မိန်းကလေးတွေ အတွက် တစ်လတစ်ခါ ဓမ္မတာလာချိန် ဆိုတာရှောင်လွဲလို့မရတဲ့ ကိစ္စတစ်ခုပါ။ ခရီးသွားခါနီး၊ စာမေးပွဲဖြေခါနီးစတဲ့ အရေးကြီး ကိစ္စရှိတဲ့အချိန် ဒီ ဓမ္မတာလာခဲ့ရင် တကယ်ကို စိတ်ရှုပ်ရပါတယ်။ ဒီတော့ ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင် လုပ်လို့ရမလား၊၊၊
မိန်းကလေးတွေ အတွက် တစ်လတစ်ခါ ဓမ္မတာလာချိန် ဆိုတာရှောင်လွဲလို့မရတဲ့ ကိစ္စတစ်ခုပါ။ ခရီးသွားခါနီး၊ စာမေးပွဲဖြေခါနီးစတဲ့ အရေးကြီး ကိစ္စရှိတဲ့အချိန် ဒီ ဓမ္မတာလာခဲ့ရင် တကယ်ကို စိတ်ရှုပ်ရပါတယ်။ ဒီတော့ ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင် လုပ်လို့ရမလား၊၊၊

လုပ်လို့ရတဲ့နည်းတွေရှိပါတယ်။ လူတိုင်းအတွက် အလုပ်ဖြစ်မှာတော့ မဟုတ်ပေမယ့် တချို့လူတွေမှာတော့ ဒီလိုရာသီရက်တွေကို တိုအောင် လုပ်လို့ရတတ်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတာ ဆက်ကြည့်ရအောင်။
နောက်၃ ရက်လောက်ဆို စာမေးပွဲဖြေရတော့မယ်။ ရာသီက ဒီနေ့မှစလာနေတယ်။ တိုက်တော့မှာပဲ ဆိုပြီး စိတ်ညစ်နေပါသလား။ ရာသီသွေးဆင်းတဲ့ရက်ကို တိုသွားအောင် လုပ်လို့ရတဲ့ တချို့နည်းလေးတွေရှိပါတယ်။။
ရာသီလာနေတဲ့အချိန် တစ်ကိုယ်ရည်အာသာ ဖြေပြီးနောက်၊ လိင်ဆက်ဆံပြီးနောက် ကာမစိတ်အထွတ်အထိပ်ရောက်တဲ့အချိန်ဆို သားအိမ်ကို ညှစ်လိုက်သလိုဖြစ်တာကြောင့် ရာသီသွေးများများ ပိုဆင်းတယ်လို့ ဆိုပါတယ်။ ဒီလိုများများပိုဆင်းလိုက်တာကြောင့် ရာသီသွေးဆင်းတဲ့ရက်လည်း တိုသွားပါတယ်။
လေ့ကျင့်ခန်းလုပ်တဲ့အချိန် ကြွက်သားတွေ လှုပ်ရှားရတာကြောင့် သားအိမ်ကို အားပြုသလိုဖြစ်သွားပြီး ရာသီသွေးဆင်းများစေလို့ ရာသီသွေးဆင်းတဲ့ရက် တိုသွားတတ်ပါတယ်။
တမ်ပွန်သုံးတဲ့အခါကျ ဆင်းတဲ့သွေးတွေကို လမ်းကြောင်းပိတ်ထားသလို ဖြစ်စေတတ်တာကြောင့် သွေးတွေ ဆင်းသင့်သလောက် မဆင်းဘဲ ရာသီလာချိန် ကြာနေတတ်ပါတယ်။
စတီးရွိုက်မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ ဖြစ်တဲ့ aspirin, naproxen, နဲ့ ibuprofen တို့ဟာ ဓမ္မတာကြောင့် ကိုက်ခဲတာတွေကိုလည်းသက်သာစေနိုင်သလို ရာသီသွေးဆင်းတဲ့ ရက်ကိုလည်း တိုစေတတ်ပါတယ်၊၊
ဟော်မုန်းတွေ ထည့်ထားတဲ့ သန္ဓေတားဆေးတွေ ဟာ သင့်ရာသီစက်ဝန်းအပေါ် သက်ရောက်မှုရှိတာကြောင့် ရာသီသွေးဆင်းတဲ့ရက်ကို တိုစေတတ်သလို ရာသီစက်ဝန်းတစ်လနဲ့ တစ်လကိုလည်း နောက်ကျစေတတ်ပါတယ်။
အချုပ်အနေနဲ့ ပြောရရင် ရာသီသွေးဆင်းတဲ့ရက် မြန်မြန်ပြီးအောင်လုပ်တယ်ဆိုတာ သဘာဝနည်းအတိုင်းနဲ့ဆိုရင် ပြဿနာမရှိတတ်တဲ့ ကိစ္စတစ်ခုပါ။ တကယ်လို့ ကိုယ့်ရဲ့ ရာသီရက်က တစ်ခါလာရင် အရမ်းကြာတယ်၊ သွေးဆင်းတာလည်းများလွန်းတာ ၊ ရာသီကြောင့် မခံမရပ်နိုင်အောင် ကိုက်ခဲနေခဲ့တယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပြီး တိုင်ပင်ကြည့်တာသာ အကောင်းဆုံးပါ။