ရေခဲတွေပဲ စားချင်နေရတဲ့ အကြောင်းအရင်း
စားစရာတွေ အများကြီး ရှိနေရက်ကမှ ရေခဲပဲစားချင်တယ်။ အခြားဟာတွေထက် ရေခဲကို တဂျွတ်ဂျွတ် ဝါးရတာကို ပိုသဘောကျနေတယ်ဆိုရင်တော့ ဒီဆောင်းပါးကို မဖြစ်မနေ ဖတ်ကြည့်သင့်ပါတယ်။

ရေခဲပဲ စားချင်နေမိတယ်။
ရေခဲပဲ စားချင်နေမိတယ်၊ ရေခဲကို တဂျွတ်ဂျွတ်ဝါးရတာ သဘေကျနေမိတာ ကိုယ်တစ်ယောက်တည်းလား၊ လို့ တွေးနေမိပြီလား။ ဒီလိုဆိုရင် ပြောချင်တာက ရေခဲကို တဂျွတ်ဂျွတ် ဝါးစားချင်နေတာက ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။
ရာသီဥတု ပူလွန်းတဲ့အခါ ရေခဲစားချင်တဲ့ဆန္ဒ ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ အေးအေးလေးဖြစ်နေတဲ့ ရေခဲက ရေငတ်ပြေစေပြီး အပူဒဏ်ကို သက်သာစေနိုင်လို့ပါ။
ဘာကြောင့် ရေခဲ စားချင်စိတ် တအားဖြစ်နေတာလဲ…………..
Pica ရောဂါ
သံဓာတ် အားနည်းတဲ့ သွေးအားနည်းရောဂါ
ရေခဲတွေကို တအားစားချင်နေတာက Pica ရောဂါကြောင့် ဖြစ်နိုင်သလို အချို့သူတွေမှ ရေခဲစားချင်စိတ် များနေတာက သံဓာတ်အားနည်းနေတာကြောင့်ပါ။ သံဓာတ်အားနည်းမှုက သွေးအားနည်းရောဂါကို ဖြစ်စေနိုင်ပြီး ဒီလိုကနေ ရေခဲစားချင်စိတ် ဖြစ်လာရတာပါ။
သွေးအားနည်းရောဂါက မပေါ့ဆသင့်တဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ သွေးတွေက ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်အောင် မသယ်ပို့နိုင်တဲ့အခါ ခြေကုန်လက်ပန်းကျတာ၊ မောပန်းလွယ်တာတွေ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။
- သွေးအားနည်းနေတဲ့အခါ
- ရေခဲစားချင်တာ
- ခြေကုန်လက်ပမ်းကျတာ
- မောပန်းလွယ်တာ
- အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်တာ
- မူးဝေတာ
- အားနည်းတာတွေ ခံစားရနိုင်ပါတယ်။
- အသည်း စားပါ ( အမဲအသည်း၊ ကြက်အသည်း စသည်ဖြင့်)
- သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ များများစားပါ (ဗီတာမင် C ကြွယ်ဝတာကို များများစားပါ)
- ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်စားတာကို လျှော့ပါ
- ငါး၊ ကြက်သား၊ အနီရောင် အသားတွေ ပုံမှန် စားပေးပါ
- သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပါ။
ကိုယ်ဝန်ဆောင်နေရတာ
- ကိုယ်ဝန်ဆောင်ချိန်မှာ မအီမသာဖြစ်တာ၊ အော့အန်တာတွေကို ခံစားရပြီး ဒါတွေက ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ ရေဓာတ်ဆုံးရှုံးတဲ့အခါ ရေခဲစားတာက ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြည့်စေပြီး မအီမသာဖြစ်တာတွေကို သက်သာစေတာကြောင့်ပါ။
- ရေခဲက အနံ့အရသာမရှိတာကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ ရေခဲ စားကြတာပါ။
- ကိုယ်ဝန်ဆောင်ချိန်မှာ ဇီဝကမ္မဖြစ်စဉ်တွေက မြန်ဆန်နေသလို သွေးကြောတွေက ရောင်ရမ်းနေပါတယ်။ ဒီအချက်တွေက ကိုယ်ဝန်ဆောင်တွေကို ပုံမှန်ထက် ပိုပူတယ်လို့ ခံစားရစေပြီး ရေခဲအပါအဝင် အေးတာတွေကို စားချင်စိတ် ပိုဖြစ်စေတာပါ။