brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရိုးရိုးရင်သားအကျိတ်

ရင်သားကို ကိုယ်တိုင်စမ်းကြည့်ပြီး အကျိတ်တွေ့ပြီ ဆိုပါစို့။ လူအတော်များများဟာ ဒီလိုအချိန်မှာ ကြောက်လန့်သွားကြပြီး ကင်ဆာလို့ တန်းမြင်ယောင်ကြပါလိမ့်မယ်။ တကယ်တော့ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေဟာ အမျိုးသမီးတွေမှာ အလွန်အဖြစ်များပါတယ်။ စစ်ဆေးကြည့်ပြီးရင်တော့ အမျိုးသမီးတွေမှာ တွေ့တတ်တဲ့ အကျိတ်တွေဟာ benign ဖြစ်တာများပါတယ်။ သူတို့ဟာ အသက်အန္တရာယ် မရှိပါဘူး။

ရိုးရိုးရင်သားအကျိတ်

Benign အကျိတ်တွေဟာ ဘာတွေလဲ။

Benign အကျိတ်တွေဟာ ရင်သားအတွင်းမှာ ဖြစ်ပေါ်တဲ့ ကင်ဆာ မဟုတ်တဲ့ အကျိတ်တွေပဲ ဖြစ်ပါတယ်။ ကင်ဆာ ကျိတ်တွေနဲ့ မတူတာက benign အကျိတ်တွေဟာ

ရင်သားကို ထိခိုက်ခြင်း မရှိသလို အခြားနေရာတွေကို ပြန့်ပွားခြင်းလည်း မရှိပါဘူး။ သုတေသနတွေအရ benign အကျိတ်တွေကို သုံးမျိုးခွဲခြားနိုင်ပါတယ်။

  • နောက်ပိုင်းမှာ အန္တရာယ် မရှိတဲ့ မပွားနိုင်တဲ့ ရောဂါများ
  • ကင်ဆာဖြစ်ပွားနှုန်း အနည်းငယ်မှ အလယ်အလတ်ထိ ရှိတဲ့ ပွားနိုင်တဲ့ ရောဂါများ
  • ကင်ဆာဖြစ်ပွားနှုန်း မြင့်မားတဲ့ atypical hyperplasia ရောဂါများ

Benign ရင်သားအကျိတ်တွေဟာ အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ ဖြစ်ပွားနိုင်ပါတယ်။ ရင်သားအကျိတ်တွေကို သေချာစွာ သိရှိဖို့အတွက် သင့်ဆရာဝန်တွေက စစ်ဆေးမှုတစ်ခု (သို့) အသားစ ယူဖို့ လိုအပ်ပါတယ်။ အသားစယူခြင်းဟာ ရောဂါအဖြေရှာဖို့ အတိကျဆုံး စစ်ဆေးမှု ဖြစ်ပါတယ်။ များသောအားဖြင့်တော့ benign အကျိတ်တွေမှာ အသားစယူခြင်းဟာ ကင်ဆာဖြစ်တယ်ဆိုတာကို ပြလေ့မရှိပါဘူး။ အချို့ benign အကျိတ်တွေဟာ နာကျင်မှုနဲ့ သက်တောင့်သက်သာ မရှိမှုတို့ကို ပြတတ်ပေမယ့် အများစုကတော့ လက္ခဏာပြသခြင်းမရှိပဲ ကုသဖို့လဲ မလိုအပ်ပါဘူး။

Benign အကျိတ်တွေဖြစ်စေတဲ့ အကြောင်းရင်းက ဘာလဲ။

Benign အကျိတ်ဟာ ဖြစ်စေတဲ့ အကြောင်းရင်းရယ်လို့ သပ်သပ်မရှိပါဘူး။ ကိုယ်ခန္ဓါမှာ ရှိတဲ့ ဆဲလ်တွေဟာ ပိုမိုတဲ့ နှုန်းနဲ့ ပွားလာရင် အကျိတ်တွေ ဖြစ်လာတတ်ပါတယ်။ ပုံမှန်ဆိုရင် ကိုယ်ခန္ဓါက ဆဲလ်ပွားနှုန်းနဲ့ ဖွံ့ဖြိုးနှုန်းကို ထိန်းညှိပေးပါတယ်။ ဆဲလ် အဟောင်းတွေ သေရင် ကိုယ်ခန္ဓါက ဆဲလ် အသစ်တွေနဲ့ လဲလှယ်ပေးပါတယ်။ ဒါပေမယ့် ဆဲလ်အဟောင်းတွေက မသေပဲနဲ့ ဆက်ကြီးလာရင်တော့ အကျိတ်ဖြစ်လာတတ်ပါတယ်။

Benign အကျိတ်တွေဖြစ်ခြင်းကို ဘယ်အရာက မြင့်တက်စေပါသလဲ။

သွေးဆုံးခြင်းအတွက် ဟော်မုန်းကုသမှု ယူတာ၊ ရင်သားကင်ဆာ (သို့) ရင်သားမှာ ရိုးရိုးအကျိတ် ဖြစ်တတ်တဲ့

မိသားစုရာဇဝင်ရှိတာနဲ့ အခြားလူမှုဘဝ နေထိုင်ပုံ အချက်များစွာဟာ ရင်သားအကျိတ်ဖြစ်ခြင်းကို မြင့်တက်စေပါတယ်။ သုတေသန တစ်ခုအရ ဆယ်ကျော်သက်အရွယ်တစ်လျှောက်မှာ စားခဲ့တဲ့ အစားအသောက်တွေဟာလည်း benign အကျိတ်ဖြစ်ပွားမှုကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။ ဥပမာ ဆယ်ကျော်သက်မှာ အရက်အလွန်အကျွံသောက်ခဲ့ရင် နောက်ပိုင်းမှာ ရင်သားကင်ဆာ ပိုဖြစ်နိုင်ပါတယ်။ ဒီလိုပဲ carotenoid တွေပါတဲ့ အစာတွေဖြစ်တဲ့ melons၊ ဥနီ၊ ကန်စွန်းဥ၊ သစ်သီးဖျော်ရည်၊ သစ်စေ့တွေနဲ့ ပဲတွေဟာ ရင်သား အကျိတ်ဖြစ်နှုန်းကို လျှော့ချပေးပါတယ်။

ခုံပြောရရင် သင့်ရင်သားမှာ အကျိတ်တွေ့တယ် ဆိုရင် ဆရာဝန်နဲ့ တတ်နိုင်သမျှ စောစော ပြသသင့်ပါတယ်။ ရင်သားမှာ ပြောင်းလဲမှု အတော်များများကို လက္ခဏာ အနေနဲ့ မတွေ့ရပဲ mammogram ရိုက်ကြည့်မှ တွေ့လာတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ သင့် ရောဂါလက္ခဏာ (သို့) mammogram အဖြေတွေက ရင်သားမှာ ပြဿနာဖြစ်နေပြီဆိုရင် သင့်ဆရာဝန်က ဒီအကျိတ်ဟာ ဘာလဲဆိုတာ ဆက်လက်သိရှိဖို့ ဆောင်ရွက်ပါလိမ့်မယ်။ ရင်သားကို သေချာ စစ်ဆေးခြင်းကသာ ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းများသလား၊ ဒါမှမဟုတ် benign အကျိတ်လားဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။