brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မိန်းမကိုယ်ကျန်းမာရေးအတွက် အရေးပါတဲ့ အကျိုးပြုဘက်တီးရီးယား အာဟာရဓာတ်

မိန်းကလေးတစ်ယောက် စမတ်ကျကျလှပဖို့ဆိုရင် လှအောင်ပြင်တတ်ရုံနဲ့မပြီးပါဘူး။ တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့လိုသလို စမတ်ကျကျဝတ်စားတတ်ပြီး အနံ့အသက်ဆိုးတွေ ကင်းစင်ဖို့လည်း လိုအပ်မှာပါ။ အထူးသဖြင့်တော့ မိန်းမကိုယ်က ရောဂါကင်းစင်ပြီး ကျန်းမာဖို့ လိုပါတယ်၊၊ ကျန်းမာတဲ့ လေဒီလေးဖြစ်ဖို့ဆိုရင် အခုပြောပြမယ့် အကျိုးပြုဘက်တီးရီးယား အာဟာရဓာတ် လေးက အသုံးဝင်မှာပါ။

မိန်းမကိုယ်ကျန်းမာရေးအတွက် အရေးပါတဲ့ အကျိုးပြုဘက်တီးရီးယား အာဟာရဓာတ်

အကျိုးပြုဘက်တီးရီးယား

ဘက်တီးရီးယားဆိုတာနဲ့ ခန္ဓာကိုယ်အတွက် မကောင်းတာဘဲ ဖြစ်စေတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေးနိုင်တဲ့ အကျိုးပြုစေနိုင်တဲ့ ဘက်တီးရီးယားတွေလည်းရှိပါတယ်။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှာလည်း အကျိုးပြုဘက်တီးရီးယားလေးတွေရှိပါတယ်။ ဒီဘက်တီးရီးယားလေးတွေက မိန်းမကိုယ်ထဲကို တခြားသော အန္တရာယ်ရှိတဲ့ ပိုးမွှားတွေမဝင်ရောက်အောင်၊ မိန်းမကိုယ်ကျန်းမာသန့်ရှင်းနေအောင် ထိန်းသိမ်းပေးပါတယ်။

Vaginal Prebiotics (မိန်းမကိုယ် အကျိုးပြုဘက်တီးရီးယား အာဟာရဓာတ်) ဆိုတာ

နားလည်လွယ်အောင်ပြောပြရရင် Vaginal Prebiotic ဆိုတာက အကျိုးပြုဘက်တီးရီးယားတွေအတွက် အစာအာဟာရတစ်မျိုးပါ။ မိန်းမကိုယ်ကို အနံအသက်ဆိုးစေတဲ့ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကိုပေါက်ဖွားစေနိုင်တဲ့ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးဖို့ ကောင်းကျိုးပြုဘက်တီးရီးယားတွေအတွက် အထောက်အကူပြုပေးပါတယ်။

မိန်းမကိုယ်ရဲ့ လုပ်ငန်းစဉ်

မိန်းမကိုယ်ရဲ့ လုပ်ငန်းစဉ်အနေနဲ့ သန့်စင်ပြီး အနံ့အသက်တွေ ကင်းဝေးနေအောင် ဒီအကျိုးပြုဘက်တီးရီးယားတွေက အက်ဆစ်ထုတ်လုပ်ပြီး ပြင်ပက ပိုးမွှားတွေ မဝင်လာအောင်တားမြစ်ပါတယ်။ ဒီအကျိုးပြုဘက်တီးရီးယားတွေ ဆက်လက်ရှင်သန်နေဖို့အတွက် မိန်းမကိုယ်မှာ သူတို့အတွက် အာဟာရဓာတ်ရှိနေဖို့ လိုအပ်ပါတယ်။

အကျိုးပြုဘက်တီးရီးယား အာဟာရဓာတ် ရဲ့ အသုံးဝင်ပုံ

ဒီလို မိန်းမကိုယ်လေး ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝနေစေဖို့ လုပ်ဆောင်လို့ရတဲ့နည်လမ်းတွေမှာ ဆေးသောက်တာ၊ မိန်းမကိုယ်မှာ လိမ်းရတဲ့ဂျယ်လ် ဒါမှမဟုတ် မိန်းမကိုယ်ဆေးရည်အသုံးပြုပေးလို့ ရပါတယ်၊၊ ဒီလိုအသုံးပြုပေးတာက မိန်းမကိုယ်ခြောက်သွေ့ယားယံတာ၊ မှိုစွဲတာ နဲ့ မိန်းကိုယ်က အနံ့အသက်ဆိုးတွေထွက်တာအပြင် အခြားသောပြဿနာတွေကို ကင်းဝေးစေမှာပါ။

Vaginal Prebiotic ကို ဘယ်လိုအချိန်မှာ အသုံးပြုမလဲ

မိန်းမကိုယ်မှာ ရောဂါတွေ ကူးစက်ဖြစ်ပွားမှု မကြာခဏဖြစ်ပွားနေတာကို ထိထိရောက်ရောက်တိုက်ဖျက်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုက Vaginal Prebiotic အသုံးပြုတာပါ။ တကယ်လို့ သင့်အနေနဲ့ မကြာခဏဆိုသလို မိန်းမကိုယ်မှိုစွဲတာ၊ အနံ့အသက်ဆိုးတွေဖြစ်တာ၊ခြောက်သွေ့ယားယံတာမျိုးတွေခံစားနေရမယ်ဆိုရင်တော့ Vaginal Prebiotic ကိုအသုံးပြုပေးဖို့ လိုအပ်နေပါပြီ။

သင့်အနေနဲ့ အောက်ပါအခြေအနေတစ်ရပ်ရပ်နဲ့တိုက်ဆိုင်နေခဲ့မယ်ဆိုရင်လည်း Vaginal Prebiotic သုံးဖို့လိုအပ်တယ်လို့ ပြောလို့ရပါတယ်။­

Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 06/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။