မိန်းမကိုယ်ဆိုတာ တခြားခန္ဓါကိုယ်ေပါ်က အရာတွေလိုပဲ သန့်သန့်ရှင်းရှင်း မထားရင် အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။ မိန်းမကိုယ်မှာ ပုံမှန်အနံ့တစ်မျိုးရှိတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာချိန်၊ သွေးဆုံးချိန်တို့နဲ့လိုက်ပြီး အနံ့က ပြောင်းလဲတတ်ပါတယ်။ ပုံမှန်ရှိတတ်တဲ့ အနံ့ကလွဲလို့ အခြား အနံ့ဆိုးဆိုးတွေ မိန်းမကိုယ်ကထွက်နေပြီဆိုရင်တော့ သတိပြုရမယ့် အနေအထားဖြစ်နေပါပြီ။ အနံ့ဆိုးဆိုးဆိုတာကလည်း သူတစ်ယောက်တည်းမလာတတ်ပါဘူး။ သူနဲ့အတူ မိန်းမကိုယ်ယားတာ၊ မိန်းမကိုယ်ကနေ အရည်တွေ ဆင်းတာ၊ မိန်းမကိုယ်ရောင်တာတွေပါ ပါလာပြီဆိုရင်တော့ သင့်မိန်းမကိုယ်မှာပုံမှန်မဟုတ်တာတစ်ခုခုဖြစ်နေပါပြီ။ ဒါကြောင့် မိန်းမကိုယ်ကနေ အနံ့နံတယ်၊ တခြား ယားယံတဲ့ လက္ခဏာတွေလည်းရှိနေတယ် ဆိုရင် ဘာတွေလုပ်သင့်လဲ၊ ဘာတွေမလုပ်သင့်ဘူးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
