brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာ

မိန်းကလေးနဲ့ယောကျာ်းလေး အဝတ်အစားဝတ်ရပုံကို စဉ်းစားကြည့် မိန်းကလေးက အမြဲတစ်ခုပိုဝတ်ရတယ်နော်။ အဲ့ဒီအရာကို မဝတ်ရင်လည်း စိတ်ကမလုံခြုံ ပတ်ဝန်းကျင်အမြင်မှာလည်း မတင့်တယ်။ ဝတ်ပြန်ရင်လည်း ချောင်နေရင်ကျ ဝတ်မကောင်း။ မိန်းကလေး အတွင်းခံ ဘရာစီယာ ဆိုတာ ကျပ်ကျပ်ဝတ်ရတာဆိုတဲ့ လူကြီးသူမတို့ရဲ့ ဆုံးမစကားကလည်းရှိနေပြန်တော့ အရှက်အကြောက်ကြီးတဲ့ တို့မြန်မာ မိန်းကလေးတွေက ဘရာစီယာဆိုတာ ကျပ်ကျပ်ဝတ်ရတဲ့ အမျိုးဆိုပြီး အရိုးစွဲနေတတ်တယ်လေ။

မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာ

ကျပ်ကျပ်ဝတ်လေ ပုံပိုပေါ်လေ၊ ပိုကြီးသယောင်လည်းဖြစ်တယ်ဆိုတော့ ပစ္စည်းရှိကြောင်းလည်း ကြွားချင်တယ်မလား။ မဝတ်ဘဲ နေပြန်ရင်လည်း ဟာလာဟင်းလင်းဖြစ်နေပြန်ရောလေ။ အဲတော့ မရှိလည်းမကောင်း ရှိလည်းမကောင်း ဆိုတဲ့ ဘရာစီယာကို ဘယ်လိုဝတ်သင့်သလဲ။ တင်းတင်းကျပ်ကျပ် ဝတ်တိုင်းကောင်းသလား။ ကြည့်ရအောင်။

မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာ

မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာအကြောင်း သိရအောင် ကြည့်လိုက်ကြစို့လား။

၁။ သင်၏ကျောကုန်းနှင့် လည်ပင်းရိုးများအတွက် ဘရာစီယာ ကျပ်ကျပ် သည်မကောင်းပေ။

အမျိုးသမီးတော်တော်များများက ဘရာစီယာရဲ့ cup size က ရင်သားအားထောက်ပံ့ထားသည်ဟုထင်ကြတယ်။ အမှန်က ကျောကုန်းနှင့် လည်ပင်းကြွက်သားများကသာ ထိန်းထားတာတဲ့။ ဒါကြောင့် ကိုယ်နှင့် သင့်တော်သော ဘရာစီယာကို ရွေးချယ်မဝတ်နိုင်ရင် အချိန်ကြာလာတာနဲ့ သင့်ကျောကုန်းနှင့် လည်ပင်းရှိကြွက်သားများ နာလာနိုင်ပါတယ်။

၂။ အသက်ရှူမဝခြင်း

မိန်းကလေးတိုင်းသိနေသော ကိစ္စပင်။ ဘရာစီယာကို ကျပ်ကျပ်ဝတ်ရင် အသက်ရှူလို့ မကောင်းဘူးလေနော်။ အသက်ရှူလို့မဝတော့ လိုတဲ့ အောက်ဆီဂျင်ကောင်းကောင်းမရ အဲဒီတော့ ခေါင်းတွေ မူးလာရော။

၃။ အစားကောင်းကောင်း မစားနိုင်ခြင်း။

အစားစားရင်လည်း ကျပ်နေတော့ အစားကောင်းကောင်း မစားနိုင်။ ဘရာစီယာကျပ်ကျပ်ဝတ်ထားရင် ရင်ခေါင်းနဲ့ ဗိုက်ကိုခြားထားတဲ့ ကြွက်သားကိုဖိထားတော့ စားပြီးရင်လည်း အစာခြေဖို့ အခက်အခဲရှိနေတတ်တော့ ဗိုက်တင်းပြီးအောင့်နေပြန်ရောတဲ့။

၄။ အရေပြားပေါ်တွင် အရာများထင်ခြင်း။

ဘရာစီယာကို အရမ်းကျပ်ကျပ်ဝတ်ထားရင် ကြိုးများက အသားထဲနစ်ဝင်နေပြီး ပခုံးနှင့်ကျောကုန်းနေရာများတွင် အရာများထင်ကျန်ပြီး တခါတလေ နာနေတတ်တယ်လေနော်။

ယုံတမ်းတွေပြောတာက ဘရာစီယာကို ညဘက် အိပ်ချိန် ဝတ်ထားရင် ရင်သားလှအောင်လုပ်ပေးနိုင်တယ်တဲ့။ အဲဒါမှားနေတယ်နော်။ ဘရာစီယာကို တစ်နေ့ ၁၂ နာရီ ထက်ပိုဝတ်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများတယ်တဲ့နော်။ အဲ့တော့ ဘရာစီယာ မဝတ်ဘဲ မအိပ်တတ်ရင်တောင် နောက်က ချိတ်လေးကို ဖြုတ်ပြီးတော့ အိပ်သင့်တယ်တဲ့။

ကဲ ကဲ ဘရာစီယာဆိုသည်မှာ မဝတ်ပြန်ရင်လည်း မတင့်တယ် ၊ လှနေအောင် တအားကျပ်ကျပ်ဝတ်ရင်လည်း မကောင်းပြန်ဘူးနော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။