backup og meta

Blighted Ovum (သားအိမ်အသားလုံးတည်ခြင်း အကြောင်း သိကောင်းစရာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်လက္ခဏာများအကြောင်းရင်းများဖြစ်နိုင်ခြေများရောဂါအဖြေရှာခြင်းနှင့် ကုသမှု

အဓိပ္ပါယ်ဖွင့်ဆိုချက်

Blighted Ovum (သားအိမ်အသားလုံးတည်ခြင်း) ကဘာလဲ။

သန္ဓေမပါသော ကိုယ်ဝန်အဖြစ်လည်း သိကြပါတယ်။ မျိုးဥက မျိုးအောင်ပြီး သားအိမ်နံရံမှာကပ်တွယ်ပေမယ့် သန္ဓေသားအဖြစ်ဖွံ့ဖြိုးလာခြင်း မရှိတာပါ။

Blighted Ovum (သားအိမ်အသားလုံးတည်ခြင်း အကြောင်း သိကောင်းစရာ)

ဒီပြသနာ ဟာ အမျိုးသမီးတစ်ဦးသည်သူမကိုယ်ဝန်ကြောင်းကို မသိမှီ ပထမဦးဆုံးသုံးလပတ်အတွင်းတွေ့ကြုံတတ်ပါတယ်။ ဒီပုံစံဟာ ကိုယ်ဝန်ပျက်ကျခြင်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ သို့သော်အမျိုးသမီးအနေနဲ့ရာသီလာခြင်းမရှိသလို ကိုယ်ဝန်ရှိတယ်ဆိုပြီးလည်း ပြနေတတ်ပါတယ်။

ဘာလို့လည်းဆိုတော့ ကိုယ်ဝန်နဲ့ဆိုင်တဲ့ဟော်မုန်းများ ထုတ်လုပ်မှုဖြစ်ပြီး ကိုယ်ဝန်လက္ခဏာတွေဖြစ်ပေါ်လို့ဖြစ်ပါတယ်။

ဒါပေမယ့်အချင်းကြီးထွားလာမှု ရပ်ပြီး ဟော်မုန်းပမာဏ ကျဆင်းသွားတဲ့အခါ, လက္ခဏာပျောက်ကွယ်သွားပါတယ်။ဤအဆင့်မှာအသေးစားဝမ်းဗိုက်နာခြင်း နှင့်သွေး အစက်အပြောက်သို့မဟုတ်သွေးထွက်ခြင်းဖြစ်နိုင်ပါတယ်။

လက္ခဏာများ

Blighted Ovum (သားအိမ်အသားလုံးတည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါဖြစ်နေတဲ့အမျိုးသမီး အနေနဲ့ ပထမဦးဆုံးလအနည်းငယ်မှာ ကိုယ်ဝန်လက္ခဏာအချို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ပြီးရင် ဒါတွေ တွေ့ကြုံခံစားနိုင်ပါတယ်။

– ဝမ်းဗိုက်တောင့်တင်းခြင်း

– ယောနိမှ သွေးစက်ဒါမှမဟုတ် သွေးထွက်ခြင်း

– ယခင်ထက်ပိုပြီး ရာသီသွေးပေါ်ခြင်း

အထက်ပါ စာရင်းမှာမပါတဲ့ အချို့လက္ခဏာတွေရှိကောင်းရှိနိုင်ပါသည်။ သင်လက္ခဏာနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိပါကသင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါ လက္ခဏာတွေရှိရင် ပြသင့်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် တည်ဆောက်ပုံမတူကြတဲ့ အတွက် သင့်အတွက်သင့်တော်မယ့် အခြေအနေကို ဆွေးနွေးပါ။

အကြောင်းရင်းများ

Blighted Ovum (သားအိမ်အသားလုံးတည်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မျိုးဗီဇသယ်ဆောင်သောခရိုမိုဆုမ်းပြသနာများကြောင့်ဖြစ်ရခြင်း ဖြစ်ပါတယ်။ အရည်အသွေးမကောင်းတဲ့ သုက်ပိုးသို့မဟုတ် မျိုးဥကနေဖြစ်နိုင်ပါတယ်။

ပုံမှန်မဟုတ်သောဆဲလ်အချင်းချင်းကွဲပြားခြင်းကြောင့်တွေ့ရှိနိုင်ပါသေးတယ်။ သင့်ခန္ဓါကိုယ်ကဒီမျိုးရိုးဗီဇ မူမမှန်တာကိုတွေ့တဲ့အခါ ကိုယ်ဝန်ပျက်မှု ဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Blighted Ovum (သားအိမ်အသားလုံးတည်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသက်ကြီးတဲ့အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Blighted Ovum (သားအိမ်အသားလုံးတည်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါဖြစ်တဲ့ အမျိုးသမီးအများစုဟာလက္ခဏာများ မပေါ်လာခင်အထိသူတို့ကိုယ်ဝန်ရှိနေတယ်လို့ ထင်ကြပါတယ်။ ပုံမှန်ကိုယ်ဝန်စမ်းသပ်မှုတွေ ဒီအရာကို ရှာဖွေနိုင်မှာမဟုတ်ပါဘူး။

ဒါကြောငိ ကိုယ်ဝန် ဟာဗလာဖြစ်နေသလားသိဖို့ ဆရာဝန်က ultrasound သုံးရန်လိုအပ်ရတဲ့အကြောင်းရင်းဖြစ်ပါတယ်။

Blighted Ovum (သားအိမ်အသားလုံးတည်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသတဲ့ အခါ, ဆရာဝန်က အချင်းတစ်ရှူးကိုဖယ်ရှားမယ့် D & C (Dilation နှင့် Curettage) လုပ်ထုံးလုပ်နည်းအစား သဘာဝအတိုင်းကိုယ်ဝန်ပျက်ကျဖို့ စောင့်ဆိုင်းရန်သင့်အားအကြံပေးပါလိမ့်မယ်။ အမျိုးသမီးတစ်ဦးရဲ့ခန္ဓါကိုယ်က သူ့ဘာသာ တစ်ရှူးစွန့်ထုတ်လိုက်နိုင်တဲ့အတွက် အန္တရာယ်များတဲ့ခွဲစိတ်လုပ်ထုံးလုပ်နည်းတွေ မသုံးတာဖြစ်ပါတယ်။

သို့သော်အခြား ရောဂါပြသနာတွေကြောင့် ကိုယ်ဝန်ပျက်ကျမှု မလုပ်ချင်ရင် D & C လုပ်ထုံးလုပ်နည်းကို ရွေးချယ်နိုင်ပါတယ်။

misoprostol ဆေးဝါးကို လူနာမှာ အသုံးပြုခြင်းက အခြားရွေးချယ်စရာဖြစ်နိုင်ပါတယ်။ ဒီဆေးဝါးနှင့်အတူသွေးထွက်များခြင်းနှင့် အခြားဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။

ကိုယ်ဝန်ပျက်ကျပြီးနောက် သင့်ဆရာဝန်က နောက်ထပ်ကိုယ်ဝန်မယူခင် ရာသီကာလ အနည်းဆုံးတပတ်ကနေ ၃ပတ်စောင့်ခိုင်းမှာ ဖြစ်ပါတယ်။

သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Blighted ovum: What causes it? http://www.mayoclinic.org/diseases-conditions/pregnancy-loss-miscarriage/expert-answers/blighted-ovum/faq-20057783. Accessed July 21, 2016.
Blighted Ovum http://www.webmd.com/baby/guide/blighted-ovum. Accessed July 21, 2016.
Anembryonic Pregnancy – Blighted Ovum http://www.medicineonline.com/articles/a/2/Anembryonic-Pregnancy/Blighted-Ovum.html. Accessed July 21, 2016.
Blighted Ovum: Symptoms, Causes And Prevention http://americanpregnancy.org/pregnancy-complications/blighted-ovum/. Accessed July 21, 2016.

ယခုပုံစံ

18/07/2022

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးဆုံးကိုင် ပျောက်ဆေး တကယ်ရှိရဲ့လား!

သွေးဆုံးချိန်မှာ ကျန်းမာစေဖို့ ဘာတွေစားရမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ