backup og meta

ရာသီလာစဉ် ရှောင်ရမည့် အချက်များ

အမျိုးသမီးတွေဟာ သူတို့ရဲ့ ဓမ္မတာလာစဉ်မှာ ဆီးစပ်ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်းနှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲခြင်း စတဲ့ လက္ခဏာတွေကို များသောအားဖြင့် ခံစားရလေ့ရှိပါတယ်။ ရာသီလာနေစဉ် သင်လုပ်တဲ့ အပြုအမူအချို့ဟာ အန္တရာယ် ရှိစေနိုင်တယ်ဆိုတာ သင်သိပါသလား။ ဓမ္မတာ လာနေစဉ်ရက်တွေမှာ အမျိုးသမီးတွေကို ပင်ပန်းမှု အနည်းဆုံးနဲ့ အကျန်းမာဆုံးဖြစ်အောင် ကူညီဖို့အတွက် သားဖွားမီးယပ်ဆရာဝန်များက ညွှန်ပြထားတဲ့ ရှောင်သင့်သော အချက် ၆ ချက်အကြောင်းကို ယခုဆောင်းပါးကနေ ဖော်ပြပေးလိုက်ပါတယ်။

ရာသီလာစဉ် ရှောင်ရမည့် အချက်များ

အငန်ဓါတ်များသော အစားအသောက်များ စားခြင်းကို ရှောင်ကြဉ်ပါ

ရာသီလာနေစဉ် အတောအတွင်းမှာ အမျိုးသမီးများဟာ ၎င်းတို့ရဲ့ ခန္ဓါကိုယ်အတွင်း အရည်များစုပုံခြင်းကို ခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် ဆားပမာဏ များတဲ့ အစားအသောက်တွေကို စားမိတဲ့ အခါမှာ ခန္ဓါကိုယ်မှ ရေဓါတ်ဆုံးရှုံးစေသည်။ ဤသည်ကို ခန္ဓါကိုယ်က ပြန်လည်အစားထိုးဖို့ ကြိုးစားသောအခါ အရည်ပမာဏ စုပုံ လာကာ ဗိုက်ပြည့်ခြင်း ၊ ဗိုက်ကယ်ခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ဗိုက်ကယ် ၊ ဗိုက်ဖောပြီး၊ ဗိုက်အောင့်ခြင်းမှ ကာကွယ်ရန် ဆားပမာဏ များပြားစွာ စားသောက်ခြင်းကို ကန့်သတ် လျှော့ချခြင်းဟာ အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ဆားပမာဏ များတဲ့ အစားအသောက်တွေကို အလွန်အကျွံ စားသောက်ပြီးသားဖြစ်နေနှင့်ပြီး အနည်းငယ် မအီမသာ ခံစားလာရပြီဆိုရင် ဒီလိုပိုလျှံလာတဲ့ ဆိုဒီယမ် ဆားပမာဏကို သင့်ခန္ဓါကိုယ်မှ စွန့်ထုတ်နိုင်အောင် ရေပြန်သောက်ပေးသင့်ပါတယ်။

ကဖင်းဓါတ်ပါဝင်သော အစားအသောက်များကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ

ကဖင်းဓါတ်ပါသော အဖျော်ယမကာများကို ဓမ္မတာလာစဉ် မှာ သောက်သုံးမယ်ဆိုရင် ရင်သားတောင့်တင်း နာကျင်ခြင်းကို ပိုပြီးဆိုးစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ ဒါ့အပြင် ကဖင်းဓါတ်ဟာ ဦးနှောက်ထဲရှိ GABA ဓါတ်ကို ကာကွယ်၊ တားဆီးပေးကာ စိတ်ဖိစီးမှု ဖြစ်ခြင်း၊ နှလုံးခုန်မြန်ခြင်းနှင့် ရာသီမလာခင် ခံစားရသော ဝေဒနာလက္ခဏာများကို ဖြစ်စေခြင်း စတာတွေကို ဦးတည်တယ်လို့ သိပ္ပံနည်းကျ လေ့လာတွေ့ရှိထားပါတယ်။ ကော်ဖီ သို့မဟုတ် အခြားကဖင်းဓါတ်ပါသော အစားအသောက်များကို စားမည့်အစား လက်ဖက်စိမ်းရည်ကို သောက်ပေးပြီး နာကျင်မှုဝေဒနာကို သက်သာအောင် ပြုလုပ်နိုင်ပါတယ်။

နို့ထွက်ပစ္စည်းများကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ

သင်ဟာ ဓမ္မတာလာစဉ်မှာ ကယ်လ်စီယမ် ဓါတ်ဟာ ကောင်းတဲ့ အာဟာရဓါတ်ဖြစ်ပေမယ့်လည်း နို့ထွက်ပစ္စည်းတွေကတော့ လုံးဝမကောင်းနိုင်ပါဘူး။ နို့၊ ဒိန်ချဉ် သို့မဟုတ် ဒိန်ခဲ စတဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ Arachidonic acid ဟာဗိုက်အောင့်ခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဓမ္မတာလာစဉ်မှာ နို့ထွက်ပစ္စည်းတွေကို တတ်နိုင်သမျှ အနည်းဆုံး စားသုံးပေးဖို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။

အမွေးရိတ်ခြင်း သို့မဟုတ် အမွေးချွတ်ခြင်း မပြုလုပ်ပါနဲ့

ဓမ္မတာလာနေစဉ်မှာ အထူးသဖြင့် အမွေးချွတ်ခြင်း၊ အမွေးရိတ်ခြင်းတွေဟာ အလွန်အမင်းနာကျင်မှုကို ခံစားရပါစေလိမ့်မယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ ဒီရက်တွေမှာ သင့်ခန္ဓါကိုယ်ထဲမှ အီစထရိုဂျင်ဆိုတဲ့ မဟော်မုန်းဟာ ရုတ်တရက် ကျဆင်းလာပြီး သင့်ခန္ဓါကိုယ်ဟာ အလွန်ကို ထိခိုက်နာကျင် လွယ်နေနိုင်ပါတယ်။ ဓမ္မတာလာတဲ့ ရက်တွေမှာ တွေ့ကြုံ ခံစားရတဲ့ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေအားလုံးဟာ အရင်ထက်ပိုပြီး နာကျင်လွယ်နေပါလိမ့်မယ်။

ဓမ္မတာလာစဉ် ရက်တွေမှာ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း မဖြစ်ပါစေနဲ့

ကျွမ်းကျင်သူများရဲ့ ပြောပြချက်အရ ဓမ္မတာလာတဲ့ ရက်တွေမှာ တစ်ချိန်လုံး ရုပ်မြင်သံကြား အစီအစဉ်တွေကိုပဲ ကြည့်ပြီး မလှုပ်မရှားနေတဲ့ သူတွေဟာ လုံးဝမကောင်းပါဘူး။ ကိုယ်လက်လှုပ်ရှားမှု ပြုခြင်းဟာ သင့်ရဲ့ ခန္ဓါကိုယ်မှ endorphins ကို ထွက်လာစေပြီး ဝမ်းဗိုက်အောက်ပိုင်း နာကျင်စေမှုနဲ့ ဗိုက်အောင့်ခြင်းတွေကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ တစ်လတာမှာ စိတ်ခံစားမှု အလွယ်ဆုံးဖြစ်တဲ့ ဒီလိုရက်တွေမှာ ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုပြောင်းလဲခြင်းတွေဟာ ကိုယ်လက်လှုပ်ရှားမှု မပြုပါက ပိုပြီးဖြစ်စေနိုင်ပါတယ်။ ဒီလိုရက်တွေမှာ အမျိုးသမီးတွေ ရှောင်ရှားသင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု ဆိုပြီးမရှိပါဘူး။ ပုံမှန်လုပ်နေကျ လေ့ကျင့်ခန်းတွေကို ဆက်လက်ပြီးတော့ လုပ်ပေးဖို့နဲ့ ဓမ္မတာလာတဲ့ရက်တွေမှာ တစ်ခြားသော ကိုယ်လက်လှုပ်ရှားမှုတွေကိုလည်း ဆက်ပြီး ပြုလုပ်ဖို့ရာ အကြံပေးပါတယ်။

အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကိုလည်း မပြုလုပ်သင့်ပါဘူး။

သင်ဟာ ဓမ္မတာလာနေစဉ် အတောအတွင်းမှာ လိင်ဆက်ဆံခြင်း ပြုလုပ်ဖို့ရာတော့ အဆင်ပြေနိုင်ပေမယ့် လေ့လာတွေ့ရှိမှုများအရ ရာသီလာနေစဉ် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဟာ လိင်မှတစ်ဆင့် ကူးစက်တဲ့သောရောဂါများကို ဖြစ်နိုင်ခြေပို၍ မြင့်စေတယ်လို့ တွေ့ရှိရပါတယ်။ ဒီအတောအတွင်းမှာ လိင်ဆက်ဆံတဲ့ အခါမှာ သွေးမှတစ်ဆင့် ကူးစက်သော ရောဂါများ ဖြစ်နိုင်ခြေပိုများပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဓမ္မတာလာနေတဲ့အခါ သွေးဆင်း နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုရက်တွေမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံမယ်ဆိုရင် အမျိုးသမီးတွေမှာ ကိုယ်ဝန်ရနိုင်ချေလည်းရှိပါတယ်။ ဒါကြောင့် ဓမ္မတာလာနေစဉ်မှာ အကာအကွယ်သုံးပြီး လိင်ဆက်ဆံခြင်းကို ပြုလုပ်ဖို့ ပိုပြီးအကြံပေးပါတယ်။

အမျိုးသမီး လစဉ်သုံးပစ္စည်း တစ်ခုတည်းကို အချိန်အကြာကြီး သုံးစွဲခြင်းမျိုး မပြုပါနဲ့

တကယ်လို့ သင်ဟာ အမျိုးသမီးလစဉ်သုံး ပစ္စည်းတစ်ခုတည်းကို ရက်ပေါင်းများစွာ အချိန်အကြာကြီး မဖယ်ရှားဘဲ သုံးစွဲခဲ့မယ်ဆိုရင် toxic shock syndrome လို့ခေါ်တဲ့ သေစေနိုင်သော ပိုးဝင်ခြင်းမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဓမ္မတာလာစဉ်အတောအတွင်းမှာ တစ်ကိုယ်ရည် သန့်ရှင်းမှုကောင်းအောင် လေ့ကျင့်ပေးဖို့ အမြဲတမ်းအကြံပေးပါတယ်။ မိန်းမကိုယ်ထဲ ထည့်သုံးရတဲ့ tampon လို့ခေါ်တဲ့ လစဉ်သုံး ပစ္စည်းကိုတော့ ၄ နာရီ နှင့် ၆ နာရီကြားတစ်ခါ အမြဲတမ်းလဲလှယ်ပေးဖို့ လိုအပ်ပြီး cap လို့ခေါ်တဲ့ ဆီလီကွန် သို့မဟုတ် ရာဗာနဲ့ ပြုလုပ်ထားတဲ့ အမျိုးသမီး လစဉ်သုံး ပစ္စည်းကိုတော့ ၁၂ နာရီခြားတစ်ခါ လဲပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်ကိုတော့ ၃ နာရီနှင့် ၄ နာရီကြား တစ်ခါလဲပေးသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

9 things you should not do during your menstrual cycle.

https://familyshare.com/25604/9-things- you-should-not-do- during-your- menstrual-cycle.

Accessed April 21, 2017.

8 Things a Gynecologist Wants You to Stop Doing During Your Period.

http://www.byrdie.com/what-to- avoid-during-your- period.

Accessed April 21, 2017.

 

 

ယခုပုံစံ

28/01/2022

Dr. Khin Yin Kyay မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေးက သူ့ရဲ့ လိင်နဲ့ ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေရင် ဘယ်လိုကူညီမလဲ

လိင်စိတ်ဆန္ဒလွန်ကဲခြင်းရောဂါ (nymphomania)


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Khin Yin Kyay မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ