မိုးရာသီက အပူဒဏ်ကိုသက်သာစေတယ်ဆိုပေမယ့် မိုးရာသီရောက်လာတဲ့အခါ ရောဂါအမျိုးမျိုးကိုဖြစ်ပေါ်ခံစားကြရပါတယ်။ အအေးမိတာ၊ချောင်းဆိုးတာတွေနဲ့ရေကနေတဆင့် ကူးစက်တဲ့ရောဂါတွေနဲ့ လေကနေတဆင့်ကူးစက်တဲ့ရောဂါတွေအဖြစ်များပါတယ်။ မိုးရာသီမှာဖြစ်ပေါ်နေတဲ့ စိုထိုင်းမှုက မှိုပိုးတွေကို ပေါက်ဖွားရှင်သန်စေဖို့ အတော်လေးကိုပြည့်စုံလှပါတယ်။ လေထုကစိုထိုင်းနေတာကြောင့် ရောဂါပိုးမွှားတွေ ပေါက်ပွားလာကြပါတယ်။
မိုးရာသီမှာမှိုပိုးကူးစက်တာကြောင့် အရေပြားဓါတ်မတည့်တာ၊ဖျားနာတာတွေဖြစ်ပေါ်ခံစားရသလို အမျိုးသမီးတွေမှာဆိုရင် မှိုကြောင့်ဖြစ်တဲ့ အဖြူဆင်းတာကိုခံစားရနိုင်ခြေတော်တော်လေးများပါတယ်။
အမျိုးသမီးတွေရဲ့ မအင်္ဂါထဲမှာ အမြဲလိုလိုမှိုပိုးအနည်းငယ်ရှိနေတတ်ပေမယ့် မှိုပိုးပေါက်ပွားမှုပမာဏတအားများ လာတဲ့အခါမှသာ ရောဂါလက္ခဏာတွေပေါ်လာတာဖြစ်ပါတယ်။
တွေ့ရများတဲ့ရောဂါလက္ခဏာများ
တွေ့ရများတဲ့ မိန်းမကိုယ်မှိုပိုးကူးစက်မှုရောဂါလက္ခဏာတွေက
- ယားယံတာ
- ပူစပ်ပူလောင်ဖြစ်တာ
- အမျိုးသမီးအင်္ဂါမှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ
- လိင်ဆက်ဆံစဉ်နာကျင်တာမျိုးတွေဖြစ်ပါတယ်။ မကြာခဏ အဖြူဆင်းနေမယ်ဆိုရင်တော့မိမိရဲ့ အဖော်မှာ မှိုပိုးကူးစက်ခံထားရတာဖြစ်နိုင်ပါတယ်။
မှိုပိုးကူးစက်ခံရတဲ့အကြောင်းအရင်းများ
Candida မှိုပိုးဟာ အမျိုးသမီးအင်္ဂါတစ်ဝိုက်မှာ တွေ့ရလေ့ရှိတဲ့အရာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ခန္ဓါကိုယ်ရဲ့ စနစ်က ဟန်ချက်ပျက်သွားတဲ့အခါ ထိုဘက်တီးရီးယားတွေက ထိထိရောက်ရောက်မစွမ်းဆောင်နိုင်ဘဲ ဖြစ်သွားပါတယ်။ ဒီအခြေအနေက အမျိုးသမီးအင်္ဂါပိုးဝင်မှုကိုဖြစ်ပေါ်စေပါတယ်။
- မိန်းမကိုယ်သုံးပဋိဇီဝဆေးတွေအသုံးပြုခြင်း
- ကိုယ်ဝန်ဆောင်ခြင်း
- ဆီးချိုကိုထိန်းသိမ်းစောင့်ရှောက်မှုမရှိခြင်း
- ကိုယ်ခံအားစနစ်အားနည်းခြင်း
- အချိုဓါတ်လွန်ကဲတဲ့အစားအစာတွေကိုစားသုံးခြင်း
- ရာသီစက်ဝန်းနီးလာတာကြောင့် ဟော်မုန်းမညီမျှခြင်း
- စိတ်ဖိစီးမှု
- အိပ်ရေးပျက်ခြင်း
ဘယ်လိုကာကွယ်မလဲ
အဖြူဆင်းတာကိုဖြစ်စေတဲ့ Candida မှိုပိုးကူးစက်ခံရမှုကိုကာကွယ်နိုင်တဲ့နည်းလမ်းတော့သေသေချာချာမရှိပေမယ့်ရောဂါကူးစက်ခံရနိုင်ခြေကိုတော့လျှော့ပေးနိုင်မယ့်နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။
ဆောင်ရန်
- အာဟာရမျှတအောင်စားသုံးပါ။
- ဒိန်ချဉ်စားပေးပါ။
- ချည်သားအတွင်းခံကိုသာဝတ်ဆင်ပါ။
- အတွင်းခံကိုရေနွေးနဲ့လျှော်ပါ။
- အမျိုးသမီးလစဉ်သုံးဂွမ်းထုတ်ကိုမကြာခဏလဲလှယ်ပေးပါ။
ရှောင်ရန်
- ဘောင်းဘီကျပ်ကျပ်တွေမဝတ်ပါနဲ့
- အမျိုးသမီးအင်္ဂါသန့်စင်ရည်တွေအမွှေးနံ့ပါတဲ့ ဂွမ်းတောင့်တွေ ၊ ဂွမ်းထုတ်တွေကို မသုံးပါနဲ့။
- စိုနေတဲ့အဝတ်တွေမဝတ်ထားပါနဲ့။
- ရေပူနဲ့ရေချိုးတာ၊ ရေပူကန်ထဲစိမ်တာမျိုးမလုပ်ပါနဲ့။
မှိုပိုးကူးစက်တာကို မှိုသတ်ဆေးတွေအသုံးပြုပြီး ကုသနိုင်ပါတယ်။ အမျိုးသမီးအင်္ဂါမှိုပိုးကူးစက်ခံရတာကြောင့်ဖြစ်တဲ့အဖြူဆင်းတာကိုတော့တစ်ကိုယ်ရည်သန့်ရှင်းရေးကို လုပ်ဆောင်တာကအကောင်းဆုံးပဲဖြစ်ပါတယ်။ လုပ်ဆောင်ရမယ့်တစ်ကိုယ်ရည်သန့်ရှင်းမှုတွေကတော့
- တစ်နေ့နှစ်ကြိမ်ရေချိုးပါ။
- လက်ကိုမကြာခဏဆေးကြောပေးပါ။
- ရေချိုးတဲ့အခါ အမျိုးသမီးအင်္ဂါကို ရေများများသုံးပြီးဆေးကြောပါ။
- အမွှေးနံ့ပါတဲ့ဆပ်ပြာတွေကိုသုံးပြီး အမျိုးသမီးအင်္ဂါကိုသန့်စင်တာမျိုးမလုပ်ပါနဲ့။
- အမျိုးသမီးအင်္ဂါကိုခြောက်သွေ့ပြီးလေဝင်လေထွက်ကောင်းစေဖို့အတွက် ချည်သားအတွင်းခံကိုပဲရွေးချယ် ဝတ်ဆင်ပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-ovulation]

















