘယ်လိုခံစားရတယ်ဆိုတဲ့အပေါ်သက်ရောက်မှု အတော်ကြီးပါတယ်။ ကောင်းကျိုးနဲ့တော့မဟုတ်ပါဘူး။ ဆီးချိုလိုရောဂါတွေက လိင်မှုဘဝမှာ အတက်အကျတွေ ဖြစ်စေပါတယ်။ ဒီရောဂါဖြစ်ပြီဆိုရင် အခြားသူတွေ လိုစိတ်ကျေနပ်မှုတွေရတော့မှာမဟုတ်ပဲ သူများတွေမှာမရှိတဲ့ အခက်အခဲတွေရှိလာမှာဖြစ်ပါတယ်။ သတင်းကောင်းကတော့ ဒီလိုလက္ခဏာတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ နားလည်ပြီဆိုရင် သင့်လိင်ကျေနပ်မှုရအောင် မြင့်တင်နည်းတွေသိလာနိုင်ပါတယ်။ 1. Toy အသစ်ရှာပါ လိင်မှုကိစ္စက မကြာမီကနည်းနည်း (သို့မဟုတ်အများကြီး) အားလျော့လာတယ်လို့ ခံစားရပါလျှင်, ဆီးချိုရောဂါကြောင့်လို့ ဆိုနိုင်ပါတယ်။ ဆီးချိုရောဂါဟာ မလိင်အင်္ဂါကို သွေးစီးဆင်းမှုလျော့ကျစေပြီး အာရုံခံစားမှုနဲ့ စိတ်ကြွမှုကို လျော့နည်းစေနိင်ပါတယ်။ လေ့လာရေးတွေအရ ဆီးချိုရောဂါသည်တွေဟာ သွေးကြောအပြောင်းအလဲများနှင့်အာရုံကြောပျက်စီးမှုတွေကြောင့် အခြားသူတွေလို လွယ်လွယ်ကူကူ orgasm (ပြီးမြောက်မှု) မဖြစ်တတ်ပါ။ တိုတိုပြောရရင် သင်orgasm ရာက်ဖို့ လုပ်နေကျနည်းတွေက အလုပ်ဖြစ်မှာ မဟုတ်တော့ပါဘူး။ အသစ်တစ်ခုကိုကြိုးစားကြည့်ဖို့ အချိန်ဖြစ်ပါတယ်။ နှိုးဆွမှုရဖို့ အမြန်ဆုံးလမ်းတစ်ခုကတော့ vibrator (တုန်ခါစက်) ဖြစ်ပါတယ်။ သင်ရွေးချယ်တဲ့အမျိုးအစားက […]


အမျိုးအစား (၂) ဆီးချို

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ

ခေတ်စနစ်တွေတိုးတက်လာနေသလို ရောဂါဖြစ်ပွားမှုနှုန်းတွေကလည်း အဆက်မပြတ် တိုးလာနေပါတယ်။လေ့လာမှု စစ်တမ်းတွေအရ ကမ္ဘာတလွှားမှာ ဆီးချိုဝေဒနာ ခံစားနေရသူအရေအတွက်က သိသိသာသာကိုမြင့်တက်လာနေပါတယ်။ ဆီးချိုဝေဒနာက မျိုးဗီဇဖွဲ့စည်းမှု၊ မျိုးရိုးလိုက်တာ၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကအကြောင်းအရာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါက လူတစ်ဦးချင်းစီနဲ့ ခံစားနေရတဲ့ ဆီးချိုအမျိုးအစားပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။ အခုတစ်ခေါက် ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း တွေကို သေချာလေး လေ့လာကြည့်ရအောင်နော်။ အမျိုးအစား - ၁ ဆီးချိုရောဂါဘာကြောင့်ဖြစ်ရတာလဲ ကိုယ်ခံအားစနစ်က ခန္ဓါကိုယ်အတွက် အင်ဆူလင် ထုတ်ပေးတဲ့ ပန်ကရိယဆဲလ်တွေကို ဖျက်ဆီးလိုက်တဲ့ အချိန်မှာ အမျိုးအစား - ၁ ဆီးချိုရောဂါဖြစ်လာရတာပါ။ ခန္ဓါကိုယ်က အင်ဆူလင်ပမာဏကို လုံလောက်အောင်မထုတ်နိုင်တဲ့အခြေအနေကြောင့် အမျိုးအစား - ၁ ဆီးချိုရောဂါစဖြစ်လာပါတယ်။ ခန္ဓါကိုယ်က အင်ဆူလင်မထုတ်နိုင်တော့တဲ့ အခြေအနေပါ။ အမျိုးအစား - ၁ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

Diabetic Retinopathy (ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Diabetic Retinopathy (ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါ) ကဘာလဲ။ ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါဆိုသည်မှာ မျက်လုံး၏အနောက်ဘက်တွင် တည်ရှိသောအာရုံကြောမမှ ဖြစ်သောရောဂါတခုဖြစ်သည်။ ထိုအာရုံကြောသည် ပုံရိပ်များ လက်ခံ၍သင့်ဦးနှောက်သို့ထိုပုံရိပ်များကို ပေးပို့ရသောမျက်လုံး၏အစိတ်အပိုင်းတခုဖြစ်သည်။ ဆီးချိုရောဂါသည်အများစုတွင် ထိုရောဂါရှိကြပြီး ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါဟုခေါ်သည်။ ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါသည် အမြင်စွမ်းအားကျစေပြီး မျက်လုံးကန်းသည်အထိဖြစ်စေနိုင်သည်။ နှစ်ပေါင်းများစွာအတွင်း ပိုဆိုးလာတတ်သည်။ ပထမပိုင်းတွင် မျက်လုံးရှိသွေးကြောများလျော့လျဲအားနည်းလာခြင်းဖြင့် မျက်လုံးအာရုံကြောထဲသို့ထိုသွေးကြောများမှ သွေးနှင့်အခြားအရည်များစိမ့်ဝင်လာစေသည်။ ထိုကဲ့သို့ဖြစ်ခြင်းကို non-proliferative retinopathyဟုခေါ်သည်။ ထိုရောဂါသည်အဖြစ်များဆုံးသော ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါတစ်မျိုးဖြစ်သည်။ အကယ်၍ထိုအရည်များသည် သင့်မျက်လုံးအလယ်သို့စိမ့်ဝင်သွားပါက သင့်တွင်အမြင်ေဝဝါးလာနိုင်သည်။ ကံမကောင်းစွာပဲ non-proliferative retinopathy ဖြစ်ပွားသောသူများတွင် မည်သည့်လက္ခဏာမျှပြသခြင်းမရှိပါ။ Diabetic Retinopathy (ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါသည်ကမ္ဘာအနှံ့ဖြစ်ပွားသောအမြင်စွမ်းအားဆုံးရှံူးစေသည့်အကြောင်းအရင်းတခုဖြစ်သည်။ ခန့်မှန်းခြေ285သန်းပေါင်းသော […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

diabetic neuropathy (ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်diabetic neuropathy (ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ) ကဘာလဲ။ ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါဆိုသည်မှာ သကြားဓါတ်များသွေးထဲတွင် ကြာရှည်စွာ မြင့်တက်နေခြင်းကြောင့် အာရုံကြောထိခိုက်ပျက်စီးခြင်းကိုဆိုလို သည်။     diabetic neuropathy (ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဆီးချိုရောဂါ၏ ပြင်းထန်သည့် အဖြစ်များသော နောက်ဆက်တွဲရောဂါတခုဖြစ်သည်။60-70ရာခိုင်နှုန်းသောဆီးချို ရောဂါသည်များသည် အချို့သော အာရုံကြောရောဂါများကို ခံစား ရတတ်သည်။ ဆီးချိုကြောင့်ဖြစ်သည့်အဓိကအာရုံကြောရောဂါ4ခုမှာ Peripheral,autonomic,proximal နှင့်focal တို့ဖြစ်သည်။ လက္ခဏာများdiabetic neuropathy (ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ Peripheral neuropathy အဖြစ်အများဆုံးသော ဆီးချိုကြောင့်ဖြစ်သည့် အာရုံကြောရောဂါဖြစ်ပြီး အများအားဖြင့် ခြေလက်များတွင် ဖြစ်ပွား တတ်သည်။ လက်များ၊လက်မောင်းများ၊ကျောပြင်နှင့်ဗိုက်တွင်လည်း ဖြစ်ပွားနိုင်သည်။ လက္ခဏာများသည် အပျော့စားမှ ပြင်းထန်သည် အထိရှိနိုင်ပြီး ညဘက်တွင် ပိုမိုဆိုးဝါးတတ်သည်။ နာကျင်ကိုက်ခဲ ခြင်း၊ပူစပ်ပူလောင်ဖြစ်ခြင်း၊ထုံကျဉ်နေခြင်း၊ထိတွေ့မှုအာရုံပျောက်သွားခြင်း၊ကြွက်သားအားနည်းခြင်း၊တုံ့ပြန်မှုစနစ်များ ပျောက်သွားခြင်း စသည်တို့ပါဝင်သည်။ ထိုရောဂါကြောင့် ခြေထောက်တွင် ပိုးဝင်ခြင်း၊အနာများဖြစ်ခြင်းနှင့် ပုံပျက်ပန်းပျက်ဖြစ်ခြင်းစသောပြဿနာများဖြစ်တတ်သည်။ Autonomic neuropathy ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ၏ ဒုတိယအဖြစ်အများဆုံး ရောဂါဖြစ်ပြီး အတွင်းကလီစာများကို ထိန်းချုပ်သော အာရုံကြောတွင်ဖြစ်ပွားသည်။ အလိုအလျောက်အာ ရုံကြောစနစ်မှ ထိန်းချုပ်သောကလီစာများတွင်အစာလမ်းကြောင်း စနစ်၊ချွေးဂလင်းများ၊လိင်အဂါများ၊နှလုံးနှင့်သွေးကြောစနစ်များ၊ဆီးအိမ် စသည်တို့ပါဝင်သည်။ အစာလမ်းကြောင်းစနစ်အားထိန်းချုပ်သော အာရုံကြောကိုထိခိုက်ပါက မျိုမချနိုင်ခြင်း၊ဝမ်းချုပ်ခြင်း၊အစာအိမ် အလုပ်လုပ်နိုင်စွမ်းနှေးကွေးနေခြင်းစသည်တို့ဖြစ်ပွားစေသော ကြောင့်ပျို ့ခြင်း၊အန်ခြင်း၊အစာစားချင်စိတ်မရှိခြင်းနှင့် လေအောင့်ခြင်းတို့ကိုလည်းဖြစ်ပွားစေသည်။ အလိုအလျောက်အာရုံကြောစနစ်ရောဂါသည် […]


အမျိုးအစား (၁) ဆီးချို

သင့်ကလေးငယ်မှာ အမှတ်တစ် အမျိုးအစားဆီးချိုရောဂါရှိနေရင် ဘာတွေလုပ်ရမလဲ

သင့်ကလေးငယ်အတွက် အရေးတကြီးလိုအပ်တဲ့ အင်ဆူလင်ဟော်မုန်းကို ခန္ဓါကိုယ်ကနေ ထုတ်လုပ်ခြင်းမရှိတော့ဖူးဆိုရင် သူလေးမှာ အမှတ်တစ် အမျိုးအစားဆီးချိုရောဂါ ရှိနေပါပြီ။ ဆီးချိုဝေဒနာသည်တယောက်အဖို့ ရှင်သန်နေထိုင်ရတာ မလွယ်ကူပါဘူး။ ဒါကြောင့် အောက်ဖော်ပြပါ ရိုးရှင်းတဲ့ အချက်လေးတွေကို သိထားခြင်းအားဖြင့် သင်ရောသင့်ကလေးအတွက်ပါ ပိုမိုကောင်းမွန်သာယာတဲ့ ဘဝလေးတခုကို ရရှိစေပါလိမ့်မယ်။ အပြစ်ရှိသလို ခံစားမနေပါနဲ့။ ဒါ သင့်အပြစ်မဟုတ်ပါဘူး။"မိသားစုထဲက တယောက်ယောက်မှာ ဆီးချိုရှိလို့ ငါ့သားလေး/သမီးလေးမှာ ဆီးချိုရှိရတာ"၊"ငါမတည့်တာတွေ ကျွေးမိလို့ ငါ့ကလေး ဆီးချိုဖြစ်ရတာ" ဒါမှမဟုတ် "ကလေးစားတတ်သောက်တတ်အောင် ငါသေချာမသင်ပေးမိလို့ ဖြစ်ရတာ" စသဖြင့် လျှောက်တွေးမနေပါနဲ့။ မျိုးဗီဇနဲ့ ပတ်ဝန်းကျင်အခြေအနေတွေကလည်း တစိတ်တဒေသတော့ ပါကောင်းပါ ပါလိမ့်မယ်။ ဒါပေမယ့် အဆိုပါ အချက်တွေက အမှတ်တစ်အမျိုးအစား ဆီးချိုမဖြစ်စေနိုင်ပါဘူး။ ဆရာဝန်အနေနဲ့ ကလေးရဲ့ နေပုံထိုင်ပုံအသေးစိတ်ကို သိချင်မှ သိနိုင်ပါလိမ့်မယ်။ ဘယ်အချက်တွေက သင့်ကလေးက ဆီးချိုဖြစ်စေသလဲ ဒါမှမဟုတ် ဘယ်လိုကာကွယ်ရမလဲ […]


အမျိုးအစား (၂) ဆီးချို

Diabetes (ဆီးချိုရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Diabetes (ဆီးချိုရောဂါ) ကဘာလဲ။ သွေးထဲမှာသကြားဓါတ်မြင့်မားနေခြင်းကိုဆီးချိုရောဂါဟုခေါ်သည်။ ဆီးချိုအမျိုးအစား (၂)ခုရှိသည်။ အမျိုးအစား ၁ ခန္ဓါကိုယ်၏ခုခံအားမှပန်ကလိယခေါ်မုန့်ချိုအိတ်ရှိ အင်အူလင်ထုတ်သော ဆဲလ်များကိုတိုခိုက်ခြင်းကြောင့်ဖြစ်လာသည်။ အမျိုးအစား ၂ မုန့်ချိုအိတ်မှ အင်ဆူလင်ထုတ်လုပ်မှုနည်းပါးပြီး ခန္ဓါကိုယ်ရှိဆဲလ်များအပေါ်တွင်လည်း ထိုအင်ဆူလင်သက်ရောက်မှုအားနည်းနေခြင်းဖြစ်သည်။ သွေးထဲသကြားဓါတ်မြင့်မားခြင်းကြောင့် မကြာခဏဆီးသွားခြင်း၊ရေဆာခြင်း၊ဆာလောင်ခြင်းတို့ ခံစားရတတ်သည်။ Diabetes (ဆီးချိုရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဆီးချိုရောဂါဟာ အခုအခါမှာအဖြစ်များလာကြပြီး ဆီးချိုကိုပိုမိုဖြစ်စေနိုင်သောအချက်များကိုကြိုတင်ကာကွယ်သောအားဖြင့် ရှောင်ရှားသင့်ပေသည်။ အသေးစိတ်အချက်အလက်များကို နီးစပ်ရာဆရာဝန်နင့်တိုင်ပင်ရန်လိုအပ်သည်။ လက္ခဏာများDiabetes (ဆီးချိုရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ မကြာခဏဆီးသွားခြင်း ရေငတ်ခြင်း ဆာလောင်ခြင်း ပင်ပန်းလွယ်ခြင်း အမြင်မကြည်ခြင်း အနာကျက်နှေးခြင်း ဝိတ်ကျခြင်း(အမျိုးအစား ၁) ခြေချောင်း လက်ချောင်းများထုံကျဉ်ခြင်း အမျိုးအစား ၂ဆီးချိုရောဂါသည်များတွင် လက္ခဏာမှာမသိသာတတ်ပေ။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ရေအရမ်းငတ်ခြင်း အထူးသဖြင့်ညဘက်များတွင် ဆီးမကြာခဏသွားခြင်း ပင်ပန်းလွယ်ခြင်း ဝိတ်ကျခြင်းနှင့်ကြွက်သားများသေးသွားခြင်း ချိုင်းကြားကဲ့သို့ချွေးအောင်းနိုင်သော ကြားနေရာများတွင် ယားခြင်း၊အနာဖြစ်ခြင်း အနာကျက်နှေးခြင်း အမြင်မှုန်ဝါးခြင်း ထိုလက္ခဏာများသည်အမျိုးအစား ၁တွင် ရက်ပိုင်းအတွင်းဖြစ်ပေါ်တတ်သည်။ အမျိုးအစား ၂ တွင်မူလက္ခဏာမှာမသိသာ၍ သတိထားမိဖို့ရာ အချိန်ကြာတတ်သည်။ အကြောင်းရင်းများDiabetes (ဆီးချိုရောဂါ) ကိုဘာတွေကဖြစ်စေသလဲ စားလိုက်သောအစားများထဲမှသကြားဓါတ်ကိုအစာအိမ်မှချေဖျက်စုပ်ယူပြီးနောက် ဆဲလ်များတွင်စွမ်းအင်အဖြစ်ပြောင်းလဲသိုလှောင်ရန် အင်ဆူလင် လိုအပ်သည်။ ဆီးချိုရောဂါသည်များတွင် ထိုအင်ဆူလင်မရြိှခ်းကြောင့် စွမ်းအင်အဖြစ်မပြောင်းလဲနိုင်ဘဲ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း