ဦးနှောက်အာရုံကြောကျန်းမာရေး

ဦးနှောက်နဲ့ အာရုံကြောစနစ်မှာ ဦးနှောက်၊ အာရုံကြောမကြီးနဲ့ အာရုံကြောပေါင်း မြောက်မြားစွာပါဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောရောဂါတွေ ဖြစ်တဲ့ အတက်ရောဂါ၊ ဦးနှောက်သွေးကြောဖောင်းတာ၊ ဦးနှောက်အကျိတ်တွေကြောင့် ဒီစနစ်ကြီးထိခိုက်သွားနိုင်ပါတယ်။ ဒီစာမျက်နှာမှာ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ၊ ကုသနည်းတွေနဲ့ ကာကွယ်နည်းတွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဦးနှောက်အာရုံကြောကျန်းမာရေး

ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့

နွေပူမှ ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ ရာသီဥတု အရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရာသီဥတု အေးလာတဲ့အခါ ဆီရိုတိုနင် အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ ခေါင်းတစ်ခြမ်း ကိုက်တယ်ဆိုတာ ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ အေးတဲ့ရာသီမှာ ခေါင်းတစ်ခြမ်းကိုက်ရတဲ့ အကြောင်းအရင်း ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ […]

ဦးနှောက်အာရုံကြောကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ဦးနှောက်အာရုံကြောကျန်းမာရေး ကို ရှာဖွေမည်။

အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Charcot Marie Tooth Disease (မျိုးရိုးဗီဇကြောင့်ဖြစ်သော အစွန်အဖျား အာရုံကြောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Charcot Marie Tooth Disease (မျိုးရိုးဗီဇကြောင့်ဖြစ်သော အစွန်အဖျား အာရုံကြောရောဂါ) ကဘာလဲ။ Charcot-Marie-Tooth disease (CMT) သည် ပထမ ဆုံးတွေ့ရှိသော ဆရာဝန်သုံးယောက် နာမည်ကို အစွဲပြု ခေါ် ခြင်းဖြစ်သည်။ မျိုးရိုးဗီဇကြောင့်ဖြစ်သော အစွန်အဖျား အာရုံကြောရောဂါ (Peripheral nerve disorders) များအုပ်စု၏ နာမည် ဖြစ်သည်။ အစွန်အဖျား အာရုံကြောများသည် ခန္ဓါကိုယ်အစွန်ဆုံး နေရာများကို တိုက်ရိုက်ထိန်းချူပ်သောကြောင့် ရောဂါဖြစ်ပါ က ခြေထောက်၊လက်၊ ခြေဖဝါး ကြွက်သားများ အားနည်းခြင်း ထိတွေ့ခံစားမှု ဆုံးရှုံးခြင်းတို့ ဖြစ်စေပါသည်။ Charcot Marie Tooth Disease (မျိုးရိုးဗီဇကြောင့်ဖြစ်သော အစွန်အဖျား အာရုံကြောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ CMT သည် မျိုးရိုးဆက်ခံသော ရောဂါတစ်မျိုးဖြစ်ပြီး ရော ဂါလက္ခဏာများသည် ချက်ချင်း […]


တခြား ဦးနှောက်နှင့် အာရုံကြောရောဂါများ

Myasthenia Gravis (ကြွက်သားပျော့ခွေ အာရုံကြောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Myasthenia Gravis (ကြွက်သားပျော့ခွေ အာရုံကြောရောဂါ) ကဘာလဲ။ Myaesthenia gravis ဆိုတာ ခုခံအားစနစ်က မိမိကိုယ်ကို ပြန်လည် တိုက်ခိုက်တဲ့ အာရုံကြောကြွက်သား ရောဂါတစ်ခုပဲဖြစ်တယ်။ မျက်လုံး၊ မျက်နှာ၊ လည်ချောင်း၊ လက်နဲ့ ခြေထောက်တွေရဲ့ ကြွက်သားတွေကို အားယုတ်လျော့သွားစေတယ်။ ရောဂါစဖြစ်တဲ့ ပထမ ၃ နှစ်အတွင်းမှာ ကြွက်သားအားလျော့မှု အများဆုံးဖြစ်ပြီးတော့ အဲဒီနောက်ပိုင်းမှာတော့ ဆိုးဝါးမှုဟာ တဖြည်းဖြည်း နှေးကွေးလာပါတယ်။ Myasthenia Gravis (ကြွက်သားပျော့ခွေ အာရုံကြောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ လူတိုင်း ဒီရောဂါဖြစ်နိုင်ပါတယ်။ သို့သော်ငြားလည်း အမျိုးသမီးတွေမှာ အသက် ၄၀ မတိုင်ခင် အဖြစ်များပြီး အမျိုးသားတွေမှာ အသက် ၅၀ နောက်ပိုင်းမှာ အဖြစ်များတယ်။ ဖြစ်ပွားနိုင်ချေများကို လျော့ချခြင်းဖြင့်စီမံနိုင်တယ်။ အချက်လက်များကို ထပ်မံသိရှိ ဖို့ အတွက် ဆရာဝန်နဲ့ ဆွေးနွေး […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Sciatica (ပေါင်တန်းခြင်း၊ အကြောညပ်ခြင်း စိုင်ရာတီကာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sciatica (ပေါင်တန်းခြင်း၊ အကြောညပ်ခြင်း စိုင်ရာတီကာ) ကဘာလဲ။ Sciatica (စိုင်ရာတီကာ) ဆိုတာ အာရုံကြောတစ်ခုဟာ ထိခိုက်ခံရလျှင် (သို့) အဆွခံရလျှင် ဖြစ်တဲ့ နာကျင်ခြင်းကိုသာ ဆိုလိုတာပါ။ အာရုံကြောဆိုတာက ခန္ဓါကိုယ်ထဲမှာ အရှည်ဆုံးဖြစ်ပြီး ကျောရိုးမကြီးကနေစပြီး တင်ပါးဆုံ နှင့် ခြေထောက်အနောက်ထိ ဆက်ဆင်းသွားပါတယ်။ sciatica (စိုင်ရာတီကာ) ဆိုတာက အခြားရောဂါသက်သက်မဟုတ်ဘဲ အာရုံကြောရောဂါရဲ့ လက္ခဏာတစ်ခုသာဖြစ်ပြီး ၄ ပတ် မှ ၈ ပတ်လောက်ထိ ကုပြီးလျှင် သက်သာသွားတတ်ပါတယ်။ Sciatica (ပေါင်တန်းခြင်း၊ အကြောညပ်ခြင်း စိုင်ရာတီကာ) က ဘယ်လောက်အဖြစ်များသလဲ ဖြစ်တဲ့ လူနာတွေကတော့ အသက်ကြီးရွယ်အိုတွေ၊ နာတာရှည် ဆီးချိုသမားတွေ၊ နှင့် အဝလွန်တဲ့ သူတွေဖြစ်ကြပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများSciatica (ပေါင်တန်းခြင်း၊ အကြောညပ်ခြင်း စိုင်ရာတီကာ) […]


မှတ်ဉာဏ်ထိခိုက်ခြင်းနှင့် အယ်ဇိုင်းမားရောဂါ

Transient global amnesia (ခဏတာမှတ်ဉာဏ်ကွယ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Transient global amnesia (ခဏတာမှတ်ဉာဏ်ကွယ်ရောဂါ) ကဘာလဲ။ ခဏတာမှတ်ဉာဏ်ကွယ်ရောဂါဖြစ်သောအချိန်တွင် သင်မကြာခင်ကဖြစ်ခဲ့သောအခြေအနေများကိုမမှတ်မိတော့ပေ။ ထို့ကြောင့် သင်ဘယ်ကလာသည် ဘာလို့ဒီကိုရောက်နေသည်မှာမသိတော့ပေ။ ထိုအပြင် အခုဒီနေရာတွင် ဘာတွေဖြစ်ပျက်နေသည်ကိုလဲမမှတ်မိတော့ပါ။ သင်မမှတ်မိသောကြောင့် ထပ်ခါထပ်ခါမေးခွန်းများကိေုမေးနေလိမ့်မည်။ တရက် တလ သို့မဟုတ် တစ်နှစ်ခန့်ကအဖြစ်များမေးပါက သင့်ခေါင်းထဲတွင် ဘာမှမရှိပဲဖြစ်နေလိမ့်မည်။ ခဏတာမှတ်ဉာဏ်ကွယ်ရောဂါဖြစ်ချိန်တွင် သင်ဘယ်သူလဲ နှင့် သင်သိသာသူများကိုကောင်းစွာမှတ်မိလိမ့်မည်။ သို့သော် ထိုသို့ဖြစ်ခြင်းက သင့်မှတ်ဉာဏ်မမှတ်မိခြင်းကြောင့်ဖြစ်သောစိတ်အနှောက်အယှက်အားမသက်သာစေပါ။ ကံကောင်းစွာ ခဏတာမှတ်ဉာဏ်ကွယ်ရောဂါသည် ရှားပါးသည်၊ အန္ဓါရယ်မရှိဟုယူဆနိုင်သကဲ့သို့ ပြန်လဲမဖြစ်တတ်သည်။ ခဏာတာသာဖြစ်တတ်ပြီးထို့နောက်ပြန်ကောင်းသည်။ Transient global amnesia (ခဏတာမှတ်ဉာဏ်ကွယ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများTransient global amnesia (ခဏတာမှတ်ဉာဏ်ကွယ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ခဏတာမှတ်ဉာဏ်ကွယ်ရောဂါရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ရုတ်တရက်မှတ်ဉာဏ်ပြောင်းဆုံးခြင်းမျက်မြင်မှ မှန်သည်ဟုစစ်ပြီးခြင်း မှတ်ဉာဏ်ဆုံးရှုံးသော်လည်းမိမိကိုယ်ကိုယ်မှတ်မိခြင်း အမှားအမှန်ဆုံးဖြတ်နိုင်ခြင်း ဥပမာ ရင်းနှီးသောအရာဝတ္ထုများလမ်းများအား မှတ်မိခြင်း ဦးနှောက်တစ်စိတ်တစ်ပိုင်းထိခိုက်သည်ဟူသောလက္ခဏာမရှိခြင်း ဥပမာ ခြေလက်အကြောဆွဲခြင်း […]


Multiple Sclerosis ရောဂါ

Multiple Sclerosis (မိုင်လင်အလွှာပျက်သောရောဂါ)

နယူရုန်းဆိုတာ အာရုံကြောစနစ်တွင်ပါသော ဆဲလ်ဖြစ်ပြီး စဉ်းစားခြင်း၊ မြင်ခြင်း၊ ကြားခြင်း၊ စကားပြောခြင်း၊ ခံစားခြင်းနဲ့ လှုပ်ရှားခြင်းတို့ကို ထိန်းချုပ်ထားပါတယ်။ နယူရုန်းတခုတွင် ဆဲလ်ခန္ဓာကိုယ်နှင့် အိတ်ဇွန် (axon)တစ်ခုပါဝင်ပါတယ်။ များသောအားဖြင့် အိတ်ဇွန်ကို မိုင်လင်လို့ ခေါ်တဲ့ အဆီအလွှာလေးနဲ့ ဖုံးအုပ်ထားပါတယ်။ မိုင်လင်က အချက်ပြမှုများအား အာရုံကြောတစ်လျှောက်ပို့ပေးပါတယ်။မိုင်လင်အလွှာပျက်သောရောဂါ သည် တဖြည်းဖြည်းချင်းဆိုးလာသောရောဂါဖြစ်ပြီး ဦးနှောက်နဲ့ ကျောရိုးအာရုံကြောကို ထိခိုက်စေတတ်ပါတယ်။ မိုင်လင်အလွှာပျက်သောရောဂါတွင် မိုင်လင်များပျက်စီးခြင်း သို့မဟုတ် ရောင်ရမ်းခြင်းဖြစ်ပြီး အာရုံကြော အချက်ပြမှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါကြောင့် အာရုံကြောအမျှင်များပျက်စီးခြင်းနဲ့ အခြားလက္ခဏာများပေါ်လာစေပါတယ်။ Multiple Sclerosis (မိုင်လင်အလွှာပျက်သောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အေးသောရာသီတွင် ရောဂါပိုဆိုးတတ်ပါတယ်။ Multiple Sclerosis (မိုင်လင်အလွှာပျက်သောရောဂါ) ရဲ့လက္ခဏာတွေက ဘာတွေလဲ ရောဂါလက္ခဏာတွေက ဖြစ်လိုက် ပျောက်လိုက်ပါပဲ။ ရောဂါလက္ခဏာက […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း) ကဘာလဲ။ မျက်နှာက ကြွက်သားတွေ ယာယီချည့်နဲ့ပြီး အကြောဆွဲသွားတဲ့အခြေအနေ ဖြစ်ပါတယ်။ မျက်နှာရဲ့ကြွက်သားတွေကို ထိတ်းချုပ်တဲ့ အာရုံကြောတွေ ရောင်ရမ်းပြီး ဖိညပ်မိရင် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ မျက်နှာတဖက်ဟာ အောက်ကိုလျော့ရဲကျခြင်း၊ ဒါမှမဟုတ် တောင့်တင်းခြင်း ဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့မျက်နှာဘက်ခြမ်းမှာ ပြုံးဖို့၊ မျက်လုံးမှတ်ဖို့ အခက်တွေ့တတ်ပါတယ်။ များသောအားဖြင့် ယာယီအခြေအနေဖြစ်ပြီး ရက်သတ္တပတ် အနည်းငယ် ကြာရင် ပျောက်သွားတတ်ပါတယ်။ Bells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် ၁၆နှစ်နဲ့ ၆၀ကြားမှာ အဖြစ်များတာ တွေ့ရပါတယ်။ Bell အာရုံကြောချို့ယွင်းခြင်း ဆိုတဲ့ နာမည်ကတော့ ဒီပြသနာကို စတင်ဖော်ထုတ်ခဲ့တဲ့ စကော့လူမျိုး ခန္ဓါဗေဒပညာရှင် ချားလ်စ်ဘဲလ်ကို အစပြုပြီး ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများBells-Palsy (Bell အာရုံကြောချို့ယွင်းခြင်း) […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

ယောဂသည် စိုင်ယာတီကာ အကြောနာကို ဘယ်လိုသက်သာစေသလဲ

စိုင်ယာတီကာ အကြောနာ ဆိုသည်မှာ စိုင်ယာတစ် အာရုံကြောတွင် ထိခိုက်ခြင်း (သို့) ဖိမိခြင်းကြောင့် ဖြစ်သော ရောဂါ အခြေအနေတစ်ရပ်ဖြစ်သည်။ (အရပ်ထဲတွင် ပေါင်တန်းခြင်း၊ အကြောညပ်ခြင်းဟုလည်း ခေါ်ကြသည်)။ သင်သည် စိုင်ယာတစ်အာရုံကြောတစ်လျှောက်တွင် နာကျင်ခြင်း (သို့) အခြား ခံစားချက်များကို ခံစားရမည်။ ဥပမာ။ ။ ခြေထောက်နာကျင်ခြင်း၊ ထုံကျဉ်ခြင်း နှင့် အားနည်းခြင်း။ နာကျင်မှုသည် ညဖက် (သို့) အထိုင်အထ၊ ရယ်မောခြင်း ၊ ချောင်းဆိုးခြင်းတို့တွင် ပိုဆိုးသည်။ ယောဂလေ့ကျင့်ခန်းသည် စိုင်ယာတီကာ အကြောနာခြင်းကို သက်သာစေမည့် နည်းလမ်းတစ်ခုဖြစ်သည်။ သို့သော် အချို့ ယောဂ ကျင့်စဉ် အနေအထားသည် အန္တရာယ်ဖြစ်စေနိုင်သည်။ သို့ဖြစ်ပါ၍ စိုင်ယာတီကာ အကြောနာအတွက် ယောဂကျင့်စဉ်၏ အကျိုးကျေးဇူးများကို အပြည့်အဝဖော်ထုတ်နိုင်ဖို့ မှန်ကန်သော ကိုယ်ခန္ဓါ အနေအထားကို သိရှိကျင့်သုံးခြင်းသည် […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

စိုင်ယာတီကာ အကြောနာ အတွက် အစွမ်းထိရောက်သော ကုသမှုများ

စိုင်ယာတီကာ အကြောနာ ကုသမှုသည် ရောဂါလက္ခဏာထက် ဖြစ်သော အကြောင်းရင်းကို ကုသမှုအပေါ် အဓိက ဦးတည်ချက်ထားသည်။ သို့သော် ခွဲစိတ်မှုမပါသော ကုသမှု နှင့် ကိုယ်လက်လေ့ကျင့်ခန်း ပူးတွဲကုသမှုသည် နာကျင်မှုကို ပိုမိုသက်သာစေပါသည်။ စိုင်ယာတီကာ အကြောနာ ကုသမှု၏ ဦးတည်ချက်မှာ နာကျင်မှုကို သက်သာစေပြီး လှုပ်ရှားမှု ကောင်းမွန်စေရန်ဖြစ်သည်။ ကုသမှုနည်းလမ်းများတွင် အောက်ပါတို့ ပါဝင်ပါသည်။ ဆေးဝါးကုသမှု NSAID (Aspirin၊ Ibuprofen၊ Naproxen အပါအဝင်) ကဲ့သို့သော အကိုက်အခဲပျောက်ဆေး နှင့် အရောင်ကျဆေးများသည် နာကျင် တောင့်တင်းမှုကို သက်သာစေပါသည်။ ထို့ကြောင့် လေ့ကျင့်ခန်းလုပ်ခြင်း နှင့် ကိုယ်လက်လှုပ်ရှားမှုကို တိုးတက်စေပါသည်။ ကြွက်သားဖြေလျော့စေသော ဆေးများ ဥပမာ။ ။ Cyclobenzaprine (Flexeril) သည် ကြွက်သားတောင့်တင်ခြင်း ရုန်းခြင်းနှင့် ဆိုင်သော မအီမသာ […]


အစွန်အဖျား အာရုံကြောစနစ် ရောဂါများ

စိုင်ယာတီကာ အကြောနာသည် အန္တရာယ်ရှိပါသလား

စိုင်ယာတီကာ အကြောနာသည် စိုင်ယာတစ် အာရုံကြော ဖိမိခြင်း (သို့) ထိခိုက်ဒဏ်ရာရခြင်း ကြောင့် ဖြစ်သော နာကျင်မှုတစ်မျိုးဖြစ်သည်။ (၎င်းကို အရပ်ထဲတွင် ပေါင်တန်းခြင်း၊ အကြောညပ်ခြင်းဟုလည်း ခေါ်ဝေါ်ကြသည်။) စိုင်ယာတီကာ အကြောနာ သည် အလွန်နာကျင်သော်လည်း အာရုံကြော အမြဲတမ်း ထိခိုက်ပျက်စီး စေသည်အထိတော့ ဖြစ်တာ ရှားသည်။ အများအားဖြင့် ထိုအခြေအနေသည် ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် ပြန်ကောင်းသွားတတ်သည်။   ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အန္တရာယ်များ · အသက်အရွယ် ။ ။ အသက်အရွယ်အလိုက် ကျောရိုးမကြီး ပြောင်းလဲမှုများ ဥပမာ ။ ။ ကျောရိုးအဆစ်ပြား ကျွံခြင်း နှင့် ကျောရိုးအတက်ထွက်ခြင်းသည် စိုင်ယာတီကာ အကြောနာ၏ အဖြစ်အများဆုံး အကြောင်းရင်းများ ဖြစ်သည်။ · အလုပ်အကိုင် ။ ။ သင့်ခါးကို အလွန်တရာ လိမ်ရသော […]


အတက်ရောဂါ

အတက်ရောဂါနှင့် တစ်ကိုယ်တည်းဘဝ။ ဘေးကင်းအောင် ဘယ်လိုနေထိုင်ကြမလဲ

အတက်ရောဂါရှိတယ်ဆိုတာဟာ သင်လွတ်လွတ်လပ်လပ်မနေနိုင်တော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်တစ်ယောက်တည်းနေရတဲ့ အချိန်မှာ အတက်ရောဂါကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာသိပြီး ကောင်းကောင်းထိန်းချုပ်နိုင်မယ်ဆိုရင် အတော်အသင့် အမှီအခိုကင်းမဲ့တဲ့ လွတ်လပ်သောဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါတယ်။ ၁။ ယေဘုယျအချက်များ တစ်ယောက်တည်းနေတဲ့အချိန် အတက်ရောဂါဖောက်တယ်ဆိုဟာ တော်တော်လေးအန္တရယ်များပါတယ်။ ဒါပေမယ့်လည်း လိုအပ်တဲ့ သတိပြုရန်အချက်များကို လိုက်နာပြီး အမှီအခိုကင်းမဲ့တဲ့ ကျန်းကျန်းမာမာဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ လိုအပ်သော အရာတွေကို ပြုလုပ်နေမယ်ဆိုရင် အတက်ရောဂါဆိုတာ သင်ကြောက်သင့်တဲ့ အရာတစ်ခု မဟုတ်တော့ပါဘူး။ သင့်အတွက် အကြံအဉာဏ်အချို့ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ - တက်နေတဲ့အချိန်မှာ ပြုတ်ကျတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေ နည်းပါးသွားအောင် လှေကားမရှိတဲ့ တိုက်ခန်းတို့၊ အိမ်တို့ကို ရှာဖွေသင့်ပါတယ်။ - လဲကျတဲ့အခါမှာ ထိခိုက်မှုမရှိအောင် စားပွဲစောင်းနဲ့ အခြားပရိဘောဂတွေကို ပျော့တဲ့အရာတွေကပ်ထားပေးပါ။ - အစီအစဉ်တွေ ချထားပါ။ သို့မှသာ အကူအညီလိုအပ်တဲ့အခါ မိသားစု၊ မိတ်ဆွေ၊ အိမ်နီးနားချင်းတွေကို အလွယ်တကူ အသိပေးနိုင်မှာပါ။ မထိန်းချုပ်နိုင်တဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း