
တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အများဆုံးသုံးကြတာက ဆပ်ပြာေနာ်။ အစားမစားခင်၊ အစာအစာတွေမပြင်ခင်၊ အိမ်သာအဆင်း၊ ညစ်ပေတာတွေကိုင်ပြီးရင် သန့်စင်အောင်ဆိုပြီး ဆပ်ပြာသုံးပြီးဆေးလိုက်တယ်နော်။ ဒီလိုဆေးလိုက်တာက ဘက်တီးရီးယားတွေကိုသေစေနိုင်သလို အနံ့ဆိုးတွေကိုလည် ကင်းသွားစေတယ်နော်။ လန်းဆန်းမွှေးပျံ့မှုနဲ့အတူ ယုံကြည်မှုပါတိုးသွားစေတယ်ဟုတ်။ ဒီလိုဆိုတာနဲ့ ဆပ်ပြာကို ခန္ဓါကိုယ် အစိတ်အပိုင်းအကုန်လုံးအတွက် သုံးလို့ရပြီလို့ မထင်စေချင်ပါဘူးနော်။
မြင်သာအောင်ပြောပြရရင် ဆံပင်တွေသန့်စေဖို့ခေါင်းလျှော်ရည်၊ သွားနဲ့ခံတွင်းအတွက်က သွားတိုက်ဆေးတို့သုံးရတယ်နော်။ ဒါဆိုရင်လေဒီလေးတို့ ကျန်းမာပျော်ရွှင်ဖို့ အရေးပါတဲ့ မိန်းမကိုယ်လေးအတွက်ကရော ဘာနဲ့ဆေးကြောရမလဲ။ ဒါလေးများရှည်ရှည်ဝေးဝေးတွေးနေတယ်။ သူလည်း ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ ဆပ်ပြာနဲ့ပဲဆေးလိုက်ရောပေါ့လို့ မပြောနဲ့နော်လေဒီ။ မိန်းမကိုယ်ကို သန့်စင်ဖို့က သူ့အတွက်သီးသန့်ထုတ်ထားတဲ့ အမျိုးသမီးသန့်စင်ဆးရည်နဲ့မှ အဆင်ပြေတော့မပေါ့။ ဒီလိုမျိုးမသုံးချင်ဘူးဆိုရင်လည်းရေသန့်သန့်လေးနဲ့သာဆေးကြောလိုက်ပါ။ ဆပ်ပြာနဲ့ သန့်စင်တာမျိုးတော့ မလုပ်ပါနဲ့။ ဘာလို့ ဒီလိုပြောရလဲဆိုတာကို ရှင်းပြမယ်နော်။
မိန်းမကိုယ်က အရေပြားက အခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေက အရေပြားတွေနဲ့ တူတူပဲဆိုပေမယ့်ဆေးကြောသန့်စင်တဲ့အခါမှာတော့ အခြားအစိတ်အပိုင်းတွေလိုမျိုး ဆပ်ပြာသုံးသန့်စင်တာမျိုးမလုပ်သင့်ပါဘူး။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ မိန်းမကိုယ်ထဲမှာ အကျိုးပြုဘက်တီးရီးယားလေးတွေရော အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေပါ ရှင်သန်နေကြလို့ပါ။ ဆပ်ပြာသုံးပြီး သန့်စင်ခြင်းက အကျိုးပြုဘက်တီးရီးယားတွေကိုသေစေနိုင်ပြီး မိန်းမကိုယ်မှာ အနံ့ဆိုးထွက်တာ၊ အဖြူဆင်းတာ၊ မိန်းမကိုယ်ခြောက်သွေ့ယားယံတာအပြင် မိန်းမကိုယ်မှာ အရေပြားထိခိုက်တာတွေကိုခံစားရစေနိုင်တာကြောင့်ပါ။
ဒီလိုဆပ်ပြာသုံးလိုက်တာကရေတိုမှာ အဆင်ပြေနိုင်ပေမယ့် ကာလရှည်မှာပြဿနာဖြစ်နိုင်ပါတယ်။ ဆပ်ပြာက မိန်းမကိုယ်ရဲ့ pH ပမာဏကိုထိခိုက်စေနိုင်ပြီး အကျိုးပြုဘက်တီးရီးယားတွေကိုသေစေနိုင်တာကြောင့် မိန်းမကိုယ်ကို ပိုးဝင်ကူးစက်တာဖြစ်စေနိုင်သလိုနေရထိုင်ရခက်တာမျိုးတွေပါဖြစ်စေနိုင်ပါသေးတယ်။ သန့်ချင်လွန်းတဲ့ ဆန္ဒနဲ့ ဆပ်ပြာသုံးသန့်စင်ရာကကောင်းကျိုးထက် ဆိုးကျိုးပိုများလာနိုင်ပါတယ်နော်။
နောက်တစ်ချက်က မိန်းမကိုယ်မှာ သဘာဝသန့်စင်မှုစနစ်ကပါလာပြီးသားပါ။ ဒါကြောင့် ဆပ်ပြာထပ်သုံးဖို့ဆိုတာက မလိုအပ်ပါဘူး။ မိန်းမကိုယ်က အနံ့ဆိုးတွေထွက်နေမှာ နဲ့ မိန်းမကိုယ်ပြဿနာတွေတက်မှာစိုးတယ်ဆိုရင်တော့ရေနွေးနွေးလေးနဲ့ဆေးကြောပေးလိုက်ပါနော်။ ဒါဆိုရင်ကို လုံလောက်နေပါပြီနော်။ရေချိုးဆပ်ပြာတွေမှာက ဓါတုပစ္စည်းတွေပါဝင်နေသလို အမွှေးနံ့ကလည်းပြင်းလွန်းပါတယ်။ သဘာဝဆန်တဲ့ ဆပ်ပြာဆိုတာကခပ်ရှားရှားပါ။ ဆပ်ပြာတွေမှာပါတာက သဘာဝမဟုတ်တာတွေများပါတယ်။ ဒီတော့ သဘာဝဆန်မှဖြစ်မယ့် မိန်းမကိုယ်လေးအတွက်က အခက်တွေ့စရာပေါ့။ နုနယ်လှတဲ့ မိန်းမကိုယ်လေးက သန့်စင်ဆေးရည်သုံးမယ်ဆိုရင်တောင် အရောင်မပါတာ၊ သဘာဝရနံ့တွေနဲ့ ထုတ်ထားတာမျိုးဖြစ်မှဖြစ်မယ်ဆိုတော့ ဆပ်ပြာမသုံးဖို့ကပြောနေဖို့ မလိုအောင်ပါနော်။
ဆပ်ပြာမသုံးသင့်တာတင်မဟုတ်ဘူးနော်။ အတွင်းခံကိုလျှော်တဲ့အခါမှာလည်း ဆပ်ပြာအပြင်းစားတွေ၊ အဝတ်မွှေးစေတဲ့အရာတွေမထည့်မိဖို့ သတိထားရပါမယ်။ ဒါတွေက မိန်းမကိုယ်အသားအရေကိုခြောက်သွေ့စေပြီး ထိခိုက်နိုင်ခြေများစေသလိုနောက်ဆက်တွဲ မလိုလားအပ်တဲ့ပြဿနာတွေအများကြီးရှိစေနိုင်ပါတယ်။
ဒါကြောင့်နေ့စဉ်လှုပ်ရှားသွားလာနေရင်းက
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။