backup og meta

အမျိုးသားနဲ့ အတူနေပြီးနောက်ပိုင်း မိန်းမကိုယ်ကနေ သွေးဆင်းတာ ဘာဖြစ်လို့လဲ ။ ။

အမျိုးသားနဲ့ အတူနေပြီးနောက်ပိုင်း မိန်းမကိုယ်ကနေ သွေးဆင်းတာ ဘာဖြစ်လို့လဲ ။ ။

တစ်ခါမှ လိင်ဆက်ဆံဖူးခြင်းမရှိသေးတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပထမဦးဆုံး လိင်ဆက်ဆံပြီးတဲ့ နောက်ပိုင်းမှာ မိန်းမကိုယ်ကနေ သွေးဆင်းတာမျိုး ပုံမှန်လို့ ဆိုရပေမယ့် အိမ်ထောင်ကျတာလည်း ကြာပြီ။ အရင်တုန်းကတော့ဘာမှမဖြစ်ဘဲ ခုရက်ပိုင်းမှ အမျိုးသားနဲ့ အတူနေပြီးတိုင်း မိန်းမကိုယ်ကနေ သွေးဆင်းတယ်ဆိုရင်တော့ စိုးရိမ်တတ်ကြတာ သဘာဝပါ။ ဘာများဖြစ်လို့လဲ။ ကိုယ်ဝန်ပျက်ကျတာလား၊ ရာသီလာနေတာလား၊ ကင်ဆာလားဆိုပြီး တွေးရခက်တဲ့ မေးခွန်းပေါင်းများစွာ ဝင်လာပါလိမ့်မယ်။

ဒီဆောင်းပါးထဲမှာတော့ အမျိုးသားနဲ့ အတူနေပြီးနောက်ပိုင်း မိန်းမကိုယ်ကနေ သွေးဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ ကိုပြောပြပေးမှာပါ။ ဒါတွေကို သိထားတော့ ကိုယ်ဖြစ်နေတာနဲ့ ဘာနဲ့ ကိုက်ညီလဲဆိုတာသိရပြီး စောစော ကုသမှုခံယူလို့ရတာပေါ့ ။ ။

အမျိုးသားနဲ့ အတူနေပြီး နောက်ပိုင်း မိန်းမကိုယ်ကနေ သွေးဆင်းတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ။

( ၁ ) ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေရဲ့ အရှိန်ကြောင့်ပါ။ ။

ကိုယ်သောက်နေတဲ့ ဟော်မုန်းပါတဲ့သန္ဓေတားဆေးတွေကြောင့် မိန်းမကိုယ်ခြောက်သွေ့တတ်ပြီး အတူနေတဲ့အခါ မိန်းမကိုယ်နာတာ၊ နေပြီးနောက်ပိုင်း သွေးဆင်းတာမျိုးတွေဖြစ်တတ်ပါတယ်။ တကယ်သာ ဒီ တားဆေးတွေကြောင့် အတူနေပြီးတိုင်း မိန်းမကိုယ်သွေးဆင်းတာမျိုးဖြစ်ခဲ့မယ်ဆိုရင် အခြား သန္ဓေတားနည်းတစ်ခုကို ပြောင်းပြီးရွးချယ်သ့င်ပါတယ်။

( ၂ ) လိင်ဆက်ဆံရာမှ ကူးစက်တတ်တဲ့ရောဂါတွေ ။ ။

လိင်ဆက်ဆံရာကနေ ကူးစက်တတ်တဲ့ရောဂါတွေဖြစ်တဲ့ chlamydia, gonorrhea, နဲ့ trichomoniasis တို့ဟာ သားအိမ်ခေါင်းကိုရောင်ရမ်းစေတာကြောင့် အတူနေပြီးတိုင်း မိန်းမကိုယ်ကနေ သွေးဆင်းတာ၊ ဗိုက်အောင့်တာတွေကို ဖြစ်စေတတ်ပါတယ်။

( ၃ ) သားအိမ်မှာ အသားလုံးတည်ခြင်း ။ ။

အသက် ၄၀ ကျော်နောက်ပိုင်း အမျိုးသမီးတွေ အဖြစ်များတဲ့ ကိစ္စတစ်ခုပါ။ သားအိမ်တို့ သားအိမ်ခေါင်းတို့ကနေ အသားလုံးလေးတွေ တွဲကျနေတတ်ပြီး အမျိုးသားနဲ့ အတူနေတဲ့ အခါတိုင်း သွားသွားပွတ်မိနေတတ်လို့ သွေးကြောလေးတွေ ပေါက်ပြီး သွေးဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို သားအိမ်မှာတည်တဲ့ အသားလုံး ( endometrial polyp ) တွေက ကင်ဆာမဟုတ်ပါဘူး။

( ၄ ) မိန်းမကိုယ် ခြောက်သွေ့ခြင်း ။

ပုံမှန်ဆို စိုစွတ်နေရမယ့် မိန်းမကိုယ် ခြောက်သွေ့တဲ့အခါ အတူနေတဲ့အချိန်တိုင်း နာကျင်တာ၊ အတူနေပြီးတော့လည်း အောင့်ပြီးကျန်ခဲ့တာ ရံဖန်ရံခါ သွေးဆင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကိုသက်သာစေချင်ရင်တော့ မိန်းမကိုယ် အစိုဓာတ်ထိန်းခရမ်တွေ၊ ချောဆီတွေ သုံးပေးလို့ရပါတယ်။ တစ်ခုရှိတာက ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ကိုယ်နဲ့သင့်တော်တဲ့ ခရင်မ်တွေ ရွေးချယ်သုံးစွဲဖို့ဖြစ်ပါတယ်။ ဓာတ်မတည့်တာတွေ သုံးမိရင် ဖြစ်နေတဲ့ ဝေဒနာ ပိုဆိုးသွားတတ်လို့ပါ ။ ။

( ၅ ) မိန်းမကိုယ် မှိုစွဲတဲ့ ဝေဒနာခံစားနေရခြင်း ။ ။

မိန်းမကိုယ် မှိုစွဲတာ၊ မိန်းမကိုယ် ပိုးဝင်တာမျိုးတွေ ဖြစ်တဲ့အခါ မိန်းမကိုယ်ရောင်ရမ်းနေလို့ အမျိုးသားနဲ့ အတူနေတဲ့အချိန် နာကျင်တာနဲ့ အတူနေပြီးတိုင်း သွေးဆင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မိန်းမကိုယ် vagina မှာပဲ ပိုးဝင်နေရင်တော့ သွေးဆင်းတာမျိုးမဖြစ်ဘဲ ယားယံ နာကျင်တာမျိုးသာရှိတတ်ပေမယ့် သားအိမ်ခေါင်းအထိကိုပါ ပိုးဝင်သွားရင်တော့ သွေးဆင်းတာမျိုးတွေ ရှိတတ်ပါတယ်။

( ၆ ) သားအိမ်ခေါင်းကင်ဆာ ။ ။

သားအိမ်ခေါင်းကင်ဆာကလည်း မိန်းမကိုယ်ကနေသွေးဆင်းခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ သူ့မှာထူးခြားတာက ဆင်းလာတဲ့ ညိုညစ်ညစ် အရည်တွေဟာ အနံ့ဆိုးတတ်ပြီး အခြား နာကျင်တဲ့ ဝေဒနာတွေတော့မပြတတ်ပါဘူး။ ဒါ့ကြောင့် မိန်းမကိုယ်ကနေ အနံ့နံတဲ့ အရည်တွေ ဆင်းလာပြီဆိုတာနဲ့ မပေါ့ဆဘဲ ဆေးခန်းသွားပြဖို့ လိုအပ်ပါတယ်။ ။

ဒါတွေကတော့ အမျိုးသားနဲ့အတူနေပြီး နောက်ပိုင်း မိန်းမကိုယ်ကနေ သွေးဆင်းခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ်။ ဆောင်းပါးထဲမှာ ပြောထားတဲ့အတိုင်း သွေးဆင်းခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေက များတာကြောင့် ဘယ်လိုအကြောင်းအရာကြောင့် ဖြစ်တာလဲဆိုတာ သေချာသိဖို့ စစ်ဆေးမှုတွေ ခံယူသင့်တယ်နော် ။ ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.health.com/sexual-health/bleeding-after-sex

Accessed Date 25.4.2019

https://www.webmd.com/women/bleeding-after-sex#1

Accessed Date 25.4.2019

 

ယခုပုံစံ

02/08/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိန်းမကိုယ်မှ အရည်ဆင်းခြင်း

ရာသီသွေးဆင်းများရင် သွေးအားနည်းရောဂါ ဖြစ်နိုင်လား



Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ