ဒီအချိန်ဆို ဖြစ်လာတတ်တဲ့ ဝေဒနာတွေက ဘာဆိုဘာရယ် အမည်တပ်ရခက်တယ်နော်။ နေလို့မကောင်းဘူးပဲ ပြောရတာ ဗိုက်နားတဝိုက် ကိုယ်ခံစားရတာကိုယ်ပဲသိပါတယ်။ မိန်းကလေးတော်တော်များများက ရာသီမလာခင် နဲ့ ရာသီစပြီးလာချိန်မှာ ဗိုက်ပွဗိုက်ကယ်ဝေဒနာကို ခံစားရတတ်ပါတယ်။
ဒီအချိန်ဆို ဖြစ်လာတတ်တဲ့ ဝေဒနာတွေက ဘာဆိုဘာရယ် အမည်တပ်ရခက်တယ်နော်။ နေလို့မကောင်းဘူးပဲ ပြောရတာ ဗိုက်နားတဝိုက် ကိုယ်ခံစားရတာကိုယ်ပဲသိပါတယ်။ မိန်းကလေးတော်တော်များများက ရာသီမလာခင် နဲ့ ရာသီစပြီးလာချိန်မှာ ဗိုက်ပွဗိုက်ကယ်ဝေဒနာကို ခံစားရတတ်ပါတယ်။

ဒီအချိန်ဆို လူကနေရခက်နေတဲ့အပြင် ဗိုက်ကအနည်းငယ်ပိုပူနေသလိုဖြစ်နေတာမို့ ဝိတ်ပဲပိုတက်လာသလိုလိုနဲ့ မိန်းကလေးတွေ စိတ်ညစ်ရပါတယ်။
ပရိုဂျက်စထရုန်း နဲ့ အက်စထရိုဂျင်ဟော်မုန်းတို့ပမာဏအပြောင်းအလဲကြောင့် ရာသီမလာခင်နဲ့ ရာသီလာကာစရက်မှာ ဒီဝေဒနာကို ခံစားရတတ်ပါတယ်။ ရာသီမလာခင် တစ်ပတ်/နှစ်ပတ်အလိုမှာ ဖြစ်တတ်တဲ့ ရာသီမလာခင် ခံစားရတဲ့ဝေဒနာစု(PMS)လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ PMS ရဲ့တခြားလက္ခဏာတွေက –
ရာသီလာတဲ့အချိန် ဗိုက်ပွနေတာကို သက်သာလျော့ပါးချင်တယ်ဆို ဒီအချက်လေးတွေ ဂရုစိုက်ပေးလိုက်ပါ –
ဆိုဒီယမ်ကြောင့် ခန္ဓာကိုယ်ထဲမှာ water retention လို့ခေါ်တဲ့ ရေဓာတ်တွေပိုထိန်းထားမှုကိုဖြစ်စေနိုင် ပါတယ်။ ဒါ့ကြောင့် အငန်များတာတွေရှောင်မယ်ဆိုရင် ရေဓာတ်ပိုပြီးဖောရောင်တာတွေလျော့စေပြီး ရာသီလာချိန်ဗိုက်ပွခြင်းကို သက်သာစေပါတယ်။
ပိုတက်စီယမ်ကြွယ်ဝတဲ့အစားအသောက်တွေက ရာသီလာချိန်ဗိုက်ပွခြင်းကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ပိုတက်စီယမ်က ဆိုဒီယမ်ပမာဏကိုလျော့ကျစေပြီး ဆီးပိုများစေပါတယ်။ ဒီလိုနည်းနဲ့ ရေဓာတ်ပိုထိန်းမှုကို လျော့ပါးစေပြီး ဒီဝေဒနာသက်သာစေပါတယ်။
အစိမ်းရင့်ရောင်အရွက်တွေ၊ ကန်စွန်းဥ၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ခရမ်းချဉ်သီး တို့လို ပိုတက်စီယမ်ကြွယ်ဝတဲ့ အစားအသောက်တွေကို စားလို့ရပါတယ်။
ဒီအစားအစာတွေထဲမှာ ကညွှတ်၊ နာနတ်သီး၊ မက်မွန်သီး၊ သခွားသီး၊ ကြက်သွန်မြိတ်၊ ချင်း၊ ကြက်သွန်ဖြူ တို့ပါဝင်ပါတယ်။
ဒီအချိန်မှာ ရေဓာတ်ပြည့်ဝနေဖို့လိုအပ်ပါတယ်။ ရေများများသောက်ရင် ဖောရောင်တာပိုဆိုးလာမယ်လို့ တချို့ကစိုးရိမ်ကြတယ်။ တကယ်တော့ ရေသောက်မှ ကျောက်ကပ်လုပ်ဆောင်ချက်တွေပိုကောင်းစေပြီး ဖောရောင်ခြင်းနဲ့ ဗိုက်ပွခြင်းကိုသက်သာစေနိုင်ပါတယ်။
လေ့လာမှုအရ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်တာက PMS လက္ခဏာတွေကို သက်သာစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ဒါ့ကြောင့် နေလို့မကောင်းတိုင်း မှိန်းမနေဘဲ နည်းနည်းတော့ပုံမှန်လှုပ်ရှားပါ။
ရာသီလာလို့ပြီးသွားတာတောင် ဒီဝေဒနာက မပျောက်သေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြပြီး တိုင်ပင်သင့်ပါတယ်။ တခြားရောဂါအကြောင်းရင်းကြောင့် ဟုတ်မဟုတ်ကို ပြန်စစ်ဆေးအဖြေရှာသင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။