လိင်ဆက်ဆံမှု မရှိရင် မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်း မဖြစ်နိုင်ဘူးလို့ လူအတော်များများက ယုံကြည်ကြပါတယ်။ ဒါဟာ မှန်ကန်ပါသလား။ ဒီဆောင်းပါးမှာတော့ လိင်မဆက်ဆံပဲ မိန်းမကိုယ်ကူးစက်ရောဂါဖြစ်ပွားနိုင်သလားဆိုတဲ့ အချက်အလက်တွေကို ဖေါ်ပြသွားမှာဖြစ်ပါတယ်။
လိင်ဆက်ဆံမှု မရှိရင် မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်း မဖြစ်နိုင်ဘူးလို့ လူအတော်များများက ယုံကြည်ကြပါတယ်။ ဒါဟာ မှန်ကန်ပါသလား။ ဒီဆောင်းပါးမှာတော့ လိင်မဆက်ဆံပဲ မိန်းမကိုယ်ကူးစက်ရောဂါဖြစ်ပွားနိုင်သလားဆိုတဲ့ အချက်အလက်တွေကို ဖေါ်ပြသွားမှာဖြစ်ပါတယ်။

မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်းရဲ့ လက္ခဏာ အများစုကတော့ မိန်းမကိုယ် တစ်ဝိုက်မှာ ယားယံခြင်း၊ ပူလောင်ခြင်း၊ နာကျင်ခြင်းနဲ့ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းခြင်း တွေပဲ ဖြစ်ပါတယ်။ သင်ဟာ လိင်ဆက်ဆံမှုများပြီး မကြာသေးမီက လူတစ်ယောက်ယောက်နဲ့ လိင်ဆက်ဆံခဲ့ပြီး အထက်ဖေါ်ပြပါ လက္ခဏာတွေကို ကြုံတွေ့နေရပြီဆိုရင် သင့်မှာ လိင်မှ တစ်ဆင့် ကူးစက်ရောဂါဖြစ်ပွားနေဖို့ များပါတယ်။
မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်းဟာ လိင်မှုဆိုင်ရာ ပတ်သက်မှု များသူတွေမှာ မက လိင်မဆက်ဆံတဲ့သူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ အထက်ဖေါ်ပြပါ လက္ခဏာတွေ ရှိနေပြီဆိုရင် မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်း၊ လိင်မှတစ်ဆင့်ကူးစက်ရောဂါ ဖြစ်ပွားခြင်းတွေ ဖြစ်ဖို့ ရာခိုင်နှုန်း အလွန်များပါတယ်။ ဒါကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်ခင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။
Bacterial vaginosis ဟာ မိန်းမကိုယ်အတွင်း ဘက်တီးရီးယားတစ်မျိုး အပွားလွန်မှုကြောင့် ဖြစ်ပွားပါတယ်။ လက္ခဏာတွေကတော့ မိန်းမကိုယ်အတွင်း ငါးညှီနံ့နံခြင်း၊ ပုံမှန်ထက်ပိုပြီး မိန်းမကိုယ်အတွင်း အရည်များခြင်းနဲ့ မိန်းမကိုယ် ပတ်လည်တွင် ယားယံခြင်းတို့ပဲဖြစ်ပါတယ်။ ဒီရောဂါဟာ လိင်ဆက်ဆံတဲ့သူတွေမှာရော၊ လိင်မဆက်ဆံတဲ့သူတွေမှာပါ ဖြစ်ပွားနိုင်ပါတယ်။
မှိုရောဂါပိုး – သူဟာမှိုတစ်မျိုး မိန်းမကိုယ်အတွင်းမှာ အပွားလွန်ခြင်းကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။ လက္ခဏာတွေကတော့ မိန်းမကိုယ် (သို့) vulva တစ်ပတ်လည်မှာ ပူလောင်၊ နီရဲ၊ ရောင်ရမ်းခြင်း၊ လိင်ဆက်ဆံစဉ် (သို့) ဆီးသွားစဉ် နာကျင်ခြင်း၊ မိန်းမကိုယ်မှ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းခြင်း၊ အနီရောင်အကွက် မိန်းမကိုယ်အပြင်မှာ တွေ့ရခြင်းတို့ပဲဖြစ်ပါတယ်။
သင့်မှာ မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်းရှိနေပြီလို့ထင်ရင် ဆရာဝန်ကို ချက်ချင်း ပြသသင့်ပြီး ထပ်မံစစ်ဆေးမှုတွေ ကုသမှုတွေ ယူသင့်ပါတယ်။ အချိန်ပိုကြာကြာစောင့်လေလေ မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်းဟာ ပိုဆိုးလေလေ ဖြစ်လာမှာပါ။