brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို နည်းလမ်းမှန်မှန် ဘယ်လိုသုံးကြမလဲ ။ ။

မိန်းကလေး တစ်ယောက်အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတာ ရေမှန်မှန်ချိုးပြီး ဆပ်ပြာ ကောင်းကောင်းသုံးရုံနဲ့ မပြီးပါဘူး။ မိန်းကလေးတွေကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ မိန်းမကိုယ်သန့်ရှင်းရေးကလည်း အရေးပါပါသေးတယ်။

မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို နည်းလမ်းမှန်မှန် ဘယ်လိုသုံးကြမလဲ ။ ။

မိန်းမကိုယ်ဆိုတာလည်း အခန့်မသင့်ရင် ပိုးတွေ အချိန်မရွေးဝင်သွားနိုင်တဲ့ နေရာတစ်ခုဖြစ်တာကြောင့် အနံဆိုးထွက်နေတာ၊ မှိုပိုးဝင်တာတွေ၊ ယားယံတာတွေဖြစ်နေရင် ဘယ်မှာသွားပြီး စိတ်ချမ်းသာစရာကောင်းတော့မလဲ။

ဒါဆိုရောဂါပိုးဝင်တာ ဘယ်လိုသိနိုင်မလဲ

အဖြူဆင်းတယ်ဆိုတိုင်းရောဂါပိုးဝင်တာမဟုတ်ပေမယ့် အနံ့ဆိုးထွက်နေရင်တော့ရောဂါပိုးဝင်တာဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်မှာ ယားယံတာ၊ နီရဲလာတာ၊ အနာဖြစ်လာတာဆိုရင်တော့ မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုစိုက်ဖို့လိုတဲ့အပြင် ဆရာဝန်ပါပြသင့်နေပြီဖြစ်ပါတယ်။

မိန်းမကိုယ်သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်မလဲ

နေ့တိုင်းရေချိုးတိုင်းဆပ်ပြာတိုက်နေတာပဲ ရေချိုးဆပ်ပြာနဲ့ မိန်းမကိုယ်ကိုပါဆေးကြောသန့်စင်လိုက်ရင် ပြီးတာပဲလို့မတွေးလိုက်ပါနဲ့။ ဆပ်ပြာရဲ့ အက်ဆစ်ပြင်းအားက များပါတယ်။ ဒါကြောင့် နုနယ်တဲ့ မိန်းမကိုယ်အတွက် ထိခိုက်မှုမရှိအောင် အထူးထုတ်လုပ်ထားတဲ့ အမျိုးသမီးသန့်စင်ဆေးရည် တွေ သုံးပေးရမှာပါ။

မိန်းမကိုယ်သန့်စင်ဆေးရည်တွေ သုံးခြင်းအားဖြင့်

  • အနံ့ဆိုး ေတွလည်း ပျောက်စေမယ်
  • ပြင်ပက ဘက်တီးရီးယားတွေ မိန်းမကိုယ်ထဲ မဝင်အောင်လည်း တားဆီးပေးနိုင်မယ်။
  • ရာသီလာချိန် ရောဂါပိုးဝင်ခြင်းနဲ့ အနံ့ဆိုးထွက်ခြင်းကို လည်း တားဆီးပေးတယ်။
  • မိန်းမကိုယ် ယားယံခြင်းကိုလည်း မဖြစ်စေပါဘူး။

နေ့စဉ်သုံးအတွက်ကိုပဲ အမြှုပ်ပုံစံနဲ့ အရည်ပုံစံ နှစ်မျိုးရှိတဲ့အတွက် သုံးရလွယ်ကူပြီး အဆင်ပြေစေပါတယ်။

ဒါဆို မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို နည်းလမ်းမှန်မှန် ဘယ်လိုသုံးကြမလဲ ။ ။

မသုံးခင် စဝယ်တဲ့အပိုင်းက အရေးကြီးတာပါ။

  • မိန်းမကိုယ်သန့်စင်ဆေးရည်တစ်ခုဆိုတာ မွှေးတဲ့ အနံ့တွေပါရမယ်ဆိုပေမယ့် ပြင်းလွန်းတဲ့ အနံ့တွေ ဖြစ်နေလို့တော့ မရပါဘူး။ သဘာဝပန်းအနံ့လိုဟာမျိုးကို ရွေးချယ်ဝယ်ယူရမယ်။
  • pH ပြင်းအားကလည်း မိန်းမကိုယ်ရဲ့ သဘာဝအတိုင်းရှိတဲ့ pH ပမာဏအတိုင်းဖြစ်ရပါမယ်။
  • ခြောက်သွေ့ယားယံတာမရှိဘဲ အစိုဓါတ်ကိုထိန်းပေးရမယ့်အပြင်
  • အကျိုးပြုဘက်တီးရီးယားတွေရှင်သန်မှုကိုထောက်ကူပေးတဲ့ prebiotics ပါဝင်တဲ့ Feminine Wash ကိုပဲရွေးချယ်ဝယ်ပြီး သုံးသင့်ပါတယ်။ ။

ဝယ်ပြီးပြီဆိုတော့ နည်းလမ်းမှန်နဲ့ အသုံးပြုဖို့ ပဲလိုပါတော့တယ်။ ။

  • သန့်စင်ဆေးရည်ဆိုတော့ များများသုံးလေ ပိုသန့်စင်လေလေ မဟုတ်ပါဘူး။ မိန်းမကိုယ်မှာလည်း အကျိုးြ့ပု ဘက်တီးရီးယားတွေ ရှိသေးတာကြောင့် သန့်စင်ဆေးရည်အကြိမ်များများသုံးမိရင် အကျိုးပြု ဘက်တီးရီးယားတွေကိုပါ သေစေနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ နှစ်ကြိမ်လောက်သုံးပေးရင် ရပါပြီ။
  • သန့်စင်ဆေးရည်ကို လက်ထဲထည့်ပြီး စိုစွတ်နေတဲ့ မိန်းမကိုယ်နားတစ်ဝိုက်ကို ပွတ်ပြီးသန့်ရှင်းပေးရပါမယ်။ ဆေးရည်ထည့်ထားတဲ့လက်က သန့်နေဖို့တော့လိုတာပေါ့။
  • သုံးပြီးတာနဲ့ ပြန်စင်သွားအောင် ရေသန့်နဲ့သေချာဆေးကြောပေးရပါမယ်။
  • အပြင်က ဖုန်တွေ ဝင်နိုင်တာကြောင့် သုံးပြီးသား ဆေးရည်ဘူး အဖုံးကိုသေချာပိတ်ခဲ့ဖို့လည်း မမေ့ပါနဲ့။
  • စိုစွတ်နေတဲ့ မိန်းမကိုယ်ကို တဘက်သန့်သန့် ( ဒါမှမဟုတ်) တစ်သျှူးနဲ့ခြောက်သွေ့အောင်ပြန်သုတ်ပေးပါ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thin Yadanar @ Frances · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။