backup og meta

သင့်ယောနိ ပြန်လည်ကျဉ်းမြောင်းစေဖို့ ရိုးရှင်းတဲ့ လေ့ကျင်းခန်း ၃ မျိုး

တောင့်တင်းပြီး ကျစ်လစ်တဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်ရခြင်းက အမျိုးသမီးတွေကို သက်တောင့်သက်သာနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစေပါတယ်။ ခန္ဓါကိုယ်လို့ဆိုတဲ့အထဲမှာ ယောနိလဲ အပါအဝင်ပါ။

သင့်ယောနိ ပြန်လည်ကျဉ်းမြောင်းစေဖို့ ရိုးရှင်းတဲ့ လေ့ကျင်းခန်း ၃ မျိုး

ခုအောက်မှာဖော်ပြမယ့် ဆောင်းပါးက သင့်ယောနိကို ဆရာဝန်တွေရဲ့ ကုသမှုတွေ၊ ခွဲစိတ်မှုတွေမလိုပဲ သဘာဝအတိုင်း တင်းကျပ်စေမယ့် အချက်အလက်ကို ပေးပါလိမ့်မယ်။

ယောနိလျော့ရဲသွားတာ ဘာကြောင့်လဲ။

လူတွေတွေးနေတာနဲ့ ကောလဟာလတွေကို ယှဉ်ကြည့်လိုက်တဲ့အခါ ယောနိလျော့ရဲတာဟာ ချစ်တင်းနှောတာနဲ့ ပတ်သက်မှု မရှိတာ တွေ့ရပါတယ်။ ဆိုလိုတာက အကြိမ်ရေများစွာ ချစ်တင်းနှောတာက သင့်ယောနိရဲ့ ပုံစံနဲ့ အကျယ်ကို မပြောင်းလဲသွားစေပါဘူး။ အဲ့တော့ ဘယ်လောက်ပဲ ချစ်တင်းနှောပါစေ၊ ဒါမှမဟုတ် သင့်အဖော်ရဲ့ ကိုယ်ပိုင်ပစ္စည်းက ဘယ်လောက်ပဲ ကြီးပါစေ၊ ဒါက ကျယ်စေတဲ့ အကြောင်းအရင်းမဟုတ်ပါဘူး။

ယောနိလျော့ရဲတာက (ကျုံ့နိုင်ဆန့်နိုင်မှု ဆုံးရှုံးတာ) အကြောင်းရင်းတော်တော်များများကြောင့် ဖြစ်တတ်ပါတယ်။ ဥပမာ ကလေးမီးဖွားခြင်း၊ သွေးဆုံးခြင်း၊ သို့မဟုတ် ခန္ဓါကိုယ်ရဲ့ သဘာဝအရ အသက်ကြီးလာခြင်း တို့ဖြစ်ပါတယ်။

သဘာဝ အစားအသောက်ပုံစံ

သင် အံ့သြမယ်ဆိုပေမယ့်လဲ ဒါအမှန်ပါ။ သဘာဝ အစားအသောက်ပုံစံက သင့်ယောနိကို တင်းကျပ်ဖို့ ကူညီနိုင်မှာပါ။ အရည်၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက် ခပ်များများနဲ့ ညီမျှတဲ့ အစားအသောက်လို အဟာရတွေကတဆင့်၊ pelvic floor ( တင်ပါးဆုံမှာ ကပ်နေတဲ့ ဝမ်းဗိုက်အခြေ ကြွက်သားအခြေထု) ကို တောင့်တင်းစေနိုင်မှာပါ။ ဘာလို့လဲဆိုတော့ ပြန်လည်ကောင်းမွန်ဖို့နဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ထိန်းနိုင်ဖို့ အဟာရနဲ့ ဗီတာမင် အတော်များများ လိုအပ်လို့ပါပဲ။

သင့်အစားအသောက်ပုံစံကို အမျိုးသမီးဟော်မုန်းဓါတ် ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ပဲနံ့သာပင်၊ နှမ်းစေ့၊ သလဲသီး၊ ပဲပိစပ်တို့နဲ့ အဲ့ကထွက်တဲ့ အစားအသောက်တွေ၊ အမျှင်တွေ၊ မုန်လာဥနီ၊ ဂျုံ၊ ဘယ်ရီသီးတွေ၊ ပန်းသီးတွေ စတဲ့ အမျိုးအစားတွေနဲ့ ပေါင်းစပ် တည်ဆောက်သင့်ပါတယ်။ ထပ်ပြောရရင် ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေအပြင် တိရစ္ဆာန်ကရတဲ့ အသားဓါတ်နဲ့ ဂျုံတို့ကိုလည်း ကောင်းမွန်တဲ့ အစားအသောက်ပုံစံအတွက် စားသုံးဖို့ လိုအပ်တယ်ဆိုတာ စိတ်ထဲထည့်ထားရပါမယ်။

Kegel လေ့ကျင့်ခန်း

ဒီလေ့ကျင့်ခန်းက သင့်ယောနိ တင်းကျပ်ဖို့ ကူညီပေးတဲ့နေရာမှာ အကျိုးသက်ရောက်မှုရှိတာ သက်သေပြပြီးသားပါ။

ဒီလေ့ကျင့်ခန်းရဲ့ ပထမအဆင့်က မှန်ကန်တဲ့ ကြွက်သားတွေကို နေရာသိမှတ်ရတာပါ။ ဆီးသွားနေစဉ်မှာ ဆီးသွားတာကို ဟန့်တားစေတဲ့ သင့်တော်တဲ့ pelvic floor ကြွက်သားကို ရှာပါ။ သင့်ဆီးအိမ်ကို ရှင်းပြီးတဲ့အခါ ပက်လက်လှန်ပြီး ကျဉ်းစေဖို့ အဲ့ကြွက်သားကို ညှစ်ပါ။ ဒီအနေအထားအတိုင်း စက္ကန့်အနည်းငယ်နေပါ။ ပြီးရင် ထပ်လုပ်ပါ။ ရလဒ်ကောင်းရဖို့ ဘယ်အချိန်မဆို လုပ်နိုင်ပါတယ်။

ဒီလေ့ကျင့်ခန်းက သင့် pelvic floor ရဲ့ ကြွက်သားတွေကို လုံးဝ အာရုံစိုက်ပြီး လေ့ကျင့်မှ ထိရောက်မှာကို သတိထားပေးပါ။ ဆိုရရင် သင့်ရဲ့ ဝမ်းဗိုက်၊ တင်၊ ပေါင်က ကြွက်သားတွေကို တစ်ချိန်တည်း ညှစ်တာ ရှောင်ကြဉ်ရပါမယ်။

ထိုင်ထလေ့ကျင့်ခန်း

Kegel လေ့ကျင့်ခန်းအပြင် ထိုင်ထ ကိုလည်းစမ်းလုပ်သင့်ပါတယ်။ ထိုင်ထျလေ့ကျင့်ခန်းကို တောင့်တင်းတဲ့ ခန္ဓါကိုယ်နဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးအတွက် ယနေ့ခေတ်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာပါပြီ။ ဒါပေမယ့် အာရုံစိုက်ဖို့တော့ လိုပါမယ်။ ဘာလို့လဲဆိုတော့ လူအများစုက မမှန်မကန် ပြုလုပ်နေလို့ပါ။

သင့်ခြေထောက်တွေကို တင်ပါးအကျယ်ထပ် နဲနဲပိုချဲပြီး မတ်တပ်ရပ်ပါ။ သင့်ခြေဖျားကို ၃၀ဒီဂရီလောက် အပြင်ကားပြီး အဲ့အနေအထားကို ထိန်းပါ။ ခုံမှာထိုင်သလို ထိုင်လိုက်ပါ။ ပြီးရင် သင့်ခြေဖျားတွေအပေါ် မတ်တပ်ပြန်ရပ်ပါ။ ဒါကို ထပ်ကာထပ်ကာလုပ်ပြီး ရလဒ်ကို စောင့်ကြည့်ပါ။

သင်လုပ်တာ မှန်မမှန် မသေချာဘူးဆိုရင်တော့ နောက်ထပ်အကြံဉာဏ်နဲ့ အကူအညီတွေအတွက်ပါ သီးသန့်ကျွမ်းကျင်ဆရာကို ငြားရမ်းဖို့ အကြံပေးလိုပါတယ်။

ဆရာဝန်နဲ့ပြတာတွေ၊ ခွဲစိပ်မှုတွေ မလုပ်ခင် အထက်မှာ ဖော်ပြထားတဲ့ အိမ်တွင်းကုထုံးလေးတွေ၊ လေ့ကျင့်ခန်းတွေကို စမ်းလုပ်ကြည့်ပါ။ ဘယ်လောက် အစွမ်းထက်လဲဆိုတာ သင်အံ့သြသွားပါလိမ့်မယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Tighten Your Vagina Naturally at Home http://www.vwhcare.com/how-to-tighten-vagina-naturally/ Accessed January 18, 2017
What Exercises Can I Do To Tighten My Vagina
http://vagifirm.com/what-exercises-can-i-do-to-tighten-my-vagina-2/
Accessed January 18, 2017
3 Simple Ways to Tighten your Vagina and Keep it Tight
http://www.vwhcare.com/
Accessed January 18, 2017

ယခုပုံစံ

28/01/2022

Wathun Myat Chal မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးဆုံးကိုင် ပျောက်ဆေး တကယ်ရှိရဲ့လား!

သွေးဆုံးချိန်မှာ ကျန်းမာစေဖို့ ဘာတွေစားရမလဲ



Wathun Myat Chal မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ