အားနည်းနေသလိုခြေကုန်လက်ပမ်းကျသလိုခံစားနေရပြီလား။ ဒါတွေက
သွေးအားနည်းမှုရဲ့ လက္ခဏာတွေဖြစ်နေနိုင်တယ်နော်။
တစ်နေ့တာရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ အားမရှိသလို ခံစားနေရပြီဆိုရင်
ခန္ဓါကိုယ်ထဲမှာသွေးနီဥအားနည်းနေတာကြောင့်သွေးအားနည်းရောဂါခံစားနေရတာဖြစ်နိုင်ပါတယ်။ ကိုယ်တွင်းမှာ
သွေးနီဥအားနည်းလာတဲ့အခါ ခန္ဓါကိုယ် အစိတ်အပိုင်းတွေဆီကို
အောက်ဆီဂျင် ရောက်ရှိနိုင်မှုက ခက်ခဲလာပြီး ပင်ပန်းနွမ်းနယ်မှုကို ပိုမိုခံစားရနိုင်ပါတယ်။
သွေးနီဥဆဲလ်တွေဆိုတာက
သွေးနီဥဆဲလ်တွေက လူတွေရဲ့
သွေးတွေထဲမှာ အများဆုံးတွေ့ရနိုင်တဲ့သွေးဆဲလ်တွေပါ။ ခန္ဓါကိုယ်က တစ်နေ့တာမှာသွေးနီဥဆဲလ် သန်းပေါင်းများစွာကို ထုတ်လွှတ်ပါတယ်။သွေးနီဥဆဲလ်တွေကို ရိုးတွင်းခြင်ဆီတွေကနေ ထုတ်လုပ်ပေးတာဖြစ်ပြီး ခန္ဓါကိုယ်ထဲမှာ ရက်ပေါင်း ၁၂၀လောက်လှည့်လည် စီးဆင်းပါတယ်။ပြီးတဲ့နောက်မှာတော့
အသည်းဆီကိုရောက်ရှိသွားပြီးနောက်တစ်ကြိမ် အသစ်ဖြစ်ပေါ်မှုလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ပါတယ်။
သွေးနီဥအားနည်းနေရင် ဘယ်လိုလက္ခဏာတွေ တွေ့ရနိုင်လဲ
ခန္ဓါကိုယ်မှာသွေးနီဥအားနည်းနေတဲ့အခါ
- နှလုံးခုန်မြန်မယ်
- နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲဖြစ်မယ်
- အရေပြားကဖျော့တော့နေမယ်
- သွားဖုံးတွေဖြူနေမယ်
- မကြာခဏဆိုသလို အရေပြားမှာ အညိုအမဲစွဲမယ်
- မကြာခဏခေါင်းကိုက်မယ် စတဲ့
- ပင်ပန်းနေမယ်
- ကြွက်သားတွေ အားနည်းလာမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။
သွေးနီဥအားနည်းသူတိုင်းမေ့ထားလို့မဖြစ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေက ဘာတွေဖြစ်မလဲ……….
သွေးနီဥအားနည်းသူတွေအနေနဲ့နေ့စဉ်စားသုံးမှုမှာ ဒီ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကို ပါဝင်အောင်ထည့်သွင်းစားသုံးပေးသင့်ပါတယ်။
ဘာတွေစားပေးရမလဲ…….
သွေးနီဥဆဲလ် အားနည်းနေသူတွေအနေနဲ့
သံဓါတ်ပြည့်ဝစေဖို့အတွက်
- အနီရောင်အသား (အမဲသား)
- လိမ္မော်ရောင်အသား (ကျောက်ကပ် နဲ့ အသည်း)
- အစိမ်းရောင် ဟင်းသိးဟင်းရွက်တွေ ( ဟင်းနုနွယ်၊ ကိုက်လန်)
- သစ်သီးခြောက်တွေ ( ဇီးသီးခြောက်၊ စပျစ်သီးခြောက်)
- ပဲအမျိုးမျိုး
- ကြက်ဥအနှစ် တို့ကို စားပေးသင့်ပါတယ်။
ဖောလစ်အက်ဆစ်ပြည့်ဝစေဖို့အတွက်
- ဖောလိတ်ဓါတ် ဖြည့်စွက်ထားတဲ့ပေါင်မုန့်
- ဖောလိတ်ဓါတ် ဖြည့်စွက်ထားတဲ့ ဆီရီယယ်
- အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် ( ဟင်းနုနွယ်၊ ကိုက်လန်)
- ပဲအမျိုးမျိုး
- ပဲနီလေး
- အခွံမာသီးတွေ စားပေးလို့ရပါတယ်။
ဗီတာမင် B12ပြည့်ဝနေစေဖို့အတွက်
- အနီရောင်အသား (အမဲသား)
- ငါး
- နို့ထွက်ပစ္စည်း (နွားနို့၊ ချိစ်)
- ဥအမျိုးမျိုး တို့ကို စားပေးလို့ရပါတယ်။
ကော့ပါးပြည့်ဝနေစေဖို့အတွက်
- ကြက်သား
- ပင်လယ်ငါး
- အသည်း
- ပဲအမျိုးမျိုး
- ချယ်ရီသီး
- အခွံမာသီးတွေစားပေးလို့ရပါတယ်။
ဗီတာမင် Aပြည့်ဝနေစေဖို့အတွက်
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် ( ဟင်းနုနွယ်၊ ကိုက်လန်)
- ကန်စွန်းဥ
- သစ်သီးဖျော်ရည်တွေ
- မုန်လာဥနီ
- ငရုတ်ပွ
- ဖရဲသီး
- ဂရိတ်ဖရုစ်
- သခွားမွှေးစတာတွေ စားပေးလို့ရပါတယ်။
ကိုယ်တွင်းမှာသွေးနီဥဆဲလ်မနည်းစေဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေက
ကိုယ်တွင်းမှာ သွးနီဥဆဲလ်တွေမနည်းစေဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးဖို့လည်း လိုပါမယ်။
- ဆေးလိပ်လျှော့သောက်ပါ
- အရက်လျှော့သောက်ပါ
- အာဟာရပြည့်ဝအောင်စားသုံးပါ
- ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ
- တောင်တက်ပါ
- အပြေးလေ့ကျင့်ပါ
- ရေကူးပါ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။