brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ။

အရွယ်ရောက်ပြီးသူတွေမှာ သဘာဝတရားရဲ့ လိုအပ်ချက်အရ အတူနေဖို့ (လိင်ဆက်ဆံဖို့) ခန္ဓါကိုယ်ဖွဲ့စည်းမှုနဲ့ ဟော်မုန်းတွေရဲ့ အချိုးအစားကို စီစဉ်ထားရှိပါတယ်။ ဒါပေမယ့် လူတွေက တစ်ယောက်နဲ့ တစ်ယောက် အကြောင်းရင်းခံချင်းက တူကြတာ မဟုတ်ဘူးလေ။ ဒီတော့ အတူမနေနိုင်တဲ့ အနေအထားမှာ ရှိနေသူတွေအနေနဲ့က အခက်အခဲ ရှိတာပေါ့။ ပြဿနာကတော့ အတူမနေတာ ကြာလာတဲ့အခါ ယောက်ျားရော မိန်းမမှာပါ ဆိုးကျိုးတွေရှိလာပါတယ်။ ဒီဆောင်းပါးမှာတော့ အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲဆိုတာကို ပြောပြပေးသွားမှာပါ။

အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ။

အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ။

အတူမနေတာကြာတဲ့အခါ အမျိုးသမီးတွေမှာ ဘယ်လိုဆိုးကျိုးတွေရှိလာနိုင်လဲ။ ဆိုတော့

၁။ စိတ်ဖိစီးမှုများလာမယ်။

အတူနေတာက စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့နည်းလမ်းတွေထဲက အကောင်းဆုံးတစ်ခုပါ။ သွေးလည်ပတ်မှု ကောင်းမွန်သွားတာနဲ့ အတူနေတဲ့အခါ ထွက်ပေါ်လာတဲ့ ဟော်မုန်းတွေက စိတ်ဖိစီးမှု လျော့ကျသွားစေဖို့ အကြီးအကျယ် အထောက်အကူပြုပြီး နုပျိုကျန်းမာ စေပါတယ်။

အတူမနေတာ ကြာရင်တော့ စိတ်ဖိစီးမှု လျော့ကျစေတဲ့ ဟော်မုန်းတွေ မထွက်တော့ အသေးအဖွဲလေးတွေကအစ စိတ်တိုတာ၊ စိတ်ဆတ်လာတာတွေ ဖြစ်နိုင်ပါတယ်။ ကြားဖူးတယ် မလား။ အပျိုကြီးတွေ စိတ်ဆတ်လွယ်တယ် ဆိုတာလေ။

၂။ ကိုယ်ခံအားနည်းလာမယ်။

အတူနေတဲ့အခါ သွေးလည်ပတ်မှု အားကောင်းတာ၊ ဟော်မုန်းတွေ ထွက်ရှိတာက ခန္ဓါကိုယ်ကို သက်တောင့်သက်သာ ဖြစ်စေပြီး စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။ ဒီလို အကျိုးသက်ရောက်မှုရှိတာက ကိုယ်ခံအားစနစ် အတွက်ကောင်းမွန်နိုင်စေပါတယ်။

ဒါပေမယ့် အတူမနေတာ ကြာပြီဆိုရင်တော့ ပြောင်းပြန် ဖြစ်သွားပြီး ကိုယ်ခံအားနည်းလာမယ်၊ မကြာခဏ ဖျားလာတတ်လာမယ်ပေါ့။

၃။ စိတ်ဓါတ်ကျဆင်းမယ်။

FA တွေ အတွက်တော့ ဝမ်းနည်းစရာပါပဲ။ အတူနေတာက ပိုမိုကျန်းမာသော ဘဝနဲ့ ကြံ့ခိုင်တဲ့ ခန္ဓါကိုယ်ကို ရရှိစေနိုင်ပါတယ်။ ပိုမိုပျော်ရွှင်ပြီး စိတ်ဖိစီးမှု နည်းတယ်ဆိုတဲ့ သဘောပေါ့။

ဒီလိုမှ မဟုတ်ရင်တော့ စိတ်ဖိစီးမှုတွေများလာမယ်၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ပိုမိုပြင်းထန်လာပြီး ဝမ်းနည်းတဲ့ ခံစားချက်တွေ မကြာခဏ ဝင်ရောက်လာမယ်။ နောက်ပိုင်းမှာတော့ စိတ်ဓါတ်ကျဆင်းတာ အထိပါ ဖြစ်လာနိုင်ပါတယ်။

၄။ ကိုယ်အလေးချိန်များလာမယ်။

အတူနေတာက ကယ်လိုရီတွေကို လောင်ကျွမ်းနိုင်တဲ့ အကြောင်းရင်းခံ ကောင်းကောင်း တစ်ခုဆိုတာတော့ သိပြီးကြမှာပါ။ အတူနေခြင်းက နှလုံးကျန်းမာရေးနဲ့ ခန္ဓါကိုယ် ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ပေးစွမ်းနိုင်ပါတယ်။

ဒီတော့ အတူမနေတာ ကြာတဲ့အခါ လေ့ကျင့်ခန်း မှန်မှန် မလုပ်ဖြစ်သလိုမျိုး ဖြစ်သွားပြီး ကိုယ်အလေးချိန် တက်လာနိုင်တာပေါ့။ နောက်တစ်ခု ကတော့ စိတ်ဖိစီးမှုများမယ်။ စိတ်ဖိစီးမှု များရင် ပိုစားမယ်။ ဒီတော့ ဝိတ်တက်လာပြန် တာပေါ့။

၅။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကျဆင်းလာမယ်။

အတူမနေတာ ကြာလာလေလေ ယောက်ျားရော မိန်းမမှာပါ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းလာလေပဲ ဖြစ်ပါတယ်။ အတူမနေတာ ကြာတဲ့အခါမှာ လိင်ပိုင်းဆိုင်ရာ ကြွက်သားတွေက အားလျော့လာပြီး ဆက်ဆံတဲ့အခါမှာ တင်းပြည့်ကျပ်ပြည့် စိတ်ကျေနပ်မှုကို ရရှိမှု လျော့နည်း လာပါလိမ့်မယ်။

နောက်တစ်ခု ကတော့ အတူမနေတာ ကြာတဲ့အခါမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ကျဆင်းလာနိုင်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်းရင် ဘယ်နေရာမှ အလုပ်မဖြစ်ဘူး ဆိုတော့ ဒီကိစ္စကလည်း အတူတူပဲပေါ့။

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thurein Hlaing Win · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။