brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ မိန်းမကိုယ်ယားယံရတဲ့ အကြောင်းအရင်းက

မိန်းမလှလေးတစ်ယောက်ဖြစ်ဖို့က တစ်ကိုယ်ရေသန့်ရှင်းရေးတော်တော်လေးအရေးကြီးပါတယ်။ အသန့်ကြိုက်တာကပြဿနာမဟုတ်ပါဘူး။ သန့်ရှင်းမှုအားနည်းတာကသာပြဿနာဖြစ်မှာပါ။ မိန်းကလေးတွေကယောကျာ်းလေးတွေထက် တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုပြီးဂရုစိုက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာက ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူဖြစ်စေတဲ့အရာပါ။ တစ်ခါတလေ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ အဆင်မပြေတာမျိုးဖြစ်ဖူးကြလားလေဒီတို့ရေ…. ဥပမာ အရေပြားယားယံတာမိန်းမကိုယ်ယားယံတာတို့လိုမျိုးပြဿနာတွေပေါ့။

တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ မိန်းမကိုယ်ယားယံရတဲ့ အကြောင်းအရင်းက

တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ မိန်းမကိုယ်ယားယံရတဲ့ အကြောင်းအရင်းက

ခန္ဓါကိုယ် အစိတ်အပိုင်းတစ်ခုခုမှာ ယားယံနေတဲ့အခါနေရထိုင်ရတော်တော်လေးခက်ခဲပါတယ်။ ဒီလိုယားယံမှုတွေထဲမှာမှ မိန်းမကိုယ်မှာယားယံတဲ့အခါတော်တော်လေးနေရထိုင်ရခက်စေပါတယ်။ ဒီလိုဖြစ်တာက အရမ်းကြီးစိတ်ပူရမယ့်ကိစ္စမဟုတ်ဘူးဆိုပေမယ့် တစ်ခါတရံမှာ မိန်းမကိုယ်ယားယံမှုကရောဂါပိုးတစ်ခုခုကူးစက်ခံထားရတဲ့ လက္ခဏာတစ်ရပ်ဖြစ်နေနိုင်ပါတယ်။

မိန်းမကိုယ်ယားယံမှုဖြစ်စေတဲ့ အကြောင်းအရင်းတွေက

မိန်းမကိုယ်ကပျော့ပျောင်းတဲ့ တစ်ရှုးလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတစ်ခုပါ။ မိန်းကလေးတစ်ယောက်ပေါ့ပါးကျန်းမာနေစေဖို့ဆိုရင် ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကျန်းမာဖို့လိုအပ်မှာပါ။ ဒီထဲမှာ မိန်းမကိုယ်ကျန်းမာဖို့ကလည်း ချန်ထားလို့မရတဲ့ အချက်တစ်ခုပေါ့။ ကျန်းမာတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ဆိုရင် အကျိုးပြုဘက်တီးရီးယားလေးတွေရှင်သန်ဖို့လိုအပ်ပါတယ်။နောက်တစ်ချက်က အဖြူရောင် ဒါမှမဟုတ် အကြည်ရောင် အချွဲလေးတွေထုတ်ပေးဖို့လည်းလိုပါမယ်။ အနံ့အသက်ေတာ့ကင်းဖို့လိုတာပေါ့နော်။ ဒီအချွဲလေးတွေထွက်ရှိမှုပမာဏကဟော်မုန်းပမာဏေပါ်မှာလည်း မူတည်ပါသေးတယ်။

ဒီအချက်တွေကြောင့် မိန်းမကိုယ် ယားယံနိုင်ပါတယ်

မိန်းမကိုယ်ယားယံစေတဲ့အကြောင်းအရင်းတွေကတော်တော်လေးတော့များပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ မိန်းမကိုယ်ယားယံရတဲ့ အကြောင်းအရင်းက ဘာတွေများဖြစ်မလဲ။

အကျိုးမပြုဘက်တီးရီးယားတွေများနေတာ – မိန်းမကိုယ်ထဲမှာ အကျိုးပြု ဘက်တီးရီးယားတွေရာ ၊ အကျိုးမပြုတဲ့ဘက်တီးရီးယားတွေရောမျိုးစုံအောင်ရှိနိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေ များနေတာက အကြောင်းမဟုတ်ပေမယ့် အကျိုးမပြုတဲ့ဘက်တီးရီးယားတွေများနေတာက မိန်းမကိုယ်ယားယံမှုကိုဖြစ်စေနိုင်ပါတယ်။

လိင်ဆက်ဆံမှုကတဆင့် ကူးစက်တဲ့ရောဂါခံစားနေရတာ – တစ်ခါတလေမှာ လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါတစ်ခုခုကို ခံစားနေရတာကြောင့် လည်း မိန်းမကိုယ်ယားယံတာမျိုးဖြစ်နိုင်ပါတယ်။

သွေးဆုံးချိန်ခံစားရတဲ့ လက္ခဏာကို ခံစားရတာ -သွေးဆုံးချိန်မှာလည်း အစိုဓါတ်ထိန်းနိုင်မှုလျော့ကျသွားတာကြောင့် မိန်းမကိုယ်ယားယံနိုင်ပါသေးတယ်။

ဓါတုပစ္စည်းတစ်ခုခုနဲ့ဓါတ်မတည့်တာလစဉ်သုံးပစ္စည်း ဒါမှမဟုတ် အသုံးပြုနေကျပစ္စည်းတစ်ခုခုမှာပါနေတဲ့ ဓါတုပစ္စည်းတွေနဲ့ ဓါတ်မတည့်တာကြောင့် လည်း မိန်းမကိုယ်ယားယံနိုင်ပါတယ်။

အဝတ်လျှော်တဲ့အခါသုံးတဲ့ ဆပ်ပြာနဲ့ ဓါတ်မတည့်တာအတွင်းခံတွေကိုလျှော်တဲ့အခါ အသုံးပြုတဲ့ ဆပ်ပြာမှုန့်တွေ၊ ဆပ်ပြာတုံးတွေနဲ့ ဓါတ်မတည့်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။

အတွင်းခံကို ခပ်ကျပ်ကျပ်ဝတ်ထားမိတာ – အချို့လေဒီတွေက ကိုယ်လုံးထင်းချင်တဲ့ ဆန္ဒကြောင့် အတွင်းခံကို ခပ်ကျပ်ကျပ်ဝတ်တတ်ကြပါတယ်။ ဒီလိုဝတ်ဆင်တာကလေဝင်လေထွက်မကောင်းတဲ့အခြေအနေကိုဖြစ်စေပြီး မိန်းမကိုယ်ယားယံမှုကိုဖြစ်စေနိုင်ပါတယ်။

အနံ့ပြင်းတဲ့ရေအိမ်သုံးတစ်သျှူးတွေအသုံးပြုတာ – တစ်သျှူးမွှေးမွှေးလေးကို သဘောကျတယ်ဆိုရင်တောင်မှာ အပေါ့အပါးသွားပြီးတဲ့အခါမျိုးမှာတော့ အနံ့မပါတဲ့ တစ်သျှူးကိုပဲ အသုံးပြုပေးပါ။

နိုင်လွန်ပါနေတဲ့ အတွင်းခံဝတ်ဆင်တာ– အတွင်းခံရွေးချယ်တဲ့အခါမှာလည်း ချွေးစုပ်ပြီး နေရတာသက်တောင့်သက်သာဖြစ်တဲ့ ချည်သားအတွင်းခံတွေကိုပဲဝတ်ဆင်ပေးပါ။ နိုင်လွန်သားပါတဲ့ အတွင်းခံတွေက အနံ့အသက်ဆိုးကိုဖြစ်စေသလို မိန်းမကိုယ်ယားယံမှုကိုပါဖြစ်စေနိုင်ပါတယ်။

စက်ဘီးစီးတာ စက်ဘီးစီးတာ၊မြင်းစီးတာလိုမျိုး ကိစ္စတွေကို အချိန်ကြာမြင့်စွာလုပ်မိတဲ့အခါမျိုးမှာလည်း မိန်းမကိုယ်ယားယံတာမျိုးဖြစ်နိုင်ပါတယ်။

ဟော်မုန်းပြောင်းလဲမှုဖြစ်တာ – ကိုယ်တွင်းမှာ အက်စထရိုဂျင်ဟော်မုန်းနည်းလာတဲ့အခါမျိုးမှာလည်းဟော်မုန်းအပြောင်းအလဲကြောင့် မိန်းမကိုယ်ယားယံမှုဖြစ်နိုင်ပါတယ်။

ဒီပြဿနာတွေ ကင်းဝေးပြီး ကျန်းမာလှပတဲ့လေဒီလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် အပေါ်မှာပြောခဲ့တဲ့ အချက်လေးတွေကို သတိထားရှောင်ကြဉ်လိုက်ပါ။နောက်ထပ်လုပ်လို့ရတဲ့ နည်းလမ်းတစ်ခုကတော့ Feminine wash အသုံးပြုပေးတာပါ။

အကျိုးပြုဘက်တီးရီးယားတွေကို အပြည့်အဝအားဖြည့်ပေးနိုင်တဲ့ Prebioticsပါတဲ့ Feminine wash ကို နည်းလမ်းမှန်မှန် အသုံးပြုပေးမယ်ဆိုရင် သဘာဝအတိုင်း အကာအကွယ်ပေးနိုင်မှာဖြစ်သလိုမိန်းမကိုယ်ခြောက်သွေ့ယားယံတာ မှိုစွဲတာ နဲ့ မိန်းကိုယ်က အနံ့အသက်ဆိုးတွေထွက်တာအပြင် အခြားသောပြဿနာတွေကို ကင်းဝေးစေမှာပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/08/2022 ဖြစ်ပါသည်။