သားအိမ်အောက်ပိုင်းအဆုံးဘက်၊ မွေးလမ်းကြောင်းနဲ့ ဆက်သွယ်ထားတဲ့ သားအိမ်ခေါင်းလို့ခေါ်တဲ့ အပိုင်းရောင်ရမ်းခြင်းဖြစ်တယ်။ သားအိမ်ခေါင်းရောင်နေလျက် ဘာလက္ခဏာမှမပြတာဖြစ်နိုင်ပါတယ်။ သတိပြုနိုင်တဲ့ လက္ခဏာတွေကတော့ ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ အကျိအချွဲ အရည်များဆင်းခြင်း တို့ဖြစ်တယ်။ သားအိမ်ခေါင်းရောင်ခြင်းက အဖြစ်များပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး ရောဂါပိုးဝင်ခြင်း၊ ဓါတုပစ္စည်း၊ ရုပ်ပိုင်းဆိုင်ရာ အနှောင့်အယှက်တွေနဲ့ ဓါတ်မတည့်ခြင်းတွေကြောင့်လည်းဖြစ်နိုင်တယ်။ တခါတလေတော့ Chlamydia, gonorrhea တို့လို လိင်ဆက်ဆံမှုကနေ ကူးစက်တတတ်တဲ့ ကူးစက်ရောဂါတွေကြောင့်လည်းဖြစ်လာနိုင်ပါတယ်။ ရောဂါပိုးမဝင်ဘဲလည်းဖြစ်နိုင်ပြီး ကုသမှုတွေကတော့ ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းကို ကုသရပါတယ။်
ဒါကြောင့် သားအိမ်ခေါင်းရောင်ရမ်းရခြင်းရဲ့ အကြောင်းအရင်းကို သိရဖို့က အရမ်းအရေးကြီးတယ်ဆိုတာ သတိပြုမိလောက်ပါပြီ၊ ရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်ရတယ်ဆိုရင် သားအိမ်ခေါင်းအပြင် တခြားသော သားအိမ်၊ သားဥပြွန်နဲ့ ဆီးခုံရိုးထဲမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းများ၊ ဝမ်းဗိုက်ထဲမှာရှိထဲ အင်္ဂါများပါ ပျံ့သွားနိုင်ပြီး အသက်အန္တရာယ်ထိခိုက်လာနိုင်ပါတယ်။ ထိုအခါမှာဆိုရင် မျိုးပွားနိုင်စွမ်း၊ ကိုယ်ဝန်ဆောင်နိုင်စွမ်းတွေကို ထိခိုက်လာနိုင်တယ်။ ဒါမှမဟုတ် ကိုယ်ဝန်ရှိနေပြီးဖြစ်ရင်တော့ ကလေးကိုထိခိုက်သွားနိုင်ပါတယ်။
ဖြစ်လေ့ရှိပြီး အမေရိကန်လူမျိုးတွေရဲ့ ၁၀ မှ ၂၀ ရာခိုင်နှုန်းမှာတော့ အသည်းအဆီဖုံးလေ့ရှိကြပြီး ရောင်ရမ်းခြင်းတော့မရှိပါဘူး။ အသေးစိတ်အချက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။
များသောအားဖြင့်တော့ သားအိမ်ခေါင်းရောင်ရမ်းခြင်းဟာ လက္ခဏာမပြတတ်ဘဲ သားအိမ်ခေါင်းအချွဲစစ်ခြင်း၊ အသားစစ်ခြင်းနဲ့သာသိသွားနိုင်ပါတယ်။ တကယ်လို့ လက္ခဏာတွေရှိမယ်ဆိုရင်တော့ အောက်ပါတို့ဖြစ်နိုင်ပါတယ်။ –
ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။
တချို့သောအကြောင်းအရင်းတွေကြောင့် ထိုကဲ့သို့ သားအိမ်ခေါင်းရောင်ရပါတယ်။
ပြင်းထန်သောအခြေအနေတွေကတော့ လိင်ဆက်ဆံစဉ်မှာ ရောဂါပိုးကူးခြင်းကြောင့်ဖြစ်နိုင်တယ်။
ကာမဆက်ဆံခြင်းမှကူးနိုင်သော ရောဂါတွေကတော့ –
ဒါပေမယ့် သားအိမ်ခေါင်းရောင်တဲ့ အမျိုးသမီးတိုင်းမှာ ထိုရောဂါပိုးတွေမရှိပါဘူး။ တခြားအကြောင်းအရင်းတွေကတော့ –
ကွန်ဒုံးမှရာဘာ၊ သို့ အခြားသော ကာမဆက်ဆံစဉ် အသုံးပြုနိုင်တဲ့ ပစည်းများရှိ ဓါတ်ပစ္စည်းများနဲ့ ဓါတ်မတည့်ခြင်း
သန္ဓြေတားပစ္စည်းကြောင့်ထိခိုက်ခြင်း၊ လစဉ်သုံးပစ္စည်းများမှ ပွန်းရှိခြင်း။
ဘတ်တီးရီးယားမမျှတခြင်း – မွေးလမ်းကြောင်းထဲမှာရှိတဲ့ ပုံမှန်ဘေးမရှိသောဘတ်တီးရီးယားများထက် ရောဂါဖြစ်စေသော ဘတ်တီးရီးယားများပိုများသွားခြင်း။ ဘတ်တီးရီးယားကြောင့် မွေးလမ်းကြောင်းရောင်ခြင်း လို့ခေါ်ပါတယ်။
progesterone ဟော်မုန်းများခြင်းကြောင့်လည်း သားအိမ်ခေါင်းတစ်သျူးများထိခိုက်နိုင်ပါတယ်။
ကင်ဆာ သို့ ကင်ဆာကုသခြင်းများ – ရှားပါးပေမယ့် ကင်ဆာအတွက် ဓါတ်ကင်ကုသခြင်းတွေကြောင့် သားအိမ်ခေါင်းကိုထိခိုက်ပြီး သားအိမ်ခေါင်းရောင်စေနိုင်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သင့်မှာရောဂါရှိနေပြီလို့ ဆရာဝန်ကသံသယရှိတယ်ဆိုရင်တော့ အောက်ပါစစ်ဆေးမှုများလုပ်ပါလိမ့်မယ် –
လိင်လမ်းကြောင်းမှကူးစက်သော ရောဂါများကြောင့်ဖြစ်သည့် သားအိမ်ခေါင်းရောင်ခြင်းမဟုတ်ပါက ကုသစရာသိပ်မလိုပါဘူး။ တကယ်လို့ထိုရောဂါတွေကြောင့်ဖြစ်တယ်ဆိုရင်တော့ သင်ရော၊ သင့်ပါတနာပါ ကုသမှုခံယူရပါမယ်။
ဆေးဝါးတွေနဲ့ အရောင်ကျအောင်လုပ်နိုင်တယ်။
Gonorrhea နဲ့ chlamydia ပိုးတွေအတွက် ထပ်တလဲလဲစစ်ဆေးခြင်းလုပ်ဖို့ ဆရာဝန်က အကြံပေးပါလိမ့်မယ်။
ပါတနာကိုပိုးမကူးဖို့အတွက် သင်ကုသမှုမပြီးမချင်း ကာမဆက်ဆံမှုထိန်းချုပ်ထားသင့်ပါတယ်။
ရောဂါဖြစ်နိုင်ချေလျှော့ဖို့အတွက် နည်းတွေကတော့ –
တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ