တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ
သားအိမ်လန် နေရင် နှိပ်ပြီး ပြင်ဖို့ လိုမလို
တချို့အမျိုးသမီးတွေက သားအိမ်လန် နေတဲ့အခါ ကလေးမရမှာစိုးပြီး ဗိုက်ကို နှိပ်ကြပါတယ်၊၊ တချို့ကျတော့လည်း အတွင်းနှိုက်ထိပြီး ပြန်တည့်ကြတာတွေ လုပ်ကြပါတယ်၊၊ ဒီလိုလုပ်တာက အခန့်မသင့်ရင် မိန်းမကိုယ် ပိုးဝင်တာတောင် ဖြစ်နိုင်ပါတယ်၊၊ နိုင်ငံတကာမှာလည်း အနှိပ်အထူးပြုတွေနဲ့ နှိပ်ကြတာရှိပါတယ်၊၊ ဒါပေမယ့် ကျွမ်းကျင်တဲ့သူနဲ့ မဟုတ်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်၊၊ သားအိမ်လန် တယ်ဆိုတာ အမျိုးသမီးတွေရဲ့ ၇၅ရာခိုင်နှုန်းမှာ သားအိမ်က ရှေ့ကို စိုက်နေပါတယ်၊၊ ကျန်တဲ့ ၂၅ရာခိုင်နှုန်းမှာတော့ နောက်ကို လန်နေပါတယ်၊၊ သားအိမ်လန်တာ အများစုက အကြောင်းအရင်းမရှိဘဲ မွေးရာပါ လန်ကြတာပဲ ဖြစ်ပါတယ်၊၊ နောက်ပြီး အသက်ကြီးလာရင်လည်း ဘေးနားက အရွတ်တွေ၊ ကြွက်သားတွေ အားပျော့လာတာကြောင့် သားအိမ်က နောက်ကို လန်လာပါတယ်၊၊ ဒီဖြစ်စဉ်နှစ်ခုလုံးက 'ပုံမှန်' ပဲ ဖြစ်ပါတယ်၊၊ တချို့တွေမှာတော့ ရောဂါကြောင့် လန်ကြပါတယ်၊၊ ဥပမာ -သားအိမ်မှာ […]
































