ဆံပင်ထိပ်ပြောင်ခြင်းကို ဆေးပညာအရ Androgenetic Alopecia လို့ခေါ်ပြီး အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ အမျိုးသမီးတွေမှာတော့ ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုနိုင်ပေမယ့် လုံးဝထိပ်မပြောင်နိုင်တာတော့ မဟုတ်ပါဘူး။
ဆံပင်ထိပ်ပြောင်ခြင်းကို ဆေးပညာအရ Androgenetic Alopecia လို့ခေါ်ပြီး အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ အမျိုးသမီးတွေမှာတော့ ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုနိုင်ပေမယ့် လုံးဝထိပ်မပြောင်နိုင်တာတော့ မဟုတ်ပါဘူး။

ပုံမှန်အားဖြင့် အမျိုးသမီးတွေမှာ တစ်နေ့လျှင် ဆံပင် ၅၀မှ ၁၀၀ ကြားထိ ကျွတ်တတ်ပါတယ်။ ထိပ်ပြောင်ခြင်း ဖြစ်တဲ့အခါ ကျွတ်သွားတဲ့နေရာမှာ အရင်ကလို ဆံပင်အမြန်ပြန်မပေါက်လာတော့ဘဲ တော်တော်လေး ကြာနေတတ်ပါတယ်။ ဒီအဆင့်မှာ ဆံသားမွေးညင်းပေါက်တွေ ကျုံ့သွားပြီး ဆံလုံးတွေ ပါးလာမယ်။ ဆံပင်မသန်တော့တဲ့အခါ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ သေချာဆံသားထိန်းသိမ်းမှုမလုပ်တာ၊ မကြာခဏဆိုသလို ဆံပင်ပုံသွင်းတာတွေကြောင့် ဆံသားကျိုးကြေပျက်စီးဖို့ ပိုလွယ်နိုင်ပါတယ်။
အမျိုးသားတွေမှာ ထိပ်ပြောင်တဲ့အခါ နဖူးရဲ့ ဘေးနှစ်ဖက်ခြမ်းကနေ “ဂ” ပုံစံဖြင့် ပါးသွားတတ်ပြီး တဖြည်းဖြည်းနဲ့မှ ကျန်တဲ့နေရာတွေ ဆံပင်ပါးလာတာပါ။ အမျိုးသမီးတွေမှာ ထိပ်ပြောင်ခြင်းဖြစ်တဲ့အခါ ဦးခေါင်းရဲ့ နေရာအနှံ့မှာ ဆံပင်ပါးလာပြီး အထူးသဖြင့် ဘေးပတ်ပတ်လည်တွေမှာ ပိုပါးလာတတ်ပါတယ်။ အမျိုးသားတွေလိုတော့ တစ်ခေါင်းလုံး ဆံပင်ပြန်မပေါက်တော့တဲ့အထိ ထိပ်ပြောင်ခြင်းတော့ မရှိပါဘူး။
အဆင့် (၁) – ဘေးပတ်ပတ်လည်မှာ ဆံပင်တွေ ပါးလာခြင်း
အဆင့် (၂) – ထိပ်ပြောင်တဲ့နေရာ ကျယ်လာပြီး ဆံပင်တွေ ကွက်ကျားပေါက်နေခြင်း
အဆင့် (၃) – ထိပ်ပြောင်ရန် လမ်းကြောင်းတစ်ခုအနေနဲ့ ရှင်းရှင်းလင်းလင်း မြင်ရခြင်း ဆိုပြီး အဆင့် ၃ဆင့် ခွဲခြားလို့ ရပါတယ်။
ဆံပင်ကျွတ်ခြင်း၊ ဆံပင်ထိပ်ပြောင်ခြင်းတွေဟာ မိဘမျိုးရိုးကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ အမေတွေမှာ ဆံပင်ပါးတဲ့ မျိုးရိုးလိုက်ရင်၊ အဖေဘက်မှာ ထိပ်ပြောင်ရင်တော့ မွေးလာတဲ့ကလေးမှာလည်း ငယ်စဉ်ကတည်းက ဆံပင်ပါးပြီး ထိပ်ပြောင်နိုင်ခြေ ပိုများပါတယ်။
ခေါင်းဖြီးနေတဲ့အချိန် ဦးရေပြားတချို့နေရာတွေမှာ ပြောင်နေတယ်၊ ဆံပင်ပါးနေတယ်လို့ ခံစားရတာ၊ ခေါင်းလျှော်စဉ်၊ အိပ်ရာထစဉ် ဆံပင်တွေ ပုံမှန်ထက်ပိုကျွတ်နေပြီဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သေချာစစ်ဆေးကြည့်သင့်ပါတယ်။ ဒါမှပဲ သာမန်ဆံပင်ကျွတ်ခြင်းလား၊ ထိပ်ပြောင်ခြင်းလားဆိုတာ ကွဲကွဲပြားပြားသိမှာပါ။ ဆရာဝန်အနေနဲ့ ဦးရေပြားနဲ့ ဆံသားအခြေအနေကို မျက်စိဖြင့် အကဲခတ်ကြည့်ပြီးတဲ့အခါ လိုအပ်ရင် လိုအပ်သလို သွေးစစ်ခြင်း၊ သိုင်းရွိုက်ဟောာ်မုန်း၊ သံဓာတ်၊ ကျားဟော်မုန်း၊ မ ဟော်မုန်းပမာဏတွေကို စစ်ဆေးသွားမှာဖြစ်ပါတယ်။
ပုံမှန်ဆိုရင်တော့ အမျိုးသမီးတွေမှာ အသက် ၄၀၊ ၅၀ နောက်ပိုင်းမှသာလျှင် ထိပ်ပြောင်တတ်ပါတယ်။ စောစီးစွာ သိလျှင် ကုသမှုခံယူဖို့ ပိုလွယ်ကူတဲ့အပြင် မှန်ကန်တဲ့ နေထိုင်စားသောက်မှုပုံစံဖြင့်လည်း ဆံပင်မကျွတ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ အခြေအနေပေါ်မူတည်ပြီး ဆံသားပြန်ပေါက်စေမယ့် ဆေးညွှန်းတာ သို့မဟုတ် သံဓါတ်အားဆေး၊ ဖောလစ်အက်ဆစ် အားဆေး၊ အိုမီဂါ – ၃၊ အိုမီဂါ – ၆ ငါးကြီးဆီဆေးလုံးတွေ သောက်ဖို့ ညွှန်းပေးမှာဖြစ်ပါတယ်။