brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

တစ်ခဏတာအတွက်နဲ့ တစ်ဘဝစာအတွက် ပေးဆပ်ရမှာကိုကြောက်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ

အစားမတော်တစ်လုတ်၊အသွားမတော်တစ်လှမ်းဆိုသလိုပဲလူငယ်တွေသဘာဝပျော်ကြပါးကြရင်းအကဲမတော်တစ်သက်ဖြစ်ကြရတာတွေ၊ဒုက္ခဖြစ်တာတွေရှိကြပါတယ်။ခေတ်မီပွင့်လင်းလာတဲ့ကနေ့ခေတ်ရဲ့လူငယ်တွေကြားမှာဆိုရှယ်ကျကျပေါင်းသင်းဆက်ဆံရေးတွေ၊အသောက်အစားဖက်လာတာတွေအပြင်အပျော်အပါးကြောင့်မတော်တဆအမှားအယွင်းတွေရှိလာတတ်ပါတယ်။အရာရာပွင့်လင်းလာတဲ့လူငယ်တချို့ကပျော်ပွဲရွှင်ပွဲတွေ၊ပွဲအခမ်းအနားတွေမှာပျော်ကြပါးကြရင်းမထင်မှတ်တဲ့ပြဿနာတွေကြုံတွေ့ရတတ်ပါတယ်။အဲဒီပြဿနာတွေမဖြစ်လာအောင်ဖြေရှင်းနိုင်တဲ့အလွယ်ကူဆုံးနည်းလမ်းရှိပါတယ်။

တစ်ခဏတာအတွက်နဲ့ တစ်ဘဝစာအတွက် ပေးဆပ်ရမှာကိုကြောက်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ

အရေးပေါ်သေန္ဓတားဆေးပ

အရေးပေါ်သန္ဓေတားဆေး(morning after pills)ဆိုတာအကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါဒါမှမဟုတ်ပုံမှန်သားဆက်ခြားနည်းလမ်းတစ်ခုခုကိုမေ့လျော့ပျက်ကွက်မိတဲ့အခါမျိုးတွေမှာအရေးပေါ်သုံးကြတဲ့သောက်ဆေးဖြစ်ပါတယ်။သန္ဓေတားနည်းတစ်ခုမှမသုံးထားဘဲလိင်ဆက်ဆံပြီးတဲ့အခါ၃ရက်(၇၂နာရီ)အတွင်းသောက်သုံးရင်အာနိသင်အကောင်းဆုံးဖြစ်ပေမယ့် ၅ရက် (နာရီ၁၂၀)အတွင်းသောက်သုံးရင်လည်းကိုယ်ဝန်မရအောင်တားဆီးပေးနိုင်စွမ်းရှိပါသေးတယ်။ဒါပေမဲ့အမြန်ဆုံးသောက်သုံးလေအာနိသင်အထိရောက်ဆုံးဖြစ်လေဆိုတာသတိရထားဖို့လိုပါတယ်။

ဒီဆေးကတစ်ကြိမ်သောက်ရုံနဲ့ဒီလိုကာကွယ်ပေးနိုင်တယ်ဆိုတော့မပျက်မကွက်နေ့တိုင်းအချိန်မှန်သောက်ဖို့လိုတဲ့ပုံမှန်သားဆက်ခြားသောက်ဆေးလို၊ဘယ်နှလခံထိုးဆေးဆိုပြီးမပျက်မကွက်ထိုးရတဲ့ ၃လ/၆လခံထိုးဆေးတွေလိုအလုပ်မရှုပ်တဲ့အတွက်အသုံးများလာကြပါတယ်။အဲဒီထဲမှာအိမ်ထောင်ရှင်တွေအပြင်အရွယ်ရောက်ပြီးတဲ့လူငယ်တွေလည်းပါဝင်နေပါတယ်။သုံးရလွယ်ပြီးထိရောက်မှုရှိတာကြောင့်အသုံးများလာရာကနေပုံမှန်သားဆက်ခြားသောက်ဆေးတွေအစားအလွယ်သုံးစွဲလာတာတွေလည်းရှိပါတယ်။ဒါပေမယ့်သတိထားသင့်တာကအရေးပေါ်သန္ဓေတားဆေးဆိုတာအမြဲတမ်းသောက်သုံးဖို့အတွက်အဆင်မပြေလှပါဘူး။

အရေးပေါ်သန္ဓေတားဆေးဆိုတာအရေးပေါ်အခြေအနေတွေအတွက်သာရည်ရွယ်ထုတ်လုပ်ထားတာဖြစ်လို့ပုံမှန်အသုံးပြုသွားလို့ရမယ့်သန္ဓေတားဆေးလိုနေ့တိုင်းသောက်နေလို့မရပါဘူး။အခုနောက်ပိုင်းမှာလူငယ်တချို့ကလွတ်လွတ်လပ်လပ်အပျော်လွန်ခဲ့ကြပြီးမှဒီဆေးတွေကိုအလွယ်တကူဝယ်ပြီးသုံးစွဲနေကြတာတွေ့လာရပါတယ်။တစ်ပတ်အတွင်းမှာပဲအကြိမ်ပေါင်းများစွာသောက်သုံးမယ်ဆိုရင်မသင့်တော်လို့အကြိမ်ရေများမယ်ဆိုရင်တော့ ပုံမှန်သားဆက်ခြားသောက်ဆေးတွေကိုသုံးသင့်ပါတယ်။

အရေးပေါ်သန္ဓေတားဆေးတွေကဘေးအန္တရြာယ်ဖစ်စေလို့တော့မဟုတ်ပါဘူး။ဒီနည်းကရေရှည်သုံးလို့ကောင်းတဲ့နည်းလမ်းမဟုတ်တာတစ်ခုပါပဲ။ထပ်ကာထပ်ကာသုံးစွဲနေတာမျိုးဆိုရင်ဘေးထွက်ဆိုးကျိုးတွေကယာယီပဲ၊ အန္တရာယ်မရှိဘူးဆိုပေမယ့်ဓမ္မတာမမှန်ခြင်း၊မအီမသာဖြစ်ခြင်း၊ပျို့အန်ခြင်း၊ရင်သားတင်းပြီးနာကျင်ခြင်း၊ဗိုက်အောင့်ခြင်း၊ခေါင်းမူးခေါင်းကိုက်ခြင်း၊ နွမ်းလျခြင်းတို့ ဖြစ်နိုင်တဲ့အတွက်သိပ်တော့သက်သာမှာမဟုတ်ပါဘူး။ ဒါ့အပြင်ကိုယ်ဝန်ရသွားနိုင်ခြေကလည်းတခြားသောသန္ဓေတားနည်းလမ်းတွေထက်မြင့်မားပါတယ်။

ဘာလို့အသုံးများလာသလဲဘာကောင်းကျိုးတွေရှိလဲ

အရေးပေါ်သန္ဓေတားဆေးတွေက-

  • တစ်ကြိမ်တည်းသောက်လိုက်ရုံပဲ၊
  • ဝယ်ရလွယ်၊သုံးရလွယ်တယ်၊
  • ဆရာဝန်ညွှန်ကြားချက်မလိုဘူး၊
  • လိင်ဆက်ဆံပြီး၅ရက်အတွင်းသုံးလို့ရတယ်၊
  • ကွန်ဒုံးပေါက်ပြဲတာ၊သောက်ဆေးရက်ကျော်သွားတာ၊ထိုးဆေးရက်ကျော်သွားတာမျိုးမှာအရေးပေါ်သုံးလို့ရတယ်၊
  • စရိတ်သက်သာပြီးထိရောက်မှုရှိတယ်၊
  • ဘေးအန္တရာယ်မရှိသလောက်ကင်းတယ်ဆိုတဲ့အချက်တွေကြောင့်လူငယ်တွေအကြားအသုံးများလာတာဖြစ်ပါတယ်။မမျှော်လင့်ဘဲကိုယ်ဝန်ရတဲ့အဖြစ်မျိုးတွေကိုအချိန်မီကာကွယ်နိုင်ဖို့ကအရေးပေါ်သန္ဓေတားဆေးရဲ့အားသာချက်ပါ။

ဘယ်အချိန်မှာအသုံးဝင်ဆုံးလဲဆိုတော့ကွန်ဒုံးသုံးဖို့မေ့သွားတဲ့အခါမျိုးအကာအကွယ်မဲ့လိင်ဆက်ဆံပြီးချိန်မှာကိုယ်ဝန်မရသွားအောင်အရေးပေါ်ကာကွယ်ပေးနိုင်ပါတယ်။တစ်ခုထပ်သတိထားသင့်တာကတချို့တွေဟာကွန်ဒုံးမသုံးပေမယ့်အပြင်မှာထုတ်တဲ့နည်းလမ်းကိုသုံးရင်ကိုယ်ဝန်မရနိုင်ဘူးဆိုပြီးကျင့်သုံးနေတာတွေလည်းရှိပါတယ်။တကယ်ကအပြင်မှာထုတ်ခဲ့တယ်ဆိုရင်တောင်မှကိုယ်ဝန်ရသွားနိုင်ခြေရှိပါသေးတယ်။ဒီအတွက်အဲဒီလိုအချိန်တွေမှာလည်းဒီဆေးကိုသောက်သုံးနိုင်ပါတယ်။

ဒီဆေးသာမကယ်ရင်မတော်တဆကိုယ်ဝန်ကြောင့်ဘဝအတွက်အဆင်သင့်မဖြစ်မီလက်ထပ်လိုက်ရတာ၊အသက်ငယ်ငယ်နဲ့အိမ်ထောင်သည်ဖြစ်သွားရတာ၊မလိုလားတဲ့ကိုယ်ဝန်ကိုဖျက်ချရင်းမိန်းကလေးတွေအသက်အန္တရာယ်ဖြစ်ရတာ၊ကိုယ်ဝန်ကြောင့်ဂုဏ်သိက္ခါကျဆင်းရတာစတဲ့ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေကိုရင်ဆိုင်ရနိုင်ပါတယ်။အခုတော့အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါကူညီပေးမယ့် အရေးပေါ်သန္ဓေတားဆေးကဈေးကွက်မှာရရှိနေပါပြီ။အလွယ်တကူလည်းဝယ်လို့ရနိုင်ပြီမို့လို့စိတ်ချလက်ချရှိနိုင်ပါပြီ။

တစ်ခုပဲသိထားသင့်တာကဆေးသောက်ပြီးအန်ထွက်ရင်တော့ထပ်သောက်ရပါမယ်။ကိုယ်ကပျို့တတ်တယ်ဆိုရင်အအန်ပျောက်ဆေးနဲ့လည်းတွဲသောက်လို့ရပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။