လေဒီလေးတွေ ကျန်းမာပျော်ရွှင်စွာနဲ့ နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်စေဖို့ဆိုရင် မဖြစ်မနေကျန်းမာအောင် ဂရုစိုက်ပေးရမယ့် အစိတ်အပိုင်းလေး တစ်ခုရှိပါတယ်။ ဒါကတော့ ဆီးစွန့်တာ၊ ရာသီသွေးဆင်းတာနဲ့ မျိုးပွားမှုလုပ်ငန်းတွေကို တာဝန်ယူ လုပ်ဆောင်ပေးနေတဲ့ မိန်းမကိုယ်လေးပါ။ ဒီမိန်းမကိုယ်လေးမှာ ပိုးဝင်တာ၊ ခြောက်သွေ့တာ၊ ရောင်ရမ်းတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတဲ့အခါ အနံ့ဆိုး ထွက်တာ အပါအဝင် နေရထိုင်ရခက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မိန်းမကိုယ် ရောင်ရမ်းတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း ပြောပြပေးချင်ပါတယ်။
မိန်းမကိုယ်ရောင်ရမ်းတယ် ဆိုတာ
မိန်းမကိုယ် ရောင်ရမ်းတယ် ဆိုတာက မိန်းမကိုယ် နံရံတွေက ပိုးဝင်ကူးစက်တာကြောင့်ဖြစ်ဖြစ် ဓာတ်မတည့်တာကြောင့်ဖြစ်ဖြစ် ရောင်ရမ်းတဲ့ အခြေအနေ တစ်ရပ်ပါ။ ဒီလို မိန်းမကိုယ် ရောင်ရမ်းတာကို အမျိုးသမီးတိုင်း အသက်အရွယ်မရွေး ခံစားရနိုင်ပြီး မျိုးပွားနိုင်တဲ့ အသက်အရွယ်အပိုင်းအခြား အမျီုးသမီးတွေမှာ အဖြစ်များပါတယ်။
ဘက်တီးရီးယားတွေ နဲ့ မှိုပိုးကူးစက်မှုတွေကြောင့် မိန်းမကိုယ်ရောင်ရမ်းနိုင်ပါတယ်။ ဓာတ်မတည့်မှု တစ်ရပ်ရပ်ကြောင့် ဖြစ်နိုင်သလို ဓာတုပစ္စည်းတွေ နဲ့ အီစထရိုဂျင် ဟော်မုန်းနည်းတာ၊ ဆေးဝါးတွေ နဲ့ သွေးဆုံးခါနီးတာလိုမျိုး အခြေအနေတွေကြောင့်လည်း မိန်းမကိုယ် ရောင်ရမ်းနိုင်ပါတယ်။
မိန်းမကိုယ် ရောင်ရမ်းနေပြီလား
မိန်းမကိုယ် ရောင်ရမ်းပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
- အဖြူဆင်းသလိုမျိုး ပုံမှန် မဟုတ်တဲ့ အကျိအချွဲတွေ ဆင်းမယ်
- အနံ့ဆိုး ထွက်မယ်
- စပ်ဖျဉ်းဖျဉ်း ဖြစ်မယ်
- ယားယံမယ်
- ပူလောင်မယ် စတာတွေကို ခံစားရမယ်။
မိန်းမကိုယ် ရောင်ရမ်းတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

မိန်းမကိုယ် ရောင်ရမ်းတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ ကတော့
မိန်းမကိုယ် ရောင်ရမ်းနေတာကို သက်သာစေဖို့ဆိုရင် probiotics ပါတာတွေ စားပေးလို့ ရပါတယ်။ Probiotics က အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပြီး ခန္ဓာကိုယ်မှာ ဝင်ရောက်ကူးစက်တဲ့ ပိုးတွေကို တိုက်ထုတ်ပေးသလို ကိုယ်တွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေကို တိုးပွားစေပါတယ်။
ဒါကြောင့် မိန်းမကိုယ် ပိုးဝင်တာကို သက်သာစေဖို့ဆိုရင် ဒိန်ချဉ်၊ ကင်မ်ချီ၊ ကီဖာတို့လိုမျိုး အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်နေတဲ့ အစားအစာတွေကို စားပေးလို့ ရပါတယ်။
ကြက်သွန်ဖြူ စားပေးတာက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး မိန်းမကိုယ် ပိုးဝင်ကူးစက်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ် ရောင်ရမ်းနေပြီဆိုရင် ကြက်သွန်ဖြူ စားပေးတာကလည်း နည်းလမ်းကောင်းတစ်ရပ်ပါ။
မိန်းမကိုယ် ရောင်ရမ်းနေပြီဆိုရင် ရေနွေးနွေးနဲ့ ဆားကို ရောဖျော်ပြီး မိန်းမကိုယ်ကို ဆေးကြောသန့်စင်ပေးတာကလည်း မိန်းမကိုယ် ရောင်ရမ်းတာကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ အပြင်ပိုင်းကိုပဲ ဆေးကြောပေးရင် ရပါပြီ။
ပန်းသီးရှာလကာရည်က ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး မိန်းမကိုယ်ရဲ့ pH ကို ထိန်းညှိပေးနိုင်သလို မိန်းမကိုယ်ရောင်ရမ်းတာကို သက်သာစေနိုင်ပါသေးတယ်။ ဒါကြောင့် မိန်းမကိုယ် ရောင်ရမ်းနေပြီဆိုရင် ပန်းသီးရှာလကာရည် သောက်ပေးလို့ ရပါတယ်။ မသောက်ခင် အညွှန်းကို သေချာဖတ်ပါ။ ရင်ပူတတ်ပါတယ်။
မိန်းမကိုယ်ရောင်ရမ်းတာကို သက်သာစေမယ့် နောက်ထပ် နည်းလမ်း တစ်ရပ်က ရေခဲဝတ် ကပ်ပေးတာပါ။ မိန်းမကိုယ်ကို ရေအေးဝတ်ကပ်ပေးတာ ရေခဲဝတ်ကပ်ပေးတာက မိန်းမကိုယ်ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။
ဒီအချက်တွေအပြင် မိန်းမကိုယ်ရောင်ရမ်းတာကို သက်သာစေဖို့ လိုက်နာပေးရမယ့် အခြား အချက်တွေလည်း ရှိပါသေးတယ်။ ဒါတွေကတော့
- သကြားနဲ့ အချိုစာတွေ ရှောင်ပါ
- တစေးပါတဲ့ ပေါင်မုန့်စားပါ
- ချိစ် မစားပါနဲ့
- ချိုလွန်းတဲ့ သစ်သီးတွေ မစားပါနဲ့
- အယ်လ်ကိုဟော် မသောက်ပါနဲ့
- အသီးအရွက် များများစားပါ
- ထမင်း နဲ့ ဂျုံ များများ စားပါ။
ရက်အနည်းငယ်ကြာတာတောင် မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြပြီး သေချာကုသမှုခံယူပါ။
မိန်းမကိုယ် ရောင်ရမ်းပြီဆိုရင်
အခုလို လက္ခဏာတွေ ခံစားနေရပြီဆိုရင် မိန်းမကိုယ် ရောင်ရမ်းနေတာပါ။
- အဖြူဆင်းသလိုမျိုး ပုံမှန် မဟုတ်တဲ့ အကျိအချွဲတွေ ဆင်းမယ်
- အနံ့ဆိုး ထွက်မယ်
- စပ်ဖျဉ်းဖျဉ်း ဖြစ်မယ်
- ယားယံမယ်
- ပူလောင်မယ် စတာတွေကို ခံစားရမယ်။