brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အမျိုးသမီး လစဉ်သုံးပစ္စည်း Tampon မှားယွင်းသုံးစွဲမှုအန္တရာယ်

ကမ္ဘာ့လူဦးရေ တစ်ဝက်နီးပါးဖြစ်တဲ့ အမျိုးသမီးထုဟာသဘာဝတရားအရ ဓမ္မတာလာပြီး သူတို့ရဲ့အမျိုးသမီးတစ်ကိုယ်ရေ သန့်ရှင်းရေးပစ္စည်းအဖြစ် ( Tampon ) ကိုရွေးချယ်ကြပါတယ်။ ပြီးတော့ ဒီပစ္စည်းကြောင့်ပဲအသက်အန္တရာယ်ရှိနိုင်တဲ့ အဆိပ်သင့် ရှော့ရနိုင်နေပါတယ်။

အမျိုးသမီး လစဉ်သုံးပစ္စည်း Tampon  မှားယွင်းသုံးစွဲမှုအန္တရာယ်

အမျိုးသမီး လစဉ်သုံးပစ္စည်း (Tampon ) နဲ့ဆက်စပ်နေတဲ့ အဆိပ်သင့်ရောဂါ (toxic shock syndrome ) ဆိုတာဘာလဲ?

အမျိုးသမီး လစဉ်သုံးပစ္စည်း (Tampon ) တွေကို အပင်ကရတဲ့ fibre (rayon) နဲ့ ဝါချည်တွေသုံးပြီးလုပ်ပါတယ်။ ဒီပစ္စည်းတွေဟာ စုပ်ယူမှုကောင်းတာမှန်ပေမယ့် ဘက်တီးရီးယားတွေပေါက်ဖို့ ဖန်တီးပေးနိုင်တယ်။

ပြီးတော့လည်း မိန်းမကိုယ်( vagina) ဟာ ပိုးသတ်နိုင်စွမ်းရှိပေမယ့် ရာသီလာနေစဉ်ကာလမှာ ရာသီသွေးကြောင့် ကိုယ်ခံအားစနစ်ကိုလျော့ကျနေပါတယ်။ ဒါကြောင့် tampon ဟာ ရှားပေမယ့် သေနိုင်တဲ့ရောဂါ toxic shock syndrome နဲ့ဆက်စပ်နေခြင်းဖြစ်ပါတယ်။ ဒီအရာကရတဲ့ ရောဂါဖြစ်နှုန်းဟာ ခုသိပ်မရှိတော့ပေမယ့် သေချာမသုံးတတ်ရင် ဖြစ်ပွားတတ်ပါတယ်။

အဆိပ်သင့် ရှော့ရခြင်း( toxic shock ) ဆိုတာဘာလဲ?

အမျိုးသမီးအများစုကတော့ ဒီ အဆိပ်သင့်ရောဂါ (toxic shock syndrome ) ( TSS) နဲ့ ရင်းနှီးကြပါလိမ့်မယ်။ ရှားပါးပြီးသေနိုင်လောက်တဲ့ သွေးပေါင်ကျတာတွေ၊ ကိုယ်တွင်းအင်္ဂါပျက်စီးမှုတွေ ဖြစ်နိုင်တဲ့ ဘက်တီးရီးယားပိုးဝင်ကူးစက်ခံရတဲ့ ရောဂါဖြစ်ပါတယ်။

ဒါဟာ စုပ်ယူမှုလည်းကောင်း ကိုယ်အင်္ဂါထဲမှာလည်း ကြာကြာထည့်ထားတတ်တဲ့ Tampon လိုအရာနဲ့ ဆက်စပ်ပါတယ်။ ဖြစ်စေတာကတော့ Staphylococcus aureus လို့ခေါ်တဲ့ ပိုးကြောင့်ပါ။ ဒီပိုးက အဆိပ်သင့်ရောဂါ (toxic shock syndrome )ဖြစ်စေတဲ့ အဆိပ်ကို ထုတ်ပေးပါတယ်။

ရောဂါအစပိုင်းကတော့ တုပ်ကွေးနဲ့ဆင်တူပါတယ်။ အရေပြားမှာ နေလောင်သလို အကွက်တွေထွက်တယ်။ ပိုဆိုးရင် စိတ်နောက်မယ်။ အန်တာ ဝမ်းသွားတာနဲ့ ခေါင်းကိုက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေဖြစ်တယ်ဆိုရင် ချက်ချင်းဆေးကုသမှုခံယူရပါမယ်။

အမျိုးသမီး တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ရွေးချယ်သင့်တဲ့ အခြေခံအချက်တွေက ဘာလဲ?

အဆိပ်သင့် ရှော့ရခြင်း( toxic shock ) ဆိုတာ တစ်နှစ်မှာ အမျိုးသမီး ၁သိန်းမှာ ၁ယောက်၂ယောက်သာဖြစ်တဲ့ရှားပါးရောဂါဖြစ်တယ်။ ဖြစ်တဲ့သူမှာလည်းသေနိုင်တာ ၅% ရှိပါတယ်။ တကယ်လို့ Tampon ထက် ကပ်တဲ့အရာ pads တွေသုံးမယ်ဆိုရင် ချည် ၁၀၀% ပါတဲ့ ပစ္စည်းကိုရွေးသင့်ပြီး ဓာတုပစ္စည်းမပါဝင်ရပါဘူး။

Tampon တွေဟာ TSS ဖြစ်စေတဲ့ Staphylococcus aureus or group A streptococcus (strep) bacteria ပေါက်ပွားမှုအတွက် အဆင်ပြေတဲ့ နေရာဖြစ်နိုင်ပါတယ်။ သင့်အသက်အန္တရာယ် ကာကွယ်နိုင်ဖို့ အောက်ပါအချက်တွေ လုပ်ဆောင်ပါ ။

  • စုပ်ယူမှုအားအရမ်းကောင်းတဲ့ Tampon တွေသုံးတာရှောင်ပါ။ အားအနိမ့်ဆုံးကိုရွေးပါ ။ စုပ်ယူအားကောင်းတာဟာ TSS ဖြစ်နိုင်ပါတယ်။ ဘာလို့ဆိုတော့ စုပ်ယူအားကောင်းလေ အမျိုးသမီးတွေဟာ ကိုယ်အင်္ဂါထဲကိုကြာကြာထည့်ထားလေဖြစ်ပြီး ဘက်တီးရီးယားပေါက်အောင် ဖန်တီးသလိုဖြစ်နိုင်ပါတယ်။
  • Tampon အစား သန်ရှင်းတဲ့ padတွေသုံးပါ။ လှုပ်လှုပ်ရှားရှားလုပ်ရတာ၊ အားကစားလုပ်ရတာတွေကျ ဒါတွေမသုံးနဲ့ပေါ့။
  • Tampon ကိုတစ်ညလုံးထည့်ထားတာ ရှောင်ပါ။ အဲ့ဒီအစား pads တွေသုံးပါ။ စသုံးသူတွေဟာ ၃နာရီစည်းမျည်းကို ဖောက်မိတတ်ကြတယ်။ ပြီးတော့ မနက်ဆိုရင် လောနေရတဲ့အတွက် Tampon ရှိနေတာ မေ့လျော့တတ်ပါတယ်။ Tamponကို မလဲမိတာမျိုး ဖြစ်နိုင်ပါတယ်။
  • Tampon ကို ၄- ၆ နာရီကြာတိုင်း တစ်ခါလဲလှယ်ပေးပါ။ ၃နာရီလောက်ကြာတဲ့အထိ မယိုစိမ့်တဲ့ Tampon အမျိုးအစားကို ရွေးချယ်ပါ။
  • Tampon ထည့်တဲ့အခါ မအင်္ဂါကို မခြစ်မိအောင်ဂရုစိုက်ပါ။ မပြုခင်နဲ့ ပြုပြီးမှာလက်ကိုသေချာဆေးပါ။
  • ရာသီမလာဘဲနဲ့ Tampon ကို မထည့်ထားပါနဲ့။

နောက်ဆုံးပြောလိုတာက ဘယ်ဟာကိုပဲရွေးရွေး သဘာဝပစ္စည်းတွေပါတာကိုရွေးသင့်ပြီး မလိုအပ်တဲ့ ဓာတုပစ္စည်းတွေထိတွေ့တာကိုရှောင်ကြဉ်ရပါမယ် ။

နာမည်ကြီး အမျိုးသမီးတစ်ကိုယ်ရေ သန့်ရှင်းရေးထုတ်ကုန်တွေမှာ ပါဝင်တာတွေကတော့ :

  • အဆိပ်ဖြစ်စေတတ်တဲ့ carcinogen dioxin နဲ့ disinfection-by-products (DBP’s) တွေ။ ဒါတွေဟာ ကြေးချွတ်ဆေးတွေမှာပါဝင်တတ်ပါတယ်။
  • Phthalates ဆိုတဲ့ ဓာတု plasticizers တွေဟာ ပလတ်စတစ် tampon တွေကို ပိုတောက်ပြောင်တဲ့ အရောင်ရဖို့အတွက် coating အတွက်သုံးပါတယ်။
  • သဘာဝအတိုင်းမစိုက်တဲ့ ဝါဂွမ်းတွေမှာ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနဲ့ ဓာတ်မြေသြဇာပါဝင်မှုတွေလည်း ရှိနေတတ်ပါတယ်။
  • သင်သိထားဖို့က အမျိုးသမီးအင်္ဂါတစ်ရှူးတွေဟာ အလွန်စုပ်ယူအားကောင်းတဲ့အရာဖြစ်တဲ့အတွက် အမျိုးသမီးတကိုယ်ရေ သန့်ရှင်းရေးအတွက် ရွေးချယ်မယ်ဆိုရင်တော့ အလွန်သတိထားရမှာဖြစ်ပါတယ်။ ဒီဓာတ်ပစ္စည်းတွေကို စုပ်ယူသွားနိုင်လို့ပါ။

Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Phyo Wai Yan · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။